စာဖတ်ခြင်းက စိတ်နှလုံးအတွက်
အားကစားခန်းမဖြစ်တယ်။
ဖုန်းပိတ်ပြီး တစ်နေ့ စာမျက်နှာ ၃၀ ဖတ်ပါ။
စကားလုံးတွေ နှလုံးသားထဲ ဝင်လာတဲ့အခါ
အတွေးအခေါ် ပိုကြီးထွားလာပြီး
စိတ်နေစိတ်ထားက တိတ်တဆိတ် ပိုသန့်စင်လာပါတယ်။
စာဖတ်ခြင်းက ကိုယ့်ကို
ချက်ချင်းပြောင်းလဲစေမှာ မဟုတ်ပေမယ့်
ကိုယ့်အပေါ် အမှတ်အသားတွေ ချန်ခဲ့ပါတယ်။
💌
#နိုင်းနိုင်းစနေ
အလင်းရောင်စာဖတ်ခန်း Library
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from အလင်းရောင်စာဖတ်ခန်း Library, Library, အမှတ်(၂၁၂)၊ ကျောက်မြောင်းဈေး၊ တာမွေ, Yangon.
20/02/2025
📔📒📙📕📗📓📚
အလင်းရောင် စာဖတ်ခန်း အား
နေ့စဉ် 11:00 AM မှ 5:00 PM ထိဖွင့်ပါသည်။
❌❌လပြည့်/လကွယ် စျေးပိတ်ရက်တိုင်း ပိတ်ပါသည်
တစ်ရက် စာမဖတ်ရင် မသိသာပေမယ့်
တစ်ပတ် စာမဖတ်ရင် ကိုယ်နှုတ်အပြုအမူ
စကြမ်းတမ်းပြီ။
တစ်လ စာမဖတ်ရင် ဝက်လို အသိဉာဏ်မဲ့ပြီတဲ့။
သင်ယူခြင်းဆိုတာ
တူရွင်းတစ်ချောင်းနဲ့ တူတယ်။
အသိပညာဆိုတဲ့ တွင်းနက်ကို တူးဆွတယ်။
မေးမြန်းခြင်းဆိုတာ
သော့တစ်ချောင်းနဲ့ တူတယ်။
လျှို့ဝှက်တံခါးတွေကို ဖွင့်ပေးတယ်။
ဘယ်ပျော်ရွှင်ခြင်းကမှ
စာဖတ်တဲ့ ပျော်ရွှင်ခြင်းလောက်
တာရှည်မခံပါဘူး။
စာကောင်းတွေ ဖတ်တယ်ဆိုတာ
သူတော်ကောင်းတွေနဲ့ စကားစမြည်း ပြောတာနဲ့
အတူတူပါပဲ။
စာတတ်ရက်သားနဲ့ စာမဖတ်သူတွေဟာ
မျက်စိကန်းနေသူတွေနဲ့ မခြားပါဘူး။
စာဖတ်ကြိုက်သူ တစ်ယောက်အတွက်
စာအုပ်ဟာ
သူ့ရဲ့ သစ္စာရှိတဲ့သူငယ်ချင်းတစ်ယောက်၊
အသိဉာဏ်ကြွယ်တဲ့ ဆရာကောင်းတစ်ဦး၊
ချစ်ရာကောင်းတဲ့ အဖော်တစ်ယောက်
ပိုင်ဆိုင်ထားတာဖြစ်တယ်။
အောင်မြင်သူနဲ့ သာမန်သူကို
လွယ်လွယ်ကူကူ ခွဲခြားနိုင်တဲ့နည်းက
အောင်မြင်သူဟာ စာဖတ်သူဖြစ်လို့ပါပဲ။
စာဖတ်တယ်ဆိုတာ ဘဝထဲက အထီးကျန်၊
ပျင်းရိတဲ့အချိန်ကို ပျော်ရွှင်အေးချမ်းတဲ့ အချိန်နဲ့ လှဲလှယ်ခြင်းပါပဲ။
စာဖတ်ပါ။
ဒါဟာ အသိပညာရဲ့ ရင်းမြစ်ဖြစ်တယ်။
အသိပညာရှိမှ ခိုင်မာတဲ့စိတ်ဓာတ်ကို ရတယ်၊
လူသားချင်းချင်း လေးစာမြတ်နိုးတတ်မယ်၊
အမှားအမှန် ခွဲခြားတတ်မယ်၊
ကိုယ်နှုတ်နှလုံး ယဉ်ကျေးသိမ်မွေ့မယ်။
တစ်ယောက်တည်းရဲ့စာကို ဖတ်ရင်
ရလဒ်က မသိသာဘူး။
ကောင်းကျိုးတွေ လုံလုံလောက်လောက် မရဘူး။
ပျားတွေလို ပန်းအများရဲ့ဝတ်မှုန်ကို စုပ်မှ
ချိုမြိန်တဲ့ပျားရည် ရတယ်။
ပန်းတစ်မျိုးတည်းပေါ်မှာပဲ ရပ်နားနေရင်
ရတဲ့ရလဒ်က နည်းတယ်။
ငြီးငွေ့ဖို့လည်း ကောင်းတယ်။
💌
#ကျွန်မဖတ်ဖို့
#နိုင်းနိုင်းစနေ
26/02/2024
“စာဖတ်ခြင်းရဲ့ ရလာဒ်”
================
တကယ်တော့ စာဖတ်တယ်ဆိုတာ
ကိုယ်မသိတာ သိလာတယ်
ကိုယ်မတတ်တာ တတ်လာတယ်
ကိုယ်မကြားဖူးတာတွေ ကြားလာတယ်။။
စာဖတ်တယ်ဆိုတာ
တကယ်တော့
"စာတတ်ရင် ကမ္ဘာပတ်စရာမလိုဘူး"ဆိုတဲ့
စကားတခွန်းက သိပ်မှန်တာဘဲ။။
စာဖတ်အား ပိုမိုမြင့်တက်လာလေ
အသိညာဏ်ပညာနဲ့
ဗဟု သုတ ရသ ကဗျာတွေ
ကိုယ့်ရဲ့အသိညာဏ်ထဲမှာ
ပိုပြီးတိုးပွားလာစေပါတယ်။။
စာပေ ဗဟု သုတ ကဗျာ ရသ များစွာကို
လိုက်စားတဲ့လူတယောက်သည်
ဆင်ချင်ထုံတရားတွေနဲ့လည်းပြည့်စုံပါတယ်။။
ကိုယ်တိုင်လည်း ပြည့်စုံလာသလို
တစ်ပါးသူတွေကိုလည်း
ကိုယ်ချင်းစာတရားတွေနဲ့လည်း
ကူညီလေ့ ရှိကြပါတယ်။
26/02/2024
သန့်ရှင်းသပ်ရပ်သူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
ဖြစ်ကတတ်ဆန်းနေဖို့ကို သင် ရှက်မိလိမ့်မယ်။
စိတ်အားထက်သန်သူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
ပျင်းရိဖို့ကို သင်ရှက်မိလိမ့်မယ်။
အသိဉာဏ် ဗဟုသုတရှိသူနဲ့ ပိုထိတွေ့ဆက်ဆံပါ။
သင်ယူစရာတွေ အများကြီး ရှိသေးတာကို သင်တွေ့လိမ့်မယ်။
စာအုပ်တွေ ပိုဖတ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်.. တဲ့။
💌
#နိုင်းနိုင်းစနေ
19/12/2023
#19.12.2023
လင်းလွန်းခင် စာပေတိုက်မှဝယ်ယူပါသည်။
စာအုပ်(၂)အုပ်တန်ဖိုး+ပို့ခ=10,800/ကျပ်
ကျပါသည်။
04/12/2023
#3.12.2023
လူပျိုကြီး စာပေ မှဝယ်ယူပါသည်။
စာအုပ်(၄)အုပ်တန်ဖိုး=23,000/ကျပ်+
ပို့ခ-2700/ကျပ် =25,700/ကျပ်
ကျပါသည်။
04/12/2023
#4.12.2023
လင်းလွန်းခင် စာပေတိုက်မှဝယ်ယူပါသည်။
စာအုပ်(၆)အုပ်တန်ဖိုး=35,500/ကျပ်
ကျပါသည်။
04/12/2023
#4.12.2023
လင်းလွန်းခင်စာပေတိုက်မှ မဲပေါက်သည့်စာအုပ် လက်ခံရရှိပါသည်။
ကျေးဇူးတင်ပါတယ်ရှင့်
28/11/2023
ဒီပုံလေး သဘောကျတယ်....
ပုံကို ကြည့်ပြီး တွေးမိတဲ့ အတွေးက
သားသမီးတွေကို လမ်းညွှန်နိုင်ဖို့
ကိုယ့်ခေါင်းမှာလည်း စာ ကဗျာတွေ ရှိရတယ်။
ဒါမှမဟုတ်
သားသမီးတွေကို ကိုယ့်လူနေမှုဘဝထက်
အဆင့်မြင့်စေချင်ရင် စာတွေပေးဖတ်ပါ။
အဲလိုနေမယ်နော်..
ဘယ်လို သဘောရလဲ..
💌
#နိုင်းနိုင်းစနေ
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
Yangon
Opening Hours
| Monday | 10:00 - 15:00 |
| Tuesday | 10:00 - 15:00 |
| Wednesday | 10:00 - 15:00 |
| Thursday | 10:00 - 15:00 |
| Friday | 10:00 - 15:00 |
| Saturday | 10:00 - 15:00 |
