The Offline Club Yangon

The Offline Club Yangon

Share

Less screen time, more REAL time. Unplug and come chill/ read/ talk with us ☺️

27/02/2026

Offline Swap is Back!

• အိမ်မှာသိပ်မသုံးဖြစ်ဘဲပိုနေလို့ဂျောင်ထိုးထားရတဲ့ အင်္ကျီအဝတ်အစား၊ ပစ္စည်းအသုံးအဆောင်တွေကိုရှင်းချင်လား?
• သူများမလိုအပ်တဲ့ပစ္စည်းဟာကိုယ်လိုအပ်နေတဲ့အရာဖြစ်နေရင်ကိုယ့်မှာရှိတဲ့ကိုယ်မလိုတဲ့ပစ္စည်းနဲ့လဲလှယ်ချင်လား?
• မိတ်ဆွေသစ်တွေနဲ့ connect လုပ်ချင်လား?

🎉 The Offline Club မှာ မနက်ဖြန် (စနေ) 28th February မှာ Swap Meet လေးရှိပါမယ်.

• ကိုယ့်အတွက်မလိုအပ်တော့တဲ့ ပစ္စည်းတွေကို ယူလာခဲ့ပေးပါ
• ပြီးရင် သူများပစ္စည်းထဲကကိုယ်ကြိုက်တဲ့ပစ္စည်းတစ်ခုခုကို ရှာဖွေပြီးကိုယ်နဲ့သူတန်ဖိုးခြင်းကျေနပ်တယ်ဆိုလဲလှယ်ပါ
• Bonus အနေနဲ့ အဲ့နေ့တစ်လျှောက်မှာ သူငယ်ချင်းအသစ်တွေဖွဲ့လို့ပါရသွားပါမယ်

👉 Simple Rules & Guidelines 👈

• Swap လုပ်ပြီးလဲလှယ်နိုင်တဲ့အသုံးပြုပြီးသားပစ္စည်းများကိုသာယူဆောင်လာပေးပါ (ပျက်စီးနေသော/အန္တရာယ်ရှိသောပစ္စည်းများ မပါဝင်ပါ)
• အခြားသူတွေရဲ့ပစ္စည်းများကို လေးစားပါ (ပစ္စည်းများကို သေချာကိုင်တွယ်ခြင်း၊ ဂရုတစိုက်စစ်ဆေးပြီးကျေနပ်မှလဲလှယ်ခြင်းတို့လုပ်ပေးပါ)
• ငွေသားမလိုအပ်ပါ (ဒီ event မှာ ရောင်းချခြင်းမဟုတ်ဘဲ လဲလှယ်ခြင်းဖြစ်တယ်ဆိုတာသဘောပေါက်ဖို့လိုပါတယ်)
• သင်ဆန္ဒရှိပါက ကလပ်အတွက် အလှူငွေအနည်းငယ်ထည့်နိုင်ပါတယ်
• Fair swaps: တရားမျှတသော လဲလှယ်မှုများဖြစ်ပါစေ. လဲလှယ်တဲ့အခါမှာ “ဆင်တူတန်ဖိုး” အချင်းချင်းသာလဲလှယ်ပါ. သို့သော် ကာယကံရှင်များကျေနပ်ပါက creative ways တွေနဲ့ရှင်းလို့လည်းရပါတယ်. (ဥပမာ-ပစ္စည်းခြင်းလဲရတာမတန်ဘူးတခြားနည်းလမ်းလည်းတွေးမရဘူးဆို (၅)မိနစ်နှိပ်ပေးတာမျိုး၊ အကနဲ့ရှင်းတာမျိုး you can be creative ပါ)
• ဖော်ဖော်ရွေရွေစကားပြောပါ၊ ရယ်မောပါ၊ ကလပ်ကိုပုံမှန်လာနေကြသူတွေနဲ့ချိတ်ဆက်ပါ
• Swap Meet လေးပြီးရင်တော့ကိုယ့်နေရာလေးကိုယ်သန့်ရှင်းသပ်ရပ်စွာထားခဲ့ပေးပါ

🎉 Let’s make it fun, sustainable, and a little chaotic in the best way .
See you there!

ℹ️ Swap Meet မှာ ပစ္စည်း swap ဖို့မပါဝင်ဘဲ club ကိုဘဲသာမာန်လာချင်တယ်ဆိုလည်းလာလို့ရပါတယ်.
ℹ️ Entry Fees: Ks. 10,000/- (You can leave anytime)

20/02/2026

The Offline Club Yangon မှာ Workshop လေးတွေအပတ်တိုင်းနီးပါးလုပ်ဖြစ်လာတော့ စာအုပ်လေးတွေဖုန်တင်နေပြီ 🤭

အဲ့တော့ဒီအပတ် တနင်္ဂနွေ ၂၂ရက်နေ့တော့ စာအုပ်လေးတွေဖက်ပြန်လှည့်ကြရအောင်လားလို့ 📚

မြန်မာစာအုပ်လေးတွေလည်းထပ်စုထားတဲ့အပြင် စာအုပ်လာလှူထားတဲ့သူတွေလည်းရှိတာမို့ ဒီအပတ် Reading Day လေးကိုအချိန်ရရင်စာလာဖတ်ကြပါ. ကိုယ့်ဟာကိုယ်ဖတ်လက်စ စာအုပ်လေးတွေ club မှာလာဖတ်မယ်ဆိုလည်းရတယ်နော် ☺️

လာရင်တွေ့မယ်နော် ✌️

Photos from The Offline Club Yangon's post 15/02/2026

ဒီနေ့ The Offline Club Yangon မှာ လုပ်ဖြစ်တဲ့ Mental Playground ရဲ့ Unlearning Love in person Workshop လေး 🥰

11/02/2026

15th February (Coming Sunday)
🤍 💕 💗 ❤️ 🥰

အချစ်ဆိုတာ ဘာလဲ ? ကိုယ့်အတွက် ချစ်ခြင်းအဓိပ္ပာယ်ကို ကိုယ်တိုင် ဖွင့်ဆိုရှာဖွေချင်တယ်ဆိုရင် “Unlearning LOVE” In-person Workshop ကို join ဖို့ ဖိတ်ခေါ်ပါတယ်…🥰✨

အချစ်နဲ့ ပတ်သတ်ပြီး အဓိပ္ပာယ်အမျိုးမျိုး, အယူအဆအမျိုးမျိုး ဖွင့်ဆိုကြတဲ့အထဲမှာမှ အခု “ Unlearning Love “ workshop ‌လေးမှာတော့ ကိုယ်ယူဆထင်မြင်ထားခဲ့တဲ့ အချစ်ဆိုတဲ့အရာလေးကို ပြန်လည်ဆန်းစစ်ရင်း, ကိုယ့်ရဲ့ အတွေးအမြင်တွေကို Unlearn & Redefine လွတ်လပ်စွာလုပ်နိုင်မယ့် အတွေ့အကြုံလေး စီစဉ်ထားပါတယ်..🙌

Mental playground founder -Nora ကနေ facilitate လုပ်ပေးမှာဖြစ်ပြီး Music , Group Exercises များနှင့် Intentional Dialogue တွေပါကနေ တစ်ဆင့် ပါဝင်သူတွေအနေနဲ့ ကိုယ့်ရဲ့ ချစ်ခြင်းနှင့်ပတ်သက်တဲ့ အယူအဆတွေရဲ့ ရင်းမြစ်အစကို သတိပြုမိလာဖို့ ရည်ရွယ်ထားတဲ့ workshop ဖြစ်ပါတယ်

Unlearning LOVE workshop အတွက် အဆင်သင့်ဖြစ်ပြီဆိုရင် အခုပဲ Page Messenger မှာ လာရောက်ပြီး Register လုပ်လိုက်နော်…🫶

Workshop Detail 📌

📅Date : 15-Feb ( Sunday )
⏰Time : 1:00-3:00PM
🏠Place : The Offline Club Yangon
💸Fees : 20,000 MMK (The offline club ဝင်ကြေးပါဝင်ပြီးသားဖြစ်ပါတယ်..)



**လိုအပ်မယ့် materials အားလုံးစီစဉ်ပေးထားမှာဖြစ်လို့ ကိုယ့်ရဲ့ စိတ်နှလုံးသားကို ဖွင့်ထားပြီး ရောက်လာခဲ့ဖို့ပဲ လိုအပ်ပါတယ်။
*****************************************************************
English Translation Below :

“Unlearning LOVE” An in-person workshop to explore your personal relationship with LOVE — beyond labels, roles, and expectations.

Unlearning LOVE is a guided in-person workshop that invites participants to gently question, unlearn, and redefine their personal relationship with LOVE itself.

This experience focuses inward — exploring how love lives in our bodies, beliefs, memories, boundaries, expectations, and self-worth.

Through music, group exercises, and intentional dialogue, participants will be guided to:
* Notice where their ideas of love came from
* Identify which definitions still serve them — and which don’t
* Create space for a more honest, self-defined relationship with LOVE

Workshop Detail 📌

📅Date : 15-Feb ( Sunday )
⏰Time : 1:00-3:00PM
🏠Place : The Offline Club Yangon
💸Fees : 20,000 MMK
Maximum :15 people
What to bring : We prepare everything for you just bring your heart for this workshop

Photos from The Offline Club Yangon's post 07/02/2026

ဒီနေ့ ကျမတို့ရဲ့ The Offline Club Yangon မှာ “Theory” မှ Ko Babu ရဲ့ “Mind, Body & Music” Talk Session လေးကို host လုပ်ပေးဖြစ်ပါတယ်. စိတ်ပါဝင်စားစွာလာရောက်နားထောင်ပြီး မေးခွန်းလေးတွေသေချာမေးပေးကြတဲ့အယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ် 😊

ကျမအတွက် Key Takeaway of the Session ကတော့ “Music ကိုသေချာ Therapeutic Healing အတွက်နားထောင်မယ်ဆို Therapeutic Music တွေဆိုတာအခုခေတ်နေရာတိုင်းမှာရိုက်ရှာပြီးနားထောင်လို့ရနေပြီမို့ ပိုက်ဆံအကုန်ခံစရာမလိုဘူး၊ တကယ်လိုတာကိုယ်အတိတ်မှာဖြစ်ခဲ့တာ၊ ပြီးရင်ဖြစ်လာမှာစတဲ့တခြားအရာတွေဘာမှမစဉ်းစားဘဲကိုယ့်အာရုံကို ပစ္စုပ္ပန်မှာကြားနေရတဲ့ Music ပေါ်မှာသေချာထားပြီးနားထောင်နိုင်ရင်အကျိုးအမြတ်ရပြီ” ဆိုတဲ့ Ko Babu ရဲ့စကားလေးဖြစ်ပါတယ် 🌿

နောက်လည်းဒီနေ့လို Ko Babu ဦးဆောင်ပြီး Nutrition နဲ့ပတ်သက်တဲ့ Talk Session လေးပြုလုပ်သွားဖို့ရှိပါတယ်. မကြာမီထပ်ကြေငြာပေးပါမယ်. So, watch this space ✌️

07/02/2026

⭐️ We’re ready to start ⭐️

လူအနည်းငယ်စောင့်ပြီးရင် “Mind, Body & Music” Talk လေး စ ပါတော့မယ် 😊

Ko Babu is ready 😎

Photos from The Offline Club Yangon's post 06/02/2026

ဒီနေ့ကျမတို့ရဲ့ The Offline Club Yangon မှာ International School တစ်ခုက 8th Grade အတန်းတစ်ခုအတွက် Offline Art Session လေး host လုပ်ပေးဖြစ်ပါတယ် 🤩

ကလေးတွေလည်း ပုံဆွဲရင်းအချင်းချင်း connect ကြ၊ ပြီးတဲ့လူတွေက Boardgames လေးတွေဆက်ဆော့ကြ၊ ကျမတို့တွေလည်းကလေးတွေရဲ့ young and fun energy လေးတွေတွေ့ရလို့ကြည်နူးရတဲ့နေ့လေးပါ ☺️

အခုလိုကျောင်းအတွက်ဖြစ်ဖြစ်၊ group လိုက် workshop တွေအတွက်ဖြစ်ဖြစ်.. အေးဆေးတိတ်ဆိတ်တဲ့နေရာမှာလုပ်ချင်တယ်၊ phone usage လည်းလျှော့ချရာရောက်ချင်တယ်၊ mini project လေးတွေလုပ်ချင်တယ်ဆိုကျမတို့ကိုဆက်သွယ်လို့ရပါတယ်.

06/02/2026

မနက်ဖြန် The Offline Club Yangon မှာ Ko Babu (Theory) ရဲ့ “Mind, Body & Music” Artist Sharing Session ရှိမယ်နော်.. မေ့နေမှာစိုးလို့ ☺️

Session ထဲမှာ Ko Babu က
• Therapeutic Applications of Music Listening
• Alpha and Theta States of the Human Brain
• The Relationship Between Frequencies and Human Health
• Breathing Techniques for General Health, Depression, and Anxiety Management
• An Introduction to Meditation Music and Its Benefits စတဲ့အကြောင်းတွေ share သွားမှာပါ 😊

စိတ်ဝင်စားရင်လာခဲ့ပါ. လာရင်တွေ့မယ် ✌️

03/02/2026

The Offline Club x Babu (Theory)

တို့တွေငယ်ငယ်ကနံမည်ကြီးခဲ့တဲ့ Hip Hop အဖွဲ့ “Theory” မှ Ko Babu နဲ့ The Offline Club နဲ့ပူးပေါင်းပြီး “Mind, Body & Music” နံမည်လေးနဲ့ Artist Sharing Session လေးကိုလာမယ့် စနေနေ့ (၇.၂.၂၀၂၆) မှာပြုလုပ်မှာဖြစ်ပါတယ်.

Session ထဲမှာ Ko Babu မှ..
• Therapeutic Applications of Music Listening
• Alpha and Theta States of the Human Brain
• The Relationship Between Frequencies and Human Health
• Breathing Techniques for General Health, Depression, and Anxiety Management
• An Introduction to Meditation Music and Its Benefits
စသည်တို့ကို sharing လုပ်သွားပေးမှာပါ.

နေ့တိုင်းလှုပ်ရှားရုန်းကန်ရင်းဘဝအမောတွေကိုလျှော့ချပြီးပေါ့ပေါ့ပါးပါးဖြတ်သန်းနိုင်ဖို့ “အားဆေး”တွေထဲမှာ Music ကအရမ်းအရေးကြီးပါတယ်. ကိုယ်တွေဘာ music နားထောင်ရင်တက်ကြွပြီး ဘာ music ဆိုရင်တော့ ကိုယ့်ကိုသက်တောင့်သက်သာဖြစ်စေမလဲဆိုတာမျိုး၊ music ကနေ ကျန်းမာရေးဘယ်လိုချိတ်ဆက်မလဲဆိုတာမျိုးတွေ share သွားမှာမလို့ စိတ်ဝင်စားရင်လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်.

⭐️ Join မယ့်လူများ ကိုယ်ပိုင်နားကြပ်၊ earphones, headphones များယူလာပေးပါရန် ⭐️

📅 7.2.2026 (Saturday)
⏰ 1PM - 3PM
📍 The Offline Club Yangon
🎟️ Ks. 10,000/- (Club Entry Fees)


Photos from The Offline Club Yangon's post 01/02/2026

We have new BOOKS 📚

⭐️ Special Announcement ⭐️

စာအုပ်ပေါင်း (၃၀၀)ကျော်ထပ်မံရောက်ရှိ 🎉


Photos from The Offline Club Yangon's post 26/01/2026

The Offline Club Yangon မှာ ပြီးခဲ့တဲ့ Weekend က

Mental Playground Myanmar ရဲ့
• Wheel of Balance Workshop
• Life seen through Tarot Workshop
နဲ့
J Knot ရဲ့
• Journey of Memory Workshop လေးပြုလုပ်သွားတဲ့ ပုံလေးတွေ share ပါရစေ ☺️

Club မှာ no phones rule လေးရှိလို့ လာတဲ့သူတိုင်း ဓါတ်ပုံရိုက်လို့မရပါ.. ဒီမှာကိုယ့်ပုံကိုယ် tag လုပ်ချင်ပါက လုပ်ပေးသွားလို့ရပါတယ်နော် ✌️

Have an awesome week ahead ✨

24/01/2026

မနက်ဖြန် J Knot ရဲ့ Journey of Memory workshop လေး 1-3pm ရှိမယ်နော် 😊

လာရင်တွေ့မယ် 😊

🐳 အမှတ်တရလို့ဆိုရင် ကျမအတွက်ကတော့ ကိုယ့်ရဲ့ ပျော်ရွှင်ခြင်း ကျေနပ်ခြင်း ဂုဏ်ယူခြင်း ဝမ်းနည်းခြင်း တမ်းတမှု လွမ်းဆွတ်မှု စတဲ့ စတဲ့ ခံစားချက်တွေကိုမျှဝေပေးတဲ့အရာလေးတွေပေါ့ 🍃အဲ့လိုအမှတ်တရတွေက အဝတ်တစ်ထည် အိတ်တလုံး ဦးထုတ် စတဲ့ အသုံးအဆောင်တွေဖြစ်နိုင်သလို တချို့ကတော့ မှတ်ဉာဏ်ထဲ သိမ်းဆည်းထားတဲ့အရာတွေပေါ့

🍃🍃မှတ်ဉာဏ်ထဲက အမှတ်တရတွေက အကြောင်းတိုက်ဆိုင်ရင် ပေါ်လာနှုတ်ဆက်ပီး မေ့မေ့လျော့လျော့ ဖြစ်သွားရတဲ့ အမှတ်တရတွေရှိသလို ထိတွေ့ကိုင်တွယ်နိုင်တဲ့အမှတ်တရလေးတွေကလည်း အချိန်ရဲ့တိုက်စားမှုကြောင့် ဟောင်းနွမ်းတတ်လာတယ်

🌻🌻ဒီလိုဟောင်းနွမ်းလာတဲ့အမှတ်တရလေးတွေကို အသစ်ပြန်လည်ဖန်တီးရင်း အမှတ်တရအသစ်လေးတွေကိုပုံဖော်ကြဖို့ ဖိတ်ခေါ်ပါရစေရှင့် 🥰

🤔 Workshop လေးမှာဘာတွေ လုပ်မှာလဲ ??????
ဆိုတော့ မိမိတို့ရဲ့ အမှတ်တရပစ္စည်းလေးတွေကို (အဝတ် သို့ အိတ် သို့ ဦးထုတ် စတဲ့အသုံးအဆောင်လေးတွေကို) ပုံလေးရေးဆွဲကြမယ် ပြီးရင် အချင်းချင်းအပြန်အလှန် ကိုယ့်ရဲ့အမှတ်တရလေးတွေကို ဝေမျှရင်းနဲ့ အမှတ်တရအသစ်လေးတွေကိုပုံဖော်ကြမယ်နော်…

🏕️ ဘယ်နေရာမှာလုပ်မှာလဲ ?????
The Offline Club Yangon
138(D), တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်း
Tipsy Bar အနောက်ဘက်တိုက်၊ 8th floor ( lift ရှိပါသည်)

⏳ဘယ်ချိန်လုပ်မှာလဲ???????
25.1.2026 (Sunday)
1:00 - 3:00 PM

🤷‍♀️ ဘာတွေလိုအပ်လဲ ???????
မင်မင်တို့က ဆေးရောင်စုံတွေကိုပြင်ဆင်ပေးထားမှာမို့ ကိုယ်ရဲ့ အမှတ်တရပစ္စည်းလေးတွေကိုယူလာပေးရုံပါဘဲ
အမှတ်တရအသစ်ဖန်တီးချင်သူတွေအတွက်လည်း ပြင်ဆင်ပေးထားပါမယ်နော်…….

💲Workshop Fees ??????
လေးကတော့ 30,000 MMK ပါရှင့်

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

Bahan
Yangon

Opening Hours

Saturday 10:00 - 16:00
Sunday 10:00 - 16:00