18/03/2026
အသက်အရွယ်တစ်ခု ရောက်လာတဲ့အခါမှာ
ဘဝကို အ ရင်လို အလောတကြီး
မဖြတ်သန်းချင်တော့ဘူး။
အရင် တုန်းကတော့ ကိုယ်ဘာတွေလုပ်နေလဲ၊
ဘယ်လောက် ထိ ကြိုးစားနေလဲဆိုတာကို
သူများတွေ သိစေချင် တယ်၊
အသိအမှတ်ပြုခံချင်တယ်။
ဒါပေမဲ့ အခုတော့
ကိုယ့်အလုပ်ကိုယ်လုပ်ပြီး
တိတ်တိတ်ဆိတ်ဆိတ် နေ ရတာကိုပဲ
ပိုသဘောကျလာတယ်။
လူမှုပတ်ဝန်းကျင် မှာ ကိုယ့်ရဲ့ တည်ရှိမှုကို
အတင်းအကျပ် သက်သေပြ နေရတာမျိုးတွေက တကယ်တော့ အရမ်းပင်ပန်းဖို့ ကောင်းမှန်း သိလာလို့ပါ။
ကိုယ့်ကို မေ့နေတဲ့သူတွေ၊
ကိုယ့်အနားမှာ မရှိတော့တဲ့သူတွေကိုလည်း လိုက်ပြီး အကြောင်းပြချက်တွေ တောင်းမနေတော့ဘူး။
သူတို့ဆီ က ဂရုစိုက်မှုကိုလည်း
မမျှော်လင့်တော့သလို၊
သူတို့မေ့နေရင်လည်း မေ့နေတဲ့အတိုင်းပဲ
အေးအေးဆေးဆေး လွှတ်ထားပေးလိုက်နိုင်ပြီ။
အခုချိန်မှာ အရေးကြီးဆုံးက ကိုယ့်ရဲ့ စိတ်အေးချမ်းမှု ပဲ။ လူအများကြီးနဲ့ ပတ်သက် ပြီး စိတ်ရှုပ်ခံမယ့်အစား ကိုယ်ဝါသနာပါတာလေးတွေ လုပ်၊
ကိုယ့်ရှေ့က အလုပ်တွေကို
အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ပြီး
ကိုယ့်ကိုယ်ကိုယ်ပဲ ပြိုင်ဘက်ထား ပြီး
နေထိုင်ရတာက ပိုပြီး အဓိပ္ပာယ်ရှိလာတယ်။
သူများ အမြင်မှာ ဘယ်လိုပဲဖြစ်နေပါစေ...
ကိုယ့်စိတ်ထဲမှာ ငြိမ်းချမ်းနေဖို့ကသာ လက်တွေ့ကျတဲ့ ပျော်ရွှင်မှုပဲ ဖြစ် ပါလိမ့်မယ်။
13/03/2026
နေသား မကျပေမယ့်လည်း
နေရအုံးမယ့် လောကဓံကြားမှာ
မပျော်လည်းပဲ ပျော်အောင်နေပါ ။
ဘဝဆိုတာ... အချိန်အတိုင်းအတာ
ဘယ်လောက်ထိ ကိုယ့်အတွက် ကျန်နေအုံးမယ် မသိရသေးခင် ရရှိနေတဲ့အချိန်တွေမှာ
ပျော်နေဖို့ ကအရေးကြီးတယ်မဟုတ်လား။
အမြင်တွေ စောင်းပြီး အကောင်းမမြင်လည်း
ဖြစ်ချိန်တန် ဖြစ် ပျက်ချိန်တန်လာတဲ့အခါ
ပျက်ကြရအုံးမှာပါ။အရာရာက တစ်ခဏပါပဲ
တစ်ဘဝစာ လုံးမှာ တွေ့ကြုံခဲ့သမျှ တဒဂ်တွေချည်းပဲမို့ ဘယ်အရာကိုမှ အစွဲမထားတာကောင်းပါတယ်။
မချစ်လို့ မုန်းလည်း တစ်ဘဝပဲ...
ချစ်လို့ တွေ့ဆုံ ရလည်း တစ်ဘဝပဲ...
တစ်ခဏ ဒေါသတွေ၊
တစ်ခဏ အတ္တတွေ
တစ်ခဏ မာနတွေနဲ့ သံသရာ တစ်လျှောက်လုံး မမှောင်မိုက်သွားပါစေနဲ့။
ခွင့်လွတ်သင့်တဲ့ အရာတွေကို ခွင့်လွတ်ပြီး စွန့်လွှတ်သင့်တာတွေ စွန့်လွှတ် လိုက်ပါ
အမှိုက်နဲ့တူတဲ့ အရာတွေကို ကိုယ်သွားလေရာမှာ အမြဲတမ်းဆွဲ သွားနေသမျှတော့
ကိုယ်ပဲ ပင်ပန်းနေရတာပေါ့။
စိတ်ချမ်းသာ အောင် တစ်ခါတစ်လေ မသိချင်ယောင် ဆောင်တတ်ရတယ်။ မတရားတာသိပေမယ့် တစ်ချို့ အရာတွေက ကိုယ်တတ်နိူင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် သံသရာ မှာတော့ ဝဋ်က သူ့အလုပ်သူလုပ်သွားမှာပါ။
လေးစားစွာဖြင့်
#မေဆု(ရာမညမြေ )25/9/21
#မေဆုရာမညမြေအတွေးစာစုလေးများ
12/03/2026
မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်
ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ
တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...
မင်းအတွက် အာမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ
ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ
မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြန်လည်တည်ဆောက်ဖို့ ကြိုးစားပါ
ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်
အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်
ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ
ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ
သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ...
ထီးမပါတဲ့ကလေးဟာမိုးထဲမှာပိုအပြေးမြန်တတ်ပါတယ်
ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်
ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ
အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး
ယောက်ျားကောင်းဟာမြူစွယ်မူ့ဒဏ်ကိုကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်
လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်
အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်
သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး
ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းနည်းမှု့ အဆင်မပြေမှု့နဲ့ကြုံတိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး
Credit မူရင်း
10/03/2026
"တန်ဖိုး...🤍💫
တန်ဖိုး မထားတတ်တဲ့ လူ တွေအတွက်
တန်ဖိုးရှိတဲ့ လူ ကို ဆုံးရှူံး ရတတ်တယ်"
တန်ဖိုးရှိတဲ့ လူ တွေကလည်း
တန်ဖိုး မသိတဲ့ လူ အနားမှာ မနေတတ်ဘူး"
တန်ဖိုးထားလေ တန်ဖိုးရှိလာလေပဲ။
တန်ဖိုးသိလေ တန်ဖိုးမြင့် လာလေပဲ။
တန်ဖိုး ထား မူ တွေ ကွာ နေရင်... "
ဆုံးရှူံး မူ တွေ လည်း ကွာ တယ်..။
ကမ္ဘာ ပေါ်မှာ လူ ကောင်းတွေ အများကြီး ရှိရင်ရှိမယ်"
မင်းအပေါ် ကောင်းပေးနိူင်တဲ့ လူ တော့ရှားပါတယ်"
မင်းကိုသိတဲ့ လူတွေ အများကြီးက ချစ်ချင် ချစ်နိူင်လိမ့်မယ်"
မင်းပေါ် အနစ်နာခံ ချစ်ပေးနိူင်တဲ့ လူ ကတော့ခပ်ရှားရှားပဲ။
သစ္စာတရား နဲ့ မေတ္တာတရား ပြိုင်ခဲ့ရင်
မေတ္တာတရားကိုပဲ အနိူင်ပေးလိုက်မှာပါ။
သစ္စာဘယ်လောက် ဖောက်ဖောက်
မေတ္တာတရား ရှိနေသေးရင်..တော့.
အနားမှာ နေခွင့်ပေးနိူင်တယ်..."
ဒါပေမယ့်...
ဘယ်လောက်ထိ သစ္စာတရားကို
စောင့်ထိန်းချင်နေပါစေ...မေတ္တာပျက်ပြီ ဆိုရင်တော့.."
မတော်တဆ လွတ်ကျသွားတာ မဟုတ်ဘူးနော်.."
တမင်တကာကို လွှတ်ချခဲ့မှာ..."
အ လေး နက် ထား ပေး ခြင်း တွေ ကွာ နေ ရင်.."
ခံစားရ တဲ့ ရလာဒ် တွေလည်း ကွာသွား လိမ့်မယ်"
တန် ဖိုး ထား မူ တွေ ကွာ နေ ရင်..."
ဆုံး ရှူံး မူ တွေ လည်း ကွာ တယ်..✍💫
❤️🩹🥀
゚viralシ
❤️🩹
#ဓမ္မသုတရသ_ခွန်အားဖြည့်စာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
08/03/2026
သရဏဂုံ အမြဲရွတ်ဆိုပါက
ထူးခြားလာမည့် (၁၁)ချက်
---------------
၁။ ဒုက္ခရာက်တော့မယ်ဆိုရင် အလိုလိုသိနေခြင်း။
၂။ စိတ်ရင်းမမှန်တဲ့သူတွေ ကိုယ့်အနားမှာ အမြဲနေလို့မရခြင်း။
၃။ ဒုက္ခရောက်စရာရှိလို့ ခံရတော့မယ်ဆိုရင် ပယ်ထုတ် ပလိုက်ခြင်း။
၄။ ကြီးကြီးမားမားဖြစ်မယ့် ပြဿနာ ငယ်သွားခြင်း ၊ လျော့သွားခြင်း ၊ ပပျောက်သွားခြင်း။
၅။ ဒုက္ခကြုံတွေ့နေရရင်တောင် ဆိုးရွားစွာ မဖြစ်ခြင်း။
၆။ ကူညီစောင့်ရှောက် ထောက်ပံ့ကာကွယ်မည့်သူများ ပေါ်ပေါက်ရောက်ရှိလာခြင်း။
၇။ အန္တရာယ်မကျရောက်ခြင်း။
၈။ ဘေးဆိုးဒုက္ခ မကြုံတွေ့ခြင်း။
၉။ အန္တရာယ်ကြုံရင်တောင် လွတ်မြောက်ခြင်း။
၁၀။ ပိုက်ဆံများ ၊ ငွေများသိသိသာသာ ဝင်ရောက်လာခြင်း။
၁၁။ ကျွေးချင် မွေးချင် ပေးချင်သူများ ပေါများလာခြင်း။
ဒီအချက်တွေကြောင့်သရဏဂုံသုံးပါးကို အမြဲမပျက်ရွတ်ဆိုပူဇော်ပါ🙏🙏🙏
06/03/2026
ဖွတ်ထွက်မှ တောင်ပို့မှန်း သိတာမျိုး မဖြစ်စေနဲ့
တစ်ခါတုန်းက တောအုပ်တစ်ခုမှာ ခွန်အားဗလနဲ့ပြည့်စုံပြီး သားကောင်လိုက်တဲ့နေရာမှာ အလွန်ပါးနပ်တဲ့ ကျားတစ်ကောင်ရှိတယ်။
တစ်နေ့တော့သူဟာ သူရဲ့ အစာအတွက် တောင်ကုန်းတစ်ခုပေါ်ကနေပြီး တောင်ရဲ့အောက်ခြေ မြက်တောစပ်မှာအစာစားနေတဲ့ သမင်အုပ်ကို ကြည့်လိုက်တယ်။
အဲ့ဒီသမင်အုပ်ထဲမှာမှ အလွန်လှပပြီး ပြည့်ဖြိုးနေတဲ့သမင်တစ်ကောင်ကို သူ့ရဲ့အစာအဖြစ်ရွေးချယ်လိုက်တယ်။ ကျားဟာ သူ့ရဲ့အလွန်ထက်မြက်တဲ့ အတတ်ပညာနဲ့ သမင်အုပ်အနားကို ခြေသံမကြားအောင် ချဉ်းကပ်လာခဲ့တယ်။
ပိုင်ပြီဆိုတဲ့အနေအထားတစ်ခုကိုရောက်မှ သူသတ်မှတ်ထားတဲ့ သမင်ကို ခုန်အုပ်လိုက်တယ်။ ကံဆိုးစွာနဲ့ပဲ သမင်ဟာ သူ့လက်ထဲက လွတ်ထွက်သွားခဲ့တယ်။
သားကောင်လိုက်ရင် ဘယ်တော့မှ လွတ်ရိုးထုံးစံ မရှိတဲ့ကျားဟာ သူ့ရဲ့လွဲချော်မှုအတွက် မကျေမနပ်ဖြစ်သွားတယ်။ မကျေနပ်စိတ်နဲ့ ဒေါသစိတ်ပေါင်းပြီး ကျားဟာ သူ့လက်က လွတ်ထွက်သွားတဲ့ သမင်ရဲ့နောက်ကို ရှိသမျှခွန်အား အကုန်သုံးပြီး လိုက်တယ်။
သမင်ကလည်း သူ့အသက် ရှင်သန်မှုအတွက် သူ့မှာရှိသမျှခွန်အား အကုန်သုံးပြီး ပြေးတယ်။ မှီခါနီးအနေအထားလေး ရောက်သွားလိုက် ကပ်သီလေး လွတ်သွားလိုက်။
မှီခါနီး အနေအထားလေး ရောက်သွားလိုက် ကပ်သီလေးလွတ်သွားလိုက် ဖြစ်နေတော့ ဘေးက ကြည့်နေတဲ့ သားကောင်အချို့အတွက်တော့ အသည်းယားစရာမြင်ကွင်းဖြစ်နေခဲ့တယ်။
နောက်ဆုံး သမင်ဟာ အလွန်ကြီးမားတဲ့ ချောက်ကမ်းပါးကြီးတစ်ခုရဲ့ ဟိုဘက်ကို လွှားခနဲ ခုန်ကျော်သွားတယ်။ နောက်ကနေ အရှိန်ပြင်းပြင်းနဲ့ လိုက်လာတဲ့ကျားဟာ ချောက်ကမ်းပါးနားရောက်တဲ့အချိန်မှာတော့ တန့်ခနဲ ရပ်သွားတယ်။
ချောက်ကမ်းပါးရဲ့ အကွာအဝေးနဲ့အတိမ်အနက်ကို တစ်ချက်ငုံ့ကြည့်တယ် ပြီးတော့ ခေါင်းငိုက်စိုက်ချပြီး ပြန်လှည့်ထွက်လာခဲ့တယ်။ အဲ့ဒီအချိန်မှာပဲ သူ့ဘေးချုံပုတ်ထဲကနေ အသံတစ်ခု ထွက်လာတယ်။
"အို မိတ်ဆွေ ဘယ်လိုဖြစ်တာလဲ ဗျ... တောအုပ်တစ်ခုလုံးမှာ ခွန်အားအကြီးမားဆုံး သားကောင်လိုက်တဲ့နေရာမှာ အထက်မြက်ဆုံး တောဘုရင်ကြီးက ဒီဘာမဟုတ်တဲ့ သမင်လေးကို ဒီတိုင်းပဲ လွယ်လွယ်ကူကူ အရှုံးပေးလိုက်တော့မလို့လားဗျ"
ကျားဟာ အသံလာရာဆီကိုလှည့်ကြည့်လိုက်တော့ ခြုံပုတ်ထဲက မြေခွေးဟာ တည်တည်ငြိမ်ငြိမ်ပဲ ကျားရဲ့အနားကို တစ်လှမ်းချင်း လျှောက်လာတယ်။
ပြီးတော့ ဆက်ပြောပါတယ်...."ချောက်ကမ်းပါးက နက်တယ်လို့ ထင်ရပေမဲ့ အကွာအဝေးက သိပ်မရှိလှပါဘူးဗျ။ ကျုပ် အကြိမ်အခါခါ စမ်းသတ်ပြီးပြီ။
ကျုပ်လို မြေခွေးတစ်ကောင်တောင် အကြိမ်ကြိမ်အခါခါ ခုန်ကျော်ခဲ့သေးတာပဲ ဘာအစွမ်းအစမှ မရှိတဲ့ သမင်တောင် ခင်ဗျားတို့ရဲ့ ရှေ့မှာပဲ အသာအယာခုန်ပြသွားတယ် မဟုတ်လား...
ခင်ဗျားလို တောအုပ်တစ်ခုလုံးရဲ့ ဘုရင်က ဒီချောက်ကမ်းပါးလောက်ကို မခုန်နိုင်စရာ ဘာအကြောင်းရှိမလဲ... လုပ်စမ်းပါ မိတ်ဆွေ ကျုပ်စကားကို ယုံလိုက်စမ်းပါ"
ကျားဟာ မြေခွေးရဲ့မျက်နှာကို စိုက်ကြည့်လိုက်တယ်။ ပြီးတော့ ဟိုဘက်ကမ်းက သမင်ကို လှမ်းကြည့်တယ်။ မြက်လေးစားလိုက် အမြီးလေး တနန့်နန့်လုပ်လိုက် သူတို့ဘက်ကို လှည့်ကြည့်လိုက် လုပ်နေတဲ့ သမင်ရဲ့အမူအရာဟာ မသိရင် သူ့ကို လှောင်ပြောင်နေသလိုပဲ။
ကျားဟာ ခပ်လှမ်းလှမ်းကို ဆုတ်ပြီးအားယူလိုက်တယ်။ ပြီးတာနဲ့ သူ့မှာရှိသမျှ ခွန်အား အကုန်သုံးပြီး ချောက်ကမ်းပါးကို ခုန်ကျော်လိုက်တယ်။
ဒါပေမဲ့ ဟိုဘက်ကမ်းကိုတော့ မရောက်ခဲ့ပါဘူး။ မြေခွေးဟာ ချောက်ကမ်းပါးအောက်က ထွက်လာတဲ့ ကျားရဲ့စူးစူးဝါးဝါးအော်သံကို နားဆင်ရင်း သူ့ရဲ့ခြုံပုတ်ထဲကို အသာအယာပဲ ဝင်သွားခဲ့တယ်။
ခဏအကြာမှာတော့ မြေခွေးဟာ သူဆင်းနေကျလမ်းအတိုင်း ဆင်းပြီး ကျားရဲ့အသားကို သူ့ရဲ့တစ်နေ့တာအစာအဖြစ် မြိန်ရည်ယှက်ရည် စားသုံးလိုက်တော့တယ်။
ဒီလိုပါပဲ ဘဝမှာ တချို့သူတွေဟာ မိတ်ဆွေစစ်အဖြစ် ပီပီပြင်ပြင်ကြီး ဟန်ဆောင်တတ်ကြပါတယ်။ သူတို့ရဲ့ပျော်ရွှင်မှု သူတို့ရဲ့လိုအပ်ချက်တွေအတွက် ကိုယ့်ဘဝကို လှလှပပကြီး အသုံးချသွားတတ်ကြတယ်။
ကိုယ့်ကို တိုးတက်စေချင်တာလိုလို အောင်မြင်စေချင်တာလိုလို လူရာဝင်စေချင်တာလိုလိုနဲ့ သူတို့ရဲ့ အခက်အခဲ သူတို့ရဲ့ပြဿနာတွေကြား မသိမသာ ဆွဲထည့်သွားတတ်ကြတယ်။
ကိုယ့်ကို မပင်ပန်းစေချင်တာလိုလို အချိန်မကုန်စေချင်တာလိုလိုနဲ့ ကိုယ့်ဘဝရဲ့ တက်လမ်းတွေကို စကားလုံးမျိုးစုံနဲ့ ပိတ်ပင်တားဆီးတတ်ကြတယ်၊
တချို့အတုအယောင်တွေဟာ အစစ်ထက်ပိုပြီး ကောင်းပြတတ်ကြတယ်။ ကိုယ့်ဘက်က အရာရာကို ယုံကြည်ပေးလိုက်မိတဲ့ အချိန်မျိုးရောက်မှ ယုံကြည်မှုကိုအလွဲသုံးစား လုပ်လာပါလိမ့်မယ်။
အာဖရိက ရိုးရာစကားပုံလေးတစ်ခု ရှိတယ်..."မိတ်ဆွေအတုအယောင် တစ်ယောက်ဟာ ရန်သူပေါင်းတစ်ထောင်ထက် ပိုမိုအန္တရာယ်ကြီးမားတတ်၏".....တဲ့။
မိတ်ဆွေ အတုအယောင်တွေနဲ့ ကင်းဝေးနိုင်ကြပါစေ.....။
04/03/2026
သူ့အတွက် ကိုယ်ဖြစ်နေဖို့မလိုပါဘူး
ကိုယ့်အတွက်
ကိုယ်ရှိနေဖို့ပဲ လိုတယ်။
ကိုယ်မရှိရင် တမ်းတမ်းတတနဲ့သတိရ
ပေးနေမဲ့သူက ကိုယ့်ကိုချစ်တဲ့သူတွေကလွဲလို့
ဘယ်သူတွေ ရှိနေအုံးမှာတဲ့လဲ။
ကိုယ်မရှိလည်း
နေသားတကျ ရှိတဲ့သူတွေ
အများကြီးပါ
ကိုယ့်အတွက် အရေးမပါဘူးဆိုရင်
အလေးပေးနေစရာ မလိုပါဘူး
ကိုယ့်ကို ချစ်တဲ့သူတွေအတွက်ပဲ
အချိန်ကုန်လိုက်တာက ပိုအကျိုးရှိပါတယ်။
အရေးမပါတာတွေကို
အရေးပေးနေရင်
ကိုယ့်အတွက်
အရေးပါတဲ့အရာတွေ ဆုံးရှုံးရတတ်တယ်။
လောကမှာ
လူတစ်ချို့က သူတို့မလိုတော့ဘူးဆိုရင်
ပြုံးပြရမှာတောင် ဝန်လေးတတ်ကြတာပါ။
ဒါကြောင့်.....
လူတိုင်းကြိုက်အောင်
နေပြဖို့မလိုပါဘူး
လူတိုင်းကို ထိခိုက်အောင်မလုပ်ဖို့ပဲလိုတာပါ။
ကိုယ့်ကိုကိုယ် ပိုချစ်ပါ။
ဒါပေမယ့်
ကိုယ်ပျော်ရွှင်ဖို့အတွက်
တစ်ပါးသူကို မျက်ရည်ကျစေတဲ့အထိ
နိုင်ထက်စီးနင်း မပြုမိဖို့တော့ လိုတာပေါ့........
ရာမညမြေ
03/03/2026
မှားလို့ မှားမှန်း မသိတဲ့သူမျိုး
လောကမှာ စိတ်ဓါတ် မကောင်းတဲ့လူတွေက
ဘယ်တုန်းကမှ သူတို့ကိုယ် သူတို့ *ငါမှားသွားလား? *ဆိုတဲ့ အတွေးမျိုး မတွေးကြပါဘူး။
တဖက်လူအပေါ် သူတို့ကပဲ နစ်နာအောင်လုပ်ပြီး သူတို့ကပဲ ’ဒီလောက်လေးနဲ့ ဘာဖြစ်ရတာလဲ ခံစားလွယ်လိုက်တာ...
အဖြစ်သည်းလိုက်တာ "ဆိုတဲ့ ပုံစံမျိုးနဲ့ တဖက်လူကပဲ မှားနေသလိုမျိုးဖြစ်အောင် လုပ်ပြ တတ်ကြပါသေးတယ်။
တခါတလေ အဲ့ဒီလောက်နဲ့ ပြီးမသွားပဲ သူတို့ နစ်နာအောင်လုပ်လိုက်တဲ့သူရဲ့ ကိုယ်ကျင့်သိက္ခာကိုပါ ကျစေမယ့်အပြောမျိုးတွေ ပြောတတ်ကြပါသေးတယ်။
ဒါကြောင့် တစ်ယောက်ယောက်ဆီက ဆိုးဆိုးဝါးဝါးဆက်ဆံခံရ ရင် တစ်နေ့ အဲ့ဒီလူက နောင်တရလေမလား ဆိုပြီး မျှော်လင့်မနေပါနဲ့ ။
ဘာလို့လဲဆိုတော့ နောင်တရတယ်ဆိုတာ ကောင်းတဲ့လူတွေဆီမှာပဲ ရှိတာပါ။
စိတ်ဓါတ် မကောင်းတဲ့လူတွေဆီမှာ နောင်တဆိုတာ
မရှိပါဘူး ။
သူသာ ကောင်းတဲ့လူ မှန်ရင် အစတည်းက တစ်ဖက်သားကို ထိခိုက်နစ်နာစေတဲ့ ကိစ္စမျိုးတောင်ရှိခဲ့မှာ မဟုတ်ဘူးလေ။
စိတ်ထားကောင်းတဲ့သူနဲ့သာ ဆုံတွေ့နိုင်ကြပါစေ.....။
#ကိုယ်ကိုကိုယ်ချစ်ပါ
28/02/2026
တချို့လူတွေက မင်းကို လိုအပ်လို မဟုတ်ဘူး
သူတို့ အသုံးချလို့ ရမှန်း သိနေတော့
မင်းကို လိုအပ်ပြနေတာပါ။
မယုံဘူးဆိုရင် ဈေးမပေါဘဲ နေကြည့် မင်းကို သူတို့ အာရုံထဲမှာ ရှိမနေဘူးဆိုတာ အဖြေပေါ်လာပါလိမ့်မယ်။
အဲ့ဒါကြောင့် ဘယ်သူ့ဆီကမှ မျှော်လင့်ချက်မထားပါနဲ့။
မင်းလောက် ဘယ်သူမှ အရေးမပါဘူး မင်းကသာ သူတို့ကို စိတ်ထဲထားနေတာပါ။
မင်းအခက်အခဲနဲ့ ကြုံတဲ့အခါ အဆင်မပြေတဲ့အခါ
မင်းအနားမှာ ဘယ်သူက ရှိနေလို့တုန်း အဲ့လောက်ဆို သဘောပေါက်ပါ။
ဆန်ပေးလို့ ဆီရနေတာ မေတ္တာတရားကို လိုချင်မနေနဲ့
အပေါ်ယံတွေမှန်းသိရင် တိတ်ဆိတ်နေလိုက်
တစ်ယောက်တည်းဖြစ်နေလို့
အားငယ်မနေနဲ့ ဝမ်းလည်း မဝမ်းနည်းနဲ့။
မွေးလာတုန်းကလည်း တစ်ယောက်တည်း
သေသွားတော့လည်းပဲ တစ်ယောက်တည်းပါဘဲ
မင်းမရှိတော့ရင် ၇ရက်သပတ္တလောက် ပူဆွေးပြပြီးတော့ အချိန်တန်တော့လည်း အရာအားလုံးဟာ ပုံမှန်ပါဘဲ
တစ်ယောက်တည်းနေရတာ အထီးကျန်ဆန်ပေမဲ့
အပူပင်ကင်းတယ်။
ဘယ်သူ့အတွက်နဲ့မှ စိတ်သောကမရောက်ဘူး
နေတတ်အောင် နေကြည့်ပါ။
မင်းသာ တစ်ယောက်တည်း အဖော်ပြုပြီးတော့
မင်းကိုမင်း ဖေးမကြည့်ပါ တွန်းအားပေးကြည့်ပါ။
စိတ်ချမ်းသာစရာ ပျော်ရွှင်မှုရယ် လိုချင်တဲ့ အမြှင့်တက်ဖို့
အမြန်နီးစပ်ပါတယ်။
ဘယ်သူ့အတွက်မှ မရှင်သန်ဘဲ မင်းအတွက်မင်း ရှင်သန်နေလို့ပါဘဲ........
#စာဖတ်ပါ #ကိုယ်ကိုကိုယ်ချစ်ပါ
27/02/2026
▪️ဘဝဆိုတာကိုယ့် စိတ်နဲ့တန်သလောက်ပဲအကျိုးပေးတာပါ ဖြစ်ချိန်မတန်သေးလို့ ဖြစ်မလာသေးတာပဲရှိပါတယ် ။စိတ်ကောင်းထားရင် ကံကောင်းတယ်ဆိုတာ တကယ်ရှိတယ်။
▪️ဒါကြောင့်လေ ကွယ်ရာမှာတောင် မဟုတ်တာလုပ်ခြင်းကို ရှောင်တတ်တဲ့စိတ်က ကုသိုလ်စိတ်နဲ့ထပ်တူကျတယ်။သူတစ်ပါးအပေါ် ထိခိုက်နာကျင်စေခြင်း မရှိတဲ့ စိတ်ထားတတ်ခြင်းတစ် မျိုးပါပဲ။
▪️ရေက အိုးထဲမှာမပြည့်ရင် ဘောင်ဘင်ခက်တတ်သကဲ့သို့ လူ တစ်ယောက်ရဲ့စိတ်ကလည်း မပြည့်ဝရင် ပေါင်းသင်းဆက်ဆံရခက်ပါတယ်။
▪️သို့ကြောင့် ဘယ်သူမှကောင်းဖို့ ကိုယ့်မှာတာဝန်မရှိပါဘူး ကိုယ်ကောင်းအောင်ပဲ စိတ်ထားလိုက်ရင် အကုသိုလ်လည်း မများတော့ဘူး ဒေါသစိတ်နဲ့သောကလည်း မပွားရတော့ဘူး။
▪️အချိန်တန်ရင် ကိုယ်စိုက်တဲ့မျိုးစေ့က ကိုယ်စိတ်နဲ့တန်တဲ့အသီးအပွင့်ရဲ့အကျိုးကိုခံစားရမှာပါ ။ဒါကြောင့် စိတ်ကောင်းထားပါ ကံကောင်းပါတယ်။
လေးစားစွာဖြင့်
#မေဆု(ရာမညမြေ)
14.1.2026
25/02/2026
"လူတွေဟာ နီးလွန်းရင် မမြင်နိုင်ကြတော့ဘူး…"
ကိုယ့်အတွက်
နေ့တိုင်းပင်ပန်းပြီး လမ်းလျှောက်ပေးနေသူကို
“ပုံမှန်” လို့ထင်တတ်ကြတယ်။
ကိုယ့်အတွက်
ငြိမ်ငြိမ်နဲ့ အနာခံပေးနေသူကို
“အရေးမကြီး” လို့ သဘောထားတတ်ကြတယ်။
သူတို့ရဲ့ ခြေလှမ်းတိုင်းမှာ
ကိုယ့်ဘဝအတွက် စိုးရိမ်မှု ပါတယ်။
သူတို့ရဲ့ ချွေးစက်တိုင်းမှာ
ကိုယ့်အနာဂတ်အတွက် မျှော်လင့်ချက် ပါတယ်။
ဒါပေမယ့်…
နီးလွန်းလို့ မမြင်တော့ဘူး။
အမြဲရှိနေလို့ တန်ဖိုးမထားတော့ဘူး။
သူတို့ မပင်ပန်းတော့တဲ့နေ့
သူတို့ အသံမကြားတော့တဲ့နေ့
သူတို့ နောက်ပြန်လှည့်မကြည့်တော့တဲ့နေ့မှာမှ
“ဆုံးရှုံးသွားပြီ” ဆိုတာကို သိလာကြတယ်။
လူအများက
ဝေးတဲ့အရာကိုပဲ မြင်တတ်ကြပြီး
နီးတဲ့အရာကို လက်လွတ်ချော်နေတတ်ကြတယ်။
ဒါကြောင့်—
ဒီနေ့ မင်းနီးနီးကပ်ကပ်မှာရှိနေသူကို
အလေးထားပါ။
တန်ဖိုးထားပါ။
သူတို့ မရှိတော့မှ မျက်လုံးဖွင့်မိအောင်
မစောင့်ပါနဲ့။
နီးလွန်းလို့ မမြင်နိုင်တာက
မျက်စိအမှား မဟုတ်ဘူး…
စိတ်မသိတတ်သေးလို့ ပဲ။
#ဘဝအတွေး
#နီးလွန်းလို့မမြင်
#တန်ဖိုးထားပါ
#မဆုံးရှုံးခင်သတိထား
@ဦးစားပေးဖော်ပြမှု
ုပ်ပါ 📚📗📕📘📚
🔔❤
23/02/2026
မရိုးသားရင် မေတ္တာပျက်တယ်
~~~~~~~~~~~~~~~~~~~
✅လောကမှာ တစ်ဦးနှင့်တစ်ဦး ပေါင်းသင်း ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ အလုပ်အကိုင် လုပ်တဲ့နေရာမှာပဲဖြစ်ဖြစ် ရိုးသားမှုက အလွန်အရေးကြီးပါတယ်၊ ရိုးမှုမရှိရင် ယုံကြည်မှုမရှိတော့ဘူး၊ ယုံကြည်မှုမရှိရင် သံသယမျက်လုံးတွေ၊ သံသယစိတ်တွေပေါ်လာပါတယ်၊ လူနှစ်ဦးကြားမှာ ဒီလို အခြေနေဖြစ်နေပြီဆိုရင် မေတ္တာဖြစ်ဖို့ အရမ်းခက်သွားပြီ။
✅ဒါကြောင့် မြတ်စွာဘုရားရှင်က မေတ္တာသုတ်တော်မှာ မေတ္တာထားမယ့်၊ မေတ္တာဘာဝနာ ပွါးများမယ့် ပုဂ္ဂိုလ်ဟာ ရှေးဦးစွာ ရိုးသားရမယ်တဲ့၊ ဒါကိုပါဠိစကားလုံးနဲ့ “သက္ကော”လို့ခေါ်ပါတယ်၊ တစ်ဦးနဲ့တစ်ဦး မေတ္တာရှိချင်ရင် ရိုးသားရမယ်တဲ့။
✅ပြီးတော့ မေတ္တာတရား ခိုင်မြဲစေရန်
ဖြောင့်မတ်ရမယ်-ဖြောင့်မတ်တဲ့ စကားတွေ ပြောရမယ်တဲ့ ဒါကိုကျတော့ ပါဠိစကားလုံးနဲ့ သုဟုဇု၊ သုဝစလို့ခေါ်ပါတယ်၊ လူနှစ်ဦးဟာ လုပ်ရေးကိုင်ရေး၊ ပေါင်းသင်းဆက်ဆံရေးမှာ••• မှန်ကန် ဖြောင့်မတ်တဲ့ စကားတွေ မပြောင်ရင်လည်း ဒီမေတ္တာတရားဟာ ရည်ရှည်မခိုင်မြဲနိုင်ပါဘူးတဲ့။
✅ဒါကြောင့် တစ်ဦးနှင့်တစ်ဦး မေတ္တာတရားရှိစေဖို့၊ မေတ္တာတရားခိုင်မြဲဖို့အတွက် ရိုးသားပါ၊ ဖြောင့်မတ်ပါ၊ ရိုးသားဖြောင့်မတ်၊ မှန်ကန်တဲ့ စကားတွေ ပြောပါ။
🪷အားလုံးသော ဓမ္မချစ်ခင် သူတော်စင်များ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
#ဓမ္မဒါနအဖြစ်ဖြင့် #ဓမ္မအာလောကမှ #ရေးသားပူဇော်ပါသည်