Kyay Ko

Kyay Ko

แชร์

ဖြစ်ချင်တိုင်းသာ ဖြစ်ခွင့်ရနေရင် . . . . "ဗုဒ္ဓ" က "ဒုက္ခ" ဆိုတာကို . . . .

ဘယ်ဟောခဲ့ပါ့မလဲ . . . .။


(ခက်ဆစ်)

14/05/2026

တစ်နေ့နေ့တော့လဲ

မင်းငါ့ကို တမ်းတမ်းတတ ရှိလာမှာပါ ။

မင်းဒဏ်ရာတွေကို
ထွေးပွေ့မဲ့သူ မရှိတဲ့အခါ

မင်းပြသနာတွေကို
ကူညီဖြေရှင်းပေးမဲ့သူ မရှိတဲ့အခါ

မင်းစကားတွေကို
နားထောင်ပေးမဲ့သူ မရှိတဲ့အခါ

မင်းရဲ့အရာရာကို
လက်ခံပေးမဲ့သူ မရှိတော့တဲ့အခါ

မင်းကိုနောက်ဆုံးအချိန်ထိ ကာကွယ်ပေးခဲ့ ၊
ချစ်ပေးခဲ့တဲ့ ဟောဒီ ယောကျ်ားကို
မင်း တစ်နေ့နေ့တော့လဲ သတိရလာမှာပါ ….



03/05/2026

မက်မက်မောမော ဖြစ်ခဲ့ရသမျှတွေ
အကုန် လွှတ်ချပြီးတဲ့နောက်
အရာရာဟာ မခက်ခဲတော့ဘူး
ပေါ့ပါးသွားတာလား အဓိပ္ပာယ်မဲ့သွားတာလား
မသဲကွဲပေမယ့်
ဘာကိုမှ မဖမ်းဆုပ်နိုင်မှန်း သိတဲ့အခါ
လွှတ်ချခြင်းကသာ တစ်ခုတည်းသော
ရွေးချယ်စရာပဲ မဟုတ်ဘူးလား
သေချာတာကတော့ တကယ်ပင်ပန်းခဲ့ပါတယ် ။

Lionel Sn

03/05/2026

ရင့်ကျက်လာတဲ့အခါ တစ်ဖက်လူ လိမ်နေမှန်းသိသိချည်းနဲ့လည်း ပြုံးပြုံးလေးနဲ့ပဲ နားထောင်ပြီး နေလိုက်တယ်။

ပိုပြီးရင့်ကျက်လာတဲ့အခါ
တစ်ဖက် မချစ်တော့ဘူးမှန်းသိသိချည်းနဲ့လည်း
တစ်ဖက်တည်းပဲ ဆက်ပြီး ချစ်နေလိုက်တယ်။

ပြန်ချစ်လာဖို့ မျှော်လင့်ချက်မပါဘူး။
မတောင်းဆိုဘူး။ ဆွဲလည်း မထားဘူး။
ဒါပေမယ့် ဒီအတိုင်း သူ့ကို ချစ်နေရတာကို
မစွန့်လွှတ်ချင်သေးလို့ပဲ။

ရှိပါတယ်၊
အဲ့လို ရင့်ကျက်တဲ့သူတွေ အများကြီးရှိပါတယ်။
ရင့်ကျက်လွန်းလို့ကို
တစ်ဖက်လူကို မျှော်လင့်ပြီး မချစ်တော့တာ၊
ဘာမှ မတောင်းဆိုတာ၊ ပြီးတော့ ဆွဲမထားတာ။

ဒါဟာ လူတိုင်း မလုပ်နိုင်တဲ့ ရင့်ကျက်တည်ငြိမ်မှုပါ။


02/05/2026

ငါ့အတွက် အချစ်ဆိုတာ
လေးစားမှု...တန်ဖိုးထားမှု...မြတ်နိုးမှု
မဖောက်ပြားမှု

ဒါတွေသာ မရှိရင်
ဘယ်လောက် ချစ်တဲ့လူ ဖြစ်နေပါစေ...

ငါ အဲ့ဒီတစ်စုံတစ်ယောက်ကို
စွန့်ပစ်ခဲ့ဖို့ဆိုလည်း ဝန်မလေးဘူး။

မင်းဖြစ်နေလို့သာ........

02/05/2026

ဒီကမ္ဘာကို ကျွန်တော်တို့ တခေါက်ဘဲ လာခွင့်ရတာပါ
နောင် နှစ်တရာ ကြာတဲ့အခါ။ ခင်ဗျားရော ကျွန်တော်ပါ မရှိကြတော့ပါဘူး။
တသက်လုံးရုန်းကန်ခဲ့ပေမယ့် အုတ်တချပ် သဲတပွင့်တောင် သယ်သွားခွင့်မရပါဘူး
တသက်လုံးစွဲလမ်းခဲ့သမျှ အချစ် အမုန်း အာဃာတ တွေလည်း ထားသွားရမှာပါ
ဘဝဆိုတာ တိုတိုလေးပါ
ဒါကြောင့်
👉🏻စားချင်တဲ့အရာ စားပါ
👉🏻သွားချင်တဲ့နေရာ သွားပါ
👉🏻တွေ့ချင်တဲ့သူကိုတွေ့ပါ
👉🏻နှစ်သက်တဲ့အလှအပတွေက်ို ကြည့်ပါ
👉🏻ဝါသနာပါတဲ့ အလုပ်ကိုလုပ်ပါ
👉🏻ဘဝဆိုတာ မူလတည်းက ပျက်စီးခြင်းတရားပါ
အသက်တရက်ကြီးလာလေလေ ရှေ့ဆက်ရမယ့် အချိန်က နည်းလေလေပါ
👉🏻ပိုက်ဆံရှ်ိနေရင် နေ့ရက်တွေ ကို ကောင်းကောင်းဖြတ်သန်းပါ
👉🏻ပိုက်ဆံမရှိရင် စိတ်ခံစားချက်က်ိုကောင်းအောင်ထားပါ
👉🏻အချိန်တွေ ကုန်လာတဲ့တနေ့ အရာအားလုံးက်ို လက်လွှတ်နိုင်ဖို့ ပြင်ဆင်ပါ
👉🏻အေးအေးချမ်းချမ်းနေပါ
👉🏻ကျန်းမာအောင်လည်း ဂရုစိုက်ပါ
👉🏻ပျော်ပျော်ရွှင်ရွှင်ရယ်မောပါ
👉🏻သင့်တင့်ရုံလောက် အလုပ်များနေရင် လုံလောက်ပါပီ
👉🏻ကိုယ့်ဘဝထဲက ဘယ်သူ့က်ိုမှ အပြစ်မတင်ပါနဲ့
👉🏻အဆင်ပြေရင် ကောင်းကောင်းဆက်ဆံပါ။ဂရုစိုက်ပေးပါ။
👉🏻အဆင်မပြေရင် အကွာအဝေးတခုမှာထားပါ။ခပ်ခွါခွါနေလိုက်ပါ။
👉🏻လောကမှာ လူမျိုးစုံ ပုံစံမျိုးစုံကြံုတွေ့ရမှာပါဘဲ
လူကောင်းတွေက သင့်က်ု ပျော်ရွှင်မှုပေးလိမ့်မယ်
လူဆိုးတွေက အတွေ့အကြံုတွေ ပေးလိမ့်မယ်
အဆိုးဆုံးဆိုရင်တော့ သင်ခန်းစာတွေရတာပေါ့
👉🏻တွေ့ဆုံမှုအားလုံးဟာ တိုက်ဆိုင်မှုမဟုတ်ပါဘူး
ဝင်လာတဲ့သူကိုတန်ဖိုးထားပါ
ထွက်သွားတဲ့သူကို လွှတ်ပေးလိုက်ပါ
👉🏻ဆုံးရှံုးရမှာကို မကြောက်ပါနဲ့
ဘာလို့လဲဆိုတော့ သင်ဆုံးရှုံးသွားတဲ့အရာတွေက အစတည်းက သင့်အပိုင်မဟုတ်လို့ပါ
👉🏻နာကျင်ရမှာလည်း မကြောက်ပါနဲ့
သင်နာကျင်နေရတဲ့အရာတွေက အစတည်းက သင့်ဘဝရဲ့ကံကြမ္မာမို့ပါ

29/04/2026

အရင်က....
သီချင်း ဆိုသိပ် မှ အိပ်တတ်တဲ့ ကလေးမ
အခုဆို ဟိုကောင် နမ်းမှ အိပ်ပျော် တာတဲ့။

28/04/2026

ချစ်ခြင်းမေတ္တာဆိုတာ
ကိုယ့်အနား ခေါ်ထားခြင်းဖြစ်တယ်လို့
အဓိပ္ပာယ် ဖွင့်ဆိုလို့မှ မရဘဲ။
ပျံသန်းခွင့် ပေးရတယ်။
ထွက်ခွာခွင့် ပြုရတယ်။
ဒီလိုပဲ တစ်ခါတလေ စွန့်လွှတ်နိုင်စွမ်းတွေနဲ့
မေတ္တာကို ထုတ်ဖော်ပြသကြရပါတယ်။


- Lionel Sn

27/04/2026

မင်းရှိမှ ဖြစ်မှာပါ ဆိုတဲ့
ငါ့ကို မင်းထားခဲ့တာ....
ကျေးဇူးပါ။
မင်းအခက်ခဲဆုံး ကာလတွေမှာ...
ငါမင်းဘေးမှာ အမြဲ အားပေးခဲ့တယ်...
ကျေးဇူးပါ။

မင်းအိပ်မရတဲ့ ညတွေ... မင်းပင်ပန်းတဲ့နေ့တွေ...
ကျေးဇူးပါ။
မင်းလိုအပ်တဲ့ အသေးဖွဲ အရာလေးတွေ....
ကျေးဇူးပါ။
ရွေးချယ်သမျှ မှန်ကန်ပါစေ တော့
သွားလမ်းသာလို့ ပြန်လမ်း ဖြောင့်ဖြူးပါစေတော့...။

27/04/2026

ဂရုစိုက်နော် ...

နောက်ဆို
အရင်လို
ဘာပဲဖြစ်ဖြစ်
​တာဝန်ယူပေးမယ့်
ကိုယ် ရှိနေတော့မှာ မဟုတ်ဘူး ။

ရှိနေချင်လဲ
မင်းရွေးခဲ့တဲ့လမ်းမို့
ကျေကျေနပ်နပ်
ကျန်ခဲ့ဖို့ပဲ တွေးပါတယ် ။

27/04/2026

လူသိရှင်ကြား ချစ်ခဲ့ကြပြီး
တိတ်တိတ်လေး ကြေကွဲရတဲ့
ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ ...

သူ က ငါ့ကို
ဘယ်လောက်ချစ်တာဆိုတဲ့
စကားလုံးတွေကျ
အာဘောင်အာရင်း သန်သန် ပြောခဲ့ပြီး

ငါတို့ လမ်းခွဲလိုက်ကြပြီဆိုတဲ့
အဖြစ်မှန်ကိုကျ
ဘယ်က စပြောရမှန်း
မသိတဲ့ အဖြစ်တွေပေါ့ ...

မင်းတို့ အဆင်ပြေရဲ့လားဆိုတဲ့
မေးခွန်းတွေကို ကြောက်လို့
ရှောင်ရင်းက
လူတွေနဲ့ တဖြေးဖြေးနဲ့ ပိုဝေးလာတဲ့ ရက်တွေရှိခဲ့ဖူးသလို

သူမရှိတော့ပါလားဆိုတဲ့
အမှန်တရားကို
ကိုယ်ကိုယ်တိုင် လက်ခံဖို့
ခက်ခဲတဲ့ ရက်တွေကောပဲ ...

အတိတ်တဲ့...
ပြီးတာက ပြီးသွားပါပြီ ...
ဒီနေ့အထိ အဲ့ဒီအတိတ်ကို
ပြန်မပြောပြချင်သေးဘူး...

မနည်း မေ့ချင်ယောင်ဆောင်နေရစဲ ကာလမို့
မျက်ရည်တွေထိန်းဖို့
မလွယ်လှဘူးလေ ။

ချစ်ခဲ့တုန်းကတော့ ...
အများကြီး ကြွယ်ပြခဲ့တာပါ

လမ်းခွဲတဲ့အချိန်ကျ
တိတ်တိတ်လေး ကြေကွဲရတာပဲ
အဆင်ပြေပါတယ်

ဘယ်မေးခွန်းအတွက်မှ
အဖြေတွေ မရှိသေးဘူး။


#ကျေးကို

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่

Bangkok