𝒀𝑨𝑹 𝒁𝑨𝑹 𝑯𝑻𝑨𝑰𝑲

𝒀𝑨𝑹 𝒁𝑨𝑹 𝑯𝑻𝑨𝑰𝑲

แชร์

Literature and knowledge

02/01/2023

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ လမ်းလျှောက်နေတဲ့အချိန်မှာ ခန္ဓာကိုယ်အတွင်း "အင်ဒိုဖင်း" (𝐄𝐧𝐝𝐨𝐫𝐩𝐡𝐢𝐧𝐬) လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တစ်မျိုး ထွက်လာပြီး သူရဲ့အာနိသင်ကြောင့် စိတ်ရောကိုယ်ပါ လန်းဆန်းတက်ကြွစေခြင်းဖြစ်တယ်လို့ သိရပါတယ်။ စိတ်ကျဝေဒနာသည်တွေ မနက်ခင်းမှာ လမ်းလျှောက်ခဲ့ရင် ဆေးပေးတာထက် ပိုပြီးထိရောက်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

မနက်ခင်း လမ်းပုံမှန်လျှောက်ပေးရင် ဦးနှောက်နဲ့အာရုံကြောတွေကို အားကောင်းစေပါတယ်။ စိတ်ဖိစီးမှုတွေ ကျဆင်းစေပါတယ်။ စိတ်ရွှင်လန်းတက်ကြွစေပါတယ်။ ဉာဏ်ရည်ဉာဏ်သွေးကို ထက်မြက်စေပါတယ်။ အသက်ကြီးသူတွေမှာ ဖြစ်လေ့ရှိတဲ့ သတိမေ့ရောဂါ (Dementia) တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အော်ဇိုင်းမားရောဂါ (Alzheimer's disease) ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ တစ်ကိုယ်လုံးမှာရှိတဲ့ အာရုံကြောတွေ နိုးကြားတက်ကြွစေတဲ့အတွက် လေးလံထိုင်းမှိုင်းမှုတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ လူကို သွက်လက်ဖျတ်လတ်စေပါတယ်။ အလုပ်များတဲ့သူတွေ အလုပ်ရဲ့ဖိစီးမှုကြောင့် ကိုယ်စိတ်ပင်ပန်း နွမ်းနယ်နေတာတွေကို သက်သာစေပြီး စိတ်ဓာတ်ခွန်အားတွေ ရရှိဖို့၊ အကြံကောင်းဉာဏ်ကောင်းတွေ ရဖို့၊ အခက်အခဲတွေကနေ ကျော်လွှားနိုင်တဲ့ စိတ်ဓာတ်ခွန်အားတွေ ရရှိစေပါတယ်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "သဘာဝမှရသော ကျန်းမာသုခ" စာအုပ်၊ အခန်း (၆) လမ်းလျှောက်လေ့ကျင့်ခန်းပြုလုပ်ခြင်း နှင့် ကျန်းမာရေး မှထုတ်နုတ်ဖော်ပြသည်။

30/12/2022

'ဂန္ထဝင် အိမ်အပြန်'

​ကောင်းကင်ဘုံကို ​​မော့ကြည့်လိုက်တဲ့အခါ မာရာဒိုနာက ​စောင့်ကြို​နေတယ်။ ''ကြိုဆိုပါတယ် ပီလီ။ တစ်ပွဲတလစ်လမ်း​လောက် အကဲစမ်းကြတာ​ပေါ့'' တဲ့။ ​ထာဝရဘုရားသခင် ကျင်းပ​ပေးတဲ့​​​ဘောလုံးပွဲမှာ သူတို့နှစ်​ယောက်က တစ်သင်းစီကစားပြီး ဆန်တီ​ယေဂိုဘာ​နေဗျူး၊ ယိုဟန်ခရိုက်ဖ်၊ ဂယ်ရီစပိ၊ ​ဂျော့ဘတ်စ်တို့လို ​ဂန္ထဝင်​တွေလည်း ပါဝင်ကြတယ်။

ဘရာဇီးလ်နိုင်ငံမှာ​တော့ မျက်ရည်မိုး​တွေ ရွာသွန်းဖြိုး​နေတယ်။ ဘရာဇီးလ်ကို ကမ္ဘာ​ကျော်​စေတဲ့ ​ဘောလုံးဥ​သျှောင်တစ်ဦးကို လူ့​လောကက​နေ အပြီးသတ်နှုတ်ဆက်လိုက်ရတာ​လောက် နာကျင်စရာ​ကောင်းတာ၊ ဆုံးရှုံးမှုများတာ ဘယ်ရှိပါဦးမလဲ။

ပီလီဟာ သူ့​ခေတ်သူ့အခါမှာ ​ပြီးပြည့်စုံတဲ့ ​ဘောလုံးသမားတစ်​ယောက်၊ ကြီးကြယ်ခမ်းနားဆုံး ကစားသမားတစ်​ယောက်ဆိုတာကို ဘယ်သူမှမငြင်းနိုင်ပါဘူး။ အလွန်လျင်မြန်ပြီး ခွန်အားကြီးမားတဲ့ တိုက်ပွဲဝင်သူတစ်​ယောက် ဖြစ်တယ်။

​ဘောလုံးကို ​ခြေ​ထောက်နဲ့နီးကပ်စွာ တစ်ချိန်လုံးထားနိုင်ပြီး အလိမ်အ​ခေါက်ပိုင်းမှာ လူငယ်​တွေအတုယူစရာ ကစားသမားဖြစ်ခဲ့တယ်။ ဂိုး​ထောင်နဲ့ချီ သွင်းယူရမလား၊ ဂိုးဖန်တီးမှု​တွေပဲ ပြုလုပ်​ပေးရမလား။ ပီလီဟာ အကုန်ရပါတယ်။ ပြီး​တော့ အမြင့်​ဘောလည်း ပိုင်နိုင်လွန်းတယ်။

​လေထဲက​ဘောလုံး​တွေကို ​(၅)​ပေ (၈)လက်မဆိုတဲ့ အရပ်အ​မောင်းနဲ့မလိုက် ပိုင်နိုင်စွာအသုံးချနိုင်စွမ်းရှိတယ်။ အလိမ်အ​ခေါက်နဲ့ ဂိုးသွင်းယူတဲ့​နေရာ၌ ဘယ်​ခြေညာ​ခြေမမ​ရွေး တိကျ​​ကောင်းမွန်သူလို့ ​ပြောနိုင်ပါတယ်။ သူ့ကစားသမားဘဝမှာ မ​ရေမတွက်နိုင်တဲ့ ​​နောက်ခံလူ​တွေ၊ ဂိုးသမား​တွေကို ​ဘောလုံးစွမ်းရည်နဲ့ ရင်ဆိုင်​ကျော်ဖြတ်ခဲ့ပါတယ်။

တစ်ဖက်မှာ မရဏတရားကို​တော့ လွန်ဆန်နိုင်ဖို့ မဖြစ်နိုင်ခဲ့ပါဘူး။ အသက် (၈၂)အရွယ်မှာပဲ တစ်ကမ္ဘာလုံးကို ​ကျောခိုင်းစွန့်ခွာခဲ့ရတယ်။ သူ့ကို​လေးစားအားကျတဲ့ ​ဘောလုံးပရိသတ်​တွေ ဝမ်းနည်း​ဆွေးမြည့်ဖွယ်ရာပါပဲ။ ဘရာဇီးလ်နိုင်ငံသား​တွေအဖို့လည်း ​ရွှေ​တောင်ကြီးပြိုသလိုပါပဲ။

ရှင်သန်ခြင်းရဲ့​နောက်ကွယ်မှာ ဘယ်​နေ့မှန်းမသိတဲ့ ​သေခြင်းတရားက ကပ်ပါလာ​လေ့ရှိပါတယ်။ ဒါ​ကြောင့်မို့ အသက်ရှိစဉ်ကာလ​လေးမှာ ကိုယ်ချစ်မြတ်နိုးသူ​တွေကို တန်ဖိုးထားကြဖို့ ပီလီက အသက်နဲ့ရင်းပြီး သတိ​ပေးသွား​လေရဲ့။

25/12/2022

ဒီဘဲ ငစား 🤣

photo credit

20/12/2022

👤အာရုံကြောအားနည်းနေတဲ့လက္ခဏာ (၇) မျိုး

အာရုံကြောအားနည်းရင်ဘယ်လိုလက္ခဏာတွေဖြစ်လာတတ်လဲ ?

#ထုံကျဉ်တာ

ခြေတွေ၊လက်တွေ ထုံကျဉ်တာဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်းမဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာနေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။Crohn’sရောဂါ သို့မဟုတ် တခြားအူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

#ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓါတ်လောက်ကို အခုမှအရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆိုသွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓါတ်မလုံလောက်လို့သွေးနီဥတွေ နည်းတာဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေအေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

ဦးနှောက်လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်တာ

စိတ်ဓါတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေကB12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

#အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်းတာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

#နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာလည်း အာရုံကြောအားနည်းတဲ့လက္ခဏာထဲမှာပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။B12 ချို့တဲ့တယ်ဆိုရင်သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့တခြားပြင်းထန်တဲ့ရောဂါတွေဖြစ်လာစေနိုင်ပါတယ်။

#ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေဖြစ်လာတယ်ဆိုရင်B12 အားနည်းတာ၊သွေးအားနည်းခြင်း သို့မဟုတ် တခြားရောဂါအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်နေနိုင်ပါတယ်။

#ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာတွေဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေထိုးသင့်ထိုးရပါမည်။

စေတနာဖြင့်..

ကျန်းမာကြပါစေ
#
crd_to_owner

20/12/2022

ကျန်းမာရေးလိုက်စားသူတိုင်း သိထားသင့်တဲ့
ဆီတိုဖူးအကြောင်း
😋😋😋

ဆီတိုဖူးမှာ ကျန်းမာရေးအတွက် များစွာသော အကျိုးကျေးဇူးများ ရှိနေပါတယ်။

ဆီတိုဖူး ကြိုက်သူတွေအဖို့တော့ ဆီတိုဖူး ရှိရင် တခြားအစားအစာတောင် ထပ်မလိုအောင် ထမင်းစားမြိန်စေပါတယ်။

ဆီတိုဖူးသည် ရိုးရိုးတိုဖူး နဲ့ မတူဘဲ လပေါင်းများစွာ အချဉ်ဖောက်ပြီးမှသာ ရလာတာ ဖြစ်လို့ ကျန်းမာရေးအတွက် ရွေးချယ်သင့်တဲ့ အစားအစာဖြစ်ပါတယ်။

ဆီတိုဖူးက ကယ်လိုရီပမာဏနည်းစေတယ်။ ပရိုတင်းဓါတ် အပြည့်ရရှိနိုင်ပြီး ကိုလက်စထရော လျှော့ချပေးပါတယ်။

သတ္တုဓါတ်လည်း များတာမို့ ကယ်လ်စီယမ်ဓါတ်၊ သံဓါတ်နှင့် မက်ဂနီစီယမ်ဓါတ်တို့နဲ့ ပြည့်စုံတဲ့ အစားအစာ ဖြစ်ပါတယ်။

ဒါ့အပြင်
အချဉ်ဖောက်တဲ့အခါမှာလည်း ကောင်းသောဘက်တီးရီးယားများ ပေါက်ပွားလာလို့ ဆီတို့ဟူး စားခြင်းက
အစာချေစနစ်ကို ကောင်းစေပါတယ်။

-အင်ဆူလင်ကိုလည်းပိုထွက်စေလို့ အင်ဆူလင်ခံနိုင်အားကို ကောင်းစေသည်။

-ဆီးချိုဖြစ်နိုင်တဲ့ ဒြပ်ပေါင်းများကို လျှော့ချပေးလို့ ဆီးချိုရောဂါဝေဒနာသည်များ အတွက် အထူးသင့်တော်ပါတယ်။

အစာလည်းဆေး၊ ဆေးလည်းအစာ

Credit
#ဆီတိုဖိုး

19/12/2022

မက်ဆီရဲ့ကစားသမားဘဝအောင်မြင်မှုများ

▫️ လာလီဂါဖလား (10)ကြိမ်

▫️ ပြင်သစ်လီဂူးဖလား (1)ကြိမ်

▫️ စပိန်ကိုပါဒယ်ရေးဖလား (7)ကြိမ်

▫️ စပိန်စူပါဖလား (7)ကြိမ်

▫️ ချန်ပီယံလိဂ်ဖလား (4)ကြိမ်

▫️ UEFA စူပါဖလား (3)ကြိမ်

▫️ ကလပ်ကမ္ဘာ့ဖလား (3)ကြိမ်

▫️ Ballon Dor (7)ကြိမ်, ??????

▫️ ကိုပါအမေရိကဖလား (1)ကြိမ်

ကမ္ဘာ့ဖလား (1)ကြိမ်

မက်ဆီရဲ့အောင်မြင်မှုတွေမှာ အမြဲပြောစရာဖြစ်နေခဲ့တဲ့ ကမ္ဘာ့ဖလားကြီးကိုလည်း နောက်ဆုံးမှာရရှိသွားခဲ့ပြီဖြစ်ပါတယ်။

22/11/2022

#ဘယ်စီးပွားရေးစနစ်ကောင်းလဲ

တက္ကသိုလ်တစ်ခုမှာ စီးပွားရေးဘာသာသင်ပေးနေတဲ့ ပါမောက္ခတစ်ယောက်က ကျွန်တော့်ကို ပြောပြဖူးတယ်။ သူစာသင်ပေးခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ ကျောင်းသားတစ်ယောက်ကိုမှ စာမေးပွဲမချခဲ့ဖူးဘဲ မကြာခင်က တစ်တန်းလုံးကို စာမေးပွဲချလိုက်ရတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ခဲ့တယ်တဲ့။ သူက အဲဒီအကြောင်းကို ခုလိုရှင်းပြတယ်။

"ကျွန်တော် တစ်ရက်မှာ အဲဒီအတန်းကို အရင်းရှင်စီးပွားရေးစနစ်အကြောင်း ပြောပြတယ်။ ကျောင်းသားတွေက အရင်းရှင်စနစ်ဟာ မကောင်းဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီစနစ်ကြောင့် ချမ်းသာသူတွေနဲ့ ဆင်းရဲသူတွေကြားမှာ ကွာဟမှုကြီးမားတယ်။ဒါကြောင့် လူတိုင်းကို ဆင်းရဲချမ်းသာမညီမျှမှုမရှိစေဘဲ အားလုံးကို တန်းတူညီမျှစေတဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်က ပိုကောင်းတယ်လို့ ပြောကြတယ်။

ဒါနဲ့ ကျွန်တော်လည်း သူတိုကို ပြောလိုက်တယ်။ 'ကောင်းပြီလေ။ မင်းတို့ပြောတဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ် ကောင်းလားဆိုတာကို လက်တွေ့စမ်းကြည့်ကြရအောင်လား။ ငါ မင်းတို့ကို စာမေးပွဲတစ်ခုစစ်မယ်။ အဲဒီစာမေးပွဲမှာ မင်းတို့ထဲက ကောင်းကောင်းဖြေနိုင်သူတွေရှိကြမယ်။ မဖြေနိုင်သူတွေ ရှိကြမယ်။ ဒါပေမဲ့ ငါ မင်းတို့အားလုံးကိုအဆင့်တူတူပေးမယ်'။

စာမေးပွဲစစ်ပြီးသွားတော့ တစ်တန်းလုံး အဆင့် B ရကြတယ်။ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်သူတွေဟာ အဆင့် A မရလို့ စိတ်ဓာတ်ကျသွားကြတယ်။ ပေါ့ပေါ့တန်တန်ဖြေကြသူတွေကတော့ အဆင့် B ရလို့ ပျော်သွားကြတယ်။

နောက်တစ်ခေါက် စာမေးပွဲထပ်စစ်ပြန်တယ်။ စာကြိုးစားသူတွေဟာ ကြိုးစားဖြေလည်း အဆင့်ကောင်းရမှာ မဟုတ်ဘူးဆိုပြီး ကောင်းကောင်းမဖြေကြတော့ဘူး။ အရင်က ကြိုးစားမဖြေဘဲ အဆင့် B ရခဲ့တဲ့သူတွေလည်း အဆင့် B တော့ အေးအေးဆေးဆေးရမှာပဲဆိုပြီး အရင်ထက် ပိုပြီးတောင် ပေါ့ပေါ့တန်တန်ဖြေကြတယ်။ စာမေးပွဲအဖြေထွက်တော့ တစ်တန်းလုံး အဆင့် D ပဲ ရကြတယ်။ အခုတော့ တစ်တန်းလုံးမပျော်ကြတော့ဘူး။

တတိယအကြိမ် စာမေးပွဲစစ်ပြန်တယ်။ ဒီအခါမှာ တစ်တန်းလုံး အဆင့် F ပဲ ရကြတယ်။ တစ်တန်းလုံးစာမေးပွဲကျသွားကြတယ်။ ဒီတော့မှ ကျွန်တော်က လူတိုင်းတန်းတူညီမျှရေးဆိုတဲ့ ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့် လူတွေမကြိုးစားကြဘူး။ ဒါကြောင့်လည်း အဲဒီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေ ကျရှုံးတာဖြစ်တယ်လို့ ကျွန်တော် သူတို့ကို ရှင်းပြလိုက်ပါတယ်"

ဆိုရှယ်လစ်စီးပွားရေးစနစ်ထက် ပိုဆိုးတာက အာဏာရှင်စနစ်ပါ။ လူတိုင်းကို ဆင်းရဲသွားစေရုံမကဘဲ နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ဖြစ်ရမယ်လို့ ကြွေးကြော်ရင်း နိုင်ငံဟာ ကျောက်ခေတ်ဆီ ပြန်ရောက်သွားပါတယ်။

ဥပမာ မြောက်ကိုးရီးယားနိုင်ငံကို ကြည့်ပါ။

ဗန်းမော်သိန်းဖေ
၂၂-၁၁-၂၀၂၂

20/11/2022

ပါပါရာဇီ၊ ဘူဘူဇီလာ၊ ဂျာဘူလာနီ နှင့်
ကမ္ဘာ့ဖလားဘောလုံးပွဲ ပြီးသွားသောအခါ
_________________________________________________ လှသန်း

ဂစ်တာ တီးတတ်တော့
ဘောလုံးကန်တာကို ရပ်
ကဗျာ စပ်တတ်တော့
ဂစ်တာတီးတာကို ရပ်
စာအုပ်တွေ အများကြီး ဖတ်မိတော့
ကဗျာစပ်တာကို ရပ်
ခရီးတွေ မကြာခဏ ထွက်ဖြစ်ပြန်တော့
ကဗျာ ပြန်ရေးချင်လာမိ
သူများမြေပေါ် ရှူးဖိနပ်နဲ့ ခြေချမိတော့
အိမ်အလွမ်းစိတ် အထီးကျန်ဝေဒနာနဲ့
ကဗျာတွေ ပြန်ရေးဖြစ်ပေါ့
၂၀၁၀ ကမ ္ဘာ့ဖလားမှာ ဘောလုံးသမားတွေစီးတဲ့
ဖိနပ်တွေအားလုံးကို သဘောကျတယ်
အားကစားကို ဝါသနာမပါတော့ပေမဲ့
က မ္ဘာ့ဖလား ဘောလုံးပွဲ တော်တော်များများကို ကြည့်ဖြစ်တယ်
( လေးနှစ်တကြိမ် ကျင်းပတာမို့ )
ညဥ့်နက်ပွဲ တော်တော်များများကို ကြည့်ဖြစ်
( အိပ်မပျော်လို့ … )
ဘောလုံးပွဲ ကြည့်နေရင်း
သူငယ်ချင်း ဇော်ထွဋ်နိုင်ကို အထူးသတိရမိ
ကမ္ဘာ့ဖလားမှာ နာမည်ကြီးဘောလုံးသမားတွေ
တယောက်မှ ခြေစွမ်းမပြနိုင်ဘူး
( မက်ဆီ စီရော်နယ်ဒို ရွန်းနီ )
မဆီမဆိုင် ခန့်မှန်းတဲ့ရေဘဝဲက အစွမ်းပြသွားတယ်
အောင်ခိုင်မြတ်ကတော့ တန်ပါတယ်
ရှာကီယာနဲ့ အိပ်မက်ထဲမှာ တစ်ညတွေ့တယ်တဲ့
( ဝါကာ ဝါကာ )
This time for အောင်ခိုင်မြတ်
အစ်ကို့သားလေးကို ဘူဘူဇီလာ ဝယ်ပေးချင်တာ
ကလေးကစားစရာဆိုင်မှာ ဘူဘူဇီလာမရှိ
ညီရဲ့သားအငယ်ကောင်ကို
ဂျာဘူလာနီဝယ်ပေးချင်တာလည်း ဒီမှာမရှိ
အလကား လျှောက်ပြောနေတာ
ကိုယ့်ဟာကိုယ်တောင်
အာဂျင်တီးနားဂျာစီအင်္ကျီတစ်ထည် မဝယ်နိုင်
ကမ္ဘာ့ဖလား ပြီးသွားတော့ ညဘက် ဘာလုပ်ရမှန်းမသိ
အိပ်လို့မပျော် ကြောင်တောင်တောင်
အဲဒါနဲ့ လေဒီဂါဂါ ရဲ့ ပါပါရာဇီကိုပြန်ကြည့်မိ
ကမ္ဘာ့ဖလားပြီးတော့
ကြည့်ဇော်အေး ခြေဖဝါးကွဲသွားတယ်
တောရက်စ်အစား သူက ခြေစွမ်းပြတာ
ပုလင်းကိုတန်ဖိုးမထား မလေးစားတဲ့ကောင်
ဘယ်လိုလုပ်ကြီးပွါးမှာလဲ
ပုလင်းကိုရိုက်ခွဲရင်
မင်းလည်း အသည်းကွဲမှာပဲ ။ ။

19/11/2022

ဟ" နိုင်သွားပြီလား
aung la N saing

26/10/2022

MiKe 2022
___♥___

Mike (2022)
---*---
ဇာတ်ညွန်းဖတ်ရန်
👇👇👇
https://t.me/moviesbykhg/19
___♥___
ဇာတ်ကားကြည့်ရန်
👇👇👇
https://t.me/moviesbykhg/20
****
#ဇာတ်ကား

#မြန်မာစာတန်းထိုး

Photos from 𝒀𝑨𝑹 𝒁𝑨𝑹 𝑯𝑻𝑨𝑰𝑲's post 26/10/2022

Black Adam (2022)

DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။
မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။
ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး
မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။
“ရှဇမ်း” လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့
ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။
ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊
ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။
ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့
ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ဇာတ်လမ်းအကျဉ်းကတော့ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ
ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။
အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။
ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို
သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။
အဲဒီAရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ
နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။
ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့်
အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်…
မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။
ဇာတ်ကားကြည့်ရန် လင့်
👇👇👇
https://t.me/moviesbykhg/14
_♥_

#မြန်မာစာတန်းထိုး
#ဇာတ်ကား

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Bangkok