YESC Call Center

YESC Call Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from YESC Call Center, Government Organization, Yangon.

03/04/2026

မိဘပြည်သူများထံသို့ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ဓာတ်အားပြန်လည်ပို့လွှတ်ပြီးစီးမှု အသိပေးပန်ကြားခြင်း

၁။ ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁+၂) ဓာတ်အားလိုင်း ပြုပြင်ခြင်းလုပ်ငန်းများအား ညွှန်ကြားရေးမှူး(စက်/လျှပ်) ဦးဆောင်သော (၁၀ + ၁၂၅) စုစုပေါင်း (၁၃၅) ဦးပါဝင်သော ပြန်လည်ပြုပြင် ရေးအဖွဲ့များသည် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၏ လုံခြုံရေးစီစဉ်ဆောင်ရွက်မှုဖြင့် (၂၈-၃-၂၀၂၆) ရက်မှ (၃-၄-၂၀၂၆) ရက်အတွင်း တိုင်အမှတ် (၃၁၀နှင့်၃၁၁) တာဝါ(၂)တိုင် ပြိုလဲပျက်စီးမှုများအား ပြန်လည် ပြုပြင်နိုင်ရေး ပျက်စီးတာဝါတိုင်များအားဖြုတ်သိမ်းခြင်းနှင့် တာဝါတိုင်အသစ်(၂)တိုင် ပြန်လည်တည် ဆောက်တပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ် (၃၀၉ နှင့် ၃၁၂) တာဝါ(၂)တိုင် ယိုင်/ စောင်းမှုအား ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများအားလည်းကောင်း၊ တိုင်အမှတ်(၃၀၉ မှ ၃၁၂) အကြား ဓာတ်အားလိုင်းကြိုးပျက်စီးမှုနေရာများအား ပြန်လည်ပြုပြင်ခြင်းနှင့် ဓာတ်အားလိုင်းကြိုး၊ Earth Wire၊ OPGW ကြိုးများ ပြန်လည်ချိတ်ဆွဲတပ်ဆင်ခြင်းလုပ်ငန်းများအားလည်းကောင်း ဆောင်ရွက်ခဲ့ပါသည်။
၂။ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပါသဖြင့် (၂-၄-၂၀၂၆) ရက်၊ (၂၁:၁၅) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၁) ဓာတ်အားလိုင်းအားလည်းကောင်း၊ (၃-၄-၂၀၂၆) ရက်၊ (၁၇:၂၀) နာရီတွင် ၂၃၀ ကေဗွီ ရွှေတောင် - မြောင်းတကာ အမှတ်(၂) ဓာတ်အားလိုင်းအား လည်းကောင်း ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ပို့လွှတ်လျက်ရှိပါသည်။
၃။ သို့ဖြစ်ပါ၍ အဆိုပါ အမှတ်(၁+၂) ဓာတ်အားလိုင်းဖြင့် အထက်မြန်မာပြည်မှ ထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား (၃၀၀)မဂ္ဂါဝပ်ခန့်အား ဓာတ်အားစနစ်အတွင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဓာတ်အားပို့လွှတ်ထားရှိပါကြောင်းနှင့် ယခုလက်ရှိအခြေအနေတွင် လိုအပ်သော လျှပ်စစ်ဓာတ်အားကိုသာ ချွေတာသုံးစွဲခြင်းပြုလုပ်ပေးပါရန် မိဘပြည်သူများထံသို့ လေးစားစွာ မေတ္တာရပ်ခံ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

02/04/2026
02/04/2026

မိဘပြည်သူများထံသို့ အသိပေးပန်ကြားခြင်း
+++++++++++++++++++++++++++

ယနေ့ (၂.၄.၂၀၂၆) ရက်နေ့၊ နေ့လည် (၁၂း၄၈) နာရီ အချိန်ခန့်တွင် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွားခဲ့ပါသဖြင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။ ရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine (၁) လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေး ဆောင်ရွက်လျှက်ရှိပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

02/04/2026

တစ်နိူင်ငံလုံး System Breakdown ဖြစ်ပေါ်လျက်ရှိပြီ လျှပ်စစ်မီးပြန်ရရှိရေးကြိုးပမ်းလျှက်ရှိပါသည်

YESC Call Center

Photos from YESC Call Center's post 01/11/2025

ယခုလ (၁၁) လပိုင်း ရန်ကုန် မီးပေးအချိန်ဇယား

28/06/2025

မိဘပြည်သူများထံသို့အသိပေးပန်ကြားခြင်း

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ အင်းစိန်မြို့နယ်မှ 66kV ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ရန်အတွက် လွတ်ကင်းမှုမရှိသော 66kV ဘုရင့်နောင်-ရွာမဖီဒါအား (၂၉.၆.၂၀၂၅) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီမှ (၁၃:၀၀)နာရီအချိန်အထိ ဓာတ်အားပိတ်၍ လုပ်ငန်းဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် အဆိုပါ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း အင်းစိန်မြို့နယ်ရှိ ရပ်ကွက်နေရာအချို့တို့တွင် အချိန်ပိုင်းယာယီ ဓာတ်အား ပြတ်တောက်မှုရှိမည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ်တောက်ချိန် ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက် အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့ လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address

Yangon