Yankin USDP

Yankin USDP

Share

စိတ်ဓါတ်၊ စည်းကမ်း၊ ကြံ့ခိုင်၊ စည်းလုံး

Photos from Yankin USDP's post 22/12/2025

၂၁.၁၂.၂၅ရက် ၁၄၀၀ နာရီမှ၁၈၀၀ နာရီအထိ ရန်ကင်း​မြို့နယ် အမှတ်(၁၁) ရပ်ကွက်ကံဘဲ့ဘူတာရုံလမ်း၌ရန်ကင်းမြို့နယ် ​ ပြည်ခိုင်ဖြိုးပါတီနှင့်လွတ်​ တော်ကိုယ်စားလှယ်​ လောင်းများ ဖြစ်​ ကြသည့်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဦးဝင်းလှိုင်(FPTP) ဦးတင့်ဇော်(PR) ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်မိုးအောင်(ခ)ဦးနေရှိုင်း( FPTP) တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးချစ်ကိုကို (FPTP) ဒေါက်တာအိခိုင်မွေး(PR)တို့မှစုပေါင်း၍ရန်ကင်းမြို့နယ်အတွင်းရှိလမ်းသွားလမ်းလာပြည်သူများအားစတုဒီတာထမင်းနှင့်ဘဲဥငါးခြောက် သီးစုံပဲဟင်းအားလူ(၁၀၀၀)စာ ကျွေးမွေးပြီးအချိုရည်အအေးအလှုဒါနပြုလုပ်ကာလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်

Photos from Yankin USDP's post 21/12/2025

၁၆.၁၂.၂၅ရက်နေ့ ၁၀၀၀ နာရီတွင်ရန်ကင်းမြို့နယ်

ပြည်ခိုင်ဖြိုးပါတီရုံး၌မဲရုံကိုယ်စားလှယ်နှင့်အကူကိုယ်စားလှယ်ဆင့်ပွားသင်တန်းအား ပါတီဝင်အင်အား(၇၀)ဦးနှင့်ကျင်းပပြုလုပ်ခဲ့ရာသင်တန်းသို့
ရန်ကင်း မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP)ဦးတင်မိုးအောင် (ခ)ကိုနေရှိုင်း တိုင်းဒေသ ကြီးလွတ်တော်ကိုယ်စားလှယ်လောင်း (FPTP )ဦးချစ်ကိုကိို ​ ဒေါက်တာအိ ခိုင်မွေး (PR ) မြို့နယ် ပါတီအတွင်းရေးမှူး မြို့နယ်ပါတီကော်မတီဝင် များတက်ရောက်ခဲ့ကြပြီး မဲရုံနှင့်ပတ်သက်၍ဆောင်ရန် ရှောင်ရန်သိမှတ်ဖွယ်ရာများပြောကြားဆွေးနွေးပြီးတက်ရောက်လာသောပါတီဝင်များအားမှတ်စုစာရွက်များဝေငှခဲ့ပါသည်ထို့နောက်တက်ရောက်လာသောပါတီဝင်များမှMEVMစက်နမူနာပုံစံအားစမ်းသပ်မဲပေးခြင်းများပြုလုပ်ခဲ့ကြပါသည်

Photos from Yankin USDP's post 26/11/2025

၂၆..၁၁.၂၅ရက်နေ့၁၀၀၀ နာရီတွင်ရန်ကင်းမြို့နယ်

ပြည်ခိုင်ဖြိုးပါတီ၊မှ ပြည်သူ့လွတ်​ တော်ကိုယ်စားလှယ် လောင်းဦးတင်မိုးအောင်​ (ခ ) ကိုနေရှိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP)
ဦးချစ်ကိုကိုနှင့် မြို့နယ်ပါတီကော်မတီဝင် များသည် အမှတ်(၇) ရပ်ကွက် နှင့် ( ၉ )ရပ်ကွက်အတွင်း၌​ ပြည်သူများအားမဲဆွယ်စည်းရုံး ခြင်းလက်ကမ်းစာစောင်ဝေငှခြင်း လက်ဆောင်ပစ္စည်းပေးအပ်ခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်

Photos from Yankin USDP's post 25/11/2025

၂၅..၁၁.၂၅ရက်နေ့၁၀၀၀ နာရီတွင်ရန်ကင်းမြို့နယ်

ပြည်ခိုင်ဖြိုးပါတီ၊မှ ပြည်သူ့လွတ်​ တော်ကိုယ်စားလှယ် လောင်းဦးတင်မိုးအောင်​ (ခ ) ကိုနေရှိုင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း(FPTP)
ဦးချစ်ကိုကိုနှင့် မြို့နယ်ပါတီအတွင်း ရေးမှူး မြို့နယ်ပါတီကော်မတီဝင် များသည် အမှတ်(၈) ရပ်ကွက် အတွင်း၌​ ပြည်သူများအားမဲဆွယ်စည်းရုံးရေးလက်ကမ်းစာစောင်ဝေငှခြင်း လက်ဆောင်ပစ္စည်းပေးအပ်ခြင်းများကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်

Photos from Yankin USDP's post 10/11/2025

၈/နိုဝင်ဘာ/၂၀၂၅
=============
​ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အမျိုးသားလွတ်​ တော်ကိုယ်စားလှယ်​ လောင်းဦးတင့်ဇော်​ ရန်ကင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ တိုင်း​ ဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းဦးချစ်ကိုကို တို့သည် ရန်ကင်းမြို့နယ်ပါတီအတွင်းရေးမှုး မြို့နယ်ကော်မတီဝင်များမဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံပြီးလိုအပ်သည်များမှာကြား၍ထောက်ပံ့ပစ္စည်းများပေးအပ်ကာ၁၂၃၀ နာရီတွင်အစည်းအ​​ ဝေးအားရုပ်သိမ်းခဲ့ပါသည်။

08/11/2025

ပညာရေးရာကဏ္ဍနှင့် USDP

ကျွန်တော်တို့ပါတီရဲ့အရေးကြီးတဲ့ မူဝါဒတစ်ရပ်ကတော့ ပညာရေး ဖြစ်ပါတယ်။ ပညာရေးကဏ္ဍအပေါ် ကျွန်တော်တို့ရဲ့ ကတိကဝတ်တွေကို အကျဉ်းချုပ်ပြောပြပါ့မယ်။ အဓိကအားဖြင့် အပိုင်းသုံးပိုင်းခွဲထားပါတယ်။

(၁) ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းတက်နိုင်ရမယ်

နိုင်ငံတော်မှာ အလယ်တန်းအထိ အခမဲ့ပညာရေးစနစ်က ရှိပြီးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအနှံ့မှာ အသက်ငါးနှစ်သား ကျောင်းနေအရွယ်စာရင်း (School Survey) ကို ဒေသအလိုက် အာဏာပိုင်တွေက ကောက်ယူမှု ပြုလုပ်ရပါမယ်။ ပြီးလျှင် စာသင်ခန်းကို အရောက်ပို့ရပါမယ်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် မိဘများက အလုပ်ခွင်တွေကို စေလွှတ်ထားရတဲ့ ကလေးငယ်တွေ ရှိနေဦးမှာဖြစ်ပါတယ်။ ဒါကို ကျောင်းပြင်ပပညာရေးစနစ်ဆိုတာနဲ့ ဖြေရှင်းရပါမယ်။ တစ်ပတ်ကို အများဆုံး ၃ ရက်၊ တစ်ချိန်ကို အနည်းဆုံး ၃ နာရီနှုန်းနဲ့ သင်ကြားလို့ရနိုင်ပါတယ်။ အငြင်းမပွားရအောင် ဥပဒေပြဋ္ဌာန်းပြီး ခိုင်မာအောင် ဆောင်ရွက်ထားရပါမယ်။ သင်ကြားရေးကို လတ်တလောအငြိမ်းစားယူထားတဲ့ ကိုယ်တိုင်ဆန္ဒပြုတဲ့ ဆရာ/ဆရာမများနဲ့ တာဝန်ပေးအပ်နိုင်ပါတယ်။ သူတို့က သင်ရိုးညွှန်းတမ်းကို သိပြီးဖြစ်သလို ဝါသနာပါသူများလည်း ဖြစ်ကြလို့ အဆင်ပြေနိုင်ပါတယ်။ နိုင်ငံတော်က ထောက်ပံ့ကြေးပေးရပါမယ်။ စာသင်ကြားမယ့်နေရာတွေကိုတော့ ဒေသအာဏာပိုင်တွေက စီစဉ်ပေးပါမယ်။ ဒါဆိုရင် ကျောင်းနေအရွယ်ကလေး အားလုံးနီးပါး စာသင်ခန်းတွေဆီကို ရောက်ရှိပြီး နိုင်ငံတော်ရဲ့ အခမဲ့အလယ်တန်းပညာရေးစနစ်ကို ခံစားနိုင်မှာဖြစ်ပါတယ်။

(၂) နိုင်ငံသားကောင်းများဖြစ်အောင် သင်ကြားရပါမယ်

လက်ရှိ လူမှုကွန်ရက်တွေမှာ ကျောင်းသားလူငယ်အချင်းချင်း အနိုင်ကျင့်တာတွေ၊ ကိုယ်ထိလက်ရောက် ပြုလုပ်တာတွေကို စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒါမျိုးတွေ ဆက်မဖြစ်ဖို့ ပညာရေးပိုင်းမှာ ပြည်သူ့နီတိ၊ လူ့ကျင့်ဝတ်၊ အခြေခံဥပဒေနဲ့ စာရိတ္တပိုင်းဆိုင်ရာတွေကို ဘာသာရပ်တစ်ခုအနေနဲ့ အခြေခံပညာအဆင့်မှာ သင်ရိုးညွှန်းတမ်းအနေနဲ့ထည့်ထားပြီး အလယ်တန်းအဆင့်အထိ သင်ကြားပေးရမှာ ဖြစ်ပါတယ်။ အခြားဘာသာရပ်များနည်းတူ ဘာသာရပ်တစ်ခုကဲ့သို့ စာမေးပွဲဖြေဆို အောင်/ရှုံး သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ထားခြင်းဟာ အနာဂတ်မှာ နိုင်ငံ့သားကောင်းတွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

(၃) တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံဖြစ်စေအောင် သင်ကြားရပါမယ်

မူလတန်းကစပြီး အလယ်တန်းအထိ ကျောင်းသားတိုင်းဟာ ကိုယ့်မိခင်ဘာသာစကားအပြင် အခြားတိုင်းရင်းသား ဘာသာစကားတစ်မျိုးမျိုးကို မဖြစ်မနေ သင်ယူရတဲ့ စနစ်မျိုးကို ဆောင်ရွက်ရပါမည်။ ဥပမာ- ဗမာကျောင်းသားက ရှမ်းစာပေစကားကို သင်ကြားတာမျိုး၊ ကချင်ကျောင်းသားတစ်ယောက်က မွန်စာပေစကားကို သင်ကြားတာမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒါဆိုရင် နိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကို လူမျိုးအချင်းချင်း ပိုမိုနားလည်မှုရှိလာပြီး စည်းလုံးညီညွတ်မှုကို ပိုမိုဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

(၄) အထက်တန်းမှ တက္ကသိုလ် ပညာရေးသင်ကြားမှု

အထက်တန်းအဆင့်မှာ သင်ရိုးညွှန်းတမ်းက အလွန်အရေးကြီးပါတယ်။ နိုင်ငံတကာ အဆင့်မီ သင်ရိုးညွှန်းတမ်း (National Education Curriculum) ကို ရေးဆွဲပေးရပါမယ်။ ဒီလိုရေးဆွဲဖို့အတွက် ပြည်တွင်းက ပညာရှင်များနဲ့ နိုင်ငံတကာစံချိန်စံညွှန်းတွေကို လေ့လာပြီး ရေးဆွဲရပါမယ်။ သင်ကြားမယ့် ဆရာ၊ ဆရာမတွေကိုလည်း TOT လို့ခေါ်တဲ့ လေ့ကျင့်သင်ကြားရေး training တွေကို စီမံထားရပါမယ်။ သင်ရိုးညွှန်းတမ်းတွေကလည်း အလုပ်ခွင်နဲ့ ချိတ်ဆက်ထားမှ လက်တွေ့လုပ်ငန်းခွင်တွေမှာ အသုံးချနိုင်ရမှာဖြစ်ပါတယ်။ တက္ကသိုလ်ပညာရေးအတွက်လည်း ဝါသနာပေါ်အခြေခံပြီး တက်ရောက်နိုင်မယ့်စနစ်မျိုးကို ဖန်တီးသွားပါမယ်။ ပေါ်ပေါက်လာမည့် လွှတ်တော်မှာ တင်ပြအတည်ပြုချက် ရယူပြီးလျှင် ဒါတွေကို အပြောနဲ့မဟုတ် လက်တွေ့အကောင်အထည်ဖော်ဖို့အတွက် ကျွန်တော်တို့ USDP ဟာ အသင့်ရှိနေပြီဖြစ်ပါကြောင်း သတင်းစကားပါးလိုက်ရပါတယ်။

Photos from Yankin USDP's post 08/11/2025

၇.၁၁.၂၅ရက်နေ့၁၁၀၀နာရီတွင်ရန်ကင်းမြို့နယ်
အမှတ်၁၂ရပ်ကွက်ကာယသုခလမ်းအတွင်း​ ​ မြို့နယ်စည်ပင်သာယာအဖွဲ့နှင့်အတူ​ ပြည်ခိုင်ဖြိုးပါတီဝင်များမှပူး​​ ပေါင်း၍ရပ်ကွက်အတွင်းရှိရေမြောင်းများရှင်းလင်း​ ဆောင်ရွက်ခဲ့ပါသည်

Photos from Yankin USDP's post 05/11/2025

၄/၁၁/၂၀၂၅ ရက်နေ့
ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးချစ်ကိုကိုနှင့် ဒေါက်တာအိခိုင်မွှေးတို့သည် (၁၆:၃၀)နာရီတွင် နှစ်စဉ်ကျင်းပပြုလုပ်သည့် နှစ်ကျိပ်ရှစ်ဆူဘုရား ရန်ကင်းမြို့နယ်အတွင်း လှည့်လည်အပူဇော်ခံပွဲတွင် ပါတီဝင်များ ပါတီဝန်းရံလိုလားသူ မိသားစုများနှင့်အတူ အချိုရည်စတုဒီသာလှူဒါန်းမှု ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

Photos from Yankin USDP's post 05/11/2025

၄/၁၁/၂၀၂၅ ရက်နေ့
ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးချစ်ကိုကို သည် နံနက် (၁၀:၅၀)နာရီ အချိန်တွင် အမှတ်(၉)ရပ်ကွက် ရွှေညောင်ပင် ဘုန်းကြီးကျောင်း၌ ပြုလုပ်သော ကထိန်ပဒေသာပင် ဆက်ကပ်လှူဒါန်းပွဲအား တက်ရောက်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။

Photos from Yankin USDP's post 05/11/2025

၄/၁၁/၂၀၂၅ ရက်နေ့
ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးချစ်ကိုကိုသည် (၀၈:၃၀)နာရီတွင် အမှတ်(၁၄)ရပ်ကွက် တာဝန်ခံ ဦးဝင်းမောင်မှ နှစ်ကျိပ်ရှစ်ဆူဘုရားယာယီစံကျောင်းတော်၌ စတုဒီသာကျွေးမွေးခြင်းဒါနပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်မှုအား ရင်းနှီးစွာ တွေ့ဆုံစကားပြောကြားခဲ့သည်။

Photos from Yankin USDP's post 05/11/2025

၄/၁၁/၂၀၂၅ ရက်နေ့
ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးချစ်ကိုကိုသည် (၀၉:၀၀) နာရီတွင် အမှတ်(၁၄)ရပ်ကွက် တာဝန်ခံဦးဝင်းမောင်နှင့် ပါတီအမာခံ မိသားစုအားရင်းနှီးစွာ တွေ့ဆုံခဲ့ပါသည်။

03/11/2025

၀၃/နိုဝင်ဘာ/၂၀၂၅
=============
ရန်ကင်းမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမှတ်(၇)ရပ်ကွက်ဥက္ကဌဦးမောင်မောင်တင့်မှနှစ်ကျိပ်ရှစ်ဆူဘုရားအမှတ်(၁၁)ယာယီစံကျောင်းတော်၌စတုဒီသာကျွေးမွေးခြင်းဒါနပြုလုပ်ကြောင်းသတင်းတင်ပြအပ်ပါသည်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. 4/D၊ Thitsar Road, Yankin
Yangon