မေတ္တာကမ္ဘာလေး

မေတ္တာကမ္ဘာလေး

แชร์

အမှားလေးတွေရှိကအမှန်သို့ပြင်နိုင်?

21/01/2026

🌿📚သွေးဆောင်မှုတွေ ပြည့်နှက်နေတဲ့၊ ဒီလောကကြီးထဲမှာဘယ်အရာမှ မတည်မြဲပါဘူး။

🏡 မတည်မြဲတဲ့ ပျော်ရွှင်မှု ခဏတာလေးတွေက၊ သင့်ကို ဆွဲဆောင်နေတတ်ပေမဲ့၊ အဲ့ဒီပျော်ရွှင်မှုတွေက တစ်သက်တာ နောင်တတွေကိုပဲ ချန်ထားခဲ့မှာပါ။

🏡 ဒါကြောင့် ခဏတာ ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့၊ သူတစ်ဦးတစ်ယောက်အတွက်၊ သင့်မိသားစုကို မလဲလှယ်လိုက်ပါနဲ့။

🏡 သင့်ကို တကယ်ချစ်တဲ့၊ နားလည်ပေးတဲ့၊ အခက်ခဲတွေကြုံနေရတဲ့အချိန်တွေမှာတောင်၊ သင့်ဘက်က ရပ်တည်ပေးမယ့်သူတွေဟာ၊ သင့်မိသားစုပဲ ဖြစ်ပါတယ်။

🏡 ဒီခဏတာ ပျော်ရွှင်မှုတွေ သွေးဆောင်မှုတွေ ပျောက်ကွယ်သွားတဲ့အခါ ၊သင့်ရွေးချယ်မှုတွေရဲ့ နာကျင်မှုနဲ့၊ ဆုံးရှုံးသွားတဲ့အရာတွေရဲ့၊ ဟာတာတာ ခံစားချက်တွေသာ ကျန်ခဲ့ပါလိမ့်မယ်။

🏡 သင့်မိသားစုနဲ့ အတူတူ နေဖို့ ရွေးချယ်ပါ။ အရေးပါတဲ့သူတွေအတွက် တိုက်ပွဲဝင်ဖို့၊ ချစ်ခြင်းမေတ္တာပေးဖို့၊ ဂရုစိုက်ပေးဖို့ပဲ ရွေးချယ်ပါ။

🏡 သင့်မိသားစုရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာကို ကာကွယ်ဖို့ ရွေးချယ်ပါ။

🏡 ဘာကြောင့်လဲဆိုတော့ ပျော်ရွှင်ဖို့အတွက်၊ သင့်ကိုချစ်တဲ့သူကို နာကျင်အောင်လုပ်ဖို့ မလိုအပ်ပါဘူး။

🏡 စစ်မှန်တဲ့ ပျော်ရွှင်မှုဟာ ၊ဘယ်သူတစ်ဦးတစ်ယောက်ရဲ့၊ နှလုံးသား နာကျင်မှုကိုမှ ပေးဆပ်စရာ မလိုပါဘူး။

🏡 သင့်မိသားစုကိုပဲ ဂရုစိုက်ပါ ၊ သင့်မိသားစုလောက် အရေးကြီးတာမရှိဘူး။
✨တခဏတာပျော်ရွှင်မှုတွေကို တဘဝစာ ပျော်ရွှင်မှုနဲ့ မလဲလှယ်လိုက်ပါနဲ့နော်...🔰✅📚🏡

13/03/2025

တပေါင်းလပြည့် အဖေနေ့
ဂုဏ်ပြု ကဗျာလေးပါ

★အ‌ဖေ့မှာတမ်း★
*****************
[လေးလုံးစပ် လင်္ကာ]
* ဘဝနေဝင် ၊မသေခင်ဝယ်
ကြိုတင်စကား ၊သမီး,သားတို့
နာကြားမသွေ ၊နှုတ်ဟခြွေမည်
ကျွေးဖေမှာတမ်း၊သိမှတ်စမ်းလော့ ။

* သင်တို့ဘဝ ၊မကြောင့်ကျဖို့
ငယ်ကပင်လျှင် ၊ဝတ်စားဆင်ကာ
ဝမ်းတွင်"ဝ"ရေး ၊ပူပန်တွေးလျက်
ချွေး‌,သွေးရင်းတည် ၊လုပ်ကျွေးသည်သာ။

* မိုးရွာ မနား ၊ဆောင်းနှင်းကြားနှင့်
နွေကား ပူစေ ၊မမှုလေတယ်
သားတွေ စားရ ၊သမီးလှဖို့
နေ့ညတိုင်းသာ ၊ရုန်းကန်ရှာခဲ့။

* အရွယ်ရောက်ငြား ၊တတ်သိများဖို့
ကျောင်းထားကာပင်၊ပညာသင်၍
လိုလျှင်ပံ့ပိုး ၊အချစ်တိုးကာ
မဆိုးမိုက်အောင် ၊လမ်းပြဆောင်ခဲ့။

* မကောင်းမှုများ၊ရှောင်ကြဉ်သွားဖို့
သင်ကြားခဲ့ပြန် ၊ကောင်းစေရန်ကို
လမ်းမှန်ညွှန်ပြ ၊ဆိုဆုံးမလျက်
အဖပီစွာ ၊စောင့်ရှောက်ပါသည်။

* အိမ်ထောင်ပြုလောက်၊အရွယ်ရောက်တော့
တစ်ယောက်ဆီခွာ ၊သွားလိုပါလည်း
ဘယ်ခါပြစ်တင် ၊မငြိုငြင်ပေ
ကြည်ရွှင်စိတ်မွေး ၊ထိမ်းမြားပေးသည်။

* မခွဲချင်ငြား ၊သမီးသားတို့
သီးခြားအိမ်ထောင် ၊ဤလူ့ဘောင်ဝယ်
ပြုဆောင်တတ်ကြ ၊သဘာဝလို့
တွေးဆကာသာ ၊ဖြေသိမ့်ပါသည်။

* အိမ်ထောင်ခွဲသော် ၊လက်တွဲဖော်နှင့်
ရွှင်ပျော်ချမ်းမြ ၊ပြည့်စုံကြဖို့
ဓနဥစ္စာ ၊အဖြာဖြာကို
ယူပါမနှေး ၊ဖြန့်ဝေပေးသည်။

* (သြော်)
ယခုချိန်ဝယ် ၊ဇရာရွယ်မို့
ပိန်သွယ်‌ခြောက်နွမ်း၊ငါမစွမ်းတော့
ချေးဝမ်းမနိုင် ၊ခြေမခိုင်နှင့်
ခွေယိုင်လဲကျ ၊ပင်ပန်းလှပြီ။

* သားကလိမ္မာ ၊သိတတ်ပါ၍
ကြင်နာမှုထား ၊သမီးများက
ငါ့အားကြည်ဖြူ၊မငြူစူဘဲ
ဖေးကူလို့ပေး ၊တစ်လှည့်ကျွေးလော့။

* အိုဘယ့်ချစ်သား ၊သမီးများတို့
မှတ်ထားသေချာ ၊ငါသေခါမှ
ရှိုက်ကာလွမ်းတ ၊မျက်ရည်စနှင့်
ပူပြကာလေ ၊ငိုမနေနှင့်။

* သက်မဲ့ခန္ဓာ ၊ဖြစ်ချေခါမှ
အော်ကာဟစ်ကြွေး ၊ငါ့နံဘေးဝယ်
မကျွေးလိုက်ရ ၊မှားလေစွဟု
နောင်တ,တစ်ဖန် ၊မပူပန်နှင့်.။

* သေကံသို့ရောက် ၊ခန္ဓာခြောက်မှ
သက်ပျောက်ဆွမ်းဟူ၊ပေးပို့လှူလည်း
ထပ်တူထပ်မျှ ၊ငါ့ထံရဖို့
မုချခိုင်မာ ၊မသေချာပြီ..။

* သေချာသည်က ၊ငါ့အတ္တနှင့်
ပြုသမျှကံ ၊ငါ့ကိုရံလျက်
စံ,ခံဖို့လမ်း ၊ကြိုစောင့်ကမ်းလိမ့်
လျှောက်လှမ်းရမှာ ၊မလွဲပါတည်း။

* ငါ့ကိုချစ်လျှင် ၊မသေခင်ဝယ်
ဖြူစင်စိတ်ဖြင့် ၊လုပ်ကျွေးသင့်၏
ကျွေးခွင့်ရခါ ၊ဒီချိန်မှာပင်
ကြင်နာယုယ ၊လုပ်ကျွေးကြလော့.။

* ငါ့ကိုချစ်လျှင် ၊မသေခင်‌ဝယ်
ငြိုငြင်မတွေး ၊ဝတ်ကောင်းပေး၍
အလေးထားက ၊ဆင်ပါကြမှ
ငါရမည်သာ ၊သိမှတ်ပါလော့။

* ငါမသေသေး ၊သည်ချိန်လေးတွင်
ဖြည့်ပေးကြင်နာ၊လုပ်ကျွေးပါမှ
ငါသာမုချ ၊ခံစားရမည်
စိတ်မှငြူစူ ၊မပြုမူနှင့်။

* စားမရနိုင် ၊ခွင့်မပိုင်မှ
စုပြိုင်မှန်းဆ ၊မပေးကြနှင့်
ငါရဖို့ရာ ၊အခွင့်ခါလည်း
လွန်စွာမှနည်း ၊ရနိုင်ခဲဘိ။

* သေမှငိုကြ ၊အဖေတ၍
မြေချသင်္ဂြိုလ် ၊ကောင်းမှုပိုအောင်
ပြုလိုကလည်း၊ထုံးစံပဲမို့
မှတ်စွဲရိုးရာ ၊မဖျက်ပါနှင့်။

* ငါ့တွက်ရည်သန် ၊ကောင်းမှုမှန်ကို
ဆုပန်ပေးကြ ၊ငါ့ထံရဖို့
အမျှပေးဝေ ၊အော်ဟစ်နေလည်း
မသွေရတမ်း ၊မျှော်မစွမ်းသာ
ငါ့လမ်းစသည် ၊ရှိနှင့်မည်တည်း။ ။

အဖေ့ကျေးဇူး အထူးသိကြပါစေ...

မူရင်း-Credit-

Photos from ေမတၲာကမာၻေလး's post 16/01/2025

💠 ကသစ်ဖု (ထားဝယ် အခေါ် ပလ္လောပီနို့)

💠 ကသစ်ပင်ဟာ တပင်လုံးပစ်ရက်စရာ မရှိအောင် အသုံးဝင်ပါတယ်။

💠 အရင်က ကသစ်ဖုလောက်ပဲ သွေးလိမ်းရတာသိတယ်။

💠 ကသစ်ဖုက နေလောင်တာ၊တင်းတိပ်၊ အမဲစက်၊ ဝက်ခြံတွေ သက်သာလို့ သုံးကြတယ်။ အသားအရေလည်း ချောမွေ့စေတယ်။ လိမ်းထားရင် အေးစိမ့်နေရော။

💠 နွေရာသီဆို အင်ကြင်းတို့၊လက်ပံတို့နဲ့ အပြိုင်ပွင့်ကြတဲ့ ပန်းတွေလည်း အပင်ပေါ်မှာတွေ့နိုင်တယ်။

💠 အပွင့်ရဲ့ထူးခြားတာက အနံ့လုံးဝ မရှိဘူး။

💠 ကသစ်အရွက်ကတော့ မွှေးပျံ့ထုံအီနေတာပဲ။

💠 အရွက်ကို ကြော်ပဲစားစား၊ ဟင်းထဲထည့်ချက်ချက်၊ တို့စရာအနေနဲ့လည်း သိပ်ကို စားလို့ကောင်းပြန်ရော။

💠 ကသစ်ပင်ရဲ့ သိပ္ပံအမည်ကတော့ (Erythrina spp)ဖြစ်ပါတယ်။

ကသစ်ပင်က မျိုးစိတ်ပေါင်း ၁၃၀ ခန့်လောက်ရှိတယ်လို့ မှတ်သားရဖူးပါတယ်။

နှစ်ရှည်ခံ သစ်မာပင်ကြီးလည်းဖြစ်ပါတယ်။

💠 ကသစ်ပင်ကို ရေကသစ်၊ ကုန်းကသစ်၊ တောင်ကသစ်၊ အင်းကသစ်၊ ပင်လယ်ကသစ်၊ ကသစ်ခါးအမျိုးမျိုးခေါ် ကြပါတယ်။

💠 တချို့ဆေးကျမ်းထဲတွေမှာကတော့ ကသစ်ရိုးရိုးနဲ့ ပင်လယ်ကသစ်ကိုသာ အဓိကခွဲခြားထားပါတယ်။

💠 ကသစ်ပင်ရဲ့ အရွက်၊ အမြစ်တွေရဲ့ အသုံးဝင်ပုံတွေဟာ များပြားလှပါတယ်။

💠 ကသစ်ရွက်ကို ပုံမှန်စားသုံးမယ်ဆိုရင်တော့

👉 ကိုလက်စ်ထရောကိုကျစေခြင်း

👉 အစာခြေစနစ်ကိုလည်း ကောင်းမွန်စေခြင်း

👉 သန်ကောင်၊ တုတ်ကောင်ကိုကျစေခြင်း

👉 အဖျားရောဂါကို သက်သာစေခြင်း

👉 အဝလွန်ခြင်းကို ကာကွယ်ပေးခြင်း

👉 အသည်းပျက်စီးခြင်းကို သက်သာစေခြင်း

👉 ဝမ်းနှုတ်ဆေးအဖြစ် အသုံးပြုနိုင်ခြင်း

👉 အမျိုးသမီးရောဂါကို ကုသနိုင်ခြင်း

👉 ရောဂါပိုးတွေကို သေစေနိုင်သော အစွမ်းသတ္တိရှိပါသည်။

ကသစ်ဖုကို တိုင်းရင်းဆေးတက္ကသိုလ်တက်တော့ အဆောင်အတူနေတဲ့ ထားဝယ်ကသူငယ်ချင်းယူလာပေးလို့ မြင်ဖူး၊ လိမ်းဖူးတာပါ။ နွေရာသီမှာဆို ကသစ်ဖုသွေးပြီးလိမ်းထားရင် ပါးလေးအေးပြီး နေလို့ကောင်းတယ်။

...
#ကသစ်ဖု

18/11/2024

တစ်ခါက ပျားတစ်ကောင်နဲ့ ယင်ကောင်တစ်ကောင်ဟာ ပျံသန်းလာရင်း လမ်းမှာတွေ့ဆုံကြတဲ့အခါ ပျားက လမ်းလွှဲသွားတယ်။

ဒါကို ယင်ကောင်က ရိပ်မိတော့ ပျားကိုပြောတယ်။
(ယင်ကောင်)>>>"ဟ့ကောင်ပျားး မင်းက ဘာလို့ ငါ့ကို ယှဉ်မသွားတာလဲ"
(ပျား)>>>"မင်းအနားကို မကပ်ချင်လို့ပေါ့"
(ယင်ကောင်)>>>"ဘာလဲ ငါက နူနေလို့လား"

(ပျား)>>>"မဟုတ်ဘူး၊ ငါတို့ရဲ့သဘာဝက မတူညီလို့ပါ။ မင်းလည်း အတောင်တွေနဲ့ ပျံသန်းတယ်၊ ငါလည်း အတောင်တွေနဲ့ပျံသန်းရတာပါပဲ။ ဒါပေမဲ့ ငါတို့က မိတ်ဆွေတွေ မဖြစ်ထိုက်ဘူး။ ပျားဆိုတဲ့ငါတို့က ပန်းဝတ်ရည်တွေကို ပျားရည်အဖြစ် ပျားအိမ်မှာစုဆောင်းကြတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်အကြေးတွေကြားမှာပဲ ပျော်မွေ့ကြတယ်။ ငါတို့ပျားတွေက တစ်ဖြောင့်တည်းပျံသန်းတယ်။ မင်းတို့က တဝဲလည်လည်ပျံသန်းကြတယ်။ ငါတို့ပျားတွေက ကိုယ် စုပ်ယူမယ့်ပန်းခင်းကို တစ်ပတ်ပတ်ပြီးမှ စုပ်ယူတယ်။ မင်းတို့ ယင်ကောင်တွေက အညစ်ကြေးတွေဆီ တစ်ရှိန်ထိုးပျံသွားကြတယ်"
(ယင်ကောင်)>>>"ဒါပေမဲ့ ငါတို့က မင်းတို့လို လူတွေကို အဆိပ်နဲ့မတုံ့ပြန်ပါဘူး"

(ပျား)>>>``ငါတို့အဆိပ်က ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအပေါ်ကာကွယ်ဖို့ သဘာဝကပေးထားတာ။ ငါတို့ပျားတွေက ချွေးနံ့ကိုမုန်းတယ်၊ အညစ်အကြေးတွေကို ရွံတယ်။ တကယ်တော့ မင်းတို့ယင်ကောင်တွေရဲ့ နှုတ်သီးတွေ၊ ခြေလက်တွေကသာ လူတွေကို အန္တရာယ်ဖြစ်စေတာပါ။ မင်းတို့နဲ့ငါတို့ကြားမှာ မတူညီတဲ့ဖြတ်သန်းမှုတွေ၊ မတူညီတဲ့ရပ်တည်မှုတွေရှိတယ်။ "ဒါကြောင့် မင်းလည်း မင်းနှစ်သက်တဲ့ အညစ်အကြေးတွေကြားမှာ ပျော်ပါ၊ ငါလည်း ငါနှစ်သက်တဲ့ သာယာအေးချမ်းခြင်းတွေမှာပဲ ပျော်တော့မယ်"

ဘဝဆိုတဲ့အရိပ်အောက်မှာ တူရာစုကြတယ်ဆိုပေမဲ့ ယင်ကောင်လို အညစ်အကြေးတွေထဲမှာပဲ ပျော်မွေ့တဲ့သူတွေလည်းရှိတယ်။ ပျံသန်းပုံ၊ ရပ်တည်ပုံမတူညီကြတဲ့ဘဝမှာ ကိုယ်က ဘယ်လိုဘဝမျိုးလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့လိုတယ်

ဒါကြောင့် ကိုယ်နေ့တိုင်းဖြတ်သန်းနေတဲ့ ပတ်ဝန်းကျင် လူ့အသိုင်းအဝိုင်းမှာ ခံယူချက်နဲ့ ရပ်တည်ပုံချင်း မတူညီမှုတွေ ရှိနေတတ်ပါတယ်။

ကိုယ်ဟာ ဘယ်လိုလူမျိုးဖြစ်သင့်ဆုံးလဲဆိုတာ ဒီစာဖတ်မိတဲ့ သူတိုင်း ခွဲခြားသိမြင်လိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။

06/06/2024

ဟယ်လို အဖေ
အဆောင်ခနဲ့ ကျူ ရှင်ခ ပေးရမှာမို့
၂သိန်းလောက် ပို့ပေးပါအုံး သုံးစရာလဲပြတ်နေပြီ

အေးအေး မနက်ဖြန် အဖေ ကားနဲ့ထည့်ပေးလိုက်မယ်

ဟုတ် အဖေ ဒါပဲနော်

သား ဘွဲ့ရအောင်.....တီတီတီ

ဖုန်းချသွားလေပြီ

သားရီး မနက်ဖြန် ငဝိုင်းပို့ပေးဖို့ အဖေ့ကို ပြောလိုက်ပြီ

၂ဆက်ရှင်လောက်တော့ ဒိုးကြရအောင်

လုပ်လိုက်လေ ကြာသလားလို့

ဟားးး

.........

ငါ့သားလေး ဘွဲ့ရအောင်တော့ ဖျစ်ညှစ်ပြီး ထားပေးရမယ် ငါ့လိုတော့ အဖြစ်မခံနိုင်ဘူး အဲ့ဒါမှ သူ့ဘဝရှေ့ရေး သာယာ ဖြောင့်ဖြူ းနိုင်မှာ...

.........

ကိုဘမောင် ဘယ်ကနေဘယ်လို မျက်စိလည်လာတာလဲရှင်

ဒီကိုပဲ သက်သက်လာခဲ့တာ အစ်မ

ရှင့်သားဆီက ငွေတောင်းပြန်ပြီလား

ဟုတ်ပါတယ် အဲ့ဒါကြောင့် ကျွန်တော့်ဆိုင်ကယ်လေး အစ်မဆီမှာ ခဏ အပေါင်ထားချင်လို့ပါ

ရှင့်ဆိုင်ကယ်က ကောင်းရော ကောင်းသေးရဲ့လားရှင် ကျွန်မဆီပေါင်ထားပြီးမှ ပျက်နေပါအုံးမယ်

အကောင်းကြီးပါဗျာ
ကျွန်တော့်သား ငွေလိုနေလို့ လက်ထဲမှာလဲ ပေးစရာငွေမလုံလောက်လို့ အစ်မဆီအကူအညီတောင်းရတာပါ

ဟုတ်ပါပြီရှင် ဟုတ်ပါပြီ
ဒီလူနဲ့ ဒီလူ ပြောစရာ မလိုပါဘူး

ဒါနဲ့ ရှင့်သားက ကျောင်းမပြီးသေးဘူးလား

ဒီနှစ်ပြီးရင်တော့ ပြီးပါပြီ

ရှင့်မလဲနော် အဖေတစ်ခု သားတစ်ခုမို့သာပဲ ဒီသားလေး ကျောင်းထားရတာနဲ့ကို ရှိသမျှကုန်နေပါပြီ

ခုရော ဘယ်လောက်ယူမှာလဲ အားမနာပါနဲ့ လိုတဲ့ငွေကိုပြောပါ
အတတ်နိုင်ဆုံး ကျွန်မ ကြည့်ကြပ်ပြီး ပေးမှာပေါ့

ခဏပဲ ပေါင်ထားမှာဆိုတော့
၂ သိန်းလောက်ဆို အဆင်ပြေပါတယ်

ရှင်လိုတဲ့ပိုက်ဆံ ကျွန်မပေးလိုက်မယ်
လကြာသွားရင် အတိုးလေးတော့ ပေးပေါ့

ဟုတ် ပေးပါ့မယ်

ရှင်က ဆိုင်ကယ်ပေါင်လိုက်တော့ ဘယ်ဆိုင်ကယ်နဲ့ ကယ်ရီဆွဲမလဲ ကိုဘမောင်

တစ်ခြားအလုပ်လေး ဘာလေး ရှာလုပ်ရတော့မပေါ့ဗျာ

မဟုတ်တာ ရှင်
ရှင့်ဆိုင်ကယ်ရှင် ပြန်ယူသွားပါ ကယ်ရီဆွဲလို့ ရတဲ့ငွေလေးတွေ စုပြီးမှ ကျွန်မဆီပေးစရာ ရှိတာ လာလာဆပ်ပါ

တစ်ကယ် တစ်ကယ် ပြောတာလား မမမော်
ရှင်.....
ဆောရီးပါဗျာ ကျွန်တော် အပျော်လွန်သွားလို့ ခေါ်မိလိုက်တာပါ

ရော့ရော့ ရှင်လိုတဲ့ ငွေ ၂ သိန်း

ဟုတ်ကဲ့ ပြန်ခွင့်ပြုပါအုံး ကျေးဇူးတင်ပါတယ် အစ်မ

ကောင်းပါပြီရှင်

ကိုဘမောင်ရယ်
အရင်တုန်းက ရှင်သာ ကျွန်မကို ငြင်းပယ်မထားခဲ့ဘူးဆိုရင်လေ......

.........

ဒီလိုနဲ့
သားဖြစ်သူ BEဘွဲ့ရပြီး မကြာခင်မှာပဲ ဆောက်လုပ်ရေးတစ်ခုထဲမှာ site engineerအဖြစ် အလုပ်ရတယ်

ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဘဝလက်တွဲဖော်ပါ ထပ်ရပြန်ပါတယ်

ရလာတဲ့ မဟေသီကလဲ အဝေးကြီးကဆိုတော့ ဖခင်ကို ထားခဲ့ပြီး လိုက်သွားပါတော့တယ်
နွေ မိုး ဆောင်း ရာသီစက်ဝန်းသာ အလီလီပြောင်းသွားခဲ့ရတယ်

.........

ငါ့သားလေး
အဖေ့ဆီကို ပြန်မလာတာ ခုဆို
၂နှစ်လောက်တောင် ရှိနေပြီ
အဆင်မှပြေပါ့မလား
အလုပ်တွေမအားလို့ နေမှာပါလေ

ဟယ်လို အဖေ့
ပိုက်ဆံလွှဲပေးထားတယ် သွားထုတ်လို့ရပြီ

အေးအေး

သား ....
သီတင်းကျွတ်ရောက်တော့မယ်
အဖေ့ဆီကို အလည်လေး ဘာလေးလာပါအုံးလား
သား အလုပ်အားမှပါလေ

အလုပ်တွေက ခုနောက်ပိုင်း အရမ်းများတယ်အဖေ သားလာလို့ အဆင်မပြေဘူး ခွင့်ရက်ကလဲ သိပ်မရဘူး
ပြီးတော့ အဖေ့ချွေးမကလဲ မပေါ့မပါးကြီးနဲ့

အေးပါ ကျန်းမာရေးကို ဂရုစိုက်နော်သား

ဟုတ် အဖေ ဒါပဲနော်...

.........

မောင်ရေ လာပါအုံး
ချစ်ဗိုက်တွေ အရမ်းနာနေပြီ

သူ့မိန်းမခေါ်သံကြားလိုက်ရတော့ estimateတွက်ရင်းကနေ ပြာပြာသလဲ ထသွားလိုက်တယ်

ဆေးရုံကို သွားဖို့ ပြင်စရာရှိတာ ပြင်ရင်းနဲ့
Taxiသမားကို ခေါ်ပြီး သွားလိုက်တယ်

ခွဲခန်းရဲ့ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်း နာ့စ်တစ်ယောက်ရဲ့ အသံကြားလိုက်မှပဲ
ရင်အေးရပါတော့တယ်
Congratulationsပါ
အစ်ကို ကလေး အဖေ ဖြစ်ပါပြီ
ဘာလေးလဲ ဆရာမ
ယောက်ျားလေးပါရှင် ယောက်ျားလေးပါ

သားလေးတဲ့လား ဝမ်းသာလွန်းလို့ ထကမိမတတ်ပါပဲ
ငါ့သားလေးအတွက် အရင်ကထက်ပိုပြီး အလုပ်တွေ ကြိုးစားရမယ်
ငါ့သားလေးရှေ့ရေးအတွက်ဆိုတဲ့ အတွေးပေါင်းစုံနဲ့ .......

.........

မောင်ရေ့ ကလေးပဲ နှိုက်မနေနဲ့အုံး
အလုပ်တွေ လစ်ဟင်းနေအုံးမယ်

အင်းပါ ချစ်ရဲ့
မောင်သိပါတယ်

သားကို အရမ်းချစ်တာပဲလား မောင်

ဘယ်လိုများ မေးလိုက်တာလဲ ချစ်ရယ်
သားလေးက မောင့်အသက် မောင့်ဘဝ
သားလေးကို လူတစ်လုံး သူတစ်လုံးနဲ့ ပညာတတ်ကြီးဖြစ်အောင် မောင် ကြိုးစားထားမှာ

မောင်

ပြောလေချစ်

မောင့်အဖေလဲ မောင့်ကို အရမ်းချစ်မှာပဲနော်

ဟင်....

မောင့်ကို သူ့ရင်ခွင်ထဲက ဆွဲထုတ်လာတာ ချစ်သနားမိတယ်မောင်

မောင့်ရဲ့အလုပ်ကို တစ်ရက်လောက်ဖျက်ပြီး အဖေ့ဆီကို ချစ်တို့ မိသားစု သွားပြီး ကန်တော့ရအောင်နော် မောင်

ချစ်ပြောပြမှ အဖေ့ကို သတိရတဲ့စိတ်က ထိန်းချုပ်မရအောင် ဖြစ်လာမိတယ်
ကိုယ်ကိုယ်တိုင် ဖခင်နေရာရောက်မှ အဖေတစ်ယောက်ရဲ့ ရင်ထဲက ခံစားချက်ကို ပိုပြီးနားလည်လာမိတယ်

အဖေ အဖေ အဖေ...

အဖေ ခုချိန်ဘာတွေများ လုပ်နေပါလိမ့်
နေလို့ရော ကောင်းလား
အဖေတစ်ယောက်ထဲ ဘယ်လိုနေပြီး ဘယ်လိုများ စားနေရရှာပါလိမ့်နော်

ချစ်ပြောတာ ကြားလားမောင်

ကြား ကြားပါတယ်ချစ်ရဲ့

လာမယ့် စနေနေ့မောင်တို့ သွားကြမယ်လေ
မောင်တို့လာမယ့်အကြောင်း အဖေ့ကို
ကြို ပြီးပြောပြမထားနဲ့နော်ချစ်

ဘာလို့လဲ မောင်ရဲ့

ဘာရယ်မဟုတ်ပါဘူး အဖေ့ကို ပိုပြီး ဝမ်းသာသွားစေချင်လို့ပါ

ကောင်းပါပြီတဲ့ ရှင်

ဒီလိုနဲ့ စနေနေ့မနက်ပိုင်း အဖေ့ဆီကို သွားခဲ့ကြတယ်

အိမ်ကိုရောက်တော့ အဖေ မရှိဘူး
အဖေ ဆိုင်ကယ် ကယ်ရီများ ဆွဲနေလို့လား မသိဘူးဆိုပြီး Taxiဂိတ်ကို လိုက်သွားတော့

ကျွန်တော်တို့ကို ကျောပေးပြီး ဆိုင်ကယ်အအိုလေးကို ပြင်နေတဲ့ အဖေ

အဖေ
ပထမတစ်ခါခေါ်တယ်

အဖေ
ဒုတိယ တစ်ခါခေါ်လိုက်တော့
အဖေ့လက်ထဲက ဆိုင်ကယ်ပြင်နေတဲ့ဂွကလေး လွတ်ကျသွားတယ်

အဖေ
တတိယတစ်ခါခေါ်လိုက်တော့မှ
ကျွန်တော်တို့ ဘက်ကို လှည့်ကြည့်လာတဲ့ အဖေ့ရဲ့ မျက်ဝန်းမှာ.......
သား သား ငါ့သား အဖေ့ဆီ လာတယ်နော်

အဖေရယ်
အဖေ့ကို ကျွန်တော်ထွေးပွေ့
ထားလိုက်ပါတော့တယ်

ဒီမှာ ဘယ်သူတွေပါလာလဲ ကြည့်ပါအုံး အဖေ

သမီးရော ပါလာတယ်လား
အဖေ အရမ်းပျော်တယ် သားတို့ သမီးတို့ရယ်

လက်ထဲက...

အဖေ့မြေးလေ အဖေ

ဘာလေးလဲ သမီး

ယောက်ျားလေး အဖေ

ငါ့မြေ့လေး နေပူနေလိမ့်မယ်
အဖေတို့ အိမ်ပြန်ကြရအောင်
အိမ်ရောက်မှ အေးဆေးစကားပြောကြတာပေါ့

အိမ်ရောက်တော့
အဖေ့ကို တစ်ခါထဲ ခေါ်ခဲ့ဖို့အတွက် မိန်းမကို တိုင်ပင်ခဲ့တယ်

ကြည်ကြည်ဖြူဖြူပါပဲ ခွင့်ပြုပေးခဲ့တယ်

အဲ့ဒါနဲ့ အဖေ့ကို အတူလိုက်ခဲ့ဖို့ ဖွင့်ပြောလိုက်တော့.....

ခဏတော့ အဖေတွေဝေ သွားတယ်

ငါ့သားနဲ့သမီး အဖေ့ကြောင့် ဝန်ထုတ် ဝန်ပိုး ဖြစ်နေပါအုံးမယ်

မဖြစ်ပါဘူးအဖေ သမီးတို့နဲ့ အတူလိုက်နေလှည့်ပါ
အဖေမလိုက်ရင် သမီးတို့ ဒီကနေ မပြန်တော့ဘူးနော်

အဖေ လိုက်ခဲ့ပါမယ် သားတို့ သမီးတို့ရယ်
လိုက်ခဲ့ပါမယ်

.........

သွားရအောင် အဖေ

ခဏလေးသား ဆိုပြီး ပြောပြောဆိုဆိုနဲ့ အပြင်ထွက်သွားလိုက်တယ်

.........

ကိုဘမောင် သားနဲ့ချွေးမလာလို့ အရမ်းပျော်နေတဲ့ ပုံပဲ
လာလာ ဒီမှာ လာထိုင်
ဘာကိစ္စပေါ်လာရပြန်တာတုန်း

ကိစ္စပေါ်လာလို့ လာတာမဟုတ်ပါဘူး
အစ်မကို လာနှုတ်ဆက်တာပါ
ရှင်....
ကျွန်တော် သားနဲ့ချွေးမရှိတဲ့ဆီကို လိုက်သွားတော့မယ်
အစစ အရာရာ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးပါ အစ်မ

အင်းပါ ကိုဘမောင်ရယ် ရှင့်အတွက် ကျွန်မ ဝမ်းသာပါတယ်

သွားတော့မယ်နော် အစ်မ

ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ပါ

ဪ ကိုဘမောင်ရယ်
ရှင့်ဘဝလေး အဆင်ပြေပြေ နေရတော့မှာဆိုတော့ ဘာပဲဖြစ်ဖြစ် ကျွန်မ ပျော်ပါတယ်ရှင် ပျော်ပါတယ်

........

ဖိုးဖိုးကြီး ဆင်ကြီးလုပ်ပေး သားစီးမယ်
ဟေ ဖိုးဖိုး လုပ်ပေးမှာပေါ့ကွ

သားလေး ဖိုးဖိုးကို အဲ့လို မလုပ်ခိုင်းရဘူးလေ
ငရဲကြီးလိမ့်မယ်

ရပါတယ် သမီးရဲ့ အဖေ ခွင့်လွှတ်ပြီးသားပါ ငါ့မြေးလေး ပျော်နေရင် ပြီးတာပဲ

ဒီမြေးအဖိုးကတော့နော်.....

ကြည့်ပါအုံး ချစ်ရယ်
အဖေနဲ့သူ့မြေး ပျော်နေကြတယ်

ငယ်ငယ်ကတည်းက အဖေ့မေတ္တာငတ်နေတဲ့ချစ်
ခုလိုလေးနေရတာ စိတ်ချမ်းသာတယ်မောင်
အဖေတစ်ယောက် ကောက်ရလိုက်သလို ချစ်လဲ အရမ်းပျော်မိတယ်

သားနဲ့ ဆော့ကစားနေတဲ့ အဖေ့ကို ကြည့်ပြီး......
ရင်ထဲက စကားလုံးတစ်ချို့ ရေရွတ်မိတယ်
ငယ်ငယ်က ဆိုးခဲ့မိုက်ခဲ့ မသိတတ်ခဲ့သမျှတွေ အတွက် တောင်းပန်ပါတယ် အဖေ
သား သမီးအပေါ်ထားရှိတဲ့ အဖေတစ်ယောက်ရဲ့မေတ္တာကို သားသိတဲ့အချိန် နောက်ကျခဲ့တယ်အဖေ
ဒါပေမယ့် အဖေရယ် အဖေ့ရဲ့လက်ကျန်အချိန်တွေအတွက် သားတို့နဲ့အတူ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင်
သားတို့ ကြိုးစားထားပါ့မယ်
အဖေ စိတ်ချမ်းသာစေရပါ့မယ်
အဖေ့ရဲ့ အထီးကျန်ဆန်ဆန်ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေအတွက် အတိုးပါဆပ်လို့ နွေးထွေးစေရမယ်လို့ ကတိပေးပါတယ် အဖေ...

~~~~~~~~~~~~~~~~~~~~~~~~~

ဒီစာလေးဆုံးအောင်ဖတ်ပြီးရင် သင့်ရဲ့အဖေကို
သွားပြီးထွေးပွေ့ပေးပါ
မသေမချင်းလုပ်ရမယ့် အလုပ်
မအားသေးဘူး အချိန်မရဘူးဆိုတဲ့ ခေါင်းစဉ်လေးအောက်မှာ အစားထိုးလို့မရတဲ့ အဖေ့မေတ္တာတွေကို
လျစ်လျူ မရှုလိုက်ပါနဲ့ သူငယ်ချင်း

မရှိမှတောင့်တနေတာထက်စာရင် ရှိနေတဲ့အချိန်
ဂရုတစိုက်ပြုစုပေးတာ
လူသားဆန်တဲ့ လူတွေရဲ့ လုပ်ရက်ပါ သူငယ်ချင်းရေ

ကမ္ဘာပေါ်မှာ ရှိရှိသမျှ အဖေများအားလုံး
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေ။

မူရင်းရေးသားသောပိုစ့်ပိုင်ရှင်အားလေးစားစွာcreditပေးပါသည်
-------------

22/05/2024

ကဆုန်လပြည့်(ဗုဒ္ဓအခါတော်နေ့ )

ယနေ့ မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လ၊ ဗုဒ္ဓဟူးနေ့တွင် ကျရောက်သည့်ဗုဒ္ဓဘာသာဝင်တို့ရဲ့
အထွဋ်အမြတ်ထားရာ ကဆုန်လပြည့်နေ့မှစ၍ မြန်မာပြည်သူပြည်သား အားလုံး ကောင်းကျိုးလိုရာဆန္ဒများ
ပြည့်ဝပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Photo: crd
#ကဆုန်လပြည့်နေ့
#ဗုဒ္ဓအခါတော်နေ့

18/05/2024

'' အရမ်းတန်ဖိုးရှိလို့ အဆုံးထိဖတ်ပေးပါ ''

ရှေးရှေးတုန်းက ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်။ ကောင်လေးတစ်ယောက်က သစ်ပင်ကြီးအောက်မှ
နေ့တိုင်း လာဆော့ရတာကြိုက်တယ်။
သူသည် သစ်ပင်ထိပ်ပေါ်သို့တက်ကာ ပန်းသီးများကိုစားကာ အရိပ်အောက်တွင် တစ်ရေးတစ်မောအိပ်လေသည်။

ကောင်လေးသည် သစ်ပင်ကို နှစ်သက်ပြီး သစ်ပင်သည်လည်း သူနှင့် ကစားရသည်ကို နှစ်သက်သည်။ အချိန်ကြာလာသည်နှင့်အမျှ ကောင်လေးသည် ကြီးပြင်းလာကာ နေ့တိုင်း သစ်ပင်တစ်ပင်တွင် မကစားတော့ပေ။

တစ်နေ့တော့ ကောင်လေးက သစ်ပင်ဆီပြန်လာတော့ ဝမ်းနည်းနေပုံရတယ်။

လာ ငါနဲ့ ဆော့ကစား သစ်ပင်က ကောင်လေးကို ပြောတယ်။

ကျွန်တော်က ကလေးမဟုတ်တော့ဘူး၊ သစ်ပင်တွေပေါ်မှာ မဆော့တော့ဘူး
ကောင်လေးက ပြန်ဖြေတယ်။

ကျွန်တော် အရုပ်လိုချင်တယ်။ ဝယ်ဖို့ ပိုက်ဆံလိုတယ်

"တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါ့မှာ ပိုက်ဆံမရှိဘူး၊ ဒါပေမယ့် မင်း ငါ့ပန်းသီးတွေအားလုံးကို ခူးပြီး ရောင်းလိုက်ပါ ရတဲ့ပိုက်ဆံနဲ့ မင်းလိုချင်တာ ဝယ်လိုက်ပါ '' သစ်ပင်ကြီးက ပြောလိုက်တယ်။

ကောင်လေး အရမ်းစိတ်လှုပ်ရှားသွားပြီး
သူသည် သစ်ပင်ပေါ်ရှိ ပန်းသီးအားလုံးကို ခူးကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ ကောင်လေးက ပန်းသီးတွေခူးပြီး ပြန်မလာတော့ဘူး။ သစ်ပင်ကြီးက ဝမ်းနည်းသွားတယ်။

တစ်နေ့တော့ လူကြီးဖြစ်နေပြီ ဖြစ်တဲ့
ကောင်လေးက သစ်ပင်ကြီးဆီပြန်လာလို့ သစ်ပင်
ကြီးက အရမ်းပျော်လို့...

လာ လာ ငါနဲ့ ကစားမယ် သစ်ပင်က ပြောသည် ။

ကျွန်တော့်မှာ ကစားဖို့ အချိန်မရှိဘူး။ ငါ့မိသားစုအတွက် ငါအလုပ်လုပ်ရမယ်။ အမိုးအကာအတွက် အိမ်တစ်လုံးလိုတယ်။ ကျွန်တော့်ကိုကူညီပေးလို့ရမလား?"

"တောင်းပန်ပါတယ် ဒါပေမယ့် ငါ့မှာ အိမ်မရှိဘူး။ ဒါပေမယ့် မင်းအိမ်ဆောက်ဖို့ ငါ့အကိုင်းအခက်တွေကို ခုတ်ဖြတ်နိုင်တယ်
သူသည် သစ်ပင်၏ အကိုင်းအခက်အားလုံးကို ခုတ်လှဲကာ ပျော်ရွှင်စွာ ထွက်ခွာသွားခဲ့သည်။ သစ်ပင်က သူပျော်နေတာမြင်တော့ ဝမ်းသာပေမယ့် အဲဒီလူက ပြန်မလာတော့ဘူး။ သစ်ပင်သည် အထီးကျန်ပြီး ဝမ်းနည်းရပြန်သည်။

ပူပြင်းတဲ့ နွေရာသီတစ်ရက်မှာ အဲဒီလူက ပြန်လာပြီး သစ်ပင်က ဝမ်းသာသွားတယ်။

"လာ ငါနဲ့ ဆော့ကစား!" သစ်ပင်ကပြောပါတယ်။

ငါ အသက်ကြီးလာပြီ။ အပန်းဖြေဖို့ ရွက်လွှင့်သွားချင်တယ်။ မင်းငါ့ကို လှေတစ်စင်းပေးလို့ရမလား" ထိုလူက ပြောသည်။

မင်းရဲ့လှေကိုတည်ဆောက်ဖို့ ငါ့ရဲ့ပင်စည်ကိုသုံးပါ။ အဝေးကို ရွက်လွှင့်ပြီး ပျော်ပျော်နေနိုင်တယ်

လှေလုပ်ရန် လူသည် ပင်စည်ကိုခုတ်လိုက်ပြီး သူသည် ရွက်လွှင့်သွားခဲ့ပြီး အကြာကြီး ပေါ်မလာတော့ပေ။

နှစ်ပေါင်းများစွာကြာပြီးနောက် နောက်ဆုံးတွင် ထိုလူသည် ပြန်လာခဲ့သည်။ "တောင်းပန်ပါတယ် ငါ့သား။ ဒါပေမယ့် ငါ့မှာ မင်းအတွက် ဘာမှ မရှိတော့ဘူး။ မင်းအတွက် ပန်းသီးတွေ မရှိတော့ဘူး ဟု သစ်ပင်က ပြောသည်။ ကိစ္စမရှိပါဘူး၊ ငါ့မှာ ကိုက်စရာ သွားတစ်ခုမှ မရှိတော့ဘူး '' လို့
လူက ပြန်ဖြေတယ်။

သစ်ပင်ကြီးက
"မင်းတက်ဖို့ ပင်တိုင်တွေ
လဲမရှိတော့ဘူး" ကျွန်တော် သစ်ပင်ပေါ်တက်ဖို့ အသက်ကြီးနေပြီ ဟု ထိုလူက
ပြန်လိုက်ပြောသည်။
ငါ မင်းကို ဘာမှ မပေးနိုင်ဘူး၊ ကျန်တာက ငါ့ရဲ့ အမြစ်တွေပဲ လို့ သစ်ပင်က မျက်ရည်တွေကျရင်းနဲ့ ပြောလိုက်တယ်။

အခုချိန်မှာ အများကြီး မလိုတော့ပါဘူး၊ အနားယူဖို့ နေရာပဲ လိုပြီ။ နှစ်တွေကြာလာတာနှက်အမျှ ကျွန်တော်အရမ်း
ပင်ပန်းတယ် နေပြီ ဟု ထိုလူက ပြန်ဖြေသည်။

"ကောင်းပြီ! သစ်ပင်ကြီးတွေရဲ့ အမြစ်တွေဟာ အားကိုးပြီး အနားယူဖို့ အကောင်းဆုံးနေရာပဲ၊ ငါနဲ့ အတူထိုင်ပြီး အနားယူပါ ဟု သစ်ပင်ကြီး ပြောလိုက်တယ် ။ ''
ထိုလူသည် သစ်ပင်ကြီးအောက်မှာ
ထိုင်လျက် ၊ သစ်ပင်သည် ရွှင်လန်းလျက် မျက်ရည် နှင့် ပြုံးလေသည်။

''ဒါက လူတိုင်းရဲ့ ဘဝဇာတ်လမ်းပါ။ ''

သစ်ပင်က ငါတို့မိဘတွေလိုပါပဲ။ ငယ်ငယ်တုန်းက အဖေနဲ့အမေနဲ့ ကစားရတာ ကြိုက်တယ်။ ကြီးပြင်းလာသောအခါ၊ မိဘတွေကို စွန့်ပစ်ကြတယ်။
တစ်ခုခုလိုအပ်တဲ့အခါ ဒါမှမဟုတ် ဒုက္ခရောက်တဲ့အခါ သူတို့ဆီကိုပဲ ပြန်သွားတတ်ကြတယ်။
ဘာပဲဖြစ်ဖြစ် မိဘတွေက သားသမီးတွေ ကိုပျော်ရွှင်စေဖို့အတွက် တတ်နိုင်သမျှ သူတို့စားစရာမရှိရင်လဲ သူတို့ သားသမီးတွေကို ပေးတယ်။

''ကောင်လေးက သစ်ပင်ပေါ်မှာ ရက်စက်တယ်လို့ မင်းထင်ကောင်းထင်နိုင်ပေမယ့် ငါတို့အားလုံးက ငါတို့မိဘတွေကို ဒီလို
ဆက်ဆံလာကြတာ အတူတူပဲ။
မိဘတွေအပေါ် အခွင့်အကောင်းယူပြီး
အချိန်နှောင်းသွားတဲ့အထိ သူတို့လုပ်ပေးသမျှကို တန်ဖိုးမထားတတ်ကြဘူး။''

သင့်မိဘများကို မေတ္တာဖြင့် ဆက်ဆံပါ။
မိဘတွေကို တန်ဖိုးထားပြီး ချစ်ပေးပါ ။ နွေးထွေးမူတွေ ပေးပါ။ မိဘတွေက အသက်ကြီးလာတဲ့အခါ သားသမီးတွေနဲ့ပဲ နေချင်ကြတော့တယ်။
သူတို့ထိုင်တဲ့ ထိုင်ခုံပေါ်မှာ သူတို့မမြင်ရတော့မှ သူတို့၏တန်ဖိုးကို သင်သိလိမ့်မည်။ မိဘတွေရဲ့ ချစ်ခြင်းမေတ္တာက ကျွန်တော်တို့အပေါ် ဘယ်လောက်ထိ နက်နဲသလဲ ဆိုတာ ကျွန်တော်တို့ဘယ်တော့မှ မသိကြဘူး။
ကျွန်တော်တို့ ကိုယ်တိုင် မိဘ ဘဝမရောက်ခင်ထိပေါ့.......

14/05/2024

စားမလို့ ကောက်ကိုင် လိုက်မှ
ဖရဲသီးက စကားထပြောတယ်

မင်း နေပူလို့လား? ရင်ပူလို့လား?တဲ့။

ခင်းဗျားလိုရဲရင့်ချင်လို့ပါဗျ လို့ပြန်ပြောတော့

ငါလဲ အပြင်မှာ စိမ်းကားထားရသမျှ
အတွင်းထဲမှာ ရဲရင့်ပြရတာပဲ တဲ့။

ဟုက်ကဲ့ လူတွေနဲ့ ပြောင်းပြန်နော်လို့ ပြောလိုက်ရတယ်။

ဟ လူတွေကဘယ်လိုနေလို့လဲဟတဲ့။

လူတွေက
အတွင်းထဲက စိမ်းကားကြပြီး အပြင်မှာ အပြုံးချိုကြတယ်ဗျလို့ ပြောလိုက်တော့

မင်းတို့လူတွေက ခက်တယ်ကွာ
ငါ့ဆီက အစိမ်းတွေကိုတော့ အမှိုက်ပုံထဲ ပြစ်ကြပြီး
ငါ့ရဲ့ ရဲရင့်ခြင်းတွေ ချိုမြိန်ခြင်းတွေတော့ ဗိုက်ထဲထည့်ကြတယ်နော်တဲ့။

ဟုက်တယ်ဗျ
ကျွန်တော်တို့ လူသားတွေက ခက်တယ်
သူများဆီကသာ အကောင်းစားတွေလိုချင်ကြတာ
ပြန်ပေးရမယ်ဆို နှမြောတွန့်တိုကြတယ်။

အေးကွာ
ငါလဲ ဖရဲသီးမို့ပါ
လူသာဖြစ်ခဲ့ရင် မင်းတို့ကို အခွံတွေပဲ ကျွေးမှာတဲ့။

ဪဖရဲသီးနယ်
စားခါနီးမှစကားများလိုက်တာ
ရော့ကွာ တစ်ကိုက်စားလိုက်ဦးမယ်။

မင်းတို့လူတွေက ဒီတိုင်းပါပဲ
သူများအသားစားရတာ ချိုတယ်ဟတဲ့
ကိုယ့်အသားတော့ ခြင်ကိုက်တာကစ နာတယ်လို့ ငြီးကြသေးတယ်။

ငါက လူကိုးကွ။
Crd.

03/05/2024

မင်း လို ချင် တဲ့ အ ရာ ထက်
လို အပ် တဲ့ အ ရာ ကို အ ရင် လုပ် သင့် တယ် ...

ခ ဏ တာ ကို မ ကြည့် နဲ့
တစ် ဘ ဝ စာ ကို ကြည့် ...

တစ် ချို့ အ ရာ တွေ က
လို ချင် တပ် မက် ဖို့ ကောင်း တယ်
ဒါ ပေ မယ့် မင်း ဘ ဝ အ တွက် အာ
မ ခံ ချက် မ ရှိဘူး
အ ဓိ က နဲ့ သာ မ ည နဲ့ ခွဲ ခြား တတ် ပါ စေ ...

10/04/2024

လူတစ်ယောက်က
ကိုယ့်ကို ထိပါးစေမယ့်စကားနဲ့
တိုက်ခိုက်တယ်ဆိုတာ
ကိုယ်က သူ့ကိုစော်ကားခွင့်ပေးထားလို့ပါ။

ပြန်မပြောချင်ဘူး
အားနာလို့ဆိုတဲ့
အကြောင်းပြချက် တစ်ခုတည်းနဲ့
လူတိုင်းရဲ့ အလိုကိုမလိုက်ပါနဲ့
ကိုယ့်စိတ်နဲ့ကိုယ်ဆုံးဖြတ်ပါ
ပြတ်သားပါ။

ဒီလိုမှမဟုတ်ရင်
ဒီလူက ငါပြောသမျှရတယ်ဆိုတဲ့
အတွေးနဲ့ အရာရာကို
အနိူင်ယူပါလိမ့်မယ်။

ဒါကြောင့် လူတိုင်းအပေါ်မှာ
အမြဲတမ်း "ရိုးအ"နေလို့လဲ
အဆင်မပြေဘူး
အမြဲတမ်း" အားနာ"နေလို့လဲ
မကောင်းတဲ့အတွက်
တစ်ခါတစ်လေ ခပ်ချေချေလေးနေကြည့်ပါ
ဘယ်သူက ဘယ်လိုဆိုတာ
သူ့အလိုလို အပေါ်ယံမျက်နှာဖုံးတွေကွာကျလာလိမ့်မယ်။

20/03/2024

ပုစွန်လုံးမှာ ဦးခေါင်း မပါဘူး။
သို့ပေမယ့်..ချမ်းချမ်းသာသာ နေဖို့အတွက်
ကိုယ့်တွင်းကိုယ် တူးတတ်တယ်။

ဦးခေါင်းပါတဲ့ လူက နေရာတကာ
ဟိုလူ့ မှီခို..ဒီလူ့ မှီခို လိုက်လုပ်နေရင်
ပုစွန်လုံးကို အားနာဖို့ ကောင်းတယ်။

ဘဝ ဆုတ်ယုတ်နေတဲ့
လူငယ်တွေကို အကဲခတ်ကြည့်။
ရှေ့မဆက်နိုင်ဘဲ စိတ်ပျက်နေသူတွေ ရှိတယ်။

အဆိုး လောကဓံ နှိပ်စက်ခံရလို့
လက်လျှော့ အရှုံးပေး နေသူတွေ ရှိတယ်။

တစ်ခါရှုံးရုံ နဲ့ လုံးဝ ရှုံးသွားပြီလို့
သတ်မှတ်လိုက်ရင်တိုးတက်ဖို့
အခွင့်ဆိုတာ ပျောက်ကွယ် သွားမှာပေါ့။

အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ
အရောင် ထွက်ဖို့ ခက်တယ်။

ရည်မှန်းချက် နဲ့ ကြိုးစားမှု မရှိတဲ့
လူငယ်မှာလည်းတိုးတက်လာဖို့ ခက်မှာပါပဲ။

လူငယ် တစ်ယောက် ရဲ့ အနှစ်
အမြူတေ ဆိုတာ မျှော်လင့်ချက်နဲ့ အိပ်မက်ပါ။

ဘဝမှာ မော့ကြည့်ရတဲ့ အိပ်မက်မျိုးတော့
လူငယ်မှန်သမျှ မက်သင့်ကြတာပေ့ါ။

ထူးချွန်ထက်မြက်တဲ့ လူငယ်ဆိုတာ
ကိုယ့်ဘဝကိုလည်း မြှင့်တင်နိုင်သလို
သူတစ်ပါးတို့ရဲ့ ဘဝကိုလည်း
မြှင့်တင် ပေးနိုင်စွမ်း ရှိတယ်။

စာနာစိတ် ရှိတဲ့ လူငယ်ဆိုတာ
တစ်ကိုယ်ကောင်းဆန်စိတ် နည်းပါးသလို
တစ်ပါးသူတို့ရဲ့ စိတ်ပင်ပန်းမှုတွေကိုလည်း
မျှဝေခံစား ပေးနိုင်တတ်ကြတယ်။

အသားဖြူခြင်း ..မဖြူခြင်း
ရုပ်ရည်လှခြင်း..မလှခြင်းတွေက
လူငယ်တစ်ယောက်ရဲ့ တန်ဖိုး မဟုတ်ဘူး။

ဘယ်လောက် အစွမ်းအစ ရှိ.. မရှိ
ဘာတွေ လုပ်နိုင်.. မလုပ်နိုင် ဆိုတာကမှ
လူငယ်တစ်ယောက်ရဲ့ တန်ဖိုးပါ။

ဆရာအောင်သင်း

Credit.

Photos from ေမတၲာကမာၻေလး's post 22/12/2023

#မဟာသမယသုတ် ပူဇော်လိုသူများအတွက်
ရဟန်းတစ်ပါးလက်ရေးမူဖြင့် အသံထွက်မှန်ကန်သော မဟာသမယသုတ်တော်ကိုကုသိုလ်ပြု တင်ပေးလိုက်ပါသည်။
ရွတ်ဖတ်ပူဇော်ခြင်းဖြင့် ကောင်းကျိုးခပ်သိမ်း ရရှိကြပါစေကုန်သော်။

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่

Bangkok