06/07/2026
အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူခြင်း
မဂ်ဖေရသ်အတွက် အထူးဒိုအာပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Source; Abdul Rahim Hajuri
Social welfare organization
06/07/2026
အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူခြင်း
မဂ်ဖေရသ်အတွက် အထူးဒိုအာပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Source; Abdul Rahim Hajuri
အလ္လာဟိုအသျှင်အမိန့်တော်ခံယူခြင်း
ကွယ်လွန်သူအလီမိုဟမ္မဒ်ဒါဒါဘိုင်၏ဇနီး၊ Cell Club Yahyah Bhai ၏မိခင် နစင်းဘာနူး အသက်(87)နှစ် သည် ယနေ့ ၃၀.၀၅.၂၀၂၆(စနေနေ့) ညနေ (၄း၀၀) နာရီအချိန် တွင် အလ္လာဟ်အသျှင်မြတ်အမိန့်ခံယူသွားသဖြင့် မဂ်ဖွေရသ်အတွက်ဒိုအာလုပ်ပေးပါ။
၃၁.၀၅.၂၀၂၆(တနင်္ဂနွေနေ့) မနက်10:00 နာရီအချိန် တွင်စူရတီစွန္နီဂျာမေ ဗလီကြီးတွင် ဂျနာဟ်ဇာနမားဇ်ဖတ်၍ သန်လျင် ကဗရ်စတာန်တွင်ဒဖနာပါမည်။
انتقال
مرحوم محمد علی محمد دادابھائی کی اہلیہ نسیم بانو موسی حسین تابانی Cell club حاجی محمد یحی دادابھائی کی والدہ کا مکان نمبر 157 گلی بو اون چو اسٹریٹ میں انتقال ہوگیا ہے اتوار کی صبح دس بجے سورتی سنی جامع مسجد میں نماز جنازہ اداکے بعد سیریم قبرستان میں دفنایا جئےگا مغفرت کیلئے دعا کی جائے
Source: Ebraheem Jamal, Nasir Aboo
25/05/2026
အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူခြင်း
မဂ်ဖေရသ်အတွက် အထူးဒိုအာပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Source; Abdul Rahim Hajuri
04/05/2026
အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူခြင်း။
မရ်ဟွမ် ဆိဒိစ်(ခ်)နူရ်မိုဟာမက်မွန်ဒီယား၏သား
အလ်ဟာဂ်ျအဗ္ဗဒူရာမန်(ခ)မြင့်ဆွေသည် အမှတ်(၈၉)ဒေါသိန်းတင်လမ်း နေအိမ်တွင် (၄/၅/၂၀၂၆)ရက်နေ့ညနေပိုင်း
အလာဟ်အမိန့်ခံယူသွားပါသဖြင့်
(၅/၅/၂၀၂၆)ရက်နေ့အထက်ပါ နေအိမ်မှ(၁၀:၃၀) ယူဆောင်၍ဇိုဟရ်နမာဇ်အပြီး ရေဝေးကဘရ်စတန်တွင်ဒဖ်နာမည်။
ရွှေဘုံသာလမ်း၊ စူရတီ ပလီအရှေ့မှ (၁၀:၃၀)အချိန်တွင် ကားများထွက်ခွာမည် ဖြစ်ပါသည်။
Source: Abdul Rahman Hajuri
20/04/2026
အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူခြင်း
ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း(အောက်လမ်း)တွင်နေထိုင်သော ကွယ်လွန်သူ ဟာဂျီအမီန်ဆဗ်၏ ဇနီး၊ ၄၃လမ်းမင်္ဂလာ(ဝါး)ဗလီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ အလ်ဟာဂ်ျ ဟာဖိဇ်ွ ဟနီဖ်ဆဗ် (Pakစတိုး) ၏မိခင်ဖြစ်သူ ဟာဂျီမမိုင်မူနဟ်ဘီ {အသက်86နှစ်} သည် ယနေ့ နံနက် မြန်မာစံတော်ချိန်၅နာရီအချိန်ခန့်တွင် Pakistan နိုင်ငံ ကရာချီမြို့၌ အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားပါသည်။ ကွယ်လွန်သူအား မဂ်ဖိရသ် လွတ်ငြိမ်းချမ်းသာခွင့်ရစေဖို့ ဆုမွန်ဒုအာ ပြုပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Source: Ibrahim Jamal
06/03/2026
မေမန် ညီနောင်များ စုပေါင်းဝါဖြေ အိဖ်သာရ်ပွဲ ဖိတ်ကြားလွှာ
"Inna lillahi wa inna ilayhi raji'un" (إِنَّا لِلَّٰهِ وَإِنَّا إِلَيْهِ رَاجِعُونَ)
အလ္လာဟ် အရှင်မြတ် အမိန့်တော် ခံယူခြင်း။
Mr. Mohamed Siddiq Chamawala သည် ယနေ့ (၁၃-၁-၂၀၂၆) ရက်နေ့ မနက် (၈:၃၀) အချိန်ခန့်တွင် ပန်လှိုင်ဆေးရုံ၌ အလ္လာအရှင်မြတ်အမိန်တော် ခံယူသွားပါသည်။
ဇဟိုရ်နမာဇ်အပြီးတွင် ရွှေဘုံသာလမ်း စူရတီ စွန္နီ ဂျာမေ ပလီအရှေ့မှ ကားများထွက်ခွာ၍ ရေဝေး စွန္နီ ကဗရ်စတ္တန်တွင် ဒါဖနာပြု မည်ဖြစ်ပါသည်။
မဂ်ဖေရသ်အတွက် ဒိုအာ ပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Source: Abdul Rahim Hajuri
ယနေ့အချိန်အခါသမယတွင် ငယ်ရွယ်သူ အိမ်ထောင်ရှင်များအကြား မကြာခဏ ကွာရှင်းပြတ်စဲသည့် ကိစ္စနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများက ကြားဝင်စေ့စပ်ညှိနှိုင်း ဖြေရှင်းပေးနိုင်ရန်အလို့ငှာ ရန်ကုန်မေမန်ဂျမာအတ်၏ ဥက္ကဌ ဦးအဗ္ဗဒူလ်ဘာဆစ်ဟာရှင်ဒါဒါဘိုင်၏ ဖိတ်ကြားချက်အရ ကျိုလီယာဂျမာအတ်မှ ဟာဂျီဂျမာလ် ဦးဆောင်၍ ၄ ဦး၊ စူရတီ ဂျမာအတ်မှ ဟာဂျီ ဖာရွခ်မဒါး ဦးဆောင်၍ ၃ ဦးနှင့် ရန်ကုန်မေမန်ဂျမာအတ်မှ ဦးအဗ္ဗဒူလ်ဘာဆစ်ဟာရှင်ဒါဒါဘိုင် ဦးဆောင်၍ ၄ ဦးတို့သည် ယနေ့ မွတ်စ်လင်မ်များအကြား အမွေနှင့် ဆက်ခံရေးကိစ္စ၊ ထိမ်းမြားလက်ထပ်ခြင်းနှင့် ကွာရှင်းပြတ်စဲခြင်းကိစ္စ နှင့် အခြားအငြင်းပွားမှုများကို စေ့စပ် ဖြေရှင်း ညှိနှိုင်း ဆောင်ရွက်ရန်အတွက် ပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းရန် ပဏာမ သဘောတူညီကြသည်။