Phoo Pwint Sa

Website

Phoo Pwint Sa Phoo Pwint Sa is a two‑year project boosting Myanmar’s CCI sectors through advocacy, incubation, seed funding, and specialised training.

Funded by the French Ministry for Europe and Foreign Affairs and implemented by the Institut français de Birmanie.

ဒီအောက်တိုဘာလအတွက် ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းကနေ လျှောက်ထားနိုင်မယ့် Program တွေကို ထပ်မံပြီးမိတ်ဆက်ပေးလိုက်ပါတ...
11/10/2026

ဒီအောက်တိုဘာလအတွက် ဖူးပွင့်စ (Phoo Pwint Sa) စီမံကိန်းကနေ လျှောက်ထားနိုင်မယ့် Program တွေကို ထပ်မံပြီးမိတ်ဆက်ပေးလိုက်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန (French Ministry for Europe and Foreign Affairs) နဲ့ ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie – IFB) တို့ရဲ့ ပံ့ပိုးကူညီမှုနဲ့ ဖူးပွင့်စ စီမံကိန်းအောက်မှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုလုပ်ငန်းကဏ္ဍ (CCIs) တွေမှာ လုပ်ကိုင်နေကြတဲ့ ဖန်တီးရှင်တွေအတွက် အထောက်အကူဖြစ်စေမယ့် Masterclass နဲ့ Accelerator Program တွေကို စဉ်ဆက်မပြတ် ဖော်ဆောင်ပေးနေပါတယ်။

ဖူးပွင့်စ စီမံကိန်းရဲ့ ၂ နှစ်တာကာလအတွင်းမှာလည်း မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုကဏ္ဍအသီးသီးအတွက် အထောက်အကူဖြစ်စေမယ့် Masterclass နဲ့ Accelerator Program တွေကို ဆက်လက်ဖော်ဆောင်သွားဦးမှာဖြစ်တာမို့ ဖူးပွင့်စ Page လေးကို Follow လုပ်ထားပေးကြပါဦးနော်။

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

We’re excited to introduce the programs you can apply for this October under the Phoo Pwint Sa Project.

With the support of the French Ministry for Europe and Foreign Affairs and the Institut français de Birmanie (IFB), the Phoo Pwint Sa Project continues to provide Masterclasses and Accelerator Programs designed to support creatives working across Myanmar’s Cultural and Creative Industries (CCIs).

More Masterclasses and Accelerator Programs will be coming throughout the two-year Phoo Pwint Sa Project, supporting creatives and professionals across Myanmar’s Cultural and Creative Industries.

Follow the Phoo Pwint Sa page to stay updated on upcoming opportunities!

For more information: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေကို စုစည်းပြီး ပိုမိုခိုင်မာတဲ့ ဖန်တီးမှုကဏ္ဍတစ်ခု တည်ဆောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖန...
10/10/2026

တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေကို စုစည်းပြီး ပိုမိုခိုင်မာတဲ့ ဖန်တီးမှုကဏ္ဍတစ်ခု တည်ဆောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖန်တီးမှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး အတူတကွ လက်တွဲသွားကြနိုင်ဖို့အတွက် မနက်ဖြန်၊ အောက်တိုဘာလ (၁၁) ရက်နေ့မှာ ကျင်းပမယ့် "Building Strong Creative Ecosystems: Sector Organization Workshop" အလုပ်ရုံဆွေးနွေးပွဲက လူငယ်ဖန်တီးမှုလုပ်ငန်းရှင်တွေအတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှ ယဉ်ကျေးမှုနှင့် ဖန်တီးမှုလုပ်ငန်းများ ကျွမ်းကျင်ပညာရှင် မစ္စဖီနာဆို (Ms. Phina So) ၏ ဦးဆောင်မှုဖြင့်၊ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန (French Ministry for Europe and Foreign Affairs) နှင့် ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie) တို့၏ ပံ့ပိုးကူညီမှုဖြင့် ကျင်းပမယ့် ဒီအလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ရှိ IFB Conference Room မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်သူဦးရေကို ၃၀ မှ ၄၀ ဦးအထိသာ ကန့်သတ်ထားတာကြောင့် မပါဝင်ရသေးဘူးဆိုရင် အခုပဲ စာရင်းပေးသွင်းလိုက်တော့နော်။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
အချိန်။ ။ မနက် (၉:၃၀) နာရီမှ နေ့လည် (၂:၀၀) နာရီအထိ
နေရာ။ ။ IFB Conference Room၊ ရန်ကုန်မြို့

အလုပ်ရုံဆွေးနွေးပွဲအတွက် ပါဝင်ခွင့်လျှောက်လွှာများကို အောက်ပါလင့်ခ်မှတစ်ဆင့် ဆက်လက်ဖြည့်စွက်နိုင်ပါတယ်။
[https://forms.gle/TqQNAfeYgYsMFxUB9]

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

Bringing individual efforts together is an important step toward building a stronger creative sector and creating opportunities for Myanmar’s creative industries to grow and collaborate in the long term. Taking place on 11 October, the “Building Strong Creative Ecosystems: Sector Organization Workshop” is an opportunity not to be missed for young creative entrepreneurs.

Led by Cambodian cultural and creative industries expert Ms. Phina So, and supported by the French Ministry for Europe and Foreign Affairs and the Institut français de Birmanie (IFB), this workshop will have a limited capacity of only 30–40 participants. So, don’t miss the chance to join and make sure to register soon before the spots are filled!

Date: 11 October 2026
Time: 9:30 AM – 2:00 PM
Venue: IFB Conference Room, Yangon

Applications to participate in the workshop can be submitted through the link below:
[https://forms.gle/TqQNAfeYgYsMFxUB9]

For detailed inquiries: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

ဖက်ရှင်၊ ဝက်ဘ်တွန်း၊ စာပေထုတ်ဝေရေး၊ ဂိမ်းနဲ့ အခြားသောအနုပညာဖန်တီးမှုနယ်ပယ်တွေအပြင် ဒေသန္တရ အန်ဂျီအို (Local NGOs) တွေ၊ C...
08/10/2026

ဖက်ရှင်၊ ဝက်ဘ်တွန်း၊ စာပေထုတ်ဝေရေး၊ ဂိမ်းနဲ့ အခြားသောအနုပညာဖန်တီးမှုနယ်ပယ်တွေအပြင် ဒေသန္တရ အန်ဂျီအို (Local NGOs) တွေ၊ CSO တွေနဲ့ လူထုအခြေပြုအဖွဲ့အစည်း (Community-Based Organizations) တွေအနေနဲ့ အချင်းချင်း ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဘာတွေလိုအပ်ပါသလဲ။

အောက်တိုဘာလ (၁၁) ရက်နေ့မှာ ကျင်းပမယ့် “Building Strong Creative Ecosystems: Sector Organization Workshop” ဟာ လွတ်လပ်သော ဖန်တီးရှင်များ၊ ဒေသန္တရအဖွဲ့အစည်းများနှင့် ကဏ္ဍစုံက ပညာရှင်များ အချင်းချင်း အတွေ့အကြုံဖလှယ်ကာ ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ကျင်းပတဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု ဖြစ်ပါတယ်။

လာမယ့် Global Entrepreneurship Week (GEW) လှုပ်ရှားမှုတွေနဲ့ ချိတ်ဆက်ပြီး မြန်မာနိုင်ငံရဲ့ Creative Entrepreneurs နဲ့ Cultural Entrepreneurs တွေအတွက် ပိုမိုခိုင်မာတဲ့ ကွန်ရက်တွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ရေရှည်တည်တံ့နိုင်မယ့် လုပ်ငန်းအခြေခံတွေကို တည်ဆောက်နိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲက အရေးကြီးတဲ့ အစပြုခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ GEW ကာလအတွင်း ဖန်တီးမှုနဲ့ စီးပွားရေးကဏ္ဍတွေကို ပိုမိုချိတ်ဆက်ပေးနိုင်ဖို့အတွက်လည်း ဒီကဏ္ဍစုံက တွေ့ဆုံမှုက အခြေခံကောင်းတစ်ခု ဖြစ်လာမှာပါ။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ မည်သူတွေ ပါဝင်သင့်သလဲဆိုရင်

- LOCAL NGO, CSO & Community-Based Organizations — လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုကဏ္ဍတွေမှာ ရပ်ရွာအခြေပြု လုပ်ဆောင်နေကြတဲ့ အဖွဲ့အစည်းများနှင့် ကိုယ်စားလှယ်များ၊

- Creative Entrepreneurs & Cultural Entrepreneurs — ဖန်တီးမှုနဲ့ ယဉ်ကျေးမှုကို အခြေခံပြီး လုပ်ငန်းတည်ဆောက်နေသူများ၊ ကိုယ့်လုပ်ငန်းကို ပိုမိုတိုးတက်ချဲ့ထွင်လိုသူများ၊

- ဖက်ရှင်နှင့် ဒီဇိုင်း ဖန်တီးရှင်များ — နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီ ကုန်ပစ္စည်းဒီဇိုင်းနဲ့ ဖက်ရှင်ကဏ္ဍကို တိုးမြှင့်လိုသူများ၊

- ဝက်ဘ်တွန်းနှင့် စာပေထုတ်ဝေရေး လုပ်ကိုင်သူများ — ဇာတ်လမ်းဇာတ်ကွက် ဖန်တီးမှုနဲ့ ထုတ်ဝေဖြန့်ချိရေးလမ်းကြောင်းတွေကို ချဲ့ထွင်လိုသူများ၊

- ဗီဒီယိုဂိမ်းနှင့် အီးစပို့ (Esports) လုပ်ငန်းရှင်များ — ဒစ်ဂျစ်တယ်ဖျော်ဖြေရေးနဲ့ ဂိမ်းကဏ္ဍမှာ ပါဝင်လုပ်ကိုင်နေသူများ၊

- လွတ်လပ်သော အနုပညာရှင်များနှင့် ဖန်တီးရှင်များ — ရုပ်မြင်အနုပညာနဲ့ အခြားသော တီထွင်ဖန်တီးမှုနယ်ပယ်အသီးသီးမှာ လုပ်ကိုင်နေသူများ၊

စတဲ့ကဏ္ဍအသီးသီးက ဖန်တီးရှင်တွေ အချင်းချင်း အတွေ့အကြုံဖလှယ်ပြီး အခွင့်အလမ်းအသစ်တွေ ရှာဖွေနိုင်ဖို့၊ တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေကို ချိတ်ဆက်ပြီး ပိုမိုခိုင်မာတဲ့ Creative Ecosystem တစ်ခု တည်ဆောက်နိုင်ဖို့ ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အတူတကွ ပါဝင်လိုက်ကြရအောင်ပါ။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
အချိန်။ ။ မနက် (၉:၃၀) နာရီမှ နေ့လည် (၂:၀၀) နာရီအထိ
နေရာ။ ။ IFB Conference Room၊ ရန်ကုန်မြို့

အလုပ်ရုံဆွေးနွေးပွဲအတွက် ပါဝင်ခွင့်လျှောက်လွှာများကို အောက်ပါလင့်ခ်မှတစ်ဆင့် ဆက်လက်ဖြည့်စွက်နိုင်ပါတယ်။
[https://forms.gle/TqQNAfeYgYsMFxUB9]

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

How do we bridge the gaps across fashion, webtoons, publishing, gaming, and other creative industries alongside local NGOs, CSOs, and community-based organizations to collaborate effectively?

The upcoming "Building Strong Creative Ecosystems: Sector Organization Workshop" on October 11 is designed to unite independent practitioners, local organizations, and cross-sector professionals for a dynamic exchange of experiences and long-term collaboration.

Connected with upcoming Global Entrepreneurship Week (GEW) initiatives, this workshop serves as a crucial starting point to build resilient networks, collaborative frameworks, and sustainable business foundations for Myanmar's creative entrepreneurs, cultural entrepreneurs, and grassroots organizations. This multidisciplinary gathering provides a vital foundation for bridging creativity and economic development during the GEW period.

Who should attend this workshop?

- Local NGOs, CSOs & Community-Based Organizations — Grassroots organizations and representatives driving social, cultural, and creative community impact.

- Creative & Cultural Entrepreneurs — Individuals building enterprises rooted in creativity and culture, looking to scale their businesses.

- Fashion & Design Creators — Professionals and independent designers aiming to elevate product design and the fashion sector to international standards.

- Webtoon & Publishing Practitioners — Writers, illustrators, and publishers expanding their storytelling, creation, and editorial distribution pathways.

- Video Game & Esports Innovators — Practitioners driving digital entertainment and the interactive gaming landscape.

- Independent Artists & Visual Practitioners — Multidisciplinary creators working across visual arts and various creative domains.

Let's come together to exchange experiences, discover new opportunities, and connect individual efforts to build a stronger, more resilient Creative Ecosystem.

Date: October 11, 2026
Time: 9:30 AM – 2:00 PM (FREE ENTRY)
Venue: IFB Conference Room, Yangon

Registration: https://forms.gle/TqQNAfeYgYsMFxUB9
For detailed inquiries: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

Video Game Masterclass 01: Narrative Design & Studio Post-Mortemဂိမ်းစတူဒီယို တည်ထောင်သူများ၊ ဗီဒီယိုဂိမ်းဖန်တီးသူများ၊ ...
07/10/2026

Video Game Masterclass 01: Narrative Design & Studio Post-Mortem

ဂိမ်းစတူဒီယို တည်ထောင်သူများ၊ ဗီဒီယိုဂိမ်းဖန်တီးသူများ၊ ဇာတ်လမ်းရေးသားသူများနှင့် ဒစ်ဂျစ်တယ်အနုပညာရှင်များအတွက် ဖူးပွင့်စ စီမံကိန်းမှ တင်ဆက်သည့် Video Game Masterclass အစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပါတယ်။

၂ ရက်ခွဲကြာမြင့်မယ့် ဒီအထူး Masterclass ကို ဂိမ်းစတူဒီယို Sunny Lab ရဲ့ ပူးတွဲတည်ထောင်သူ၊ CEO နှင့် Creative Director ဖြစ်သူ Charlotte Gailledreau ကိုယ်တိုင် ဦးဆောင်ပို့ချသွားမှာဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ ၆ ရက်အထိ IFB Conference Room တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဗီဒီယိုဂိမ်းနယ်ပယ်မှာ ဆယ်စုနှစ်တစ်ခုကျော် အတွေ့အကြုံရှိတဲ့ Charlotte ဟာ ၂၀၂၂ ခုနှစ်မှာ Sunny Lab ကို ပူးတွဲတည်ထောင်ခဲ့ပြီး လက်ရှိမှာ CEO နဲ့ Creative Director အဖြစ် တာဝန်ယူထားပါတယ်။ သူမဟာ Paris မြို့ရဲ့ အလယ်မှာ ကိုယ်ပိုင်မုန့်ဆိုင်ဖွင့်လှစ်တဲ့ စုန်းမငယ်လေးတစ်ဦးရဲ့ မှော်ဆန်တဲ့ စွန့်စားခန်းကို အခြေခံထားတဲ့ The Witch’s Bakery ဂိမ်းဖန်တီးမှုကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။

ဘာတွေ လေ့လာရမလဲ?

• Narrative Design
Narrative Design ဆိုတာ ဇာတ်လမ်းရေးသားရုံသက်သက်မဟုတ်ဘဲ ဂိမ်းရဲ့ မတူညီတဲ့ အစိတ်အပိုင်းတွေနဲ့ Layers တွေကနေတစ်ဆင့် ဇာတ်ကြောင်းကို ဘယ်လိုဖန်တီးတင်ဆက်ရမလဲဆိုတာကို လေ့လာသွားမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ဂိမ်းတွေကို ဖန်တီးတည်ဆောက်ရာမှာ အသုံးချနိုင်မယ့် လက်တွေ့ကျတဲ့ Tools တွေနဲ့ Game Structure တွေကိုလည်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

• Studio Post-Mortem
Sunny Lab ကို တည်ထောင်ခဲ့တဲ့ ခရီးစဉ်နဲ့ ဂိမ်းတစ်ခုကို အစကနေ ဖန်တီးထုတ်လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို နောက်ကွယ်က အကြောင်းအရာတွေနဲ့အတူ ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ Co-founder နဲ့ တွေ့ဆုံခဲ့ပုံ၊ ဂိမ်းအိုင်ဒီယာကို ဖန်တီးခဲ့ပုံ၊ အသုံးပြုခဲ့တဲ့ Tools နဲ့ Methods တွေ၊ Project အတွက် ငွေကြေးထောက်ပံ့ခဲ့ပုံတွေအပြင် လွန်ခဲ့တဲ့ ၄ နှစ်အတွင်း ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂိမ်းရဲ့ Budget၊ Team Size၊ Burn Rate၊ Sales Projections နဲ့ Actual Sales တွေအပါအဝင် လက်တွေ့ကျတဲ့ KPI နဲ့ လုပ်ငန်းပိုင်းဆိုင်ရာ အချက်အလက်တွေ၊ Publishing Deal နဲ့ ပတ်သက်တဲ့ အတွေ့အကြုံတွေကိုလည်း မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?

ဂိမ်းစတူဒီယို တည်ထောင်ချင်သူများ၊ ဂိမ်းဖန်တီးမှု၊ ဇာတ်လမ်းရေးသားမှု သို့မဟုတ် ဒစ်ဂျစ်တယ်အနုပညာနယ်ပယ်တွေမှာ လုပ်ကိုင်နေသူများနှင့် ဒီ Masterclass ရဲ့ အစီအစဉ်အားလုံးမှာ အပြည့်အဝ ပါဝင်နိုင်သူများ လျှောက်ထားနိုင်ပါတယ်။

Open Call နှင့် Competitive Application Process မှတစ်ဆင့် သင်တန်းသား ၁၅ ဦးအထိသာ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူများအနေနဲ့ ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။

Application Link:
https://forms.gle/btjcwCx34c4ieYp59

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

Phoo Pwint Sa presents a Video Game Masterclass for game developers, writers, and digital artists.

This 2.5-day Masterclass will be led by Charlotte Gailledreau, Co-founder, CEO, and Creative Director of French game studio Sunny Lab, and will take place at the IFB Conference Room from 4 to 6 November 2026.

With more than a decade of experience in the video game industry, Charlotte co-founded Sunny Lab in 2022, where she currently serves as CEO and Creative Director. She leads the development of The Witch’s Bakery, a magical adventure about a young witch who opens her own bakery in the heart of Paris.

What will you learn?

• Narrative Design
Go beyond simply writing a story and explore how narratives can be developed through the different layers of a game. Participants will also be introduced to practical tools and game structures that can help them develop and structure their own games.

• Studio Post-Mortem
Take a behind-the-scenes look at Sunny Lab’s journey as a game studio, from meeting its co-founder and developing the idea for its game to the tools and methods used throughout production and how the project was financed. Charlotte will also share key lessons from the studio’s past four years, along with concrete KPIs and real-world figures, including the game’s budget, team size, burn rate, sales projections versus actual sales, and insights into its publishing deal.

Who can apply?

Game studio founders, as well as professionals working in game development, storytelling, or digital arts, who are able to fully participate in all Masterclass sessions are welcome to apply.

Up to 15 participants will be selected through an open call and competitive application process.

Interested applicants are encouraged to apply by 22 October 2026.

Application Link:
https://forms.gle/btjcwCx34c4ieYp59

For more information: [email protected]

#ဖူးပွင့်စ

မြန်မာနိုင်ငံရဲ့ ဖန်တီးမှုကဏ္ဍတွေကို တစ်ဆင့်မြှင့်တင်ပြီး ကမ္ဘာ့စင်မြင့်နဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့...
06/10/2026

မြန်မာနိုင်ငံရဲ့ ဖန်တီးမှုကဏ္ဍတွေကို တစ်ဆင့်မြှင့်တင်ပြီး ကမ္ဘာ့စင်မြင့်နဲ့ ပိုမိုချိတ်ဆက်နိုင်ဖို့ဆိုရင် အရင်ဆုံး ကိုယ့်ဒေသတွင်းက ဖန်တီးမှုအသိုက်အဝန်းတွေ ခိုင်မာအားကောင်းလာဖို့ လိုအပ်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန (French Ministry for Europe and Foreign Affairs) ရဲ့ ထောက်ခံအားပေးမှုနဲ့အတူ ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie) မှ ဦးဆောင်ကျင်းပမယ့် အောက်တိုဘာလ (၁၁) ရက်နေ့ အလုပ်ရုံဆွေးနွေးပွဲဟာ နိုဝင်ဘာလလယ်မှာ ကျင်းပမယ့် ကမ္ဘာ့လုပ်ငန်းရှင်များ အပတ်စဉ် (Global Entrepreneurship Week - GEW) လှုပ်ရှားမှုများဆီသို့ ချိတ်ဆက်သွားမယ့် အဓိကကျတဲ့ အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ တစ်ပြိုင်နက် ကျင်းပလေ့ရှိတဲ့ ကမ္ဘာ့လုပ်ငန်းရှင်များ အပတ်စဉ် (GEW) ဟာ လူငယ်များနှင့် ဖန်တီးရှင် စီးပွားရေးလုပ်ငန်းရှင်များကို ကမ္ဘာ့အဆင့်မီ ကွန်ရက်များ၊ စီးပွားရေး အလေ့အထကောင်းများနဲ့ ချိတ်ဆက်ပေးကာ ကမ္ဘာ့စင်မြင့်ပေါ်သို့ တက်လှမ်းနိုင်ရန် အဓိက အားဖြည့်ပေးနေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးတစ်ခု ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၈၀ ကျော်မှာ ကျင်းပလေ့ရှိတဲ့ GEW ဟာ လူငယ်တွေနဲ့ ဖန်တီးမှုလုပ်ငန်းရှင်တွေကို ကမ္ဘာ့အဆင့်မီ ကွန်ရက်တွေနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေဆီ ချိတ်ဆက်ပေးပြီး သူတို့ရဲ့ လုပ်ငန်းတွေကို ပိုမိုကျယ်ပြန့်တဲ့ စျေးကွက်နဲ့ ချိတ်ဆက်နိုင်ဖို့ အားပေးပံ့ပိုးပေးတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။

ဖူးပွင့်စ စီမံကိန်းနဲ့ GEW လှုပ်ရှားမှုတွေကလည်း ဖက်ရှင်၊ ဗီဒီယိုဂိမ်း၊ အီးစပို့၊ ဝက်ဘ်တွန်း၊ စာပေထုတ်ဝေရေးနဲ့ ဒီဇိုင်း စတဲ့ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုလုပ်ငန်းကဏ္ဍတွေ (CCIs) မှာရှိတဲ့ လွတ်လပ်သော ဖန်တီးရှင်တွေနဲ့ လုပ်ငန်းရှင်တွေအတွက် လုပ်ငန်းစွမ်းရည်မြှင့်တင်ရေး၊ ဉာဏပစ္စည်းမူပိုင်ခွင့် (IP) နဲ့ စာချုပ်ချုပ်ဆိုမှုဆိုင်ရာ ဗဟုသုတတွေ ရရှိစေရေးတို့ကို အဓိကထား ပံ့ပိုးပေးနေတာပဲဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကနေတစ်ဆင့် ကိုယ့်ရဲ့ ဖန်တီးမှုလုပ်ငန်းတွေကို ပိုမိုခိုင်မာတဲ့ စီးပွားရေးစနစ်တွေနဲ့ ချိတ်ဆက်နိုင်ဖို့၊ စျေးကွက်အခွင့်အလမ်းအသစ်တွေကို ရှာဖွေနိုင်ဖို့နဲ့ ဒေသတွင်းကနေတစ်ဆင့် ကမ္ဘာ့ဖန်တီးမှုကွန်ရက်တွေဆီ တဖြည်းဖြည်း ချိတ်ဆက်သွားနိုင်ဖို့ အစပျိုးပေးသွားမှာ ဖြစ်ပါတယ်။

မြန်မာ့ဖန်တီးမှုကဏ္ဍရဲ့ အနာဂတ်ကို ပိုမိုခိုင်မာတဲ့ ချိတ်ဆက်မှုတွေနဲ့အတူ တည်ဆောက်ကြရအောင်။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
အချိန်။ ။ မနက် (၉:၃၀) နာရီမှ ညနေ (၂:၀၀) နာရီအထိ
နေရာ။ ။ IFB Conference Room၊ ရန်ကုန်မြို့

အလုပ်ရုံဆွေးနွေးပွဲအတွက် လျှောက်လွှာများကို အောက်ပါလင့်ခ်မှတစ်ဆင့် ဆက်လက်ဖြည့်စွက်နိုင်ပါတယ်။

[https://forms.gle/TqQNAfeYgYsMFxUB9]

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

Elevating Myanmar's creative sectors and connecting them more deeply to the global stage starts with building strong, resilient creative communities right here at home.

Supported by the French Ministry for Europe and Foreign Affairs and led by the Institut français de Birmanie (IFB), our upcoming workshop on October 11 serves as a vital foundational stepping stone leading toward Global Entrepreneurship Week (GEW) activities this coming November. Celebrated simultaneously in over 180 countries worldwide, GEW is a global movement that connects young entrepreneurs and creative business owners with international networks and business opportunities, helping them expand their ventures into broader markets.

Both the Phoo Pwint Sa Programme and GEW initiatives are dedicated to supporting independent creators and entrepreneurs across Cultural and Creative Industries (CCIs), including fashion, video games, esports, webtoons, publishing, and design. They focus heavily on enhancing business skills, intellectual property (IP) awareness, and contract management knowledge.

This workshop provides the perfect starting point to connect your creative ventures with stronger economic systems, discover new market opportunities, and gradually build bridges from local roots to global creative networks.

Let’s build the future of Myanmar's creative sector together with stronger connections.

Date: October 11, 2026
Time: 9:30 AM to 2:00 PM
Venue: IFB Conference Room, Yangon

Please fill out the application form through the link below to secure your spot.
[https://forms.gle/TqQNAfeYgYsMFxUB9]

For detailed inquiries: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

အာရှအားကစားပြိုင်ပွဲ (20th Asian Games) ရဲ့ MLBB ပြိုင်ပွဲမှာ မြန်မာ Esports အတွက် သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွ...
05/10/2026

အာရှအားကစားပြိုင်ပွဲ (20th Asian Games) ရဲ့ MLBB ပြိုင်ပွဲမှာ မြန်မာ Esports အတွက် သမိုင်းဝင် ပထမဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့တဲ့ Team Zanaka ကို ဖူးပွင့်စမှ အထူးဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်။

နိုင်ငံ့ဂုဏ်ကို ဆောင်ပေးခဲ့ကြတဲ့ ကစားသမားတွေရဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုနဲ့ ပြိုင်ပွဲအတွင်း စိတ်ဓာတ်အပြည့်နဲ့ ယှဉ်ပြိုင်ခဲ့မှုတွေအပြင်၊ ဒီအောင်မြင်မှုကို ဖန်တီးပေးနိုင်ခဲ့တဲ့ နည်းပြများ၊ အသင်းအဖွဲ့ဝင်များနဲ့ ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြသူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။

မြန်မာနိုင်ငံ အီလက်ထရောနစ် အားကစားအဖွဲ့ချုပ် (MESF) နဲ့အတူ ဂုဏ်ပြုရင်း၊ မြန်မာ့ Esports ကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ဖူးပွင့်စအနေဖြင့် ဆက်လက်အားပေးပံ့ပိုးသွားမယ်လို့ ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်။

Congratulations, Team Zanaka! 🏆

(English)

Phoo Pwint Sa is proud to celebrate Team Zanaka for securing the first-ever historic gold medal for Myanmar Esports at the MLBB Competition of the 20th Asian Games.

We extend our heartfelt appreciation to all the players for their dedication, perseverance, and determination throughout the competition, as well as to the coaches, team members, and everyone who supported them and contributed to this remarkable achievement.

Together with the Myanmar Esports Federation (MESF), we celebrate this achievement and look forward to continuing our support for the long-term growth and development of Myanmar’s Esports sector.

Congratulations, Team Zanaka! 🏆

04/10/2026

ဖူးပွင့်စရဲ့ “Building a Successful Ready-to-Wear Brand” Fashion Masterclass မှာ Victim of The Prime မှ ဖက်ရှင်ဒီဇိုင်နာ Dennis P မျှဝေပေးခဲ့တဲ့ မြန်မာ့ဖက်ရှင်လောကရဲ့ အနာဂတ်အမြင်တွေနဲ့ ဖက်ရှင်လုပ်ငန်းကို စီးပွားရေးအမြင်နဲ့ ဘယ်လိုတွေးခေါ်တည်ဆောက်သင့်လဲဆိုတဲ့ အကြောင်းအရာတချို့ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Sharing some key insights from Dennis P, Fashion Designer at Victim of The Prime, during Phoo Pwint Sa’s “Building a Successful Ready-to-Wear Brand” Fashion Masterclass.
From exploring the future of Myanmar’s fashion industry to understanding how to approach fashion with a business-oriented mindset, here are some of the valuable perspectives he shared during the masterclass.

ဖန်တီးမှုလုပ်ငန်းတွေမှာ ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်ကြိုးစားနေကြရင်း တစ်ယောက်တည်း ရုန်းကန်နေခြင်းထက် တူညီတဲ့ ရည်မှန်းချက်တွေအ...
02/10/2026

ဖန်တီးမှုလုပ်ငန်းတွေမှာ ကိုယ်ပိုင်ဟန်နဲ့ ရပ်တည်ကြိုးစားနေကြရင်း တစ်ယောက်တည်း ရုန်းကန်နေခြင်းထက် တူညီတဲ့ ရည်မှန်းချက်တွေအတွက် အသင်းအဖွဲ့အနေနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ခြင်းက ဘာကြောင့် အရေးကြီးပါသလဲ။

အောက်တိုဘာလ (၁၁) ရက်နေ့မှာ ကျင်းပမယ့် “Building Strong Creative Ecosystems” အလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးသွားမယ့် အဓိကအကြောင်းအရာတွေထဲက တစ်ခုကတော့ ကဏ္ဍအလိုက် အသင်းအဖွဲ့တွေရဲ့ အခန်းကဏ္ဍ ပဲ ဖြစ်ပါတယ်။

လာမည့် Global Entrepreneurship Week (GEW) လှုပ်ရှားမှုကြီးကို ဦးတည်ကြိုဆိုမယ့် ဒီကာလမှာ၊ ဒီအလုပ်ရုံဆွေးနွေးပွဲက မြန်မာ့ဖန်တီးမှုကဏ္ဍထဲက တက်သစ်စ Creative Entrepreneur လုပ်ငန်းရှင်များ၊ Cultural Entrepreneurship လုပ်ငန်းများအတွက် သက်ဆိုင်ရာ ကွန်ရက်တွေနဲ့ အဖွဲ့အစည်းဆိုင်ရာ ခိုင်မာတဲ့ အခြေခံအုတ်မြစ်တွေကို စတင်တည်ဆောက်ပေးမယ့် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံမှ ယဉ်ကျေးမှုနဲ့ ဖန်တီးမှုလုပ်ငန်းများဆိုင်ရာ ကျွမ်းကျင်ပညာရှင် မစ္စဖီနာဆို (Ms. Phina So) ရဲ့ ဦးဆောင်မှုနဲ့အတူ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာန (French Ministry for Europe and Foreign Affairs) နဲ့ ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie – IFB) တို့ရဲ့ ပံ့ပိုးကူညီမှုတို့နဲ့ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲကနေတစ်ဆင့်

• အသင်းအဖွဲ့တွေကို ထိရောက်ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုစနစ် (Governance) တွေနဲ့ ဘယ်လို တည်ဆောက်သွားမလဲ။

• ဖန်တီးရှင်တွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ်ပေးနိုင်ဖို့နဲ့ သူတို့ရဲ့ အသံတွေကို ပိုမိုထိရောက်စွာ ဖော်ထုတ်နိုင်ဖို့ မူဝါဒဆိုင်ရာ တောင်းဆိုလှုံ့ဆော်မှု (Advocacy) တွေကို ဘယ်လို လုပ်ဆောင်သွားမလဲ။

• အသင်းအဖွဲ့တွေ ရေရှည်ရပ်တည်နိုင်ဖို့အတွက် ရေရှည်တည်တံ့ခိုင်မြဲတဲ့ စီးပွားရေးနဲ့ လုပ်ငန်းလည်ပတ်မှု မော်ဒယ်တွေကို ဘယ်လို ဖော်ဆောင်သွားမလဲ။

• စတဲ့ အဓိကအကြောင်းအရာတွေကို အတူတကွ ဆွေးနွေးဖလှယ်သွားကြမှာ ဖြစ်ပါတယ်။

တစ်ဦးချင်းစီရဲ့ အားထုတ်မှုတွေကို စုစည်းပြီး ပိုမိုခိုင်မာတဲ့ ဖန်တီးမှုကဏ္ဍတစ်ခု တည်ဆောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ ဖန်တီးမှုကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ပြီး အတူတကွ လက်တွဲသွားကြနိုင်ဖို့အတွက် အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
အချိန်။ ။ မနက် (၉:၃၀) နာရီမှ ညနေ (၂:၀၀) နာရီအထိ
နေရာ။ ။ IFB Conference Room၊ ရန်ကုန်မြို့

အလုပ်ရုံဆွေးနွေးပွဲအတွက် လျှောက်လွှာများကို အောက်ပါလင့်ခ်မှတစ်ဆင့် ဆက်လက်ဖြည့်စွက်နိုင်ပါတယ်။
[https://forms.gle/TqQNAfeYgYsMFxUB9]

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

Why is it important for people working in the creative industries to come together and collaborate toward shared goals, rather than struggling alone while trying to build their own paths?

One of the key topics of the “Building Strong Creative Ecosystems” workshop, taking place on 11 October, will be the role of sector-based associations and organizations.

As we look ahead to the upcoming Global Entrepreneurship Week (GEW), this workshop will serve as an important step toward building stronger networks and organizational foundations for emerging creative entrepreneurs and those working in cultural entrepreneurship across Myanmar’s creative sectors.

The workshop will be led by Cambodian cultural and creative industries expert Ms. Phina So, with the support of the French Ministry for Europe and Foreign Affairs and the Institut français de Birmanie (IFB).

Through this workshop, participants will come together to discuss key topics such as:

• How can sector organizations be built with effective governance and management systems?

• How can advocacy be carried out to better protect the interests of creative practitioners and ensure their voices are heard more effectively?

• How can sustainable business and operational models be developed to help organizations remain active and sustainable in the long term?

By bringing together individual efforts and working collectively, we hope to contribute to building a stronger creative sector and creating more opportunities for long-term growth and collaboration across Myanmar’s creative industries.

Date: 11 October 2026
Time: 9:30 AM – 2:00 PM
Venue: IFB Conference Room, Yangon

Applications for the workshop can be submitted through the link below.
[https://forms.gle/TqQNAfeYgYsMFxUB9]

For detailed inquiries: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

ဖန်တီးမှုကဏ္ဍတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖန်တီးရှင်တစ်ဦးချင်းစီရဲ့ သီးသန့်အားထုတ်မှုတွေတင်မကဘဲ၊ တူညီတဲ့ ရည်မှန...
30/09/2026

ဖန်တီးမှုကဏ္ဍတစ်ခု ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဖန်တီးရှင်တစ်ဦးချင်းစီရဲ့ သီးသန့်အားထုတ်မှုတွေတင်မကဘဲ၊ တူညီတဲ့ ရည်မှန်းချက်တွေအတွက် အတူတကွ လက်တွဲရပ်တည်နိုင်မယ့် ဒေသတွင်း အသိုက်အဝန်းနဲ့ ချိတ်ဆက်မှုခိုင်မာဖို့ မရှိမဖြစ် လိုအပ်ပါတယ်။

ဖူးပွင့်စ (Phoo Pwint Sa) အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ တက်သစ်စ Creative Entrepreneur လုပ်ငန်းရှင်များနဲ့ Cultural Entrepreneurship လုပ်ငန်းများကို အစဉ်တစိုက် အားပေးထောက်ကူလျက်ရှိပါတယ်။

လာမယ့် အောက်တိုဘာလ (၁၁) ရက်နေ့မှာ ကျင်းပမယ့် "Building Strong Creative Ecosystems: Sector Organization Workshop" အလုပ်ရုံဆွေးနွေးပွဲဟာ လာမည့် Global Entrepreneurship Week (GEW) အထိမ်းအမှတ် အကြိုလှုပ်ရှားမှုများဆီသို့ ဦးတည်ချီတက်မည့် အရေးပါသော အခြေခံအုတ်မြစ် အတွေ့အကြုံတစ်ခုလည်း ဖြစ်ပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာ အထူးဧည့်သည်တော်အဖြစ် ပါဝင်အားဖြည့်ပေးဖို့ ဖိတ်ခေါ်ထားသူကတော့ Ms. Phina So ဖြစ်ပါတယ်။ Ms. Phina So ဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ယဉ်ကျေးမှုနှင့် ဖန်တီးမှုလုပ်ငန်းများ အသင်းအဖွဲ့ (CICADA - Cultural and Creative Industries of Cambodia Association for Development and Advocacy) ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး၊ ထင်ရှားတဲ့ စာပေထုတ်ဝေရေးလုပ်ငန်းတစ်ခုကို တည်ထောင်သူလည်း ဖြစ်ပါတယ်။ သူမဟာ ကမ္ဘောဒီးယားနိုင်ငံရဲ့ ဖန်တီးမှုလုပ်ငန်းရှင်တွေနဲ့ ယဉ်ကျေးမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသင်းအဖွဲ့တွေ ဖွဲ့စည်းတည်ဆောက်ရေးနဲ့ မူဝါဒဆိုင်ရာ တောင်းဆိုလှုံ့ဆော်မှုတွေ (Advocacy) ကို ဦးဆောင်လုပ်ကိုင်နေသူတစ်ဦး ဖြစ်ပါတယ်။

ဒီအထူးဆွေးနွေးပွဲလေးကိုတော့

- ကဏ္ဍအလိုက် အသင်းအဖွဲ့များနှင့် ဖက်ဒရက်ရှင်းတွေကို ဘယ်လို စတင်ဖွဲ့စည်းတည်ဆောက်နိုင်မလဲဆိုတဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံကောင်းတွေကို လေ့လာနိုင်ဖို့၊

- ဖန်တီးမှုလုပ်ငန်းတွေ ရှေ့ဆက်တိုးတက်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မူဝါဒဆိုင်ရာ တောင်းဆိုလှုံ့ဆော်မှုတွေ (Advocacy) ကို နားလည်သဘောပေါက်နိုင်ဖို့

-ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် ကိုယ့်ရဲ့ ဖန်တီးမှုဂေဟစနစ်ကို ပိုမိုခိုင်မာအားကောင်းလာစေဖို့၊

စတဲ့ ရည်ရွယ်ချက်တွေနဲ့ အတူတကွ ဆွေးနွေးဖလှယ်သွားကြမှာ ဖြစ်ပါတယ်။

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ (၁၁) ရက်
အချိန်။ ။ မနက် (၉:၃၀) နာရီမှ ညနေ (၄:၃၀) နာရီအထိ
နေရာ။ ။ IFB Conference Room၊ ရန်ကုန်မြို့

ဒေသတွင်း အတွေ့အကြုံသစ်တွေကို လေ့လာရင်း ကိုယ့်ရဲ့ဖန်တီးမှုကဏ္ဍကို အတူတကွ မြှင့်တင်ဖို့အတွက် ဖိတ်ခေါ်ပါတယ်။

အလုပ်ရုံဆွေးနွေးပွဲအတွက် ပါဝင်ခွင့်လျှောက်လွှာများကို အောက်ပါလင့်ခ်မှတစ်ဆင့် ဆက်လက်ဖြည့်စွက်နိုင်ပါတယ်။
[https://forms.gle/TqQNAfeYgYsMFxUB9]

အသေးစိတ်စုံစမ်းရန်: [email protected]

(ENGLISH)

For a creative sector to thrive in the long run, individual effort alone isn't enough; strong local networks and collaboration toward shared goals are essential.

Phoo Pwint Sa has consistently supported emerging creative entrepreneurs and cultural enterprises across Myanmar.

Scheduled for October 11, the "Building Strong Creative Ecosystems: Sector Organization Workshop" serves as a vital foundational milestone leading up to the upcoming Global Entrepreneurship Week (GEW) pre-activities.

The special guest speaker for this workshop is Ms. Phina So, a director of the Cultural and Creative Industries of Cambodia Association for Development and Advocacy (CICADA) and the founder of a prominent publishing house. She is a prominent leader dedicated to advancing Cambodia's creative entrepreneurs and cultural sector through community building and policy advocacy.

Key objectives of this special workshop include:
- Learning practical experiences on how to build and establish sector-specific associations and federations.
- Gaining a clear understanding of the essential policy advocacy needed to drive creative businesses forward.
- Strengthening your local creative ecosystem through regional collaboration.

Date: October 11, 2026
Time: 9:30 AM – 4:30 PM
Venue: IFB Conference Room, Yangon

Join us to explore regional insights and elevate our creative sector together.

Applications to join the workshop can be submitted via the link below:
[https://forms.gle/TqQNAfeYgYsMFxUB9]

For further inquiries: [email protected]



#ဖူးပွင့်စ #ယဉ်ကျေးမှုနှင့်တီထွင်ဖန်တီးမှု #မြန်မာဖန်တီးရှင်များ #ဖန်တီးမှုဂေဟစနစ်

Address

340, Pyay Road, Sanchaung Township
Yangon
11111

Opening Hours

Monday 08:30 - 12:30
13:30 - 17:00
Tuesday 08:30 - 12:30
13:30 - 17:00
Wednesday 08:30 - 12:30
13:30 - 17:00
Thursday 08:30 - 12:30
13:30 - 17:00
Friday 08:30 - 12:30
13:30 - 17:00

Alerts

Be the first to know and let us send you an email when Phoo Pwint Sa posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share