31/05/2026
His Ex-Wife Part (2)
အန်းနအကြောင်း..
အီသန်ဘာဖြစ်သွားတာလဲမသိဘူး။ ငါသူ့ကိုတစ်ခါမှ လိမ်ခဲ့မိတာမရှိဘူး ငါဘယ်လိုလုပ်ရမလဲ
ဘုရားသခင် ငါ့မှာနေစရာနေရာမရှိဘူး။ ငါ့မှာဒေါ်လာ ၂၀၀ပဲဲရှိတယ် ။ခုညမိုးချုပ်နေပြီ....
ဦးတည်ရာမရှိ သူမလျှောက်လှမ်းလာခဲ့သည်။
အေးစိမ့်သောလေ မှောင်မိုက်သောကောင်းကင်နှင့် လတို့က သူမနှင့်အတူရှိနေသည်။ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်းတိုင်းမှာ သူမစိတ်လူပ်ရှားနေသည်။ အီသန်ငါ့ကိုအိမ်ထဲကမောင်းထုတ်ခဲ့ပြီး ဒီမှောင်မဲနေသောညဘက်မှာ တစ်ယောက်ထဲနေစေခဲ့တာ ငါ့ကိုယ်ငါမယုံကြည်နိုင်ဘူး။
လမိုက်ည ဖြစ်ပြီး ကြယ်လေးတွေသာ တောက်ပနေသော ကောင်းကင်ယံကို သူမမော့ကြည့်လိုက်သည်။
လမ်းက လူသူကင်းမဲ့နေပြီး သူမက အရူံးသမားတစ်ယောက်လို ရပ်နေခဲ့သည်။ငါ့ရဲ့ တစ်ခုတည်းသော ပျော်ရွှင်မူ့အခြေအနေတွေ ဆုံးရှုံးသွားပြီဆိုတာ သိလိုက်သောအခါ သူမတစ်ကိုယ်လုံးဝမ်းနည်းမူ့အခြေအနေကို ရင်တွင်းမှခံစားရတယ်။
ဒီအခြေနေမှာ ကျွန်မကလေးကို ဘယ်လိုပြုစုစောင့်ရှောင့်ရမလဲ မသိတော့ဘူး။
မှောင်မဲနေသော လမ်းမကြီးသည် ကြောက်စရာကောင်းနေခဲ့သည်။သူမလမ်းသေချာမမြင်ရပေ။ အနည်းဆုံးတော့အမိုးတစ်ခုအောက်မှာရပ်နေရမယ်။ ဘုရားသခင် ကျွန်မကို မုန်းတယ်ထင်ပါတယ် ။ အဲ့ဒါကြောင့် ကျွန်မမွေးပြီးတုန်းက မိဘတွေထားခဲ့တာကိုခံရပြီး ခု အီသန်ကပါ သူမကို ထားခဲ့သည်။
ငါ့မှာမိသားစုမရှိခဲ့ဘူး။ စိတ်အတက်ကျတိုင်းမှာ အီသန်ကသာကျွန်မအတွက် ရှိနေမယ် ထင်ခဲ့ပေမဲ့ ခုတော့ အရာအားလုံးဆုံးရှုံးသွားပြီး သူမဘဝ၏အောက်ဆုံးအခြေနေမှာရပ်တည်နေခဲ့သည်။
အဝေးမှ အိမ်လေးတစ်လုံး လှမ်းမြင်လိုက်သည်။ တက်နိုင်သမျှ မြန်မြန်ရောက်ဖို့ ခွန်အားအပြည့်နဲ့ ပြေးလာခဲ့သည်။
သူမတံခါးခေါက်လိုက်တယ်။
အန်တီတစ်ယောက် ထွက်လာပြီးကျွန်မကို ကြည့်နေတယ်။ သူမကိုတွေ့တော့ အံ့သြသွားတယ် သူက အထက်တန်းကျောင်းတက်တုန်းက ကျွန်မ အလုပ်လုပ်ခဲ့ဖူးတဲ့ ကုန်စုံဆိုင်ပိုင်ရှင် သူဌေးဟောင်း ဖြစ်သည်။
"အန်းန ဒီအချိန်ကြီး အပြင်မှာ ဘာလို့မင်းရောက်နေတာလဲ ၊ မင်းဘာဖြစ်လာတာလဲ?"အန်တီက သူမကိုမေးခဲ့သည်။
ကျွန်မအန်တီ အာဂ္ဂသာအားလိမ်မပြောနိုင်ခဲ့ဘူး ။အာဂ္ဂသာက ကျွန်မအတွက် အမေတစ်ယောက်လိုပဲ ကျွန်မကိုအများကြီးကူညီပေးခဲ့တယ်။
မျက်ရည်တွေ စီးကျလာတာ သူမသတိမထားခဲ့ဘူး။
"အီသန် ကျွန်မကို ထားခဲ့ပြီ ?"လို့ ရိူက်ကြီးတငင်ပြောလိုက်သည်။ ငါနဲ့အီသန်ကြားမှာ ဖြစ်ပျက်ခဲ့တာကို တွေးကြည့်ရင် အရမ်းနာကျင်ရတယ်။
"ဘယ်လိုဖြစ်ကြတာလဲ? "သူမကို ပွေ့ဖက်ရင်းမေးလိုက်သည်။
"ဘာလို့လဲတော့ ကျွန်မသေချာမသိဘူး ၊ဒါပေမဲ့ ကျွန်မသူ့ကို လိမ်ခဲ့တယ် လို့ပြောနေတယ်"သူမပြောပြရင်းနဲ့ သူမနှလုံးသားတွေကြေကွဲနေတယ်။
"အိုး ဘုရားသခင်! လာပါ"အာဂ္ဂသာကသူမအားအိမ်ထဲခေါ်သွင်းခဲ့သည်။"
"မငိုပါနဲ့တော့အန်းန၊ ငါဒီအကြောင်းကို အီသန်နဲ့ ပြောကြည့်လိုက်မယ် သမီးအီသန်ကို ဘယ်လောက်ချစ်တယ်ဆိုတာ အန်တီသိတယ်"သူမအားနှစ်သိမ့်ပေးနေခဲ့သည်။
"မဟူတ်ဘူး အန်တီ အာဂ္ဂသာ၊ သူကျွန်မကို မုန်းနေတာ ၊ကျွန်မသူ့စီကထွက်သွားပြီး ကိုယ့်ကိုကိုယ်သတ်သေချင်နေမိတယ်။ ကျွန်မသတ်သေဖို့ ကြိုးစားလို့မရတဲ့အကြောင်းရင်းက ကျွန်မဗိုက်ထဲမှာရှိတဲ့ ကလေးလေးအတွက်ပဲ၊ ကျွန်မအပြစ်ကင်းတဲ့ကလေးကို မထိခိုက်စေချင်ဘူး"အန်းနက ပြောပြလိုက်သည်။
ပျော်ရွှင်စရာ အချိန်လေးများ
အေးချမ်းသာယာသော နေ့ရက်များ
ကုန်ဆုံးသွားခဲ့ပြီ.....။
"သမီးကိုယ်ဝန်ရှိနေတာလား "အံ့သြစွာနဲ့ မေးလိုက်သည်။
သူမခေါင်းညိတ်ပြလိုက်သည်။
မျက်ရည်တွေက မရပ်တန့်နိုင်ခဲ့ဘူး ။ ငါ ငိုနေခဲ့တယ် ငါ့ရဲ့ဝမ်းနည်းမူ့အားလုံးကိုစွန့်လွတ်ဖို့တွက်နဲ့ နာကျင်စရာတွေအားလုံးအတွက် ငါ့ကံကြမ္မာကိုပဲ အပြစ်တင်နေခဲ့သည်။
ကျွန်မသူ့ကိုချစ်တယ် ..
ခုထိမယုံကြည်နိုင်သေးဘူး..။
ငါးရက်ခန့်ကြာသော်
ကျွန်မအရင်ကအလုပ်လုပ်ခဲ့တဲ့ ကော်ဖီဆိုင်ကို ပြန်သွားခဲ့သည်။ ဆိုင်ပိုင်ရှင် မက်ဂီက ကျွန်မကိုတွေ့တော့ အံ့သြသွားပေမဲ့ ကျွန်မကို အလုပ်လုပ်ဖို့အတွက် လက်ခံခဲ့တယ်။ ကျွန်မလစာ တစ်နာရီကို
$3.50ဖြစ်ပြီး ကျွန်မရဲ့ အဆိုင်းက 5နာရီပဲဆိုတော့
တစ်လကို $600လောက်သာ ရနိုင်ပါသည်။ နောက်ဆိုပိုကုန်လာမှာဖြစ်တဲ့အတွက် တစ်ခြားအပိုအလုပ်တစ်ခုသူမ ထပ်ရှာရမယ်။......
_____________
His Ex Wife ကိုတစ်ရက်တစ်ပိုင်း တင်ပေးပါ့မယ်
Page လေးကို like and Follow လေးလုပ်ပေးခဲ့ကြပါ
31/05/2026
His Ex-wife
Part 1
Anna ရဲ့ အကြောင်း
ပြီးခဲ့တဲ့တစ်ပတ်မှ စပြီးသူမ မနက်ခင်းပိုင်းတွင် ခဏခဏမူးဝေနေခဲ့သည်။ မနက်ခင်းတိုင်းသူမလေ့ကျင့်ခန်းပြုလုပ်လေ့ရှိသည် ။ ခုလည်းသူမ လေ့ကျင့်ခန်းလုပ်နေရင်းခေါင်းမူးလာတော့ ရေအမြန်ချိုးဖို့တွက် ရေချိုးခန်းဆီ ပြေးဝင်သွားခဲ့သည်။ ငါဘာလျို့ဒီလိုခဏခဏမူးနရေတာလဲ တစ်ပတ်ကျော်တောင်ရှိပြီ ဘာပဲဖြစ်ဖြစ်ဆရာဝန်နဲ့ပြကြည့်ရမယ်။
"အီသန်ဟာ အလုပ်ကိစွနှင့်ခရီးထွက်သွားသောကြောင့် ငြီးငွေ့စရာကောင်းလောက်အောင် သူမတစ်ယောက်ထဲရှိနေခဲ့သည်။ "ငါသူ့ကို ဖုန်းခေါ်သင့်လား။
"Hello အီသန် !"ကျွန်မပြောစရာရှိတယ်။
"အန်းန ငါအလုပ်ရူပ်နေလို့ နောက်မှဖုန်းပြန်ဆက်လိုက်မယ်"လို့ပြောပြီး ဖုန်းချလိုက်သည်။
အင်း ...ချိုသောအစားအစာများကို သူမမုန်းတီးပြီး ခုဘာကြောင့်အချိုအရမ်းစားချင်နေရတာသနည်း။
ငါကိုယ်ဝန်ရှိတောများလား?
မဖြစ်နိုင်ဘူး ကိုယ်ဝန်ရှိနေတာတော့ ငါမိခင်တစ်ယောက်ဖြစ်ဖို့အတွက် အဆင်သင့်မဖြစ်သေးဘူး။အန်းနတွေးလိုက်သည်။
သူမအသက် 21နှစ်ရှိပြီ။ မိခင်ဖြစ်ဖို့တွက် သင့်တော်တဲ့အချိန်ပဲ အန်းန ဆယ်ကျော်သက် မိခင်တော်တော်များများက သူတို့ကလေးလေးတွေထိန်းရင်းမိခင်ကောင်းဖြစ်လာမှာသေချာတယ်။ မဟုတ်ဘူး ငါဘာကြောင့် ကိုယ်ဝန်ရှိနေတယ် တွေးနေရတာလဲ ။သေချာတာကတော့ ဒါအစာအိမ်ရောဂါ သက်သက်ပဲဖစ်ရမယ်။
ဆေးရုံတစ်ခုတွင် ....
"Mr.Spencer ၊ ဂုဏ်ယူပါတယ် မင်းကိုယ်ဝန် ၁လရှိနေပြီ!"ဒေါက်တာ ကလန်က ပြောလိုက်သည်။
"ဘာကြီးလဲ ကိုယ်ဝန်ရှိနေတာလား"လို့ပျော်ရွှင်စွာမေးလိုက်ပေမဲ့ သူမစိတ်ထဲတော့ကြောက်နေမိသည်။မိခင်တစ်ယောက် ဖြစ်လာတော့မယ်ဆိုတာ သိလာတဲ့အခါ အီသန်ရော ဘယ်လိုတုံ့ပြန်မလဲ?။
သူအရမ်းပျော်နေလိမ့်မယ်ထင်သည်။
"ဟုတ်ပြီ Mr.Spencer မင်းရဲ့ နောက်တစ်ပတ် ရက်ချိန်းက ဒီလ 24ရက်နေ့ဖြစ်ပြီး ပျို့အန်တာကို ရှောင်ဖို့ သောက်ဆေးညွှန်းထားပြီး ဂရုစိုက်ပါ"လို့ ဒေါက်တာ ကလန်ကဆေးစာရွှက်အားပေးရင် သူမကိုပြောခဲ့သည်။
"ဟုတ်ကဲ့ ကျေးဇူးပါဆရာ "ကျေးဇူးတင်စကားပြောပြီး သူ့ဆေးခန်းထဲက ထွက်လာခဲ့သည်။
ငါအီသန်ကို အံ့အားသင့်အောင်လုပ်ရမယ် ။ သူမကြာခင် ဖခင်ဖြစ်လာတော့မယ်။
အီသန်၏ အကြောင်း
အန်းနက ငါ့ကို ဘယ်လိုတောင်လုပ်ခဲ့တာလဲ။သူမ ပိုက်ဆံနည်းနည်းတောင်းလို့ ဒေါ်လာ၂သန်းပေးခဲ့တယ်။သူမလုပ်ခဲ့တာက ကျွန်တော့ကို လှည့်စားခဲ့တာပဲ။ သူမပိုက်ဆံကြောင့် သူ့ကိုလက်ထက်ခဲ့တာလား သူမကိုငါဘယ်လိုယုံရမလဲ ။ သူမကိုအပြစ်ကင်းစင်တဲ့သူဟု ယုံခဲ့မိတဲ့ သူက မိုက်မဲတဲ့လူပဲ။ သူမသည်ကျွန်တော့ရဲ့ ယုံကြည်မူ့ကိုချိုးဖျက်ခဲ့သည်။
ကတ်စီဒီက အန်းနနှင့် ဂျော့စ် နမ်းနေတဲ့ ပုံတွေကို သူ့ကိုပေးခဲ့တယ်။ သူတုန်လူပ်သွားခဲ့ပြီး မယုံကြည်နိုင်ခဲ့ဘူး။ ပြီးတော့ ဂျော့စ် နှင့် အန်းနက တစ်ယောက်နဲ့တစ်ယောက်ချစ်ကြိုက်နေပြီး အီသန်ကိုအသုံးချကာ အီသန်ပေးတဲ့ ဒေါ်လာ၂သန်းကို ဂျောစ့်အားပေးခဲ့သည်ဟုပြောပြခဲ့သည်။ ပထမတော့ ကတ်စီဒီက အန်းနကို မုန်းလို့ လိမ်ညာနေတယ် ထင်ခဲ့ပေမဲ့ ဟိုဆေးကို ဖုန်းဆက်လိုက်သောအခါ ဟိုဆေးက ဟုတ်တယ်ဟု ပြန်ဖြေလိုက်မှသာ သူယုံကြည့်ခဲ့သည်။
ကတ်စီဒီသည် ကျွန်တော့ရဲ့ PAဖြစ်သည်။ သူမကို သူ့ဘေးနားထားရတဲ့အကြောင်းအရင်းက သူမသည် အလုပ်လုပ်ရာမှာ ကျွမ်းကျင်ပြီး ပြီးပြည့်စုံသောကြောင့်ဖြစ်သည်။
"သူဌေး အိမ်ပြန်မှာလား "ကတ်စီဒီကမေးလိုက်သည်။
"ဟုတ်တယ် ကတ်စဒီ ငါ့ရှေ့နေကနေ ကွာရှင်းစာချုပ် ပြင်ဆင်ခိုင်းလိုက်ပါ "အမိန့်ပေးလိုက်သည်။
ကွာရှင်းစာချုပ်ကို သူအမြန်စီစဥ်ခဲ့သည်။
အန်းနက သူ့ကိုလှည့်စားမှာ မဟုတ်ဘူးလို့ မျှော်လင့်ထားပေမဲ့ ခုတော့ အရာအားလုံးနဲ့ဝေးကွာသွားခဲ့သည်။
"အိုး... ဟုတ်ကဲ့သူဌေး ခုချက်ချင်းဆောင်ရွှက်လိုက်ပါ့မယ်"သူမ အပြုံးလေးဖြင့်ပြောရင်း လှည့်ထွက်သွားခဲ့သည်။
သူသည် ဝတ်စုံကို ပြင်ပြီး ရုံခန်းထဲက ထွက်လာခဲ့သည်။ အချိန်တွေ ဖြုန်းမနေပဲ သူ့ဦးတည်ရာကို လျှင်မြန်စွာမောင်းလာခဲ့သည်။
သူတို့နှစ်ယောက်အိမ်ကိုမြင်လိုက်ရတော့အမှတ်တရ များစွာ ခေါင်းထဲဝင်လာခဲ့သည်။ ငါတို့ဘယ်လောက်ထိပျော်ရွှင်ခဲဲ့ပြီး အေးချမ်းနေခဲ့လည်း ခုတော့... ။
ကားပေါ်ကဆင်းပြီး အိမ်တံခါးကို ဖွင့်လိုက်တယ်။
အန်းနဘယ်မှာလဲ ?
သူမကို ဖုန်းဆက်လိုက်သည်။
"ရော့ အန်းနကိုတွေ့မိသေးလား"သူတို့ရဲ့ တံခါးနားမှာရပ်နေတဲ့ ခြံစောင့်အားမေးလိုက်သည်။
"ဟုတ်ကဲ့ သခင်လေး ခုနကပဲ ထွက်သွားပါတယ် "လို့ပြောလိုက်သည်။
အိမ်ထဲကို ပြန်လှည့်ပြီးဧည့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့သည်။
မိနစ် ၃၀လောက်ကြာတော့သူမကားသံကြားလိုက်သည်။ မတ်တပ်ထရပ်လိုက်ပြီး တံခါးဝကိုလျှောက်လာခဲ့သည်။
ထိုနေရာ၌သူမသည် ရိုးရှင်းသော်လည်း ဆွဲဆောင်မူ့ရှိသော ဝတ်စုံဖြင့် ကားပေါ်က ဆင်းလာခဲ့သည်။
"အံ့သြစရာပဲ၊"လို့ပြောပြီး သူမ ကျွန်တော့ဆီ လမ်းလျှောက်လာခဲ့သည်။
သူခေါင်းငြိမ့်ပြလိုက်သည်။
"ဟေး..ဘေဘီ ။ အံ့သြစရာသတင်းတစ်ခု ရှင့်ကိုပြောပြရမယ် "သူမဝမ်းသာအားရ ပြောလိုက်သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က ရှင်နဲ့ပတ်သတ်ပြီး အံ့အားသင့်စရာတစ်ခု ရရှိခဲ့တယ်။ ဒီနေ့ အံ့အားသင့်မူ့ကတကယ်အစစ်အမှန်ဖြစ်ကြောင်း သိခဲ့ရတယ်။
ဒါထက် သူမထက် ပိုပြီးအံ့အားသင့်စရာပေးဖို့ ကျွန်တော်စီစဥ်ခဲ့သည်။
"ရော့....ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးလိုက်ပါ"သူမကို စိတ်တိုစွာပြောလိုက်သည်။
"အီသန် ရှင်နောက်နေတာလား ဒါမှမဟုတ် တကယ်ပြောနေတာလား "သူမ တုန်လူပ်ခြောက်ခြားစွာ မေးလိုက်သည်။
"ဟုတ်တယ် ငါတကယ်ပြောနေတာ "အေးစက်စက်မျက်နှာမပျက်ပဲ တည်ငြိမ်စွာပြောလိုက်သည်။
"ဘာဖြစ်လို့လဲဟင် ?"သူမကမေးတယ်။
"အန်းန ခုငါ့ကို မင်းရဲ့ လိမ်လည်လှည့်စားနေတာတွေ ရပ်လိုက်ပါ၊မင်းငါ့ရဲ့ အချစ်ကိုလိုချင်တာမဟုတ်ပဲ ငါ့ပိုက်ဆံတွေပဲ လိုအပ်ခဲ့တာ ။မင်းငါ့ကိုလှည့်စားခဲ့တယ်။ မင်းငါ့ကို ဒီလိုလုပ်လိမ့်မယ် ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဘူး ။ ကိစ္စတော်တော်များများမှာ ယောကျာ်းတွေကသာ မိန်းမကို လှည့်စားခဲ့တာ ဒါမှမဟုတ် မင်္ဂလာပွဲကို ကတိဖျက်ခဲ့တာပဲ ရှိတယ် ။
သို့သော် မင်းက ငါတို့ရဲ့ ကတိနဲ့ ယုံကြည်မူ့ကိုဖျက်စီးခဲ့တယ် ။အန်းန ငါ့အိမ်က မထွက်သွားခင် ကွာရှင်းစာချုပ်လက်မှတ်ထိုးပါ "ထပ်အော်ပြောလိုက်သည်။
"အီသန် ကျွန်မရှင့်ကို တစ်ခါမှ မလှည့်စားမိဘူးဆိုတာ ကတိပေးတယ် ၊ကျွန်မ ဘယ်လိုလုပ်မှ ယုံကြည်နိုင်မှာလဲ ကျွန်မတစ်ခါမှရှင့်ကို မလှည့်စားခဲ့ဘူး"သူမငိုနေရင်းပြောလိုက်သည်။
"မင်းသရုပ်ဆောင်မနေ နဲ့တော့"
"အန်းန ဒီစာရွှက်ကို လက်မှတ်ထိုးပြီး ထွက်သွားလိုက်တော့ "ပြောပြီး ပါးရိုက်ချလိုက်သည်။
သူပါးရိုက်လိုက်တာ နောင်တရမိပေမဲ့ သူ့ဒေါသ သူမထိန်းနိုင်ခဲ့ဘူး။ သူမကို ယုံကြည်ခဲ့လို့ သူ့ကိုယ်သူမုန်းတယ်။
သူမကျွန်တော့်ကို မယုံကြည်နိုင်စွာကြည့်နေခဲ့သည်။
ကွာရှင်းစာရွှက်ကို သူမမျက်နှာပေါ် ပြစ်ချလိုက်ပြီး လက်မှတ်ထိုးခိုင်းလိုက်သည်။
နာကျင်စွာနဲ့ သူမ ကျွန်တော့ကိုသေချာစွာကြည့်နေလည်း သူမခံစားချက်တွေကို ဂရုမစိုက်ခဲ့ဘူး ။
သူမလက်မှတ်ရေးထိုးလိုက်သည်။
"woo!ကျေးဇူးတင်ပါတယ် မစ္စအန်းန ၊မင်းခုချက်ချင်းငါ့အိမ်ကနေ ထွက်သွားပါ"
"အီသန် ငါဒီတစ်ည ဒီမှာအိပ်လို့ရမလား ? မနက်ရောက်တာနဲ့ ထွက်သွားပါမယ်"လို့ပြောလိုက်သည်။
သူမဘယ်ကိုသွားရမလဲ သူမကိုယ်သူမ မေးနေမိသည်။
"မလိုချင်ဘူး! မင်းငါ့အိမ်မှာ တစ်မိနစ်တောင် မနေစေချင်ဘူး !"သူမကိုပြောခဲ့တယ် ။ဒါသူမနဲ့ထိုက်တန်တယ်။
"ကျေးဇူးပြုပြီး.. "သူမထပ်တောင်းဆိုလိုက်သည်။
"မလိုဘူး!"ကျွန်တော်သူမကို အိမ်အပြင်ဘက်ကို တွန်းထုတ်လိုက်သည်။ အခု သူမ ဂျောစ့်ကိုသွားရှာလို့ရပြီ။
သူတံခါးကိုပိတ်ပြီး အိပ်ခန်းဆီသို့ လျှောက်သွားကာ အခန်းအား သန့်ရှင်းရေးလုပ်ပြီး သူမပစွည်းတွေကို အမိူက်ပုံးထဲ ပြစ်ထည့်လိုက်သည်။..
__________
His Ex Wife ကို တစ်ရက်တစ်ပိုင်း တင်ပေးပါ့မယ်
Page လေးကို like and Follow လေးလုပ်ပေးခဲ့ကြပါ
31/05/2026
His Ex Wife (ဘာသာပြန်)
သူ၏ဇနီးဟောင်း...
စာရေးဆရာ ShinoMinogig
"His EX-Wife သည် သာမာန် အသက် 21နှစ်အရွယ်
အန်းန နှင့်Spencer Industries၏ CEO ဖြစ်သူ
ဘီလျှံနာ အီသန် စပန်ဆာ တို့၏ အချစ်ဇာတ်လမ်းဖြစ်သည်။
အီသန် နှင့် အန်းန သည် အန်းနစားပွဲထိုးလုပ်နေသော ကော်ဖီဆိုင်တွင် တွေ့ဆုံခဲ့သည်။ အချိန်တစ်ခုကြာလာတော့ သူမနှင့် ချစ်မိသွားမိပြီး လက်ထပ်ခွင့်တောင်းခဲ့သည်။သူမသည် သူ့ကိုလက်ခံပြီး သူ့ဇနီးဖြစ်ခဲ့သည်။ သူမမိသားစုမှာ အီသန်မှလွှဲ၍ ဘယ်သူမှမရှိသောကြောင့် အန်းနသည် အီသန်ကိုအရမ်းချစ်ခဲ့သည်။
ဒါက အီသန်နှင့် အန်းနတို့ရဲ့ခရီးအစ ဖြစ်သည်။