Healthy Food For You

Healthy Food For You

แชร์

အရသာရှိပြီး လွယ်ကူမြန်ဆန်တဲ့
ချက်နည်းလေးတွေ တင်ပေးမှာမလို့
Page ကို Like and Follow လုပ်ခဲ့ပေးနော် 💛

31/01/2026

ငါ တယောက်ထဲ မှတ်နေတာ
အာချောင်တဲ့သူတွေ များသားဟ 😂😂😂

😞😞😞😞😞😞😞😞😞😞😞😞😞😞😞😞😞

တွေ့မယ်ပြောပြီး မတွေ့ဖြစ်ကြတဲ့ 'အားတဲ့ရက်' ပေါင်းများစွာ...

တစ်ခါတလေကျတော့လည်း အာချောင်ချင်လို့ မဟုတ်ဘဲ 'အဆင်မပြေမှုတွေ' ကြောင့် လူလုံးမပြချင်တာမျိုးလည်း ပါတာပေါ့

အလုပ်အကိုင်တွေ အဆင်မပြေတဲ့အခါ သူငယ်ချင်းတွေနဲ့ တွေ့ရင်တောင် စိတ်လက်ပေါ့ပါးစွာ မရယ်နိုင်မှာစိုးလို့ ရှောင်နေမိတာမျိုး

အားလုံးပဲ အဆင်ပြေတဲ့တစ်နေ့ကျမှ အဲ့ဒီ 'အားတဲ့ရက်' တွေ တကယ်ဖြစ်လာပါစေဦးတော့

အခုတော့ ဖုန်းထဲမှာပဲ အာချောင်ရင်း တစ်ယောက်ကိုတစ်ယောက် လွမ်းနေရတာပေါ့ 😒😒😒

Photos from Healthy Food For You's post 31/01/2026

ရိုးရိုးကွိုင်မီးဖို #မကပ်အိုး နဲ့

#ကိတ်မုန့် ဖုတ်ကြည့်တာ အဆင်ပြေတယ်လို့ 😊

30/01/2026

အသက်ကြီးလာလို့များလားမသိ 😁😁😁😂😂😂

အကြောတင်းလာတာ 😁😁😁😂😂😂

Photos from Healthy Food For You's post 30/01/2026

ဒီနေ့တော့ သားသားမီးမီးတို့ကို အင်္ဂလိပ်စာသင်တန်း ထားချင်တဲ့ မေမေတို့အတွက် ကိုယ်တိုင်စိတ်ချမ်းသာခဲ့ရတဲ့ VELC သင်တန်းကျောင်းလေးအကြောင်း Review လေး ရေးပေးချင်ပါတယ်။
​အမှန်တိုင်းပြောရရင် ကလေးကို သင်တန်းထားပြီဆို
အိမ်မှာ စာပြန်ကူလုပ်ပေးရမှာ၊ စာပြန်နွှေးပေးရမှာတွေကို အမြဲစိုးရိမ်ရတာပါ။ ဒါပေမဲ့ VELC မှာ ထားပြီးတဲ့နောက်ပိုင်း ​​ဒီမေမေတကယ်ကို စိတ်အေးသွားရတယ်။
​ဘာတွေ အကြိုက်ဆုံးလဲဆိုရင်တော့...

ကျောင်းရဲ့ စည်းကမ်းနဲ့ စနစ်က တကယ့်ကို တိကျသေချာတာ။ ကလေးတွေက အလိုလိုနေရင်း စနစ်တကျ ရှိလာကြတယ်

အတန်းထဲမှာ ဆရာမ ၂ ယောက်တောင် ရှိတာဆိုတော့ ကိုယ့်ကလေးကို မျက်ခြေမပြတ် ဂရုစိုက်ပေးနိုင်တယ်။ တစ်ယောက်က သင်နေချိန်မှာ နောက်တစ်ယောက်က ကလေးတွေ လိုက်နိုင်ရဲ့လားဆိုတာကို သေချာကြည့်ပေးတော့ ကလေးက စာမရမှာ ပူစရာမလိုတော့ဘူးလေ။

သင်တန်းမှာ Exam လေးတွေ ပုံမှန်ရှိပေးတော့ ကလေးက ဘယ်လောက် တိုးတက်လာလဲဆိုတာ မေမေတို့က ရှင်းရှင်းလင်းလင်း သိနေရတာပေါ့။

ဒါကတော့ မေမေတို့အတွက် အသာယာဆုံး အချက်ပဲ။ ကျောင်းမှာတင် ဆရာမတွေက အကုန်ပြီးအောင် သင်ပေးလိုက်တာဆိုတော့ အိမ်ရောက်ရင် မေမေတို့မှာ စာပြန်ကူလုပ်ပေးစရာ မလိုတော့ဘူး။

မေမေလည်း စိတ်ချမ်းသာ၊ ကလေးလည်း အပန်းမကြီးတော့ဘူးပေါ့။
​ကလေးကို သင်တန်းတစ်ခုခု ထားချင်ပေမဲ့ စာလိုက်ကူလုပ်ပေးရမှာ ပျင်းနေတဲ့ မေမေတို့၊ ကလေးကို စနစ်တကျ သင်စေချင်တဲ့ မေမေတို့အတွက် VELC ကတော့ တကယ့်ကို အသင့်တော်ဆုံးပါပဲ။ မေမေကတော့ တကယ် စိတ်ချမ်းသာရလို့ တခြားမိဘတွေကိုပါ လက်တို့ပေးလိုက်ပါတယ်ရှင်။ ❤️

30/01/2026

တခြားသူတွေရဲ့ ဘဝနဲ့ နှိုင်းယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ်

သေးငယ်တယ်လို့ မခံစားပါနဲ့ မင်းလျှောက်နေတဲ့

လမ်းကြောင်းက မင်းအတွက် အသင့်တော်ဆုံးပါပဲ။

ပြီးပြည့်စုံနေဖို့ မလိုပါဘူး၊ မင်းရှိနေပေးတာနဲ့တင်

လုံလောက်နေပါပြီ စိတ်ပင်ပန်းနေတဲ့ အခါတွေမှာ

အသက်ကို ဝဝရှူလိုက်ပါ

အရာရာဟာ အချိန်တန်ရင် အဆင်ပြေသွားမှာပါ🤍

Photos from Healthy Food For You's post 29/01/2026

ဒီ​နေ့ Seasons 50% တို့တော့လူမတိုးနိုင်လို့မရလိုက်ဘူးကွယ် ယူတို့ရော ဝယ်လို့ရလိုက်ကြလား 😔😔

Photos from Healthy Food For You's post 29/01/2026

အိမ်မှာလုပ်တဲ့ #နံပြား ဆိုင်ကထက်

ဘာကြောင့်ပိုကောင်းလဲ သိလား❓❓❓

အဖြေကတော့ သန့်ရှင်းမှုနဲ့ အပိုဆောင်း

ထည့်ထားတဲ့ မေတ္တာတရား​ကြောင့်ပါပဲ🥰

Photos from Healthy Food For You's post 26/01/2026

ကလေးစာမေးပွဲဖြေမှာလား၊ ကိုယ်ဖြေမှာလား ဝေခွဲမရတော့တဲ့ မေမေတို့ရှိလား? 😂

​ကလေးက မေ့ချင်မေ့မယ်၊ ကိုယ်ကတော့ တစ်အုပ်လုံး အလွတ်ရနေပြီ! 🤦‍♀️

ဒီနေ့တော့ ဟင်းမချက်အားဘူး... ကြက်ဥကြော်နဲ့ပဲ စာကျက်ကြစို့ 🍳

စာမေးပွဲရာသီမှာ ဟင်းမချက်အားဘဲ စာအုပ်နဲ့ နပန်းလုံးနေရတဲ့ အ​ဖြစ်တူတဲ့မေမေတွေ မန့်ခဲ့ပါဦး 😁😂

Photos from Healthy Food For You's post 24/01/2026

အရင်ဆုံး ဒီလိုအရသာရှိတဲ့ ရေဘဝဲသုပ်လေးကို လက်ဆောင်ပေးတဲ့ ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်

​ရေဘဝဲအသားက လုံးဝလတ်ဆတ်ပြီး ကိုက်လိုက်ရင် ထွက်လာတဲ့ အသားရဲ့ အချိုဓာတ်နဲ့ ဝါးရတာလည်း တင်းတင်းအိအိလေးနဲ့ အတော်ပဲ

ဆော့စ်ကတော့ တကယ်ကို "အသက်" ပါပဲ အချဉ်၊ အစပ် အရသာ မျှတရုံတင်မကဘဲ ရှူးရှူးရှဲရှဲနဲ့ ဆွဲဆောင်မှုရှိတဲ့ အရသာမျိုး ရေဘဝဲနဲ့ ဆော့စ်နဲ့ဆိုရင် ဆော့စ်က ပိုတောင်ကောင်းနေသလား ထင်ရတယ် တကယ်ပြောတာနော် 😁

သန့်သန့်ရှင်းရှင်းနဲ့ သေသပ်တဲ့ ဘူးလေးနဲ့မို့ စားရတာလည်း စိတ်ချမ်းသာဖို့ကောင်းတယ်။

စားနေရင်းနဲ့ ကုန်သွားမှာတောင် စိုးရိမ်ရတဲ့အထိ အရသာရှိလွန်းလို့ လက်တို့ပေးလိုက်တယ်နော် ရေဘဝဲအသား လတ်လတ်ဆတ်ဆတ်ကိုမှ ဆော့စ်အလန်းစားနဲ့ စားချင်တယ်ဆိုရင်တော့ က အကောင်းဆုံး ရွေးချယ်မှုပါပဲ

22/01/2026

Seasons. 50% Discount လေး ဝယ်ခဲ့ပြီ

21/01/2026

မနက်ဖြန် 22.1.2026 Seasons ဆိုင်ခွဲတိုင်းမှာ

30000 ဝယ်ရင် 50% off

Ready 😍

19/01/2026

#​ဈေးခြင်းတောင်းလေးကို ကိုင်ပြီး ဘယ်ဆိုင်ရှေ့မှာ ရပ်ရမှန်းမသိအောင် ဝေခွဲမရဖြစ်ဖူးပါသလား...

​မနက်လင်းလို့ မျက်လုံးပွင့်တာနဲ့ အိမ်ရှင်မတစ်ယောက်ရဲ့ ခေါင်းထဲမှာ အချက်ပေးသံတစ်ခုက အမြဲတမ်း မြည်နေတတ်ပါတယ်။ "ဒီနေ့ ဘာချက်မလဲ?" ဆိုတဲ့ မေးခွန်းပါ။ အရင်ကတော့ ဒီမေးခွန်းဟာ မိသားစု ဘာစားချင်လဲဆိုတဲ့ "မေတ္တာ" ကို အခြေခံခဲ့ပေမယ့်၊ အခုတော့ ဒီမေးခွန်းက "သောက" တစ်ခုလို အိမ်ရှင်မတွေရဲ့ ရင်ကို ဖိစီးလာစေပါတယ်။

​အဝတ်လဲ၊ ဈေးခြင်းတောင်းလေးဆွဲပြီး ဈေးထိပ်ရောက်တဲ့အခါ ခြေလှမ်းတွေက အလိုလို တုံ့ကနဲ ရပ်သွားတတ်ပါတယ်။ ဆိုင်တိုင်းမှာ ကပ်ထားတဲ့ ဈေးနှုန်းတွေက မနေ့ကနဲ့မတူဘဲ တစ်ရိပ်ရိပ် တက်နေတာကို မြင်ရတဲ့အခါ လက်ထဲက ငွေစက္ကူလေးတွေကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိတယ်။

​"အသားတန်းကို သွားရမလား၊ ငါးဆိုင်ဘက် လှည့်ရမလား၊ ဒါမှမဟုတ် ဟင်းရွက်သည် ရှေ့မှာပဲ ဒီနေ့အတွက် ပြီးလိုက်ရမလား..."
​ဝင်ငွေက အတုန်းအရုံး၊ ကုန်ဈေးနှုန်းက အတက်အကျမရှိ အမြဲတမ်း အပေါ်ကိုပဲ ထိုးတက်နေတဲ့အခါ အိမ်ရှင်မတစ်ယောက်ရဲ့ ဦးနှောက်ဟာ အဆင့်မြင့် သင်္ချာပညာရှင်တစ်ယောက်ထက်တောင် ပိုပြီး တွက်ချက်နေရပါတယ်။
​သားသမီးတွေကို အာဟာရပြည့်စေချင်တယ်၊ အမျိုးသားကို လုပ်ငန်းခွင်မှာ အင်အားရှိစေမယ့် ဟင်းကောင်းလေးတစ်ခွက် ကျွေးချင်တယ်။ ဒါပေမယ့် ဆီတစ်ဘူး၊ ကြက်သွန်တစ်ပိဿာ ဝယ်လိုက်ရုံနဲ့ လက်ထဲက ပိုက်ဆံက တစ်ဝက်ကျော် ပျောက်ကွယ်သွားတဲ့အခါ... ရင်ထဲမှာ ဟာကနဲ ဖြစ်သွားရတာ အိမ်ရှင်မတိုင်း သိကြပါလိမ့်မယ်။

​ဟိုးအရင်က "ဟင်းကောင်း" ဆိုတာ အသားအဆီအနှစ်တွေနဲ့ ဝေေဝဆာဆာ ချက်ထားတာကို ဆိုလိုခဲ့ပေမယ့်၊ ဒီနေ့ခေတ်မှာတော့ "မိသားစု စုံစုံလင်လင်နဲ့ ဗိုက်ဝရုံ၊ အာဟာရဖြစ်ရုံ" ဖန်တီးပေးနိုင်တာကိုက ဇနီးသည်တစ်ယောက်၊ မိခင်တစ်ယောက်ရဲ့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်လာခဲ့ပါပြီ။

​ဈေးခြင်းတောင်းလေးထဲမှာ အသားတွေ၊ ငါးတွေ အပြည့်မပါလာခဲ့ရင်တောင်...
ချွေးတလုံးလုံးနဲ့ မီးဖိုချောင်ထဲမှာ အကောင်းဆုံးဖြစ်အောင် ဖန်တီးနေတဲ့ အိမ်ရှင်မတွေရဲ့ လက်ရာမှာ "အကြင်နာ" ဆိုတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အပြည့်ပါဝင်နေပါတယ်။
​ဒါကြောင့် ဒီနေ့ဈေးထဲမှာ ဝေခွဲမရဖြစ်နေတဲ့ အိမ်ရှင်မတို့ရေ... ခက်ခဲတဲ့ကာလမှာ မိသားစုအတွက် အကောင်းဆုံး ကြိုးစားပေးနေတဲ့ သင့်ရဲ့ မေတ္တာဟာ ဘယ်ဟင်းကောင်းထက်မဆို ပိုပြီး တန်ဖိုးရှိပါတယ်။ စိတ်ဓာတ်မကျပါနဲ့၊ ဒီခက်ခဲတဲ့နေ့ရက်တွေကို ကျွန်မတို့ အတူတူ ဖြတ်ကျော်ကြတာပေါ့။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok Yai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

ที่อยู่


On Nut
Bangkok Yai
10250

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00