Ygn thailand embassy appointment ပွင့်နေတယ် ။ ၁၃ ၊ ၁၄ နှစ်ရက်စာ ပွင့်နေတာပါ
Easy Visa Service
Thailand Visa Appointment Service
29/01/2025
Visa တွေကို Reject ထိထိနေတဲ့ First Name ပြသနာ ဖြေရှင်းခြင်း
https://www.thaievisa.go.th
မှာ visa တင်ရင်
ပုံ -၁
Account အရင်ဖွင့်တဲ့အခါ ထည့်ရမယ့် First Name,Family Name ကခွဲရေးလို့ရပါတယ်။
ပုံ-၂
Apply For a new visa ကိုနှိပ်ပြီး visa လျှောက်တဲ့အခါ
ပုံ-၃ ရောက်ရင်
First Name မှာတင် ကိုယ်နာမည်အပြည့်စုံရေးပေးရပါတယ်။
(သတိချပ်။ ။ ⚠️⚠️⚠️passport photo ကိုအရင်မတင်ပဲ form ရေးပြီးတင်ပါက First Name ကစာတွေ Family Name ပြောင်းသွားတတ်တာမို့။ ပြန် First Name ပြောင်းပေးဖို့လိုတယ်နော်။
အခြား passport info တွေလဲသေချာပြန်စစ်ပါ။)
Visa reject နိုင်ချေအများဆုံး အကြောင်းအရာများ
⚠️နာမည် အပြည့်အစုံကို First Name မှာမထည့်မိချင်။
⚠️Personal Info/ Passport Data မှားရေးခြင်း။
⚠️Document မစုံခြင်း။
⚠️Bank statements account များထပ်နေခြင်း။
⚠️Evsia account တခုတည်းမှာ form များစွာ တင်ခြင်း။
ငွေချေ Appointment ရပြီးမှ မဝင်ရတဲ့အကြောင်းအရင်းများ။
⚠️ ငွေပေးချေသူ information မှားခြင်း။
⚠️ ငွေချေ qr id code မှားထည့်ခြင်း။
⚠️ တရကိတည်း appointment တစ်စောင်အထက်ယူမိခြင်း။
26/01/2025
Thailand evsia ကိုယ်တိုင်လျှောက်သူများအတွက် လိုအပ်သည့်အဆင့်များ။
အဆင့် ၁။
https://www.thaievisa.go.th ပထမဆုံး account ဖွင့်ရပါမယ်။
⚠️ first name , family name ပြဿနာမရှိပါ။
⚠️ email ကိုတော့ valid ဖြစ်တဲ့ email ထားပေးပါ။ evsia ရရင် အဲ့ email ကိုပို့ပေးတာပါ။
အဆင့် ၂။
https://www.thaievisa.go.th မှာ စောန account ဝင်ပြီး “Apply a new Visa” ကိုနှိပ်ပြီး လိုချင်တဲ့ visa လျှောက်လို့ရပါပြီး။
⚠️ သံရုံးကို ရန်ကုန် သံရုံးရွေးရန်။
⚠️ Name ရေးတဲ့အခါ First Name မှာပဲတစုတည်းရေးရန်။
⚠️⚠️⚠️passport photo တင်တဲ့အခါ Name တွေက Family Name ပြောင်းသွားတတ်ပါသည်။ သတိကြီးကြီးထားပြီး First Name မှာရေးပါ။ reject case မို့ပါ။
(First name မှာမထည့်မိလို့ rejected လုပ်ခံရတဲ့ email လေး ကို ပုံမှာ တင်ပေးထားပါတယ်။)
⚠️ တငိရတဲ့ documents size သည် 3Mb အောက်သာဖြစ်ရမည်။ ဒါကြောင့် သက်ဆိုင်ရာ documents အချင်းချင်းတွေပြီးရင် combine pdf နှင့် pdf size ပြန်ချုံပေးရပါတယ်။
⚠️ form ဖြည့်တဲ့အခြေနေကို draft အဆင့်လို့ခေါ်ပြီး website မှ ကိုယ့် form ကို 2 ပတ်အထိပဲသိမ်းထားပေးပါတယ်။
⚠️ Evsia ပြောင်းပြီး နောက် photo size သည့် restriction မရှိတော့ပေမယ့် အဖြူခံ background ပေါ်မှာရိုက်ထားတဲ့ပုံဖြစ်ရပါမယ်။
အဆင့် ၃။ form အကုန်ဖြည့်၊ စစ်ပြီးပြီးဆိုရင် ၊ submit လုပ်ပါ။
ပြီးရင် procced to payment-> Pay at Embassy နှိပ်ပြီး၊ payment QR လေးကျလာပြီ။
အဆင့် ၄။ payment qr လေးကျရင် အဲကောင်လေး print ထုတ်၊
အဲက
YGN0000000000-I-000000 ဆိုတဲ့ code
ငွေသွင်းပေမယ့်သူနာမည်
ငွေသွင်းမယ့်သူရဲ့ NRC နောက်ဆုံး ၆ လုံး
Email
Phone
တင်ထားသည့်လူဦး ကို
http://www.thaiconsularyangon.com/
မှာ form တင်ပြီး appointment ယူတင်ပေးရပါတယ်
Or
Appointment ရက်ကျပ်နေပါက
ကျွန်တော်တို့ Easy Visa Service Page မှာ appointment လာယူလို့ရပါတယ်။
အဆင့်၅။
သတ်မှတ်ရက် မှာ appointment ရယ် ၊payment qr ရယ် ၊ ငွေသွင်းသူမှတ်ပုံတင်ရန် သံရုံးသွား ငွေသွင်းပြီးရင်
Evsia Form ရဲ့ Status မှာ prepared documents->pending Approvals->(request documents)->(request interview)-> approved/reject ဆိုပြီး evsia လေး ရရှိလာမှာပါ။
Visa လျှောက်သူ အားလုံး အဆင်ပြေချောမွေ့ကြပါစေ။
===================
Visa အတွက် ငွေချေဖို့ appointment များကို ကျွန်တော်နေ့စဉ်ရယူပေးနေသေးပါသည်။
⚠️⚠️ လက်ရှိ information အားလုံးသည် စာရေးသူ ၏ အတွေ့အကြုံများကိုသာ sharing လုပ်ပေးချင်ဖြစ်ပါသည်။
25/01/2025
Thai Visa တင်မည့် ကာကာတို့ကို သတိလေးပေးချင်တာလေးပါ။
❤️Payment slip အောက်ကပုံစံမျိုးလေးရတဲ့အထိ form ကို တင်ပေးရပါမယ်။
အောက်ကပုံလေးပေါ်လာပြီးဆိုရင် appointment တင်လို့ရပါပြီး။
❤️Appointment မတင် payment slip မှာ
နာမည်အပြည်အစုံပေါ်ရဲ့လား။ နာမည်ရှေ့မှာ - ဆိုတာ ပါနေလား။(မပါရပါ)
သေချာ စစ်ဆေးပေးပါ။
‼️‼️ကိစ္စသေးသေးလေးကြောင့် passport information မတူလို့ဆိုပြီး reject ထိပြီး သွင်းငွေလည်း ဆုံးရှုံးနိုင်ပါတယ်။‼️‼️
ပြီးရင် request number လေးမှတ်ထားပြီး ကျွန်တော်တို့ Easy visa ကို appointment အတွက်လာရောက်စုံစမ်းလို့ရတယ်နော်။
==========================================
ခရီးကပြန်ရောက်လို့ Payment သွင်းဖို့ Appointment လေးတွေ ပြန် လက်ခံနေပါပြီး။
Appointment ရမှပေး ၁၅၀၀၀ ပါ။
အရင်ကထပ်ပိုစိတ် ချရတဲ့ ပုံစံ အသစ်လေးနှင့် ပြန်လာတာမို့ နှစ်ဆ ပိုယုံလို့ရပါတယ်နော်။
25/01/2025
EVisa Pay Appointment ယူရခက်နေသူများအတွက် ကျွန်တော်တို့ Easy Visa Service မှဝန်ဆာင်မှုပေး နေပါပြီ။
Appointment ရမှ ပေး ၁၅၀၀၀ ကျပ်ပါ။
eVisa လျှောက်သူများ အမှားများတဲ့အချက်များ
၁။ Evisa form မှာ passport ပုံထည့်တဲ့အခါ First , Middle, Family Name အကုန် Family Name ကိုပြောင်းသွားတတ်တယ်။
(သံရုံးက Family Name မှာ နာမည်အကုန်ရေးရင် reject ထိပါတယ်တဲ့။ ထိတဲ့သူတွေလဲ တွေ့ရပါတယ်။)
Name အကုန် First Name မှာထားပေးပါ။
၂။ Evsia form တင်ပြီးတဲ့အခါ payment information ကျပါတယ်။ YGN-ဂဏန်း၁၀လုံး-I-ဂဏန်း၆လုံး ဆိုတာရပါမယ်။
(*****ပြီးရင် ဒီအတိုင်း စောင့်နေရမှာမဟုတ်ပါ)
ထို့နောက် appointment website မှာ သံရုံးမှာ ငွေချေဖို့ ရက်ယူပေးရပါမယ်နော်။
ငွေမချေရသေးရင် - pending payment ပါ။
ငွေချေပြိးရင်- pending documentation check, (request documents), pending approval , (request interview), approved/reject အဲလိုအဆင့်ဆင့်ပြောင်းပါတယ်
သံရုံး ငွေပေးချေဖို့ appointment တွေ မြန်မာစံတော်ချိန် ၆:၃၀ ဆို တရက်စာ တရက်စာ ပြန်ပွင့်ပါတယ်နော်။တရက်ကို အယောက်၅၀၀ ဖွင့်ထားပေးပါတယ်။
ဒီနေ့အတွက် ၂၂ ရက်နေ့ ပွင့်ပြိးသွားပြီ
01/01/2025
Evisa ပြောင်းသွားလို့ လုပ်ရတာအခက်အခဲရှိရင်လာမေးလို့ရပါတယ်နော်။
သတိထားရမှာက
Visa လျှောက်မယ်ဆို အပိုင်း၄ ပိုင်းပါပါမယ်နော်။
https://www.thaievisa.go.th မှာ အရင် account ဖွင့်ရပါမယ်။
ပြီးရင် visa form တင်ရပါမယ်။
Submit ပြီးတဲ့အခါ visa from id code လေး ရလာပြီးဆို
https://www.thaiconsularyangon.com/evisapay/index.php/make-an-appointments
မှာရက်ချိန်းယူရပါမယ်နော်။
ရက်ချိန်းရပြီး ငွေသွင်းပြီးမှ အတည်ပါနော်။
သတိချက်ရမှာ evsia form ကိုငွေ မသွင်းသေးပဲထားရင် ၂ ပတ်ထိပဲထားလို့ရတာမို့ ၂ ပတ်ထပ်မကျော်တဲ့ ငွေချေတဲ့ appointment ရက်ကိုရဖို့လိုပါတယ်
MAKE AN APPOINTMENT || ဗီဇာရက်ချိန်းယူခြင်း Royal Thai Embassy, Yangon Visa Booking Online
DTV visa သိကောင်းစရာများ(၁)
DTV visa က ၅ နှစ်တိတ် သက်တန်းတိုးစရာ မလိုတဲ့ visa ပါ။
ဒါပေမယ့်
DTV visa နှင့် တခါဝင်တိုင်း ၆ လပဲနေလို့ရပါတယ်။ extension အနေနှင့် နောက်ထက် ၆ လ ရပါတယ်။
ပြီးရင် နိုင်ငံအပြင်ပြန်ထွက်ရပါတယ်။
Long time Visa ဟူသည် ထိုင်းမှာ နှစ်ချီ နေထိုင်ခွင့်ဖြစ်ပါသည်။
DTV သည် ၆ လပဲ ရသည့်အတွက် long time visa တမျိုးမဟုတ်ပါ။
Appointment တရက် တရက် အယောက် ၂၅၀ ပဲappointment ပေးတာတောင် ပြုံတိုးနေကြတာ။
Evisa မှာ့တင်တာ အကန့်အသတ်မရှိ၊ စောစောပိုက်ဆံချေနိုင်ဖို့ပဲဆိုတော့ တရက်တရက် ထောင်ချီသွားမလားပဲ။
နယ်ပေါင်းစုံကအစ ရန်ကုန်သွားစရာမလိုပဲ တင်လို့ရနေတော့။
12/12/2024
Appointment က ၂၄ ရက်အထိပဲပါပဲတဲ့
คลิกที่นี่เพื่อเป็นสมาชิก?
