San Thit Hlaing-Design & Constructionအတွက် 👷🏻👷🏼♂️ အလုပ်ခေါ်စာ
အဖေက ဝန်ထမ်းဘဝ အလုပ်လုပ်ရင်း ကွယ်လွန်ပါပြီ
အမေက သူများဝန်ထမ်းဘဝ တခါမှ မလုပ်ဖူးဘူး ကိုယ်ပိုင်အလုပ်နဲ့ပဲ သမီး ၃ ယောက်ကို ကျောင်းထားပြီး ရှာဖွေကျွေးမွေးခဲ့တာ
ကိုယ်တွေလဲ ဝန်ထမ်းဘဝနဲ့ အတွေ့အကြုံယူပြီးအသက် ၃၅ ဆိုရင် ကိုယ်ပိုင်အလုပ်
စလုပ်မယ်ပဲ စိတ်ကူးထားခဲ့တာ
မမျှော်လင့်ပဲ အသက် ၃၅ မတိုင်ခင်မှာ
Project ၁ခုက အစပြုပြီး
နှစ်ယောက်လုံး ကိုယ်ပိုင်အလုပ်စလုပ်ဖြစ်သွားတာ
2025 ခုနှစ်ထဲလဲ နှစ်ထပ်အိမ် ၂လုံးရယ် renovation project တွေရယ်နဲ့ နှစ်ယောက်သား အလုပ်နဲ့လက် မပျက်ခဲ့ဘူး
Soil test လုပ်ပြီး Structure Design အထိရပြီးမှ အိမ်မဆောက်ဖြစ်တော့ပဲ ခြံရောင်းဖို့ စိတ်ကူးပြောင်းသွားကြတဲ့ client တွေလဲ ရှိခဲ့တယ်
2026 အတွက်လဲ မျှော်လင့်ထားတဲ့ project တွေရပြီးကိုယ်တွေနဲ့အတူတူ အလုပ်လုပ်ပေးနေတဲ့ freelance designer တွေလဲရှိပါတယ်
Archi design, Structure design, M&E design အတွက်ကိုတော့ full time မထားပဲ freelancer တွေကို အလုပ်ပေးပါတယ်
Site operation အတွက်ကိုတော့ Engineer အင်အားဖြည့်ချင်ပါတယ်
မစောတို့ နှစ်ယောက်ဆီက ဘာတွေသင်ယူလို့ရမလဲဆိုရင်
estimate တွက်တာ (Excel)
rebar bar bending schedule ဆွဲတာ (Auto Cad) 3D modeling (Sketch up)
Site အတွက်ပစ္စည်းမှာတာ (purchasing)
Site operation (Landed house project)
စသဖြင့် ကိုယ်တွေသိသလောက် အတူအလုပ်လုပ်
ရင်း သင်ပေးလို့ရပါတယ်
ကိုယ်တွေနဲ့အတူတူ growth ဖြစ်ချင်တဲ့
Junior Civil Engineer တွေကို အလုပ်ပေးပြီးလက်တွဲခေါ်ချင်ပါတယ်
အလုပ်လျှောက်ချင်ရင် မစောကို cv form ပို့ပေးလို့ရပါတယ်
ကိုယ့်အရည်အချင်းကို ကိုယ်သာအသိဆုံးပါပဲ
ကိုယ်လုပ်နိုင်တဲ့ experience တွေကိုသာ ထည့်ရေးပေးပါ
မိမိအရည်အချင်းနဲ့ သင့်တော်မဲ့ မျှော်မှန်းလစာကိုလဲ တခါတည်း ထည့်ရေးပေးပါ
မစောကိုယ်တိုင်လဲ ပြည်တွင်း ပြည်ပမှာ ဝန်ထမ်းလုပ်ဖူးတာမို့ ကိုယ်ချင်းစာ နားလည်ပါတယ်
Site ထဲမှာ အလုပ်က ပြောပြလောက်အောင် မများပါဘူး အဓိကက မစောတို့ လက်လွှဲပေးလို့ရတာလေးတွေပဲ ကြီးကြပ်ပေးရမှာပါ
မစောတို့ဆီက ပညာသင်ရင်း လစာရမှာမို့
အသိတွေထဲ ရန်ကုန်မှာ အလုပ်ရှာနေသူရှိရင်
လက်တို့ပေးလိုက်ပါဦးနော် 🙋🏻♀️
အိမ်ထောင်ရှိပြီး ကလေးမေမေ ၊ ကလေးဖေဖေတွေလဲ လျှောက်လို့ရပါတယ်
Welcome to our new members 👷🏼♂️👷🏻
Sharing by Saw Kalayar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Sharing by Saw Kalayar, Public Service, Singapore �, .
စလုံးပြန် စီနီယာအကိုကြီးတွေဦးစီးသော
Construction တွင် အတူလက်တွဲလုပ်ရန်
Civil Engineer ရှာနေပါတယ်ရှင့်
(AGTI or Btech or BE)
နယ်မှာလုပ်နိုင်လျှင် နေပြည်တော် နှင့် ရမည်းသင်းမှာ လုပ်ရပါမယ် (နေ စား ငြိမ်း လစာ အသားတင်စုမိမှာပါ)
ရန်ကုန်မှာလုပ်ချင်လျှင် (နေစား မငြိမ်းပါဘူး)
Male or Female Engineer လျှောက်လို့ရပါတယ်
Please DM me 🙋🏻♀️
စီနီယာမှအကူညီတောင်းသဖြင့်
ကူညီရှာပေးခြင်းပါ✨
08/12/2025
မီးပူအသစ်လဲ ဂျိုးကပ်တာဖြစ်လို့ 🥴
သူများတွေနည်းလမ်းအတိုင်း ပါရာစီတမောသုံးပီးသုတ်လဲမပြောင်ဘူး
ယောကျာ်းနည်းလမ်းအတိုင်းမှပဲ ပြောင်တော့တယ်
အိမ်မှာအဆင်သင့်ရှိတဲ့ ကော်ပတ်နဲ့ ပွတ်ချတာပြောင်သွားရော
ပွန်းနေတာက ကိုယ် ဓားနဲ့ခြစ်ထားလို့ 😬
✨ကော်ပတ်အနုလေးနဲ့ပွတ်ကြည့်ပါ✨
☘️
15/09/2025
ဆန္ဒတွေပြည့်ဝကြပါစေ ☘️💸✨
15/09/2025
ဒိဝါတပတိဂါထာ 🙏🏼
Photo credit ✨
15/09/2025
မီးပူချိုးကပ်နေတာကို
ပါရာစီတမော တပြားတင်ပြီး အရည်ပျော်လာရင် ဓားလေးနဲ့ခြစ်ပြီးသုတ်လိုက်ရုံပဲ
ကိုယ်လဲ ပထမဆုံးစမ်းကြည့်တာ အဆင်ပြေလို့
မျှဝေပေးတာပါရှင် ☘️
09/09/2025
📧 Gmail Storage ပြည့်နေခြင်း ဖြေရှင်းနည်း
++++++++++++++++++++++++++
Storage ပြည့်သွားရင် ဘာတွေဖြစ်မလဲ?
သင့်ရဲ့ Google storage (Gmail, Google Drive, Google Photos တို့မှာ ဝေမျှအသုံးပြုထားတဲ့ storage) ပြည့်သွားပြီဆိုရင် အောက်ပါအခက်အခဲတွေ ကြုံရနိုင်ပါတယ် ။
· Gmail: အီးမေးလ်အသစ်များ မလက်ခံနိုင်/မပို့နိုင်။ သင့်ဆီကို လာတဲ့အီးမေးလ်တွေကို ဆာဗာက လက်မခံတော့ဘဲ ပြန်ပို့ခြင်း (bounce back) ဖြစ်နိုင်ပါတယ် ။
· Google Drive: ဖိုင်အသစ်တွေ upload လုပ်လို့မရတော့ပါဘူး။ Google Docs, Sheets, Slides တွေလို ဖိုင်အသစ်တွေ ဖန်တီးလို့မရတော့သလို၊ ရှိပြီးသားဖိုင်တွေကိုလည်း တခါတရံ တည်းဖြတ်လို့မရနိုင်ပါဘူး ။
· Google Photos: ဓာတ်ပုံနဲ့ ဗီဒီယိုအသစ်တွေကို backup လုပ်လို့မရတော့ပါဘူး ။
ဒီလိုမဖြစ်ရအောင်၊ ဖြစ်လာခဲ့ရင်လည်း အောက်ပါအဆင့်တွေအတိုင်း အရင်ဆုံး storage နေရာ ရှင်းလင်းကြည့်ပါ။
🔍 Storage ဘယ်လိုစစ်ဆေးမလဲ?
၁။ သင့် Google အကောင့်ထဲကို ကြိုးစားဝင်ကြည့်ပါ။ storage ပြည့်နေချိန်မှာ အကောင့်ဝင်ဖို့ ခက်ခဲနေနိုင်ပေမယ့်၊ ဝင်လို့ရသေးရင် ပထမဆုံး storage အခြေအနေကို စစ်ဆေးပါ ။
၂။Google One storage page (one.google.com) ကို သွားပါ။ သင့်ရဲ့ storage စုစုပေါင်းအရွယ်အစားနဲ့ Gmail, Drive, Photos စတာတွေမှာ ဘယ်ဟာက ဘယ်လောက်နေရာယူထားလဲ ဆိုတာ အသေးစိတ် မြင်ရမှာဖြစ်ပါတယ် ။
🧹 Storage နေရာရှင်းလင်းခြင်း အဆင့်ဆင့်
1. Gmail ထဲက နေရာယူထားတဲ့ အီးမေးလ်တွေ ရှင်းလင်းပါ
Gmail က သင့်ရဲ့ Google storage ရဲ့ အတော်များများကို ယူထားနိုင်တဲ့အတွက် ဒီကနေ စရှင်းတာ ထိရောက်ပါတယ်။
· အကြီးစား ဖိုင်အပ်များပါတဲ့ အီးမေးလ်များ ရှာဖွေဖျက်ပစ်ပါ: Gmail ရဲ့ ရှာဖွေရေးဘားထဲမှာ has:attachment larger:10M လို့ ရိုက်ထည့်ပါ။ ဒါက 10MB အထက်ရှိတဲ့ ဖိုင်အပ်ပါတဲ့ အီးမေးလ်အားလုံးကို ရှာပေးမှာဖြစ်ပါတယ်။ ဒီထက်ကြီးတဲ့ဖိုင်တွေကို ရှာချင်ရင် larger:20M စသဖြင့် ပြောင်းနိုင်ပါတယ် ။ မလိုအပ်တဲ့အီးမေးလ်တွေကို ဖျက်ပစ်ပါ။
· အကြီးစား spam အီးမေးလ်များ ရှင်းလင်းပါ: in:spam သို့မဟုတ် in:trash လို့ ရှာပြီး စပန်းနဲ့ ခြင်းတောင်းထဲက အီးမေးလ်တွေကို အပြီးအပိုင် ရှင်းလင်းပစ်ပါ။ ဒီအီးမေးလ်တွေကလည်း storage ကို နေရာယူထားပါတယ် ။
· Trash နဲ့ Spam ကို အပြီးအပိုင်ရှင်းပါ: ဖျက်ထားတဲ့အီးမေးလ်တွေကို Trashထဲမှာ ဆက်ထားရင် နေရာဆက်ယူထားဦးမှာဖြစ်လို့၊ Trash နဲ့ Spam folder ကို ဝင်ပြီး "Empty trash now" နဲ့ "Delete all spam messages now" ကို နှိပ်ကာ အပြီးရှင်းလင်းပစ်ဖို့ မမေ့ပါနဲ့ ။
2. Google Drive ထဲက ဖိုင်တွေ ရှင်းလင်းပါ
· အကြီးစားဖိုင်များ စီကြည့်ပြီး ရှင်းလင်းပါ: drive.google.com ကို သွားပါ။ ဘယ်ဘက်အောက်ခြေက "Storage" ကိုနှိပ်ပါ။ ဒါကို နှိပ်လိုက်ရင် သင့်ဖိုင်တွေကို အရွယ်အစားအကြီးကနေ အငယ်ဆီ စီပြီးမြင်ရမှာဖြစ်လို့၊ နေရာအများဆုံးယူထားတဲ့ ဖိုင်တွေကို အလွယ်တကူ ရှာဖွေဖျက်ပစ်နိုင်မှာဖြစ်ပါတယ် ။
· အသုံးမဝင်တော့တဲ့ ဖိုင်တွေ၊ ပွားနေတဲ့ ဖိုင်တွေ (duplicate files) ရှင်းလင်းပါ: တူညီတဲ့ဖိုင်တစ်ခုကို အကြိမ်ကြိမ် save လုပ်မိတာ၊ ကိုယ်တိုင်ပွားမိတာမျိုးတွေ ရှိနိုင်ပါတယ်။ Tenorshare 4DDiG Duplicate File Deleter လို တတိယပါတီ ဆော့ဖ်ဝဲတွေသုံးပြီး အလိုအလျောက် ရှာဖွေဖျက်ပစ်နိုင်ပါတယ် ။
· ဖျောက်ထားသော အက်ပ်ဒေတာများ (Hidden app data) ရှင်းလင်းပါ: Google Drive ထဲမှာ သင်သုံးဖူးတဲ့ အက်ပ်တွေက ဒေတာတွေ ချန်ထားခဲ့နိုင်ပါတယ်။ ရှင်းလင်းဖို့အတွက် drive.google.com မှာ Settings > Manage apps ကိုသွားပါ။ အက်ပ်စာရင်းထဲက "Options" အောက်က "Delete hidden app data" ကို နှိပ်ပြီး ရှင်းလင်းနိုင်ပါတယ် ။
3. Google Photos ထဲက ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရှင်းလင်းပါ
· အရည်အသွေးကို ပြောင်းပါ : "Storage saver" (သို့မဟုတ်) "High quality" ဆိုတဲ့ ရွေးချယ်မှုကို ပြောင်းသုံးမယ်ဆိုရင်၊ ဓာတ်ပုံတွေကို upload တင်တဲ့အခါမှာ အရွယ်အစားအနည်းငယ် ကျုံ့ပြီး တင်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ setting ကို ပြောင်းလိုက်ရင် နောက်ထပ် upload တင်မယ့် ဓာတ်ပုံအသစ်တွေအတွက်သာ သက်ရောက်မှာဖြစ်ပြီး၊ ရှိပြီးသား ဓာတ်ပုံတွေရဲ့ အရည်အသွေးကို compressလိုက်တာမျိုး မဟုတ်တာကို သတိပြုပါ ။
· မလိုအပ်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုများ ဖျက်ပစ်ပါ: Google Photos app (သို့မဟုတ်) photos.google.com ကို သွားပါ။ မလိုအပ်တော့တဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေကို ရွေးချယ်ဖျက်ပစ်ပါ။ ဖျက်လိုက်တဲ့အရာတွေကို Trash ထဲကို ထပ်သွားရှင်းဖို့လည်း မမေ့ပါနဲ့ ။
4. အခြား နေရာယူနေနိုင်တဲ့ အရာများ
· WhatsApp Backup ကို စစ်ဆေးပါ: သင့်ရဲ့ Google storage ကို WhatsApp က မှတ်တမ်းတင် (back up) ရာမှာ သုံးနေတာမျိုး ရှိနိုင်ပါတယ်။ ဒီ backup တွေကို စစ်ဆေးဖို့ Google One app (သို့မဟုတ်) one.google.com ကို သွားပါ။ "Storage" အောက်က "Other" ကဏ္ဍမှာ WhatsApp ကို ရှာကြည့်ပါ။ မလိုအပ်တော့ရင် ဖျက်ပစ်လို့ရပါတယ် ။
💳 Storage အပိုဝယ်ယူခြင်း (Google One)
အထက်ပါနည်းလမ်းတွေနဲ့ ရှင်းပြီးတဲ့နောက်မှာပါ နေရာအလုံအလောက် မရသေးဘူးဆိုရင်၊ storage အပိုဝယ်ယူဖို့ စဉ်းစားနိုင်ပါတယ်။
· Google One ဆိုတာ ဘာလဲ: Google One ဆိုတာ Google ရဲ့ storage subscription plan ဖြစ်ပါတယ်။ လစဉ် ငွေကြေးအနည်းငယ် ပေးသွင်းခြင်းဖြင့် သင့်ရဲ့ စုစုပေါင်း Google စတိုရေ့ချ်ကို တိုးချဲ့ပေးနိုင်မှာဖြစ်ပါတယ် ။
· စျေးနှုန်းများ:
· 100GB: လစဉ် $1.99 (သို့မဟုတ်) နှစ်စဉ် ပေးသွင်းလို့ရပါတယ် ။
· 200GB: လစဉ် $2.99
· 2TB: လစဉ် $9.99
· ဘယ်လိုဝယ်မလဲ: one.google.com ကို သွားပါ။ "Upgrade" ခလုတ်ကို နှိပ်ပါ။ သင့်အတွက် သင့်တော်မယ့် စျေးနှုန်းအဆင့်ကို ရွေးချယ်ပါ။ ငွေပေးသွင်းနည်းကို ထည့်သွင်းပြီး စာချုပ်ချုပ်ဆိုနိုင်ပါတယ် ။
⚠️ သတိထားရမယ့်အချက်များနှင့် နောက်ဆက်တွဲ
· storage ပြည့်နေချိန် ကြာမြင့်ခြင်း: Google ရဲ့ မူဝါဒအရ၊ စတိုရေ့ချ် ပြည့်နေတဲ့ အခြေအနေက ၂ နှစ် (သို့မဟုတ်) ထို့ထက်ပိုကြာသွားရင်၊ သင့်ရဲ့ Gmail, Drive, Photos ထဲက ဒေတာတွေကို Google က အလိုအလျောက် ဖျက်ပစ်နိုင်တယ် ဆိုတာကို သတိရပါ ။
· ဖျက်မိတဲ့ အရေးကြီးဖိုင်များ ပြန်လည်ရယူခြင်း: ရှင်းလင်းရင်းနဲ့ အရေးကြီးဖိုင်တွေ မတော်တဆ ဖျက်မိတယ်ဆိုရင်၊ Google Drive ရဲ့ "Trash" ထဲကို သွားပါ။ ဖျက်ထားတဲ့ဖိုင်တွေကို ၃၀ ရက်အတွင်း ပြန်လည် ကယ်တယ် (restore) လို့ရနိုင်ပါတယ် ။ ဒီထက်ကျော်လွန်သွားရင်တော့ Tenorshare 4DDiG Data Recovery လို professional data recovery software တွေကို အကူအညီယူဖို့ လိုအပ်နိုင်ပါတယ် ။
💎 Gmail storage ပြည့်သွားတယ်ဆိုတာ စိတ်ရှုပ်စရာကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမယ့်၊ အဆင့်ဆင့် စနစ်တကျ ရှင်းလင်းသွားမယ်ဆိုရင် အဆင်ပြေသွားမှာဖြစ်ပါတယ်။
· ပထမဆုံး Gmail ထဲက အကြီးစား ဖိုင် တွေနဲ့ Spam/Trash ကို ရှင်းလင်းကြည့်ပါ။
· ပြီးရင် Google Drive နဲ့ Google Photos ကို ဆက်ရှင်းပါ။
· နေရာတွေ ဆက်လက်မလုံလောက်သေးရင် Google One subscription ကို စဉ်းစားပါ။
အရေးအကြီးဆုံးကတော့ ဒီလိုမဖြစ်ခင်ကတည်းက ပုံမှန် ရှင်းလင်းတတ်တဲ့ အလေ့အထ မွေးမြူထားဖို့ ပဲဖြစ်ပါတယ်။
16/08/2025
အိမ်နဲ့စျေးကဝေးတယ်
အိမ်နားက City mart ကလဲငါးဝယ်မရလို့
ရယ်ဒီမိတ်မုန့်ဟင်းခါးဘူး ၊ မုန့်ဖက်ခြောက် ၊ ကြက်ဉ ၊ ကြက်သွန်နီ ၊ သံပရာသီး ရှိရင် ခုလိုအလွယ်ချက်စားလို့ရပြီ
၁ဘူးဆို နှစ်ယောက်စာ ၄ ပွဲလောက်ရတယ် ၊ အရည်
ပျစ်တာကြိုက်ရင် ပွဲရေနည်းမယ်
OBO ဒီတံဆိပ်ကောင်းတယ် အဖုံးဖွင့်တာနဲ့ မွှေးနေရောပဲ ၊ အငံကြိုက်ရင် ငံပြာရည်ထပ်ဖြည့်တယ် ၊ ခုထိတော့ အဆင်ပြေလို့ ဒီဘူးပဲ ဝယ်စားတာများတယ်
အိမ်ချက် မုန့်ဟင်းခါးဘူး တခါဝယ်ဖူးတာ အဖုံးလဲဖွင့်လိုက်ရော အထဲကပျက်နေပြီး နံလိုက်တာ ပစ်ပလိုက်ရတယ် (exp date ကတော့ အဝေးကြီးကျန်သေးပေမဲ့ error ပါတာထင်ပါတယ်) နောက်မဝယ်ဖြစ်တော့ဘူး
ကိုယ်တွေလို မုန့်ဟင်းခါးကြိုက်တဲ့မိတ်ဆွေတွေအတွက် ညွှန်းပေးတာပါ
ကိုယ်တိုင်ချက်စားရတာတော့ ပိုကြိုက်ပါတယ် ၊ ဒါက အလွယ်ချက်ချင်တဲ့အခါ အဆင်ပြေလို့ပါ
☘️Honest Review by Saw☘️
16/8/25(Sat)
အသက်မွေးဝမ်းကြောင်းပညာရပ်တွေအများကြီးရှိတဲ့ထဲမှာ
Engineer ဆိုတဲ့ သက်မွေးပညာရပ်အကြောင်းပြောပြပါရစေ
ကျောင်းမှာသင်လာခဲ့တာအများစုက Practical လက်တွေ့ထက် Theory စာတွေ့ပိုများတယ် ၊ ကျောင်းပြီးလို့လုပ်ငန်းခွင်ဝင်တော့လဲ ရွေးချယ်စရာလမ်းကျောင်းတွေများတော့ အများစုက ဝါသနာနောက်လိုက်ကြတာများပါတယ် ၊ အချို့ကလဲ ဘာဝါသနာပါလို့ပါမှန်းမသိပဲ ရှိတတ်တယ်
✨ရုံးထဲထိုင်ပြီး အလုပ်လုပ်ရတာမကြိုက်ရင် Site Engineer လုပ်မလား
✨ပုံဆွဲဝါသနာပါရင် Drafter လုပ်မလား
✨တွက်ချက်ရတာကြိုက်ရင် Quantity Surveyor လုပ်မလား
✨Quality မှန်မမှန်စစ်ဆေးရတာ ၊ ပြစ်ချက်ရှာရတာကြိုက်ရင် QA/QC လုပ်မလား
✨Theory တွေနဲ့ တွက်ထုတ်ရတာ ဝါသနာပါရင် Designer လုပ်မလား
စသဖြင့် ရွေးချယ်စရာ လမ်းကြောင်းတွေအများကြီးရှိပါသေးတယ်
ကျောင်းပြီးတာနဲ့ အလုပ်ချက်ချင်းဝင်လို့ရတဲ့ သက်မွေးပညာရပ် ၁ခုပါပဲ
Social skill ကောင်းတဲ့သူဆို ကျောင်းတက်ရင်း အတွေ့အကြုံယူရင်း လစာရကြသလို ၊ ကျောင်းပြီးတာနဲ့ ချိတ်ဆက်ပြီး အလုပ်ချက်ချင်းဝင်ကြတာလဲ ရှိပါတယ်
အချို့က လမ်းကြောင်း ၁ခုကိုလုပ်နေရင်း အခြားလမ်းကြောင်းကို ကူးပြောင်းသွားတာလဲရှိတယ်
အချို့က ကျောင်းပြီးတည်းက လမ်းကြောင်း၁ခုတည်းမှာလုပ်နေရင်း အတွေ့ကြုံများလေ ရာထူးတွေတက် လစာတွေပိုများလာတာလဲရှိတယ်
Full time ဝန်ထမ်းဘဝ စိတ်ကုန်ပြီး Freelancer လုပ်နေသူတွေလဲရှိတယ်
ဝန်ထမ်းဘဝမှာ အတွေ့အကြုံရပြီးနောက် ကိုယ်ပိုင် company တည်ထောင်ပြီး Service ပေးသူတွေလဲရှိတယ်
ကိုယ်ကကျ ဝန်ထမ်းဘဝမှာ လမ်းကြောင်းမျိုးစုံပြောင်းခဲ့တဲ့သူထဲပါတယ် (Generalist ပေါ့ )
ကိုယ့်အမျိုးသားကကျ ကျောင်းပြီးထဲက Site field ထဲမှာပဲ လုပ်လာတော့ လမ်းကြောင်း ၁ခုတည်းလျှောက်သူထဲပါတယ် ( Specialist ပေါ့ )
ဘွဲ့ရတဲ့မေဂျာတူ ၊ ကျောင်းတူ ၊ အသက်တူတာတောင် ခံယူချက်ချင်းမတူကြဘူး
၂ယောက်သား ဝန်ထမ်းဘဝကထွက်ပြီး ကိုယ်ပိုင်အလုပ်လုပ်မယ်ဆိုတော့ ငွေကြေးအရင်းနှီးလဲမထုတ်ရတဲ့ Service ပေးရတဲ့အလုပ်ပဲရွေးဖြစ်တယ်
ကိုယ်တွေသင်ထားတဲ့ပညာရယ် အလုပ်ကသင်ပေးတဲ့ ပညာတွေနဲ့ပဲ Service ပေးလာတာ အရင်းအနှီးဆိုလို့ စကားတွေပြောရတာရယ် ၊ ခေါင်းသုံးရတာပဲရှိတယ် ၊ ငွေကြေးတော့ ခုထိ မစိုက်ထုတ်ရသေးဘူး
သက်မွေးပညာရပ် ဆိုတဲ့အတိုင်းပဲ ဘယ်နေရာရောက်ရောက် ၊ ဘယ်အခြေနေရောက်ရောက် ၊ ဘယ်နိုင်ငံရောက်ရောက် စားဝတ်နေရေးအတွက် မပူရဘူး ၊ တကယ်လုပ်ချင်ရင် အလုပ်ကမရှားပါဘူး
☘️ဝန်ထမ်းဘဝ လုပ်ရတဲ့အခါ☘️
မြန်မာပြည်မှာတော့ ရာထူး၁ခုပေးထားပြီး အစုံလုပ်ရတတ်ပြီး လစာရတာနည်းပေမဲ့
နိုင်ငံခြားမှာဆို ရာထူး ၁ခုကို သေချာတာဝန်ယူလုပ်ပေးရပြီး လစာလဲ အများကြီးရနိုင်တဲ့ သက်မွေးပညာရပ် ၁ခုပါ
☘️ကိုယ်ပိုင် Company တည်ထောင်ပြီး Service ပေးတဲ့ အလုပ်လုပ်ရတဲ့အခါ☘️
✨ကံ ၊ ညဏ် ၊ ဝီရိယ ရှိဖို့တော့ လိုအပ်ပါတယ်
✨ရိုးသားပြီး ကြိုးစားဖို့လဲလိုတယ်
✨အလုပ်ကိုလေးစားပြီး အလုပ်အပ်တဲ့ Client တွေကိုလဲ လေးစားဖို့လိုတယ်
✨အလုပ်တွေအများကြီးရဖို့ထက် ရတဲ့အလုပ်လေးတွေကိုအဆုံးထိပြီးအောင် တာဝန်ယူလုပ်ဆောင်ပေးဖို့လိုတယ်
✨အလုပ် ၁ခု ပြီးတဲ့အခါမှာလဲ နာမည်ကောင်းကျန်ခဲ့ဖို့လိုပါတယ် ဒါမှ ပြီးခဲ့တဲ့အလုပ်နဲ့ ပတ်သတ်ပြီး အလုပ်သစ်တွေ ထပ်ပေါ်လာမှာပါ
ကိုယ့်ရဲ့ Junior Engineers တွေအတွက် အတွေး၁ခုတော့ ရမယ်ထင်ပါတယ်
ကိုယ့်သား ၊ သမီး ၊ တူ ၊ တူမ တွေထဲမှာ Engineer ဖြစ်ချင်တဲ့သူတွေရှိရင်လဲ ဗဟုသုတအနေနဲ့ ရှင်းပြပေးလို့ရအောင်ပါ
အားလုံးပဲ ဝါသနာနဲ့ဘဝ ထပ်တူကျကြပါစေ 🙏🏼
Sharing by Saw 👷🏻♀️
29/6/25(Sunday)
17/06/2025
အစွမ်းထက်တဲ့ ဒိဝါတပတိ ဂါထာ
ပုံမှန်လေး ရွတ်ဖတ်ပေးရပါမယ်
မရွတ်တတ်ရင် cb လာမေးပါ ရွတ်ပြပေးပါမယ်
အားလုံးပဲ အကျိုးများကြပါစေ ☘️
17/06/2025
စလုံးမှ ဆောက်လုပ်ရေး လုပ်ငန်းခွင်
ရထားရပ်တုန်း ရိုက်ထားခဲ့တာပါ
ကုန်တိုက်ဆောက်နေတာဖြစ်မယ်
