TAG Swimming Enthusiasts ရေကူးသင်တန်း

TAG Swimming Enthusiasts ရေကူးသင်တန်း

Share

ရေကူး ဆိုင်ရာ ဗဟုသုတ ပညာအတွက်

18/04/2026

Celebrating my 11th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
မိတ်​ဆွေ အားလုံး ကျေးဇူးပါဗျာ ❤

Photos from TAG Swimming Enthusiasts ရေကူးသင်တန်း's post 17/04/2026

၁၃၈၈ ခုနှစ် မြန်မာနှစ်သစ် အခါသမယမှာ TAG Swimming Enthusiasts သင်တန်းသူ/သားများ၊ ​ရေကူး မိတ်ဆွေများ ၊ မြန်မာ နိုင်ငံသားများ အားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
🙏🙏🙏

15/04/2026

မနက်စောစောရေကူးခြင်းရဲ့ အကျိုးကျေးဇူးများ
(၁) ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေတယ်
ရေကူးခြင်းက ခန္ဓာကိုယ်တစ်ခုလုံးအပေါ် အကျိုးသက်ရောက် မှုရှိစေတဲ့ အားကစာနည်းတစ်မျိုးဖြစ်ပါတယ်။ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့ ကူညီးပေးမှာဖြစ်ပြီး ကြွက်သားများသန်မာစေခြင်း ကယ်လိုရီလောင်ကျွမ်းစေခြင်း ခန္ဓာကိုယ်ကိုယ်နေဟန်ထားကိုမှန်ကန်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေများစွာရရှိစေပါတယ်။ဒါ့အပြင်ရေကူးခြင်းက နှလုံးသွေးကြောဆိုင်ရာစနစ်များကိုကောင်းမွန်စေပြီး ခန္ဓာကိုယ်တွင်းအောက်ဆီဂျင်ပိုမိုပျံ့နှံ့စေဖို့ကူညီပေးတာကြောင့် အဆုတ်နှင့်နှလုံးကျန်းမာရေးကိုများစွာအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။
(၂) ဝိတ်ကျဖို့ကူညီပေးတယ်
ကိုယ်အလေးချိန်ကျချင်သူတွေအများစုဟာ Gym ကစားခြင်းအလေးမခြင်း လက်ဝှေ့ကစားခြင်းစသည်ဖြင့် ပြင်းပြင်းထန်ထန်ပြုလုပ်ရတဲ့ ကစားနည်းတွေကို လုပ်ဆောင်လေ့ရှိကြပါတယ်။ရေကူးခြင်းဟာလည်း ကိုယ်အလေးချိန်ကျစေတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခုပါ။ တစ်နာရီခန့်ရေကူးခြင်းဟာ ၆ မိုင်ခန့်အပြေးလေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ညီမျှပြီး ကယ်လိုရီများများလောင်ကျွမ်းစေပါတယ်။ဒါ့အပြင် အမောခံနိုင်စေပြီး သက်လုံလည်းကောင်းမွန်စေတာကြောင့် ဝိတ်ချချင်သူတွေအတွက်တော့ အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
(၃) ညောင်းညာကိုက်ခဲမှုတွေကိုပြေလျော့စေတယ်
ရေကူးခြင်းက ကြွက်သားများနာကျင်ကိုက်ခဲခြင်း ညောင်းညာခြင်းတွေကို သဘာဝအတိုင်းပြေလျော့စေတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။မနက်ခင်းမှာရေကူးခြင်းအားဖြင့် ခန္ဓာကိုယ်မှာရှိတဲ့ အရိုးအကြောနဲ့ ကြွက်သားများနာကျင်ခြင်းဝေဒနာတွေကို သက်သာစေကာ တစ်နေ့တာလုံးကို ပေါ့ပါးလန်းဆန်းစွာဖြတ်သန်းနိုင်မှာပါ။ဒါကြောင့်အထိုင်များသူတွေ ကွန်ပြူတာ အသုံးပြုသူတွေစသည်ဖြင့် အကြောတက်ခြင်း ညောင်းညာခြင်းဝေဒနာတွေခံစားရတွေအတွက် ရေကူးခြင်းကအထူးသင့်တော်တဲ့ ကုသမှုတစ်ခုဖြစ်ပါတယ်။
(၄) တစ်နေ့တာလုံးလန်းဆန်းတက်ကြွစေတယ်
မနက်ခင်းကို ရေကူးခြင်းဖြင့်စတင်မယ်ဆိုရင် တစ်နေ့တာလုံးကိုစိတ်ခံစားမှု ကောင်းမွန်စွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ ရေကူးခြင်းက စိတ်ဖိစီးမှုကိုလျော့ကျစေပြီး ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းမွန်စေကာ လန်းဆန်းတက်ကြွနေစေမှာဖြစ်ပါတယ်။တစ်နေ့တာကြုံတွေ့ရမယ့် အခက်အခဲတွေ ပင်ပန်းနွမ်းနွယ်မှုတွေကိုလည်း အကောင်းဆုံးကျော်လွှားနိုင်ပြီး စိတ်ဖိစီးမှုကင်းဝေးကာ ပျော်ရွှင်စွာဖြတ်သန်းနိုင်မှာပါ။ဒါကြောင့် မနက်ခင်းမှာ နာရီဝက်လောက်အချိန်ပေးပြီး ရေကူးခြင်းလေ့ကျင့်ခန်းကိုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။
သင့်ကျန်းမာရေးအတွက် ရေကူး ပါ။
Crd : ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win | ရေးသားသူ Dr. Thin Yadanar @ Frances

Photos from TAG Swimming Enthusiasts ရေကူးသင်တန်း's post 14/04/2026

#နွေကာလကရေကူးသင်ဖို့အကောင်းဆုံးအချိန်ပါ
#ခေတ်နဲ့အမှီရေကူးတတ်ထားဖို့တော့လိုပါပြီ
#ဘယ်ရောက်ရောက်ရေကူးကန်မှာ လှလှပပ ကူးပြီး အပန်းဖြေနိုင်စေမယ်
#ရေလမ်းခရီးအန္တရာယ်ကင်းစေမယ်
တစ်ဦးခြင်းပဲဖြစ်ဖြစ်၊ ကိုယ်မိသားစု၊ သူငယ်ချင်းနဲ့ သီးသန့် ၊ အားတဲ့ရက်၊ အဆင်ပြေတဲ့ အချိန်၊ ရွေးချယ် သင်ယူလို့ရတဲ့ ရေကူးသင်တန်း "TAG Swimming Enthusiasts"
အခြေခံ ရေကူး သင်တန်းကြေး - #ကျပ်တစ်သိန်းခွဲ၊
( #တစ်ဉီးခြင်းသီးသန့်ကျပ်နှစ်သိန်း )
(တစ်နာရီ သင်တန်းချိန် ၁၂ ချိန် ၊ စိတ်ကြိုက်ညှိနိုင်း)။ (ကန်ကြေး - #တစ်လမင်ဘာတစ်သိန်းခွဲ)။ ရေကန်ကြေးက တစ်လ မင်ဘာ ဖြစ်တဲ့အတွက် သင်တန်းပြီးသွားတဲ့ရက်တွေမှာလည်း ရေကူး ဆက်လက် လေ့ကျင့်နေဖို့ အဆင်ပြေပါမယ်။
(ရွှေမိုးကောင်းကွန်ဒိုက ကန်ကြေးတစ်လမှာ YGN GYM ကစားခွင့်ပါဝင်ပါတယ်)။
#အသက်၁၀နှစ်အထက်သာ
အလွတ်ကူး Free Style ၊ ပက်လက်ကူး Backstrock ၊ အခြေခံ ကိုယ်ဖော့ ကူးနည်း။
သင်ကြားချိန် - တစ်လ အတွင်း မိမိ အဆင်ပြေရာ အချိန် ကြိုတင် ညှိနိုင်းနိုင်
သင်တန်းနေရာ ။ ။
City Gym Swimming Pool
ဆရာစံလမ်းနဲ့ကမ္ဘာအေးဘုရားလမ်းဒေါင့်၊
ပုလဲကွန်ဒို ၊ဗဟန်း။
[https://maps.app.goo.gl/SgwjXFQM1azgX4uC6]

Shwe Moe Kaung Condo,
Rooftop Pool, YGN - GYM,
ရန်ကင်း ကျောက်ကုန်းမီးပွိုင့်,
ရွှေမိုးကောင်းကွန်ဒို ၊ ၁၂လွှာ ။
https://maps.app.goo.gl/ucefurPJh8cJo3yL9

(ကိုယ်ပိုင်ကန် နှင့် မိမိသင်လိုသော ကန်များ အတွက် သီးသန့် သင်တန်းကြေး)
အသေးစိတ် စုံစမ်းရန် ။ ။ 092042555
ရက်ကြိုတင် စုံစမ်း ထားကြသော သင်တန်း အချိန်များ အတွက်အချိန်တူ စုံစမ်းသူများ ရှိတတ်ပါသဖြင့် (မိမိ တက်ရောက်ရန် သေချာပြီဆိုလျှင်) ကြိုတင်ငွေသွင်း ရယူထားမှသာ Comfirmed ဖြစ်ပါမယ်။

#ရေကူး
#ရေကူးသင်တန်း
#ရေကူးနည်းပြ
#ရေကူးကန်
#ပုလဲကွန်ဒို
#ရွှေမိုးကောင်းကွန်ဒို
#လူတိုင်းရေကူးတတ်ထားဖို့လိုတယ်

https://connect.viber.com/business/b6fe10a6-a1e6-11f0-998c-1a0106cfa5eb

12/04/2026

အရမ်းငယ်တဲ့ ကလေးတွေ (toddlers / preschool age) ကို ရေကူးနည်း တိုက်ရိုက်မသင်ခင်မှာ “ရေနဲ့အကျွမ်းတဝင် ဖြစ်အောင်” pool ထဲမှာ အခြေခံလေ့ကျင့်မှုတွေ လုပ်ပေးရတာ အရမ်းအရေးကြီးပါတယ်။
ဒီအဆင့်ကို water familiarization / water confidence building လို့ခေါ်ပါတယ်။ ရေမကြောက်၊ ရေထဲပျော်အောင် ထားခြင်းပါ။
1. ရေကို မကြောက်အောင် လေ့ကျင့်ပေးခြင်း
Pool edge မှာ ထိုင်ပြီး ခြေထောက်နဲ့ ရေကန်ထဲ ကန်ကန်ကစားခြင်း၊
မိဘ (သို့) instructor ကို ဖက်ပြီး ရေထဲသို့ ဆင်းခြင်း၊
Splashing (ရေဖျန်းကစား) လုပ်ပေးပါ။
ရေကို “ကစားစရာ” လို့ ခံစားရအောင် လုပ်ပေးတာ အရေးကြီးပါတယ်
2. မျက်နှာနှင့် ရေထိစေခြင်း (Face in water)
လက်နဲ့ ရေကို ယူပြီး မျက်နှာပေါ် နည်းနည်းချင်း လောင်းပေးပါ
“Blow bubbles” (ရေထဲမှာ လေထုတ်ခြင်း) လေ့ကျင့်ပေးပါ၊
1–2 seconds လောက် မျက်နှာကို ရေထဲထည့်ကြည့်စေပါ။
Breathing control အတွက် အခြေခံ ကြိုတင် လေ့ကျင့်ထားခြင်းပါ။
3. လက်ဖက်ကိုင်ပြီး ရေထဲ လှုပ်ရှားခြင်း
Instructor လက်ကိုင်ပြီး ရေထဲမှာ လမ်းလျှောက်စေပါ၊ Wall ကိုင်ပြီး side walk လေ့ကျင့်ပါ၊
Jump (pool edge ကနေ ရေတိမ် ခုန်ဆင်းခြင်း လုပ်ပေးပါ။
Balance နဲ့ confidence တိုးစေပါတယ်
4. Float (ရေပေါ် ပေါ်လောပေါ်စေခြင်း) အခြေခံ
Back float (ပက်လက်) – မိဘ/Instructor မှ ထိန်းပေး၊ ကူညီပါ။
Front float (မျက်နှာအောက်) – လေ့ကျင့်ရာတွင် အချိန် ခဏလေးသာ ပြုလုပ်ပေးပါ။
“Starfish float” (လက်ခြေကို ကား ဖြန့်ပြီး ရေပေါ်ပေါ်ခြင်း)
Body position ကို သဘောပေါက်လာစေပါတယ်
5. Kick လေ့ကျင့်ခြင်း
Pool edge ကိုင်ပြီး ခြေခတ်လေ့ကျင့်ပေးခြင်း၊
Instructor ကိုင်ထားပြီး kicking practice
Toys/ Kickboard ကို မျက်နှာရှေ့ ကိုင်ထားပြီး ခြေခတ် ကစားခြင်း ပြုလုပ်ပေးပါ။
6. Game-based learning (ကလေးငယ် လေ့ကျင့်ခြင်း အတွက် အရေးကြီးဆုံး အချက်ပါ)။
Toys (ball, floating toys) တွေနဲ့ ကစားစေပါ။
“Catch the toy”
“Blow bubbles contest”
ကလေးတွေမှာ “သင်နေတယ်” မထင်ဘဲ “ကစားနေတယ်” လို့ခံစားရတာ အကောင်းဆုံး အခြေအနေပါ။
7. Safety habit များ
Pool edge ကို ကိုင်တတ်အောင်၊
Instructor ဆီကို ကို ပြန်လာတတ်အောင်၊ လမ်းညွှန်ချက်များ လုပ်နိုင်အောင် လေ့ကျင့်ပေးပါ။
✔️ သတိထားရန်မှာ လေ့ကျင့်ချိန် တိုတောင်းပါစေ။
အချိန်တိုတို (20–30 mins) နဲ့ပဲ လေ့ကျင့်ပါ၊
ရေထဲ မဆင်းချင် မဖြစ်အောင်ပါ။
အထက်ပါ အခြေအနေများကို အဆင်ပြေပြီဆိုလျှင် စနစ်ကျတဲ့ သင်ကြားမှု့ကို စတင်နိုင်ပါပြီ။

06/04/2026

TAG Swimming Enthusiasts Group တွင် ရေကူးပညာ သင်ကြားနေကြတဲ့ အဖွဲ့ဝင်များ စဉ်ဆက်မပြတ် ရေကူးပညာ ဆက်လက် လေ့လာနိုင်ရေး နှင့် အဖွဲ့ဝင်များ အခြင်းခြင်း မိတ်ဆွေရင်းများပမာ လူမှုပတ်ဝန်းကျင်မှာ ခင်မင်ကြစေရေး၊ TAG Swimming Enthusiasts Group members များ ပညာဗဟုသုတ ဖလှယ်ကြနိုင်ရေး အတွက် "သင်တန်း FB Group" ထဲမရောက်ရှိသေးပါက ဝင်ရောက်နိုင်စေဖို့ပါ။
သင်တန်းသား/ သူ သီးသန့် Group ဖြစ်သည့် အတွက် ဝင်ရောက်နိုင်ရန် အမည်၊ တက်ရောက်နေသည့် သင်တန်း၊ သင်ကြားနေသည့် ကန် တို့ကို message မှာ ပြောပေးပါ၊ Group Information လုပ်ပေးပါမယ်။
https://www.facebook.com/groups/1377088289961413

Photos from TAG Swimming Enthusiasts ရေကူးသင်တန်း's post 04/04/2026

#သင်္ကြန်အပြီးရေကူးသင်တန်းချိန်များစတင်လက်ခံနေပါပြီ။
တစ်ဦးခြင်းပဲဖြစ်ဖြစ်၊ ကိုယ်မိသားစု၊ သူငယ်ချင်းနဲ့ သီးသန့် ၊ အားတဲ့ရက်၊ အဆင်ပြေတဲ့ အချိန်၊ ရွေးချယ် သင်ယူလို့ရတဲ့ ရေကူးသင်တန်း "TAG Swimming Enthusiasts"
အခြေခံ ရေကူး သင်တန်းကြေး - #ကျပ်တစ်သိန်းခွဲ၊
(တစ်ဉီးခြင်း သီးသန့် - ကျပ်နှစ်သိန်း )
(တစ်နာရီ သင်တန်းချိန် ၁၂ ချိန် ၊ စိတ်ကြိုက်ညှိနိုင်း)။ (ကန်ကြေး - #တစ်လမင်ဘာတစ်သိန်းခွဲ)။ ရေကန်ကြေးက တစ်လ မင်ဘာ ဖြစ်တဲ့အတွက် သင်တန်းပြီးသွားတဲ့ရက်တွေမှာလည်း ရေကူး ဆက်လက် လေ့ကျင့်နေဖို့ အဆင်ပြေပါမယ်။
(ကန်ကြေးတစ်လမှာ GYM ကစားခွင့်ပါဝင်ပါတယ်)။
#အသက်၁၀နှစ်အထက်သာ
အလွတ်ကူး Free Style ၊ ပက်လက်ကူး Backstrock ၊ အခြေခံ ကိုယ်ဖော့ ကူးနည်း။
သင်ကြားချိန် - တစ်လ အတွင်း မိမိ အဆင်ပြေရာ အချိန် ကြိုတင် ညှိနိုင်းနိုင်
သင်တန်းနေရာ ။ ။
City Gym Swimming Pool
ဆရာစံလမ်းနဲ့ကမ္ဘာအေးဘုရားလမ်းဒေါင့်၊
ပုလဲကွန်ဒို ၊ဗဟန်း။
[https://maps.app.goo.gl/SgwjXFQM1azgX4uC6]

Shwe Moe Kaung Condo,
Rooftop Pool, YGN - GYM,
ရန်ကင်း ကျောက်ကုန်းမီးပွိုင့်,
ရွှေမိုးကောင်းကွန်ဒို ၊ ၁၂လွှာ ။
https://maps.app.goo.gl/ucefurPJh8cJo3yL9

(ကိုယ်ပိုင်ကန် နှင့် မိမိသင်လိုသော ကန်များ အတွက် သီးသန့် သင်တန်းကြေး)
အသေးစိတ် စုံစမ်းရန် ။ ။ 092042555
ရက်ကြိုတင် စုံစမ်း ထားကြသော သင်တန်း အချိန်များ အတွက်အချိန်တူ စုံစမ်းသူများ ရှိတတ်ပါသဖြင့် (မိမိ တက်ရောက်ရန် သေချာပြီဆိုလျှင်) ကြိုတင်ငွေသွင်း ရယူထားမှသာ Comfirmed ဖြစ်ပါမယ်။

#ရေကူး
#ရေကူးသင်တန်း
#ရေကူးနည်းပြ
#ရေကူးကန်
#ပုလဲကွန်ဒို
#ရွှေမိုးကောင်းကွန်ဒို
#လူတိုင်းရေကူးတတ်ထားဖို့လိုတယ်

https://connect.viber.com/business/b6fe10a6-a1e6-11f0-998c-1a0106cfa5eb

Photos from TAG Swimming Enthusiasts ရေကူးသင်တန်း's post 03/04/2026

မနက်ခင်း စောစောမှာ.......
ရေကူးသင်လိုသူများ 092042555 ကို ဆက်နိုင်ပါတယ်။

Shwe Moe Kaung Condo · Yangon 01/04/2026

သင်္ကြန်ရုံးပိတ်ရက် အတွင်း ရေကူးအတတ် သင်လိုသူများအတွက် -
မနက် 7 - 8 နဲ့ 9 - 10 နှစ်ချိန်သာ ရပါတော့မယ်ဗျာ။
09772042555

Shwe Moe Kaung Condo · Yangon Find local businesses, view maps and get driving directions in Google Maps.

Shwe Moe Kaung Condo · Yangon 28/03/2026

#သင်္ကြန်ပိတ်ရက်မှာရေကူးတတ်ချင်သူများအတွက်
တစ်ဦးခြင်းပဲဖြစ်ဖြစ်၊ ကိုယ်မိသားစု၊ သူငယ်ချင်းနဲ့ သီးသန့် ၊ မနက်ပိုင်း (စိတ်ကြိုက်အချိန်) ရွေးချယ် သင်ယူလို့ရတဲ့ ရေကူးသင်တန်း
"TAG Swimming Enthusiasts"
(အခြေခံ ရေကူး သင်တန်းကြေး - #ကျပ်နှစ်သိန်း )
(တစ်နာရီခွဲ သင်တန်းချိန် ၊ သင်္ကြန်ပိတ်ရက် ၈ ရက်)။ (ကန်ကြေး - #တစ်လမင်ဘာတစ်သိန်းခွဲ)။ ရေကန်ကြေးက တစ်လ မင်ဘာ ဖြစ်တဲ့အတွက် သင်တန်းပြီးသွားတဲ့ရက်တွေမှာလည်း ရေကူး ဆက်လက် လေ့ကျင့်နေဖို့ အဆင်ပြေပါမယ်။
(ရွှေမိုးကောင်းကွန်ဒိုက YGN GYM တစ်လ ကစားခွင့်ပါဝင်ပါတယ်)။
#အသက်၁၀နှစ်အထက်သာ
အလွတ်ကူး Free Style ၊ ပက်လက်ကူး Backstrock ၊ အခြေခံ ကိုယ်ဖော့ ကူးနည်း။
သင်တန်းနေရာ ။ ။
Shwe Moe Kaung Condo,
Rooftop Pool, YGN - GYM,
ရန်ကင်း ကျောက်ကုန်းမီးပွိုင့်,
ရွှေမိုးကောင်းကွန်ဒို ၊ ၁၂လွှာ ။
https://maps.app.goo.gl/ucefurPJh8cJo3yL9

(ကိုယ်ပိုင်ကန် နှင့် မိမိသင်လိုသော ကန်များ အတွက် သီးသန့် သင်တန်းကြေး)
အသေးစိတ် စုံစမ်းရန် ။ ။ 092042555
ရက်ကြိုတင် စုံစမ်း ထားကြသော သင်တန်း အချိန်များ အတွက်အချိန်တူ စုံစမ်းသူများ ရှိတတ်ပါသဖြင့် (မိမိ တက်ရောက်ရန် သေချာပြီဆိုလျှင်) ကြိုတင်ငွေသွင်း ရယူထားမှသာ Comfirmed ဖြစ်ပါမယ်။

#ရေကူး
#ရေကူးသင်တန်း
#ရေကူးနည်းပြ
#ရေကူးကန်
#ပုလဲကွန်ဒို
#ရွှေမိုးကောင်းကွန်ဒို
#လူတိုင်းရေကူးတတ်ထားဖို့လိုတယ်

https://connect.viber.com/business/b6fe10a6-a1e6-11f0-998c-1a0106cfa5eb

Shwe Moe Kaung Condo · Yangon Find local businesses, view maps and get driving directions in Google Maps.

27/03/2026

ကျန်းမာရေးအတွက် ကောင်းကျိုးပေးတဲ့ ရေကူး ခြင်း။
ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။
အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ လုပ်ပြီးသားဖြစ်သလို ရေထဲမှာ မိနစ် ၃၀ လောက်ရေကူးရင် gym မှာ ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက်လည်း ရေကူးခြင်း အားကစားက လုပ်သင့်တဲ့ အားကစားတစ်ခုပါ။

သင့်နှလုံးအတွက် ရေကူး ခြင်းက အထောက်အကူပြုတဲ့ အရာတစ်ခုပါ။
လှုပ်လှုပ်ရှားရှားလုပ်ရလေ နှလုံးကပိုညှစ်ရလေ ဖြစ်တဲ့အတွက် ရေကူး ခြင်း အားကစားက နှလုံးကြွက်သားတွေရဲ့ ညှစ်အားကို ကောင်းစေပါတယ်။ လေ့လာချက်တွေအရ ရေကူးတတ်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းတောင် လျော့ကျတယ်လို့ ဆိုပါတယ်။

အဆုတ်ကိုလည်း အားကောင်းစေပါတယ်။
ရေထဲက အပေါ်ပြန်တက်ပြီး အသက်ရှူရတဲ့အချိန်ဆို အဆုတ်က အောက်ဆီဂျင်ရအောင် အစွမ်းကုန် အလုပ်လုပ်တဲ့အတွက်ကြောင့် အဆုတ်ကြွက်သားတွေ အားကောင်းလာပါတယ်။ ဒါ့အပြင် လေတစ်ခါ ရှူထုတ်တိုင်း ကာဘွန်ဒိုင်အောက်ဆိုဒ် တွေ အများကြီးပါသွားပြီး ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်အတွက် နေရာလွတ်တွေ အများကြီးရှိသွားလို့ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ပိုပြီး ချေဖျက်အားကောင်းလာပါတယ်။

သက်လုံကောင်းစေတယ်။
မြေပြင်ပေါ်မှာ အားကစားလုပ်မှ သက်လုံ ကောင်းစေတာ မဟုတ်ပါဘူး။ ရေကူးတယ်ဆိုတာကလည်း သက်လုံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ အပြင်မှာ ပြေးရင်တောင် ချွေးတွေထွက်ပြီး လူက နုန်းတတ်ပါသေးတယ်။ ရေထဲမှာဆို ချွေးမထွက်တဲ့အပြင် လူကလည်း ရေနဲ့ထိနေရတော့ နုန်းတယ်ဆိုတာ ဘာမှန်းတောင် မသိလောက်အောင် ရေကူး နည်း အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာတစ်ခုပါ။

စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အပန်းဖြေနည်း တစ်ခုပါ။
ရေထဲမှာဆို ပျော်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမို့ ရေကူး ခြင်း အားကစားဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျတာတွေ ကို လျော့ပါးစေပါတယ်။ လေ့လာချက်တွေ သေချာ မထွက်သေးပေမယ့်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန် ရေသွားကူးလိုက်ရင် ဖိစီးနေတဲ့ စိတ်တွေ ပြေလျော့ပြီး စိတ်လန်းဆန်းသွားတတ်ကြတာ လူတိုင်းပဲလေ။
သင့်ကျန်းမာရေးအတွက် ရေကူး ပါ။

ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။
တစ်ကိုယ်လုံးကို အားသုံးပြီး လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက် ရေကူး ခြင်း အားကစားက ချွေးလည်းမထွက်၊ မောပန်းတာလည်း သိပ်မရှိစေဘဲ ကယ်လိုရီတွေကို အများကြီးလောင်ကျွမ်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ တစ်နာရီလောက် ရေထဲမှာ ကူးခတ်လိုက်ရင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားတဲ့အတွက် ဒါဟာ တစ်နာရီလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီရဲ့ နှစ်ဆပါ။

စားဝင် အိပ်ပျော်စေတဲ့ အားကစားနည်းတစ်ခုပါ။
ရေကူးပြီး ရေထဲက တက်လာရင် သုံးလိုက်တဲ့ energy တွေ ပြန်ပြည့်ဖို့ အတွက် ကိုယ်ခန္ဓာက အစားတွေ ပိုတောင့်တနေတတ်တာကြောင့် ပိုပြီး စားဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အားသုံးထားတဲ့အတွက် ညဆို ပိုပြီး အိပ်ကောင်းတတ်ပါတယ်။

ကလေးတွေ ဖွံ့ဖြိုးဖို့ အတွက်လည်း အထောက်အကူပြုတဲ့ ကစားနည်းတစ်ခုပါ။
ဖုန်းတွေ၊ အင်တာနက်တွေ ပေါ်လာတဲ့အတွက် ကလေးတွေ တစ်နေကုန် အိမ်တွင်းပဲအောင်းနေလို့ သူတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးမှု နှောင့်နှေးနေတတ်ပါတယ်။ ဒီလို ဂိမ်းတွေပဲ ဆော့နေတဲ့ ကိုယ့်ကလေးကို ထွားစေချင်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ရှိစေချင်တယ်ဆိုရင်တော့ အားကစားနည်းတစ်ခုခု သင်ပေးလိုက်ပါ။ သက်လုံကိုလည်း ကောင်းစေတယ်၊ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတွေ အများကြီးရှိတယ်၊ ရေလမ်းခရီးသွားရင်လည်း ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ ရေကူးနည်း သင်ပေးရင် အကောင်းဆုံးပေ့ါ။ ။

ကဲ ဒီလောက်ဆို ရေကူးခြင်း အားကစားဟာ လူတိုင်းအတွက် သင့်တော် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကစားနည်းတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ တခြား လေ့ကျင့်ခန်းတွေလို စက်ကိရိယာတွေ ဈေးကြီးပေး မဝယ်ရတဲ့အတွက် လူတိုင်းလည်း တတ်နိုင်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အားကစားတစ်မျိုးပါ။
CRD: Dr. Thin Yadanar @ Frances မှ ရေးသားသည်။ (24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။)

Photos from TAG Swimming Enthusiasts ရေကူးသင်တန်း's post 25/03/2026

သင်္ကြန် အမှီ ရေကူးတတ်လို သူတွေ သင်တန်းအပ်ရမယ် နောက်ဆုံးရက်က ဒီနေ့ပါ။
နောက်ရက်တွေမှ သင်တန်းအပ်သူတွေကတော့ သင်္ကြန်ကျပြီးမှ သင်တန်းပြီးပါမယ်။

Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address

@ Yangon
Yangon