01/01/2026
Happy New Year 2026
THE ACTION OF HELPING အကောင်းဆုံးသော ၀န်ဆောင်မှုများ ပေးနိုင်ရန် အစဉ်အမြဲကြိုးစားလျှက် ........
01/01/2026
Happy New Year 2026
31/12/2022
Happy New Year 2023
09/10/2022
Happy Thadingyut Festival 2022
16/04/2022
မြန်မာနှစ်သစ် ၁၃၈၄ ခု၊ နှစ်ဆန်းတစ်ရက်နေ့မှ စတင်၍ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများ ပြည့်စုံပြီး လုပ်ငန်းများ ဆထက်တပိုးတိုးတက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
GFL မိသားစု
31/12/2021
Happy New Year 2022 !!!
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ကျပါစေလို့ GFL Company မိသားစုမှ ဆုမွန်ကောင်းအပ်ပါသည်။
25/12/2021
MERRY CHRISTMAS TO ALL !!!
16/08/2021
GFL Company and PPTCL တို့မှ တင်သွင်းရောင်းချပေးထားသော OWGELS OXYGEN CONCENTRATOR များ၏ အဖြစ်များသော အောက်ဖော်ပြပါ -
စတင်အသုံးပြုရာတွင် ပုံ (က) တွင် ပြထားသော Filter များအပေါ်ရှိ လိမ္မော်ရောင် Sticker မခွာမိခြင်းမှ အစပြုပြီး ဖြစ်ပေါ်လာသော Error ကြောင့် Display တွင် Low Concentration ဆိုသည့် Alarm ပေါ်လာခြင်း၊ အဆိုပါဖြစ်စဉ်ကြောင့် စက်မောင်းနှင်ရာတွင် အသံထွက် ပိုကျယ်လာခြင်း အစရှိသည့် အဖြစ်များသော Error များကို
ယခုအချိန်တွင် မိမိတို့မှ Power Engineering တို့နှင့် ပူးပေါင်းပြီး ပုံပါ Programmer ဖြင့် ဖြေရှင်းပေးနိုင်ပြီ ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
မိမိတို့ဆီမှ ယုံကြည်စိတ်ချစွာ ဝယ်ယူထားသောသူများနှင့် တခြားကုမ္ပဏီများမှ ဝယ်ယူထားသော သူများ မည်သူမဆို OWGELS Concentrator များမှ ဖြစ်ပေါ်လာသော Error များကို ဖြေရှင်းလိုသည်ဆိုပါက -
ဆက်သွယ်ရန်
Power Engineering
လိပ်စာအမှတ် ၇၇ မဉ္ဇူလမ်းသွယ်(အောင်သိဒ္ဒိလမ်း) မရမ်းကုန်း၊ မင်းဓမ္မလမ်း MCC နားမှဝင်ရန်
Mobile Phone No - 09757451663, 09757451665
06/08/2021
📢 Oxygen Concentrator တွေကို သယ်ယူမည့်သူများကို ကျွန်တော်အမြဲမှာလေ့ရှိတဲ့ ထောင်လျှက်အနေအထားအတိုင်း သယ်ဖို့ ပါပဲ၊ ဒီနေ့ကားမောင်းရင်း ကိုယ့်ရှေ့က light truck တစ်စီးမှာ Oxygen Concentrator တွေကို လှဲပြီး ၂ ထပ်တင်သွားတာတွေ့လိုက်လို့ ဒီ post ကို ရေးဖြစ်သွားတာပါ၊
Oxygen Concentrator တစ်လုံးကို လှဲပြီးသယ်သွားရင်ပျက်နိုင်လား၊❓
ဟုတ်ကဲ့ ၅၀% က ပျက်စီးနိုင်ပါတယ်၊ လုံးဝပျက်တာမျိုးမဟုတ်ရင်တောင် စက်ဖွင့်ရင် အဆင်မပြေတာမျိုးတွေ၊ အသံမြည်တာမျိုးတွေဖြစ်နိုင်ပါတယ်⚠️
Oxygen Concentrator တွေကို ဘာလို့ ထောင်လျှက်အနေအထားအတိုင်းတင်သင့်လဲ ရှင်းပြပါမယ်၊
၁။ 10L Oxygen Concentrator တစ်လုံးဟာ အနည်းဆုံး 27kg ကနေ 35kg လောက်လေးပါတယ်၊ ယောက်ျားလေးတစ်ယောက်တောင် တော်တော်မယူရပါတယ်၊ အဲ့ဒီအလေးချိန်တွေက အတွင်းမှာ ပါတဲ့ Compressor, Motor နဲ့ Zeolite Sieve တွေကနေ လာပါတယ်၊ အဲ့လိုအရမ်းလေးတဲ့ အရာတွေကို ဘယ်ပေါ်မှာဘယ်လိုတင်ထားလဲ ဆက်လက်ရှင်းပြပါမယ်၊
၂။ 15 kg လောက်လေးတဲ့ Compressor + Motor ကို spring 4 ခုပေါ်မှာထိုင်ထားပါတယ်၊ အဲ့ဒီ spring 4 ခုကို အောက်က ABS plastic frame ပေါ်မှာ ထိုင်ထားပါတယ်၊ သူ့ရဲ့ design က ထောင်လျှက်အနေအထားမှာ weight balancing ဖြစ်ပေမဲ့ လှဲလိုက်တဲ့အခါမှာ Compressor + Motor အလေးချိန်ဟာ စောင်းသွားပြီး spraing နဲ့ plastic frame ကို လှန်ချိုးသလိုဖြစ်သွားပါတယ်။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ အချို့စက်တွေမှာ အောက်က spring တွေပြုတ်ထွက်နေတာမျိုး၊ အချို့ plastic frame တွေကွဲပြီး ကျိုးနေတာမျိုးတွေဟာ Oxygen Concentrator တွေကိုလှဲသယ်ယူခဲ့တာကြောင့်ဖြစ်တဲ့ ပျက်စီးမှုတွေပါ၊
၃။ အလားတူ Zeolite Sieve ဗူးကြီးတွေဟာလဲ အလွန်လေးပါတယ်၊ သူတို့ကိုလည်း plastic frame ပေါ်မှာဘဲ ထောင်လျှက်အနေအထားအတိုင်းတပ်ဆင်ထားတာပါ၊ Nut ၂ လုံး သို့မဟုတ် ၄ လုံးနဲ့ စွဲပေးထားပါတယ်၊ လှဲလိုက်ရင် အထက်က compressor လိုဘဲ အလေးချိန်ဟာ စောင်းသွားပြီး plastic frame ကို လှန်ချိုးသလိုဖြစ်သွားပါတယ်။
၄။ အခြား issue တွေကတော့ လေပိုက်တွေပြုတ်ထွက်ကုန်တာပါ၊ စက်ဟာ ထောင်လျှက်အနေအထားအတိုင်း အသုံးပြုဖို့ design ပြုလုပ်ထားပြီး လေပိုက်တွေက အလွတ်အနေအထားအတိုင်းတပ်ဆင်ထားတာပါ၊ လှဲပြီး သယ်ဆောင်သွားတဲ့အခါ အဆိုပါလေပိုက်တွေ ပြုတ်ထွက်တတ်ပါတယ်၊
စက်အသစ်ဝယ်လာပြီး မသုံးရသေးဘူးပျက်တယ်ဆိုတာ mishandling နဲ့ transportation မှာ ဂရုမစိုက်တာအကြောင်းတစ်ခုပါပါတယ်
အဲ့ဒါကြောင့် တန်ဖိုးကြီးတဲ့ Oxygen Contractor တွေကို အမြဲထောင်လျှက်အနေအထားအတိုင်းသာ သယ်ဆောင်ပေးကြပါရန် အကြံပြုလိုပါတယ်၊ ✅
Crd - TZ
06/08/2021
ယုံကြည်စွာမှာယူတဲ့ Customer အတွက် တတ်နိုင်တဲ့ဖက်က ပြန်ကူညီပေးလိုက်ရတာကို ကျေနပ်မိပါတယ်
05/08/2021
FiO2 _ Fraction of inspired O2
ကျနော်တို့ ရှူသွင်းလိုက်သောလေထဲတွင် ပါဝင်သော oxgen ပမာဏကို ဆေးပညာအားဖြင့် FiO2 လို့ခေါ်ပါတယ်
စက်/ အိုးကထွက်တဲ့ O2 % ကိုပြောတာမဟုတ်ပါဘူး.
အောက်ဆီဂျင်ပေးတဲ့အခါ / ပုံမှန် အသက်ရှူတဲ့အခါ FiO2 ကိုသိသင့်ပါတယ်. .
oxygen အိုး/ စက်က 90% နဲ့အထက်ပေးလိုက်လို့ ကျနော်တို့အသက်ရှူတဲ့အခါမှာ 90% အထက် oxygen ကိုရသလားဆို မရပါဘူး. . လုံးဝမရပါဘူး. .
ပေးပုံပေးနည်းတွေပေါ်မူတည်ပြီး ရှူရတဲ့ အချိန်မှာတကယ်ရနိုင်တဲ့ Oxygen % ကွာသွားပါတယ်. .
လေထုထဲမှာ oxygen 21% ပါပါတယ် အဲ့တော့ ပုံမှန် FiO2 က 21% ပါ
oxygen အိုး/ စက်က concenteration 87-96% ရှိတယ်ဆိုပါတော့ ကျနော်တို့အသက်ရှူတဲ့အခါ တကယ်ရတဲ့ oxygen saturation FiO2
_နှာခေါင်းပိုက် (0.5~6 L/min) နဲ့ဆို _ 24~50% FiO2
_face mask (5~10 L/min) နဲ့ဆို _ 40~60% FiO2
_အိတ်ပါတဲ့ mask( 15L/min ) နဲ့ဆို _ 60~90% FiO2
(** reservoir mask နဲ့ဆို oxygen flow 10Lနဲ့အထက်ပေးသင့်ပါတယ် မဟုတ်ရင် လူနာက သူရှူထုတ်လိုက်တဲ့ လေကို သူပြန်ရှူနေရပြီး SpO2 ထပ်တောင်ကျနိုင်ပါသေးတယ်. . mask မှာ one way valve လေးတွေပါလို့ အပြင်ကလေသိပ်မဝင်နိုင်ပါ))
_ high flow oxygen စက်နဲ့သုံးတဲ့ နှာခေါင်းပိုက်နဲ့ (up to 70L/min) နဲ့ဆို _ up to 100% FiO2
_ cPAP နဲ့ O2 supply (15L/min) နဲ့ဆို _ up to 100% FiO2
_NIV-Non Invasive Mask / ET tube နဲ့ အသက်ရှူကူစက် ventilators တွေနဲ့ဆို FiO2 _ 21~100% လိုသလို adjust လုပ်ပေးလို့ရပါတယ်. .
ပေးပုံတွေနဲ့ ပေးနည်းတွေကို အောက်က link ထဲမှာလည်းအသေးစိတ်ရေးဖူးပါတယ်
https://m.facebook.com/story.php?story_fbid=3917786161681408&id=100003501876972
****
အဲ့တော့ လူနာကို ဆေးကုတဲ့အခါ O2 concenteration / flow လောက်နဲ့ မပြီးသွားဘဲ. . ကျန်အရေးပါတဲ့အချက်တွေလည်းအများကြီးပါ. . .
ကိုယ့်လူနာကို အောက်ဆီဂျင်ပေးနေရပြီဆိုရင်
~FiO2 ဘယ်လောက်ရနေလည်း
~ဘယ်လို အတိုးအလျော့ လုပ်မလည်း
~FiO2 တက်အောင် ဘယ်လိုလုပ်နိုင်လည်း
~ဒီတိုင်းမှတက်မလာရင် ဘယ်လိုထပ်လုပ်မလည်း သိကိုသိထားးသင့်ပါတယ်. .
အစ်မ professor ကလည်း နားလည်လွယ်အောင် သေချာအသေးစိတ်ရှင်းပြထားပါတယ်. .
https://m.facebook.com/story.php?story_fbid=2001489103334014&id=100004188300485
အဲ့ထဲမှာ အစ်မပြောတဲ့ လူနာရှူရတဲ့လေဆိုတာ FiO2 ကိုပြောတာဖြစ်ပါတယ်. . စက်/ အိုးကထွက်တဲ့ O2 % ကိုပြောတာမဟုတ်ပါဘူး. .
မရှင်းရင်တော့ ခနခနသာပြန်ဖတ်ပါ နားလည်သွားပါလိမ့်မယ်. . .
Crd - dr.phone
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |