မိုင်းဖုန်းဆရာတော် ဘန်ကောက်ရောက်ရှိပြီး
ရှမ်းဘာသာဖြင့် တရားဟောကြား
ၶူးဝႃးၸဝ်ႈပေႃႈသိၼ်ထမ်းဝုၼ်းၸုမ်ႈ မဵတ်ႉတႃႇတြႃး တီႈမိူင်းၵွၵ်ႇ
Sao Vepulla
တရားတော်များ
22/10/2025
စင်ကာပူနိုင်ငံ၊ အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရကျောင်း အတွင်းမှာ
ခွန်ငဲဆန်း + နန်းစိန်မြ တို့၏ မင်္ဂလာ ဆွမ်းဦးအလှူ
ကောင်းမှု
ရာသက်ပန် ပေါင်းသင်းနိုင်ပါစေ။
A big congratulations to you!
ပါချုပ်ဆရာတော် ဖြေကြားတော်မူသော “အဘိဓမ္မာ မလေ့လာပဲ တရားအားထုတ်ရင် ရပါသလား”
24/09/2025
ပါမောက္ခချုပ်ဆရာတော် ရှင်းပြသည့်
"ပါရမီ ၁၀ ပါး"
____________
ပါရမီ ၁၀-ပါးအနက် မည်သည်က အရေးအကြီးဆုံးဖြစ်၍
အရေးကြီးသည်ကို အစဉ်လိုက် စီထားခြင်း ဖြစ်ပါသလား။
မဟုတ်ဘူး။ အရေးကြီးလို့ရယ်လို့ မဟုတ်ဘူး။ ဖြစ်စဉ်လေး တစ်ခုအနေနဲ့ ပါရမီ၁၀-ပါးကို စဉ်ထားတာ။ ဖြစ်စဉ်လေးတစ်ခု ပြောပြမယ်ဆိုရင် လူတွေအပေါ်မှာ မေတ္တာထားတယ်။ မေတ္တာထားသည့်အတွက်ကြောင့် လက်တွေ့ပြတဲ့အနေနဲ့ သူတို့ကို ဝေငှပေးကမ်းတယ်၊ ဒါ မေတ္တာရှိပြီဆိုရင် ပစ္စည်းပေးတယ်လေ၊ ပေးကမ်းမှုက လွယ်တယ်။ ဒါကြောင့်မို့ မေတ္တာရှိတာကို အကြောင်းပြုပြီးတော့ ဒါနဆိုတာ ပြုလို့လွယ်လို့ #ဒါနပါရမီကို ပထမဆုံး ထားတယ်။
လူတစ်ယောက်အပေါ်မှာ မေတ္တာရှိလို့ ပေးတာကမ်းတာနဲ့ မလုံလောက်ဘူး။ သူတို့ ထိခိုက်နစ်နာမှု မဖြစ်အောင် သီလလည်း ဆောက်တည်တယ်၊ #သီလပါရမီ။ ပါဏာတိပါတကြောင့် တစ်ဖက်သားတွေကို အထိအခိုက် မဖြစ်တော့ဘူး။ ဒါနကလည်း တစ်ဖက်သားကို အကျိုးပြုတယ်။ သီလကလည်း တစ်ဖက်သားကို အကျိုးပြုတယ်။
ပြီးတဲ့အခါ ဒီသီလကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ တစ်ခါတစ်ခါ လူ့ အသိုင်းအဝိုင်း အရပ်ထဲမှာနေရင် လုံချင်မှလုံတယ်။ အနှောင့်အယှက်တွေ ဖြစ်တယ်။ ဒါကြောင့်မို့ နေက္ခမ္မ renounce ထွက်ခွာပြီးတော့ တစ်နေရာ နေရတာ။ #နေက္ခမ္မပါရမီဆိုတာ ဖြစ်တယ်။
အဲဒီလို ထွက်ခွာပြီးတော့ သတ္တဝါတွေရဲ့ အကျိုးကို ဆောင်ရွက်တယ်၊ ဒီလို ဆောင်ရွက်တဲ့အခါမှာ အသိဉာဏ်ဟာ အရေးကြီးလို့ #ပညာပါရမီ ဆိုတာ ဖြည့်ရတယ်။ အသိဉာဏ်ရှိမှ မှန်မှန်ကန်ကန် လုပ်နိုင်တယ်။
နောက်တစ်ခါ အသိဉာဏ်ရှိဖို့ အားလုံးဟာ ကြိုးစားမှ ဖြစ်တာ ဖြစ်သောကြောင့် #ဝီရိယပါရမီ ဆိုတာလည်း လုပ်ရမှာဖြစ်တယ်။
ကြိုးစားတဲ့အခါမှာ အခက်အခဲတွေ ကြုံတယ်။ ထိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ရာ သည်းခံနိုင်စွမ်းရှိရမယ်။ #ခန္တီပါရမီဆိုတာ ပြည့်တယ်။
နောက်တစ်ခါ ကတိတည်ရမယ်။ ကတိတည်ခြင်းဟာ အများရဲ့ မေတ္တာကို ရရှိနိုင်တာဖြစ်သောကြောင့် ကိုယ်လုပ်တဲ့အလုပ်ဟာ ကတိတည်တဲ့ အလုပ် ဖြစ်ရမယ်၊ #သစ္စာပါရမီ၊
နောက် ကုသိုလ်ကောင်းမှုလုပ်တဲ့ အခါမှာ စွဲစွဲမြဲမြဲလုပ်ဖို့ လိုအပ်တယ်။ လုပ်ချင်တဲ့အခါ လုပ်မယ်၊ မလုပ်ချင်တဲ့အခါ မလုပ်ဘူး မဖြစ်ရအောင် အဓိဋ္ဌာန်နဲ့ လုပ်ဖို့လိုတယ်၊ #အဓိဌာနပါရမီ။
နောက် ထပ်ပြီးတော့ သတ္တဝါအားလုံးအပေါ်မှာ မေတ္တာထားနိုင်တယ်။ အကျိုးစီးပွားကို လိုလားတဲ့မေတ္တာ ထားနိုင်တယ်၊ #မေတ္တာပါရမီ။
အဲဒီလို ကိုယ်မေတ္တာထားတဲ့ ပုဂ္ဂိုလ်ဆီက တုန့်ပြန်မှု ဘာပဲဖြစ်ဖြစ် မမျှော်လင့်တာက #ဥပေက္ခာပါရမီ၊ လောကလူတွေက ကိုယ်က မေတ္တာ ထားလို့ရှိရင် သူ့ဆီက တုန့်ပြန်တာကို မျှော်လင့်ကြတယ်။ အဲဒီမျှော်လင့်မှု မရှိမှ ဥပေက္ခာပါရမီလို့ ဒီလိုဆိုလိုတယ်။
ဒါကြောင့်မို့ ပါရမီ ၁၀-ပါးဟာ ဖြစ်စဉ်လေးနဲ့ တစ်ခုနဲ့တစ်ခု ထိန်းသွားတဲ့သဘောမျိုး၊ ဒါနကစပြီးတော့ အစဉ်လိုက် စီထားတာ အဲဒီအဓိပ္ပာယ် ရှိတယ်။
ပါမောက္ခချုပ်ဆရာတော်ကြီး
ပါမောက္ခချုပ်ဆရာတော် ဟောကြားသည့် လိုအင်ဆန္ဒ ၄ မျိုး ပြည့်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ
လောကဓံကို ကျော်လွားစေနိုင်တဲ့ မုဒိတာ တရားတော်
19/09/2025
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
🙏🙏🙏
တရားအေတာ် အဆုံးအမ
“ကုသိုလ်စိတ်ဖြစ်အောင် လေ့ကျင့်ရမည့်
အချက် ( ၄) ချက်”
= = = = = = = = = = = = = = =
(၁ ) Determination " နိယမိတ "
ကိုယ့်ရဲ့ စိတ်ကို ဆောက်တည်ထားရမယ်။
ကုသိုလ်ပဲ ဖြစ်စေရမယ်ဆိုတဲ့ စိတ်ဓာတ်ထားရမယ်။
ဘယ်အာရုံတွေ့တွေ့ အကုသိုလ် မဖြစ်စေရဘူး။
ကုသိုလ်ပဲ ဖြစ်စေရမယ် ဆိုတဲ့ စိတ်ရဲ့
resolution ပေါ့၊ ဆုံးဖြတ်ချက် ရှိရမယ်။
ဒါကို စာပေမှာ " နိယမိတ " လို့ ခေါ်တယ်။
ကိုယ့်စိတ်ထဲက သတ်မှတ် ဆုံးဖြတ်ထားတာ။
( ၂) Inclination " ပရိဏာမိတ "
ကိုယ့်စိတ်ကလေးက အမြဲပဲ ကောင်းတဲ့ ဘက်ကို
ညွှတ်ကိုင်းအောင် လေ့ကျင့်ပေးထားရမယ်။
အမြဲတမ်း စိတ်ကို ကုသိုလ်ဘက် ညွှတ်နေအောင် လုပ်ပေးထားရမယ်။
( ၃) Attention " အာဘုဇိတ "
နှလုံးသွင်းခြင်း၊ ကုသိုလ်ဘက်က လှည့်တွေးတယ်။ ဘယ်တော့ဖြစ်ဖြစ် အပြစ်ကင်းတဲ့ ဘက်က တွေးတယ်။ ကောင်းတဲ့ဘက်က နှလုံးသွင်းတယ်။
" ယောနိသောမနသိကာရ "
(၄) Practice " သမုဒါစာရ "
အလေ့အကျင့်၊ ကုသိုလ်ဖြစ်ဖို့
အလေ့အကျင့် ရနေခြင်း။ ဆိုပါစို့။
ပန်းတွေ့တဲ့အခါ ဘုရားပန်း အမြဲတင်နေတဲ့ ပုဂ္ဂိုလ် တစ်ယောက်ဟာ ပန်ဦးမယ်ဆိုတဲ့ စိတ်ကူးမရဘူး။
ဘုရားပန်း လှူဦးမှပဲ ဆိုတဲ့ စိတ်ကူးရတယ်။
ဘာဖြစ်လို့တုန်းဆိုတော့ သူ့အလေ့အကျင့်က
ပန်းလှူတဲ့ အလေ့အကျင့် ရှိပြီးသား။
ခေါင်းပေါ်မှာ ပန်တဲ့ အလေ့အကျင့် ရှိတဲ့
ပုဂ္ဂိုလ်က ပန်ဖို့ပဲ စိတ်ကူးမှာပဲလေ။
အဲဒါအလေ့အကျင့်လို့ ခေါ်တယ်။
အဲဒီအလေ့အကျင့်လေးတွေကလည်း
အင်မတန်မှ အရေးကြီးတယ်။
အဲဒီထဲမှာ အရေးအကြီးဆုံးကတော့ Attention ပဲ။
" ယောနိသောမနသိကာရ " က အရေးကြီးဆုံးပဲ။
ကုသိုလ်ဖြစ်ဖို့ရာ အတွက် အာရုံကတော့ ဒါပဲ။
ပါမောက္ခချုပ်ဆရာတော် ရှင်းပြသည့် ပရိတ်တော်ရဲ့အဓိပ္ပါယ်
ဘယ်လို စိတ်ကောင်းထားရမလဲ
လောကမှာ အမြတ်ဆုံးကုသိုလ်အကြောင်းက ဘာလဲ
သဒ္ဓါ နှင့် အသိဉာဏ် ပဋ္ဌာန်းပူဇော်ရင် ပိုတန်ဖိုးကြီးမာတယ်
#ပဋ္ဌာန်း
11/09/2025
အမေရိကန်တွေ နမျောနေတဲ့သူ
အသက် ၃၁ နှစ် ချားခိတ့် အသတ်ခံရတာ ကံကြမ္မာဆိုးလိုက်တာ
Click here to claim your Sponsored Listing.
Location
Category
Contact the business
Telephone
Website
Address
307912
