Myanmar Embassy Kathmandu

Website

Myanmar Embassy Kathmandu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar Embassy Kathmandu, Government Organization, No. 1344, Machhindranath Road, Ward No. 25 Charghare, Nakkhu Height, Bhaisepati, Lalitpur.

Holidays Announcement for October 2026
01/10/2026

Holidays Announcement for October 2026

Ambassador H.E. U Thant Sin receives H.E. Mr. Park Jae-kyung, Ambassador of the Republic of Korea to Nepal (30-9-2026, K...
30/09/2026

Ambassador H.E. U Thant Sin receives H.E. Mr. Park Jae-kyung, Ambassador of the Republic of Korea to Nepal
(30-9-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received H.E. Mr. Park Jae-kyung, Ambassador of the Republic of Korea to Nepal at Myanmar Embassy on 30 September 2026 at 1030 hrs.
During the meeting, the Myanmar Ambassador briefed him on the recent developments in Myanmar, and both sides candidly exchanged views on matters pertaining to the further strengthening of existing bilateral relations between Myanmar and the Republic of Korea, as well as the prospects for enhancing cooperation with the host country, Nepal.

မြန်မာသံအမတ်ကြီး ဦးသန့်စင် နီပေါနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Park Jae-kyung အား လက်ခံတွေ့ဆုံခြင်း
(၃၀-၉-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၁၀၃၀ နာရီတွင် နီပေါနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Park Jae-kyung အား မြန်မာသံရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် သံအမတ်ကြီးက မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာ-ကိုရီးယား နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုခိုင်မာတိုးတက်စေရေးနှင့် အိမ်ရှင်နီပေါနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မှုအလားအလာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

နီပေါနိုင်ငံသို့လာရောက်ကြမည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်
18/09/2026

နီပေါနိုင်ငံသို့လာရောက်ကြမည့် မြန်မာနိုင်ငံသားများအတွက် အသိပေးကြေညာချက်

Ambassador U Thant Sin receives Mr. Dhan Prasad Pandit, former Nepal Ambassador to Israel(14-9-2026, Kathmandu)H.E. U Th...
14/09/2026

Ambassador U Thant Sin receives Mr. Dhan Prasad Pandit, former Nepal Ambassador to Israel
(14-9-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received Mr. Dhan Prasad Pandit, former Nepal Ambassador to Israel at Myanmar Embassy on 14 September 2026 at 1030 hrs.
During the meeting, Mr. Dhan Prasad Pandit shared insights gained during his diplomatic career, and they candidly exchanged views on the possibilities of promoting cooperation ‌across the various sectors for further strengthening the friendship between Myanmar and Nepal in the future.

မြန်မာသံအမတ်ကြီး ဦးသန့်စင် အစ္စရေးနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးဟောင်း Mr. Dhan Prasad Pandit အား လက်ခံတွေ့ဆုံခြင်း
(၁၄-၉-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့၊ ၁၀၃၀ နာရီတွင် အစ္စရေးနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီးဟောင်း Mr. Dhan Prasad Pandit အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် Mr. Dhan Prasad Pandit က ၎င်း၏ သံတမန်ဘဝအတွေ့အကြုံများကို မျှဝေခဲ့ပြီး အနာဂတ်တွင် မြန်မာ-နီပေါ ချစ်ကြည်ရေးပိုမိုတိုးတက်ခိုင်မာစေရန် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Ambassador U Thant Sin receives Director of Training and Education of Innova World School, Nepal (10-9-2026, Kathmandu)H...
11/09/2026

Ambassador U Thant Sin receives Director of Training and Education of Innova World School, Nepal
(10-9-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received Director of Training and Education Ms. R**t Kafle and Admin Manager Ms. Saraswoti Khadgi of Innova World School at Myanmar Embassy on 10 September 2026 at 1430 hrs.
During the meeting, Ms. R**t Kafle introduced the educational activities of Innova World School, which is the first pre-school in Nepal inspired by Finnish Pedagogy. Both sides exchanged views on the potential for welcoming Myanmar students to the school in the future and enhancing the activities relating to women empowerment.

မြန်မာသံအမတ်ကြီး ဦးသန့်စင် Innova World School မှ Director of Training and Education အား လက်ခံတွေ့ဆုံခြင်း
(၁၀-၉-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၄၃၀ နာရီတွင် Innova World School မှ Director of Training and Education Ms. R**t Kafle နှင့် Admin Manager Ms. Saraswoti Khadgi တို့အား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် Ms. R**t Kafle က Innova World School ၏ ပညာရေးဆိုင်ရာဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဖင်လန်နိုင်ငံသင်ကြားမှုဆိုင်ရာ ပညာရပ်ဖြင့် ပို့ချသည့် Innova World School သို့ မြန်မာကျောင်းသားများ လာရောက်တက်ရောက်နိုင်ရေးကိစ္စများနှင့် အမျိုးသမီးများ၏ အခန်းကဏ္ဍမြှင့်တင်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Ambassador U Thant Sin attends Regular Weekly Meeting of Rotary Club of Himalayan Golfers as Guest Speaker (9-9-2026, Ka...
10/09/2026

Ambassador U Thant Sin attends Regular Weekly Meeting of Rotary Club of Himalayan Golfers as Guest Speaker
(9-9-2026, Kathmandu)

At the invitation of the Rotary Club of Himalayan Golfers, H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal, attended the regular weekly meeting of the Club as the Guest Speaker at 0800 hours on 9 September 2026 at Hotel Tibet in Kathmandu.
During the meeting, the Ambassador delivered remarks on recent developments in Myanmar and bilateral relations between Myanmar and Nepal. Furthermore, the Ambassador cordially discussed with President and members of the Club on the enhancement of cooperation in the political, economic and cultural relations between Myanmar and Nepal, the invitation for golf enthusiasts from Myanmar to Nepal, as well as the possibility of sending a volunteer medical team from Nepal to Myanmar to provide eye care treatments.

မြန်မာသံအမတ်ကြီး ဦးသန့်စင် Rotary Club of Himalayan Golfers ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးသို့ အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်
(၉-၉-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့၊ ၀၈၀၀ နာရီတွင် ကတ္တမန္ဒူးမြို့ရှိ Rotary Club of Himalayan Golfers မှ ဖိတ်ကြားချက်အရ Hotel Tibet ၌ ပြုလုပ်သည့် Club ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးသို့ အထူးဧည့်သည်တော်အနေဖြင့် တက်ရောက်၍ မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် မြန်မာ-နီပေါ နှစ်နိုင်ငံဆက်ဆံရေးနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့ပြင် Rotary Club of Himalayan Golfers မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်တွေ့ဆုံကာ မြန်မာ-နီပေါ နှစ်နိုင်ငံအကြား နိုင်ငံရေး၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ဆက်ဆံရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စ၊ မြန်မာနိုင်ငံမှ ဂေါက်သီးရိုက်ဝါသနာရှင်များအား နီပေါနိုင်ငံသို့ ဖိတ်ခေါ်ခြင်းကိစ္စနှင့် မျက်စိကုသပေးမည့် စေတနာ့ဝန်ထမ်းအဖွဲ့တစ်ဖွဲ့ မြန်မာနိုင်ငံသို့ စေလွှတ်နိုင်ရေးကိစ္စတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Ambassador U Thant Sin receives President Mr. R.K. Shakya of Lumbini Peace Award(4-9-2026, Kathmandu)H.E. U Thant Sin, A...
04/09/2026

Ambassador U Thant Sin receives President Mr. R.K. Shakya of Lumbini Peace Award
(4-9-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received Mr. R.K. Shakya, President of Lumbini Peace Award and team members at Myanmar Embassy on 4 September 2026 at 1030 hrs.
During the meeting, Mr. R.K. Shakya briefed the peace campaign activities and program undertaken by the Lumbini Peace Award. The discussions also focused on the proposal to nominate former United Nations Secretary-General U Thant for the Lumbini Peace Award, in recognition of his significant role and dedicated efforts in establishing the Lumbini Sacred Garden as a significant symbol of the enduring friendship between Myanmar and Nepal.

မြန်မာသံအမတ်ကြီး ဦးသန့်စင် Lumbini Peace Award ၏ ဥက္ကဋ္ဌ Mr. R.K. Shakya အား လက်ခံတွေ့ဆုံခြင်း
(၄-၉-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ ၁၀၃၀ နာရီတွင် Lumbini Peace Award ၏ ဥက္ကဋ္ဌ Mr. R.K. Shakya နှင့်အဖွဲ့ဝင်များအား မြန်မာသံရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ဥက္ကဋ္ဌ Mr. R.K. Shakya က Lumbini Peace Award ၏ ငြိမ်းချမ်းရေး ဆောင်ရွက်ချက်များနှင့်အစီအစဉ်များကို ရှင်းလင်းမိတ်ဆက်ခဲ့ပြီး မြန်မာ-နီပေါ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် လုမ္ဗိနီဥယျာဉ်တော်ပေါ်ပေါက်ရေးအတွက် အဓိကဦးဆောင်ကြိုးပမ်းခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ကို Lumbini Peace Award အတွက် အဆိုပြုနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

03/09/2026
01/09/2026

မြန်မာသံအမတ်ကြီးက နီပေါနိုင်ငံ၌ ရေကြီးရေလျှံမှုနှင့် မြေပြိုခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုး
(၁-၉-၂၀၂၆၊ ကတ္တမန္ဒူး)​

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် နီပေါနိုင်ငံ၊ ရာဆူဝါခရိုင်နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုနှင့် မြေပြိုခဲ့ခြင်းကြောင့် အသက်အိုးအိမ်စည်းစိမ်ပေါင်းများစွာ သေဆုံးခဲ့ခြင်း၊ အိမ်များ၊ လမ်းတံတားများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အခြားအဆောက်အအုံအများအပြား ထိခိုက်ဆုံးရှုံးမှုများအတွက် နီပေါနိုင်ငံခြားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်ထားသည့် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့၊ ၁၄၀၀ နာရီအချိန်တွင် သွားရောက်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။
*********

Myanmar Ambassador to Nepal signs the Condolence Book
(1-9-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal, signed the Condolence Book opened at the Ministry of Foreign Affairs of Nepal at 1400 hours on 1 September 2026, expressing deepest condolences and sympathies for the tragic loss of lives and properties and the extensive damage to homes, roads, bridges, hydropower facilities, and other critical infrastructure caused by the recent flash floods and landslides in Rasuwa and other areas of Nepal that occurred on 26 August 2026.
**********

Ambassador H.E. U Thant Sin receives President of the Nepal–Myanmar Chamber of Commerce and Industry (NMCCI)(25-8-2026, ...
25/08/2026

Ambassador H.E. U Thant Sin receives President of the Nepal–Myanmar Chamber of Commerce and Industry (NMCCI)
(25-8-2026, Kathmandu)

H.E. U Thant Sin, Ambassador of the Republic of the Union of Myanmar to Nepal received Mr. Shiva Kumar Agrawal, President of the Nepal–Myanmar Chamber of Commerce and Industry (NMCCI) at Myanmar Embassy on 25 August 2026 at 1115 hrs.
During the meeting, Mr. Shiva Kumar Agrawal elaborated on the proposal to invite a Myanmar business delegation to Kathmandu in December 2026 and organize a Nepal–Myanmar Trade Expo and Food Festival. Furthermore, the two sides discussed the proposed visit of an NMCCI delegation led by the President in early 2027, during which the delegation is expected to meet with relevant officials in Myanmar and hold discussions to further enhance bilateral trade between Myanmar and Nepal.

သံအမတ်ကြီး ဦးသန့်စင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ အား လက်ခံတွေ့ဆုံ
(၂၅-၈-၂၀၂၆၊ ကတ္တမန္ဒူး)

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင် သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့၊ ၁၁၁၅ နာရီတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Shiva Kumar Agrawal အား မြန်မာသံရုံး၊ ကတ္တမန္ဒူးမြို့၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Shiva Kumar Agrawal က ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလ တွင် မြန်မာစီးပွားရေးကိုယ်စားလှယ်အဖွဲ့ကို ကတ္တမန္ဒူးမြို့သို့ ဖိတ်ကြား၍ နီပေါ-မြန်မာ ကုန်သွယ်မှုပြပွဲနှင့် အစားအစာပွဲတော်ကျင်းပနိုင်ရေး စီစဉ်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၇ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် နီပေါ-မြန်မာကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ကုန်သွယ်မှုညှိနှိုင်းဆွေးနွေးနိုင်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Address

No. 1344, Machhindranath Road, Ward No. 25 Charghare, Nakkhu Height, Bhaisepati
Lalitpur
44600

Opening Hours

Monday 09:30 - 16:30
Tuesday 09:30 - 16:30
Wednesday 09:30 - 16:30
Thursday 09:30 - 16:30
Friday 09:30 - 16:30

Alerts

Be the first to know and let us send you an email when Myanmar Embassy Kathmandu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share