29/05/2026
မယုံနိုင်စရာ ဖြစ်ရပ်ဆန်းတစ်ခုပါ အသက်ရှင်သန်ဖို့အတွက် ရွှေကျင်တဲ့ သစ်သားဗန်းကို ကိုက်စားပြီး အသက်ဆက်ခဲ့ရတဲ့ လာအိုနိုင်ငံသား ၅ ဦး 😱
လာအိုနိုင်ငံက ပြိုကျသွားတဲ့ ရွှေတွင်းဂူထဲမှာ ပိတ်မိနေခဲ့တဲ့ အလုပ်သမား ၅ ဦးဟာ အစားအစာမရှိတဲ့ အရေးပေါ်အခြေအနေမှာ အသက်ရှင်ဖို့အတွက် "ရွှေကျင်တဲ့ သစ်သားဗန်း ၂ ခု" ကို ကုန်အောင်ကိုက်စားပြီး အသက်ဆက်ခဲ့ရတယ်လို့ဆိုပါတယ်
ပညာရှင်တွေရဲ့အဆိုအရ အဆိုပါသစ်သားမှာရှိတဲ့ ဆဲလူးလို့စ် (Cellulose) နဲ့ သကြားဓာတ်အချို့က အစာအိမ်အက်ဆစ်ဒဏ်ကို ကာကွယ်ပေးပြီး အသက်ဘေးကနေ မသေရုံတမယ် ကူညီပေးနိုင်ခဲ့တာလို့ ဆိုပါတယ်။ လူသားတွေရဲ့ အသက်ရှင်ချင်စိတ် ရုန်းကန်မှုက တကယ်ကို အံ့ဩဖို့ကောင်းပါတယ်နော်
Ref : khaosod
#သတင်းဆန်း #လာအိုဂူဖြစ်ရပ် #အသက်ရှင်သန်ရေး
29/05/2026
🚨 ဘန်ကောက်တွင် ကလေးငယ်များအပေါ် ရက်စက်စွာ ခေါင်းပုံဖြတ်နေသည့် မြန်မာဂိုဏ်းတစ်ခုကို ဖမ်းဆီးရမိ
ဘန်ကောက်မြို့ ဆွမ်လွမ် (Suan Luang) ခရိုင်ရှိ နေအိမ်တစ်လုံးတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် မြန်မာကလေးငယ် ၆ ဦးကို အဓမ္မခိုင်းစေပြီး နှိပ်စက်ညှဉ်းပန်းနေသည့် မြန်မာနိုင်ငံသား ၃ ဦး (အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦး) ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း Bangkok Post သတင်းမှာဖော်ပြပါတယ်
သံသယရှိသူများသည် မြန်မာနိုင်ငံမှ တိုင်းရင်းသားလူနည်းစု ကလေးငယ်များကို ဘန်ကောက်မြို့ရှိ စားသောက်ဆိုင်များနှင့် ဖျော်ဖြေရေးနေရာများတွင် နေ့စဉ် မွန်းလွဲ ၃ နာရီမှ နံနက် ၃ နာရီအထိ (၁၂ နာရီကြာ) ပန်းနှင့် မုန့်များ အတင်းအဓမ္မ လိုက်လံရောင်းချခိုင်းခဲ့ကြပါတယ်။
ပို၍ဆိုးရွားသည်မှာ ကလေးငယ်များ ရောင်းအားမပြည့်မီပါက ရိုက်နှက်ခြင်းနှင့် အစာငတ်ထားခြင်းတို့ ပြုလုပ်ခဲ့ကြပြီး၊ ကယ်တင်ခံရချိန်တွင် အသက် ၆ နှစ်အရွယ် ကလေးငယ်မှာ လက်မောင်းကျိုးဒဏ်ရာ ရရှိထားကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
လက်ရှိတွင် ကလေးသူငယ်နှင့် အမျိုးသမီးကာကွယ်စောင့်ရှောက်ရေးဌာနမှ ကလေးငယ်များအားလုံးကို ဘေးကင်းစွာ ကယ်ထုတ်ထားပြီး တရားခံများကို ကလေးလုပ်အားခေါင်းပုံဖြတ်မှု၊ လူကုန်ကူးမှုတို့ဖြင့် အရေးယူဆောင်ရွက်နေပြီ လို့သိရပါတယ်။
#ထိုင်းသတင်း #ကလေးသူငယ်အခွင့်အရေး
28/05/2026
၁၀ လကျော်ကြာ ပိတ်ထားခဲ့တဲ့ မဲဆောက်-မြဝတီ အမှတ် (၂) ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို မေလ ၂၈ ရက် (မနေ့က) ကစပြီး ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
မြဝတီဘက်ခြမ်း တိုက်ပွဲတွေကြောင့် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းကတည်းက ပိတ်ထားခဲ့ရတာဖြစ်ပြီး အခုလို ပြန်ဖွင့်လိုက်နိုင်တဲ့အတွက် နယ်စပ်ကုန်သွယ်ရေးနဲ့ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်ဦးမော့လာတော့မှာပါ။
လက်ရှိမှာတော့ မြန်မာဘက်ခြမ်းက စနစ်တွေအဆင်ပြေဖို့နဲ့ နည်းပညာပိုင်းစမ်းသပ်ဖို့ တစ်လတာ စမ်းသပ်ကာလ (Trial Run) အဖြစ် စတင်ဖွင့်လှစ်တာဖြစ်ပြီး ထိုင်းကုန်တင်ကားအချို့ စတင်ဖြတ်သန်းနေပြီလို့ သိရပါတယ်။
လျှပ်စစ်မီးမတည်ငြိမ်မှု အနည်းငယ်ရှိနေသေးပေမယ့် တစ်လအတွင်း လုပ်ငန်းစဉ်အားလုံး အပြည့်အဝလည်ပတ်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
#မဲဆောက်မြဝတီ #နယ်စပ်ကုန်သွယ်ရေး #ထိုင်းမြန်မာနယ်စပ် #သတင်းစုံ
27/05/2026
ထိုင်းနိုင်ငံ Nong Bua Lamphu ခရိုင်တွင်
အသက် ၁၂ နှစ် အရွယ် ၇ တန်းကျောင်းသူ
"အမ်မီ"ဆိုတဲ့ ကလေးမလေးတစ်ယောက် နေအိမ်ထဲမှာတင် ပထွေးဖြစ်သူရဲ့ နှိပ်စက်မှုကို ခံရပြီး အသက်ဆုံးရှုံးခဲ့ရတာပါ
တကယ့်ကို စိတ်မကောင်းစရာ အဖြစ်ဆိုးပါပဲ။ မိခင်ဖြစ်သူလည်း ဓားနဲ့ခုတ်ခံရလို့ ဒဏ်ရာပြင်းထန်နေတယ်လို့ သိရပါတယ်။
အိမ်ဆိုတာ ကလေးတွေအတွက် အလုံခြုံဆုံးနေရာ ဖြစ်သင့်တာပါ။ မိသားစုတွင်း အကြမ်းဖက်မှုတွေ၊ ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုတွေဟာ ဘယ်လူ့အဖွဲ့အစည်းမှာမဆို အမြန်ဆုံး
ပပျောက်သင့်ပါပြီ။
ညီမလေး "အမ်မီ" ကောင်းရာဘဝ ရောက်ပါစေ။ ကျူးလွန်သူကိုလည်း ထိရောက်ပြင်းထန်တဲ့ ဥပဒေပြစ်ဒဏ် ပေးနိုင်ပါစေ။
Ref : channel 8
#ကလေးသူငယ်အကြမ်းဖက်မှုပပျောက်ရေး
27/05/2026
နောက်ဆုံးရသတင်း
လာအိုနိုင်ငံ၊ ဆိုင်စန်ဘွန်း (Xaisomboun) ပြည်နယ်ရှိ ရေကြီးနေသော ဂူတစ်ခုအတွင်း ပိတ်မိနေသည့် ရွာသား (၇) ဦးစလုံးကို ယခုအခါ အသက်ရှင်လျက် ပြန်လည်တွေ့ရှိပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာများအရ သိရပါတယ် ၎င်းတို့အနက် (၅) ဦးကို ယနေ့စောစောပိုင်းက ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ကျန်ရှိနေသေးသည့် ပျောက်ဆုံးနေသူ (၂) ဦးကိုပါ ထပ်မံရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်
အဆိုပါ ရွာသားတစ်စုသည် ရွှေရှာဖွေရန် သွားရောက်စဉ် မေလ ၁၉ ရက်နေ့ကတည်းက လျှပ်တပြက်ရေကြီးမှုကြောင့် ဂူဝပိတ်ဆို့ကာ မြေအောက်ထဲတွင် ပိတ်မိနေခဲ့ခြင်း ဖြစ်သည်။
Ref : Khaosod
27/05/2026
🚨 အယုဒ္ဓယမှာ ဘတ်သန်း ၂၀၀ ကျော်တန် စိတ်ကြွဆေးပြား ၆.၈ သန်း ဖမ်းဆီးရမိ!
ထိုင်းအမှတ် (၁) တိုင်းရဲတပ်ဖွဲ့က အယုဒ္ဓယစီရင်စုရှိ ကုန်လှောင်ရုံတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာမှာ တရားခံ ၄ ဦးနဲ့အတူ သယ်ဆောင်ဖို့ပြင်ဆင်နေတဲ့ ယာဘ (စိတ်ကြွဆေးပြား) ၆.၈ သန်းကျော်၊ သေနတ်နဲ့ ကားတွေကို သက်သေခံအဖြစ် ဖမ်းဆီးရမိခဲ့ပါတယ်။ ဈေးကွက်ထဲမရောက်ခင် အချိန်မီတားဆီးနိုင်ခဲ့တာဖြစ်ပြီး ကွန်ရက်တစ်ခုလုံးကို ငွေကြေးခဝါချမှုဥပဒေနဲ့ပါ ဆက်လက်အရေးယူသွားမယ်လို့ သိရပါတယ်။
Ref: Khaosod
#ထိုင်းသတင်း #မူးယစ်ဆေးဝါးဖမ်းဆီးမှု #အယုဒ္ဓယ
27/05/2026
[Breaking News]
လာအိုဂူထဲ ပိတ်မိနေသူတွေအတွက် ဝမ်းသာစရာသတင်း!
လာအိုနိုင်ငံ ဆိုင်စန်ဘွန်ပြည်နယ် (Xaisomboun) ရှိ ဂူတစ်ခုအတွင်း ပိတ်မိနေသူ ၇ ဦးအနက် ၅ ဦးကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့များက သတင်းထုတ်ပြန်လာပါတယ်
တွေ့ရှိသူ ၅ ဦးလုံး ကျန်းမာရေးကောင်းမွန်ကြပြီး ကျန်ရှိနေသေးသူ ၂ ဦးကို ဆက်လက်ရှာဖွေနေဆဲလို့ဆိုပါတယ်
အဆိုပါလူစုသည် မေလ ၂၀ ရက်နေ့က ဂူအတွင်းသို့ ဝင်ရောက်သွားခဲ့ကြခြင်းဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးကာ ကျောက်တုံးများနှင့် မြေစာများ ဂူဝတွင် ပိတ်ဆို့သွားခဲ့သဖြင့် ပိတ်မိခဲ့ကြခြင်းဖြစ်သည်။
လာအိုအာဏာပိုင်များ၏ အကူအညီတောင်းခံမှုကြောင့် ထိုင်းကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်ခဲ့ရပြီး
အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ အခုလို ကယ်ဆယ်နိုင်ခဲ့တာဟာ အင်မတန် ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။ ကျန်ရှိနေတဲ့ ၂ ဦးကိုလည်း အမြန်ဆုံး ကယ်ဆယ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
27/05/2026
လာအိုဂူထဲ ပိတ်မိနေသူ ၇ ဦးကို ကယ်ဆယ်နေတဲ့ ထိုင်းကယ်ဆယ်ရေးသမား ၂ ဦး ပင်ပန်းနွမ်းနယ်မှုကြောင့် ခေတ္တဆုတ်ခွာ
လာအိုနိုင်ငံရှိ ဂူအတွင်း ပိတ်မိနေတဲ့ သတ္တုတွင်းလုပ်သား (၇) ဦးကို ကယ်ဆယ်ဖို့ ကြိုးစားနေတဲ့ ထိုင်းကယ်ဆယ်ရေးအဖွဲ့ဝင် ၂ ဦးဟာ လုပ်ငန်းခွင်အတွင်းမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်လာပြီး ခန္ဓာကိုယ် ပုံမှန်မဟုတ်တော့တဲ့ လက္ခဏာတွေ ဖြစ်ပေါ်လာခဲ့လို့
သူတို့ရဲ့ ကျန်းမာရေးအတွက် စိုးရိမ်ရတဲ့အတွက် ဘေးကင်းရာကို ချက်ချင်းပြန်ဆုတ်ခွာခဲ့ရပြီး လက်ရှိမှာတော့ ဘေးကင်းစွာနဲ့ အနားယူနေကြပြီလို့ သိရပါတယ်။ သူတို့ဟာ ဂူထဲမှာ ၃ ရက်ဆက်တိုက် အပြင်းအထန် တာဝန်ထမ်းဆောင်နေရတာပါ။
ကယ်ဆယ်ရေးအဖွဲ့သည် ရေစုပ်စက်များကို အပြင်းအထန် ထပ်မံတပ်ဆင်ခဲ့ကြသောကြောင့် ရေမျက်နှာပြင်ကို ၂ မီတာနီးပါးအထိ လျှော့ချနိုင်ခဲ့ပါပြီ
ဒီလို ခက်ခဲတဲ့အခြေအနေကြားကနေ အသက်နဲ့ရင်းပြီး ကြိုးစားနေကြတဲ့ ကယ်ဆယ်ရေးအဖွဲ့သားအားလုံးကို လေးစားပါတယ်။ ပိတ်မိနေသူတွေလည်း အမြန်ဆုံး လွတ်မြောက်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙏
#ကယ်ဆယ်ရေး #အားပေးစကား #သတင်းထူးသတင်းဦး
26/05/2026
မြန်မာ့ရုပ်ရှင်လောကအတွက်
သတင်းကောင်းတစ်ခုပါပဲ
ပိုင်တံခွန်ရဲ့ မြန်မာဇာတ်လမ်းတွဲကြီး ထိုင်းရုပ်သံ လိုင်းမှာ ပြသတော့မယ်ဖြစ်ပါတယ်။
ထိုင်းရုပ်သံလိုင်းကြီးဖြစ်တဲ့ Channel 8 ကနေပြီးတော့ အားလုံးစောင့်မျှော်နေကြတဲ့ မြန်မာပရီမီယံဇာတ်လမ်းတွဲကြီး "Fight For Hope" ကို Prime Time အချိန်ကောင်းမှာ ထုတ်လွှင့်ပြသတော့မှာ
ဖြစ်တယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။
ဒီဇာတ်လမ်းတွဲမှာ အားလုံးချစ်ကြတဲ့ စူပါစတား
ပိုင်တံခွန် နဲ့အတူ မင်းသမီးချော ယမင်းမေဦး၊
အက်ရှင်မင်းသားကြီး နေထူးနိုင် တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး
ဒါရိုက်တာ ဟိန်းတင့်ထွန်းက ရိုက်ကူးထားတာပါ။ မြန်မာ့ရိုးရာလက်ဝှေ့ကြိုးဝိုင်းနောက်ခံ အက်ရှင်အလန်းစားတွေကို နိုင်ငံတကာအဆင့်မီ ပရိုဒက်ရှင်နဲ့ ရှုစားရမှာဖြစ်ပြီး မြန်မာပရိသတ်တွေအတွက် အထူးသီးသန့် မြန်မာအသံ (Dual Audio) လည်း ပါဝင်ဦးမှာပါ!
၂၀၂၆ မေလ ၃၀ ရက် (စနေနေ့) မှစတင်၍
အပတ်စဉ် စနေနေ့တိုင်း ည ၂၂:၁၅ နာရီ
(ထိုင်းစံတော်ချိန်) Channel 8 (နံပါတ် ၂၇)ကနေထုပ်လွှင့်ပြသမှာဖြစ်ပါတယ်
မြန်မာအနုပညာရှင်တွေကို ထိုင်းရုပ်သံလိုင်းပေါ်မှာ အားပေးဖို့ အဆင်သင့်ပဲလားခင်ဗျာ။ လူတိုင်းသိအောင် Share ပေးလိုက်ကြပါဦး
Ref: channel 8
#မြန်မာဇာတ်လမ်းတွဲ #ပိုင်တံခွန် #ထိုင်းရောက်မြန်မာများ
25/05/2026
မေလ ၂၅ ရက်နေ့က ထိုင်းတောင်ပိုင်း ပတ်တနီတွင် သေနတ်သမားများက ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ကားကို ဝိုင်းဝန်းပစ်ခတ်၊မှုဖြစ်ပွားခဲ့ပြီး ရင်ခွင်ပိုက်
ကလေးငယ် ဒဏ်ရာရ မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်
သေနတ်သမား ၄ ဦးက မူဆလင် အမျိုးသမီးတွေဝတ်ဆင်တဲ့ ဟီဂျပ်မျက်နှာဖုံးတွေစွပ်ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦးရဲ့ ကားကို စစ်သုံးလက်နက်တွေနဲ့ ဝိုင်းပစ်ခဲ့တာပါ။ ကားနောက်ခန်းမှာ ၄၅ ရက်သားအရွယ် ကလေးလေးကို ရင်ခွင်ပိုက်ပြီး ချီထားတဲ့ မိခင်ဖြစ်သူကတော့ ဦးခေါင်းကို ကျည်မှန်ပြီး ပွဲချင်းပြီး ဆုံးပါးသွားခဲ့ရပါတယ်။ ကလေးငယ်လေးလည်း ကျည်စထိမှန် ဒဏ်ရာရခဲ့ပြီး ဖခင်ဖြစ်သူ ရဲဝန်ထမ်းကတော့ ခြေထောက်သေနတ်မှန်ထားရက်နဲ့ ကားကို ကျောင်းထဲအထိ ရအောင်မောင်းပြီး အသက်လုခဲ့ရပါတယ်။တခြားကလေးငယ် တစ်ဦးလည်း အသက်ဘေးမှ သီသီးလည်းလွတ်မြောက်ခဲပါတယ်
ကလေးငယ်တွေ မျက်စိရှေ့တင် ဖြစ်ပျက်သွားတဲ့အပြင်၊ အပြစ်မဲ့တဲ့ ကလေး မိခင်နဲ့ ကလေးငယ်ကိုပါ မချန်တဲ့ ယုတ်မာရက်စက်မှုမို့ တစ်ဒေသလုံး စိတ်မကောင်းခြင်းကြီးစွာနဲ့ ရှုတ်ချနေကြပါတယ်။