Peacock SQARE

Peacock SQARE

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peacock SQARE, Political Party, No. 74/2(3A), Trading Hmwe Street, 14/3Quarter, South Okkapala Township, Yangon.

04/07/2026

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲမှာ(၄)ဘာသာဂုဏ်ထူးရရှိခဲ့တဲ့မနေခြည်ထွေးကိုကျောင်းထားပေးမည်ဖြစ်တာကြောင့် မင်းသားစမ်းရေမိုးရဲ့ ဇာတ်ဆရာကိုဆက်သွယ်ပေးပါဆိုတဲ့ မင်းသားစမ်းရေမိုးရဲ့ဆရာဖြစ်သူ ဆရာအောင်ကျော်ထွန်း


02/07/2026

အမှတ်မီလျက်နဲ့ မတက်နိုင်သူများအတွက် မင်းသားဖိုးချစ် ဖေးမမည့် ပညာသင်ဆုအလှူ (သို့) ပညာရေးလမ်းပြကြယ်...
ဒီနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ ဂုဏ်ထူးတွေ၊ အမှတ်ကောင်းတွေနဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ကြပေမယ့် မိသားစု ဆင်းရဲနွမ်းပါးမှုကြောင့် ဝါသနာပါတဲ့ ဆေးတက္ကသိုလ်နဲ့ အင်ဂျင်နီယာတက္ကသိုလ်တွေကို ဆက်မတက်နိုင်ဘဲ အဝေးသင်နဲ့ပဲ ကျေနပ်လိုက်ရတဲ့ လူငယ်တွေ အများကြီး ရှိနေပါတယ်။

ဒီလို အခက်အခဲကြုံနေရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေအတွက် ဇာတ်သဘင်ဥက္ကဋ္ဌ မင်းသား ဖိုးချစ်က သတင်းကောင်းတစ်ခု ကြေညာလိုက်ပါတယ်။ ဒါကတော့ အမှတ်မီပါရက်နဲ့ ငွေကြေးမတတ်နိုင်လို့ ကျောင်းဆက်မတက်နိုင်တဲ့ ကျောင်းသားတွေကို သူကိုယ်တိုင် ပညာသင်စရိတ် အပြည့်အဝ ထောက်ပံ့သွားမယ် ဆိုတာပါပဲ။

ပညာရေးနဲ့ ပတ်သက်ပြီး သိပ်မသိနားမလည်တဲ့ မိဘတွေအတွက်လည်း လျှောက်ထားရတာ လွယ်ကူအောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။ မင်းသား ဖိုးချစ်ဟာ အရင်ကတည်းကလည်း သူ့ရဲ့ ထောက်ပံ့မှုနဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ ဆရာ/ဆရာမ ဖြစ်သွားကြတဲ့ လူငယ်အများအပြားကို မွေးထုတ်ပေးခဲ့သူပါ။

ပွဲကလို့ ရလာတဲ့ ဆုကြေးငွေတွေကို ကိုယ်ကျိုးအတွက်မသုံးဘဲ လိုအပ်တဲ့နေရာတွေမှာ အမြဲလှူဒါန်းလေ့ရှိတဲ့ မင်းသားဖိုးချစ်ရဲ့ အခုလို တိုင်းပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်တွေ ပျိုးထောင်ပေးနေတဲ့ လုပ်ရပ်ကတော့ တကယ့်ကို လေးစားစရာ စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။

(မိမိပတ်ဝန်းကျင်မှာလည်း အမှတ်ကောင်းပြီး ဆက်မတက်နိုင်တဲ့ ကလေးငယ်တွေရှိရင် သိရှိသွားအောင် ဒီသတင်းလေးကို မျှဝေပေးလိုက်ကြပါဦးနော်။)

01/07/2026
13/05/2026
Want your business to be the top-listed Government Service in Yangon?

Click here to claim your Sponsored Listing.

Location

Category

Website

Address

No. 74/2(3A), Trading Hmwe Street, 14/3Quarter, South Okkapala Township
Yangon