MMIH မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန

MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန

แชร์

MMIH- “Myanmar Mountain Information Hub” is a non-profit and non-governmental organization - Learning & knowledge sharing center.

About MMHI

MMHI , “Myanmar Mountain Information Hub” is the information center of Myanmar Mountains. Myanmar has many mountain ranges, starting from the Far North, subrange of Greater Himalayan’s frontier Hkkaborazi & its Ice & SnowCapped range to the Rakhine Yoma, the Bago Yoma, the Shan Hills and the Tenasserim Hills exist within Burma/Myanmar, all of which run north-to-south from the Himalay

GPS တွင် မြေပုံအတွက် Setting ထည့်ခြင်း 03/01/2017

GPS တွင် မြေပုံအတွက် Setting ထည့်ခြင်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဓိက မြေပုံအမျိုးအစားနှစ်ခုရှိတယ်ပေါ့ဗျာ။ ပထမတစ်မျိုးက One Inch (၀ါ) Lambert လို့ခေါ်တဲ့ တစ်လက်မတစ်မိုင်စကေး...

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 27/12/2016

ဆင်တောင်
Location: 20°31'21.70"N 96°31'16.59"E
အမြင့်ပေ - ( ၆၀၂၀ပေ***)
(20° 31' 21.7005" 96° 31' 16.5924")

ရှမ်းပြည်နယ် (တောင်ပိုင်း)ကလောမြို့နယ်မှာတည်ရှိပါတယ်။
မြန်မာ့မီးရထားတိုင်းအမှတ်(၄)ကလော ဘူတာစဉ်စာရင်းမှာ ဆင်တောင်ဘူတာ ပါဝင်ပါတယ်။ ( မိတ္ထီလာ/သာစည်ဖက်ကလာတဲ့ရထားလမ်းရဲ့ ဘူတာစဉ်အတိုင်းဆိုလျင် ပထလထ*လို့ခေါ်တဲ့ ပထမလွန်းထိုးဘူတာ > ဆင်တောင်ဘူတာ > မြင်းဒိုက်ဘူတာ > ကလောဘူတာ ဆိုပြီးအစဉ်အတိုင်းရှိရာမှာ ဆင်တောင်တက်ဖို့အတွက်ကတော့ မြင်းဒိုက်ဘူတာကနေအခြေပြုစတင်ကြတာများပါတယ် ။ ကလောဘူတာမရောက်ခင် မြင်းဒိုက်ဘူတာမှာဆင်းပြီး မြင်းဒိုက်ရွာကနေစတင်ပြီး ခြေလျင်တက်ရောက်နိုင်ပါတယ်။ (ကားနဲ့သွားရောက်ပါက ကလောမြို့ကနေ မြင်းဒိုက်ကိုသွားရောက်ရမှာဖြစ်ပါတယ်။)

တောင်ရဲ့အသွင်သဏ္ဍာန် က ဆင်ကျောက်ကုံးဆင်ဦးခေါင်းသဏ္ဍာန်ဆင်တူနေတာမို့ ဆင်တောင် လို့အမည်မှဲ့ခေါ်ထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ( လားရှိးမြိုအနီးမှာလဲ ဆင်တောင်ဆိုပြီးနာမည်တူတောင်တစ်လုံးရှိပါတယ်။အခြားဒေသတွေမှာလဲ အလားတူနာမည်ဆင်တူတောင်တွေရှိပါသေးတယ်) အခုဖော်ပြပါတည်နေရာကတော့ ခြေလျင်တောင်တက်အဖွဲ့တွေလေ့ကျင့်ရေးသွားရောက်လေ့ရှိကြတဲ့ ကလောဒေသကဆင်တောင်ဖြစ်ပါတယ်။ )

*** ကလောဆင်တောင်ရဲ့ အမြင့်ပေကို ၆၀၂၀ပေ လို့ဖော်ပြကြတာများပေမဲ့ (DEM) Digital elevation model နဲ့ ဂူဂယ်တို့ရဲ့ တိုင်းထွာချက်တွေအရ အမြင့်ပေ ၅၉၁၀ ပေသာရှိကြောင်းဖော်ပြထားပါတယ်။

ဆင်တောင်ထိပ်ဟာကျယ်ဝန်းပေမဲ့ ထုံးကျောက်သား/limestone outcrops များထိုးထိုးထောင်ထောင်ထွက်နေတာမို့ ကျယ်ပြန့်တာမသိသာပါဘူး။ တောင်တက်လမ်းတစ်လျှောက်မှာလဲlimestone outcrops တွေနဲ့ထူးခြားတဲ့ဆင်တောင်အလှကိုမြင်ရမှာပါ။ မြင်းဒိုက်ရွာကစထွက်ထွက်ချင်းမှာတော့ လယ်/ယာကွင်းအချို့လယ်ကန်သင်းအတိုင်းသွားရမှာဖြစ်ပြီးနောက်မှာ ထင်းရှူးပင်တွေကပ်ပေါက်နေတဲ့တောင်ခါးပန်းလမ်းအတိုင်းတက်ရမှာဖြစ်ပါတယ်။ တောင်ပေါ်မြင့်လာလေ တောင်ပေါ်မြက်ခင်းနဲ့ထင်းရှူးရောနှောတောတွေစတဲ့ မတူညီတဲ့သဘာဝအလှပတွေကိုတွေ့နိုင်ပါတယ်။ တောင်တက်လမ်းမမတ်စောက်ပေမဲ့ အမြဲလိုစိုစွတ်နေတတ်ပါတယ်။ မိုးရွာခဲ့ရင်တော့မြေနီ ရွှံ့တွေမှာတဘိုင်းဘိုင်းလဲတတ်တာမို့ ဆင်တောင်ကိုရွှံ့ရုန်းပြီးတက်ရမှာပါ၊ ဆင်တောင်ကိုနေ့ချင်းပြန်တက်လို့ရပေမဲ့ မြူတွေစိုင်းပြီးအပြန်လမ်းခက်တတ်တာမို့မနက်စောစောထွက်တာသင့်တော်ပါတယ်။ အဖွဲ့ထဲမှာ ခြေနု/ beginner ပါပါက အပြန်မှောင်တဲ့အခါအသုံးဝင်မည့်လက်နှိပ်ဓာတ်မီး/ headlamp စသည်ကိုဆောင်သွားသင့်ပါတယ်။ ကလော ဒေသတစ်ဝိုက်မှာ မြင်းမထိတောင်(၅၈၃၀ ပေ) နဲ့ မြင်းမထိလှိုဏ်ဂူ ၊ ကလောထင်းရှူးတန်း / ကလောရေအေးကန် /တာယော စတာတွေရှိတဲ့အထဲကမှ ဒီဆင်တောင်ထိပ်ဟာအမြင့်ဆုံးဖြစ်ပါတယ်။

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 26/12/2016

အရှေ့မြင်အနောက်မြင်တောင်
Location: 21° 5'31.70"N 96°36'3.10"E
အမြင့်ပေ - ( ၇၇၅၂ပေ)

ရှမ်းပြည်နယ် (တောင်ပိုင်း) ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ရွာငံမြို့နယ်မှာတည်ရှိပါတယ်။ ပင်းတယမြို့ကနေ ကုံလုံဆရာတော်ကျောင်းဘက်ဖောက်ထားတဲ့လမ်းအတိုင်း တောင်တက်ခရီးစလေ့ရှိတဲ့ မြင်သာရွှေပုထိုးရွာများဖက်ကိုကားဖြင့်သွားရောက်နိုင်ပါတယ်။ ( အရင်ကလမ်းကြမ်းကနေ ယခုအချိန်မှာ ကတ္တရာလမ်းချောဖြစ်သွားပြီမို့ သွားရလာရအဆင်ပြေပါတယ်) မြင်သာရွှေပုထိုး / မြောက်ရွှေပုထိုး ရွာကနေစတင်ပြီး ခြေလျင်တက်ရောက်နိုင်ပါတယ်။

ရာသီဥတူကြည်လင်သာယာတဲ့ နေ့တွေမှာ အရှေ့ဖက်မှာ တောင်ကြီးမြို့ဝန်းကျင်ကိုမြင်တွေ့နိုင်ပြီး အနောက်ဖက်မှာ မိတ္ထီလာလွင်ပြင်အထိလှမ်းမြင်နိုင်တဲ့အတွက် အရှေ့မြင် အနောက်မြင်တောင် လို့အမည်မှဲ့ခေါ်ထားကြောင်း ဒေသခံတွေဆီကသိရပါတယ်။ ကျယ်ဝန်းတဲ့တောင်ထိပ်ပတ်ဝန်းကျင်ဟာချင်းပြည်နယ်က ခေါနုစုမ်တောင်ထိပ်မြင်ကွင်းတွေကိုသတိရစေမှာပါ။ တောင်ထိပ်မှာ စခန်းချနားနေပြီး နောက်တစ်နေ့မှပြန်ဆင်းမယ်ဆိုရင်တော့ Camping Gears- ရွက်ဖျဉ်တဲ၊အိပ်ယာလိပ်၊ရေနဲ့စားစရာအလုံအလောက်သယ်ဆောင်သွားဖို့လိုပါမယ်။ စခန်းချရာမှာ တောင်ပေါ်ကအပင်တွေကိုထင်းမစိုက်သင့်ပဲ ချက်ပြုတ်ဖို့ camping stove/ gas stove တွေကိုသာသုံးသင့်ပါတယ်။

ခြေလျင်တောင်တက်အဖွဲ့တွေ၊ ဘူမိဗေဒကွင်းဆင်းကျောင်းသားတွေအပြင် ငှက်ကြည့်ဝါသနာရှင်၊သစ်ခွဝါသနာရှင်တွေပါလာရောက်လေ့ရှိတဲ့တောင်ဖြစ်ပါတယ်။ ဒါကြောင့်သဘာဝပတ်ဝန်းကျင်မထိခိုက်အောင်အထူးဂရုစိုက်ဖို့လိုပါတယ်။

အရှေ့မြင် အနောက်မြင်တောင်ထိပ်ကို နေ့ချင်းပြန်တောင်တက်ခရီးအနေနဲ့သာ တောင်ရောက်လေ့ရှိကြတာများပါတယ်။ လမ်းတစ်လျှောက်ထင်းရှူးတောများနဲ့အုံ့ဆိုင်းပြီးသာယာပါတယ်။ တောင်ဇလပ်ပန်းလေးတွေလည်းပေါက်ရောက်ပါတယ်။ အတက်မတ်ဆောက်တဲ့နေရာတစ်ချို့လည်းပါဝင်ပါတယ်။ တစ်နေကုန်ကြာနိုင်တဲ့ Day Trek ဖြစ်ပါတယ်။ တောင်ထိပ်အရောက်၆နာရီကနေ ၈နာရီခန့်ကြာနိုင်တာမို့မနက်စောစောထွက်တာသင့်တော်ပါတယ်။

ပင်းတယဒေသတစ်ဝိုက်မှာဒီအရှေ့မြင်အနောက်မြင်တောင်ထိပ်ဟာအမြင့်ဆုံးဖြစ်ပါတယ်။ ( ****အရှေ့မြင်အနောက်မြင်တောင်ထိပ်ကိုရှမ်းပြည်နယ်ရဲ့အမြင့်ဆုံးတောင်လို့အမှတ်မှားလေ့ရှိကြပါတယ်။ တကယ်တမ်းရှမ်းပြည်နယ်ရဲ့အမြင့်ဆုံးတောင်က ပေ ၈၇၇၀မြင့်တဲ့ လွယ်လင်တောင်ထိပ်ဖြစ်ပါတယ်။ လားရှိုးမြို့ရဲ့အရှေ့တောင်ဖက်၄၅ကီလိုမီတာအကွာမှာ လွယ်လင်တောင်တည်ရှိပါတယ်။Loi Leng 2,673 m (8,770 ft) 22.642500, 98.074156 / 22°38'33.00"N 98° 4'26.96"E လွယ်လင်အကြောင်း နောက်မှအသေးစိပ်ရေးပါ့မယ်။ )

Photos 15/09/2015

ခါကာဘို ၁၉နှစ်...............

ယနေ့ဟာ ခါကာဘို တောင်ထိပ်ကို မြန်မာ နိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ (ကွယ်လွန်) တို့ ရောက်ရှိခြင်း ၁၉နှစ် ပြည့်တဲ့နေ့ဖြစ်ပါတယ် ၊

( ၂၀၁၄ခုနှစ်က ခါကာဘိုတောင်ပေါ်မှာ ပျောက်ဆုံးသွားတဲ့ မြန်မာတောင်တက်သမားနှစ်ဦးကိုလည်းမမေ့သောသတိရခြင်းဖြင့် ဖော်ပြအပ်ပါတယ်)

19 years of Conquering HkaKaBo

today is the 19th Anniversary of Mt. Hkakabo-razi one of the toughest mountain in southeast asia & Myanmar conquered by Japanese Mountaineer Mr.Takashi Ozaki and Namar Johnsein .
MMIH would like to express our thought on 2 missing myanmar climbers on Mt.HkakaBoRazi last year.

Photo Description : (Ozaki & Nama Gwaltsen @ the summit of Mt,KKBo (5881 m)မြန်မာနိုင်ငံသား တိဘက်လူမျိုး လမ်းပြ နမားဂျွန်စိန် နှင့် ဂျပန်နိုင်ငံသား တောင်တက်သမား အိုဇာကီ နရာ။ အရှေ့တောင်အာရှ ခေါင်မိုး ခါကာဘိုရာဇီ တောင်ထိပ် ( နောင်မွန်းမြို့နယ် ကချင်ပြည် နယ် မြောက်ဖျားမြန်မာပြည်)အမြင့်ပေ။ (၅၈၈၁ မီတာ / ၁၉၃၁၅ပေ)အချိန်။ နေ့လည် ၃း၁၂မိနစ် စက်တင်ဘာလ ၁၅ရက်နေ့ ၁၉၉၆ ခုနှစ်

ဓာတ်ပုံ (အိုဇာကီ နှင့် သူ၏ Tripod )Mt.KhahaBo, roof of Southeast Asia & Myanmar Highest Summit(i would like to CREDIT Takashi Ozaki , the photographer of this photo who took it at the summit)

PHOTO COURTESY : Ozaki Family & special thanks to Frederique Gley Ozaki

Some Useful links :
Mt.Hkakaborazi documentary by TV-Asahi with Myanmar language narration
http://www.youtube.com/watch?v=Lm9HRex436c
http://www.youtube.com/watch?v=v5_ISsmmK-0
Mark Fisher “Myanmar Bridges to Change: Gamlang Trailer links :
http://vimeo.com/86622889 ( uploaded on FEB 13 2014 )
www.youtube.com/watch?v=UNEyPW-Gv84 ( uploaded on Mar 4 2014 )
MT.KHAKABORAZI http://climboclock.com/2014/05/31/mt-khakaborazi/

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 07/09/2015

ဒီနေ့ဟာ မြန်မာ့မြောက်ဖျားက ဂမ်လန်ရာဇီရေခဲတောင်ကို လူသားများရောက်ရှိခြင်း ၂နှစ်ပြည့်ဖြစ်ပါတယ်။

ဂမ်လန်ရာဇီတောင်ထိပ်ကိုမြန်မာ တောင်တက်သမား ကိုဝင်းကိုကို နဲ့ ပြည့်ဖြိုးအောင်တို့ဟာ အမေရိကန်တောင်တက်သမား၅ဦးနဲ့ အတူ ၇ဦး summit team အနေဖြင့်တက်ရောက်ခဲ့ပြီး .၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ TCCM အဖွဲ့မှတောင်တက်သမား ပြည့်ဖြိုးအောင် နဲ့ အမေရိကန်တောင်တက်သမား ၅ဦးတို့ Mark Fisher, Eric Daft , Andy Tyson, Chris Nance, Molly Loomis တို့ က မြန်မာအမေရိကန် ချစ်ကြည် ရေးတောင်တက်အဖွဲ့အနေနဲ့ ပထမဦးဆုံးအဖြစ် အောင်မြင်စွာတက်ရောက်ခဲ့ပါတယ် ။

၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့မှာ မြန်မာအမေရိကန် ချစ်ကြည် ရေးတောင်တက်အဖွဲ့ရဲ့ ဂမ်လန်ရာဇီတောင်ထိပ်ကို တိုင်းထွာချက်အရ ၅၈၇၀ ဒသမ ၀၈၄ မီတာမြင့်ကြောင်းသိရပါတယ်။(၁၉၄၅) မှာ ရေးဆွဲ ခဲ့တဲ့ အမေရိကန်နိုင်ငံ နဲ့ ရုရှားနိုင်ငံတွေက Topography မြေပုံ အထောက်အထား အရ ဂမ်လမ်ရာဇီတောင်ဟာ မြန်မာနိုင်ငံ၏ လက်ရှိ အမြင့်ဆုံးဟု သတ်မှတ်ထားသော ခါကာဘိုရာဇီတောင်ထက် ပေ (၉၀) ပိုမြင့်တယ် လို့ ဆိုပါတယ်။ ဒါပေမဲ့ ခါကာဘိုရာဇီတောင်ထိပ်ပေါ်မှာ တိကျတဲ့ အမြင့်ပေမတိုင်းရသေးမချင်း ဒီအချက်ကို အတည်မပြုနိုင်ပါ။ ( ၁၉၉၆အိုဇာကီခရီးစဉ်မှာ GPS တွေသုံးပြီးတိုင်းခဲ့တဲ့ တောင်ထိပ်ရဲ့ အမြင့်ပေကို စက်ကရိယာတွေနဲ့ တိုင်းခွင့်မသာခဲ့ပါ ) မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှမှာ အမြင့်ဆုံးတောင်ဟာ ခါကာဘိုလား ဂမ်လန်လားဆိုတာ ပြောနိုင်ဖို့အတွက်၂၀၁၄ခုနှစ်ထဲမှာ မြန်မာ၊ ဂျပန် နဲ့ အမေရိကန် တောင်တက်သမားတွေဟာ ခါကာဘိုတောင်ထိပ်ကို တက်ရောက်တိုင်းတာဖို့တက်ရောက်ရန် ကြိုးပမ်းခဲ့ပေမဲ့ တစ်ဖွဲ့မှတောင်ထိပ်ကိုမရောက်ခဲ့ အမြင့်ပေမတိုင်းတာနိုင်ခဲ့ကြသေးတဲ့အတွက် ဂမ်လန်နဲ့ခါကာဘိုဘယ်တောင်ထိပ်ပိုမြင့်သလဲဆိုတာကိုအထောက်အထားနဲ့ပြဖို့ရာ ခါကာဘိုတောင်ထိပ်ရဲ့တိကျတဲ့တိုင်းထွာချက်လိုနေဆဲပဲဖြစ်ပါတယ်။
ဂမ်လန်ရာဇီ ခါကာဘိုရာဇီနှင့် ခါကာဘိုရာဇီဘေးမဲ့တော နယ်မြေများတွေဟာ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားတဲ့ သဘာဝတရားတွေပျက်စီးမှူမရှိသလောက်နည်းပါးသေးတဲ့နယ်မြေတွေလည်းဖြစ်ပါတယ်။

ခါကာဘိုတောင်ကို(၅၇၄၃မီတာ) ၁၈၈၄၁ ပေအထိတက်ရောက်တိုင်းတာခဲ့တဲ့ National Geographic အဖွဲ့ရဲ့အဆိုအရ သူတို့ထက်တက်ဖို့က မီတာ ၁၀၀ထက်မနည်းရှိတာကြောင့် ခါကာဘိုကပိုမြင့်ကြောင်းကောက်ချက်ချပါတယ်(ရာသီဥတုဆိုးရွားပြီး ကျောက်ကမ်းပါးကြီးတစ်ခုခံနေတဲ့အတွက်ယင်းNational Geographic အဖွဲ့ဟာ တောင်ထိပ်အနီးကနေပြန်လှည့်လာခဲ့တာပါ၊ ဂျပန် NHKအဖွဲ့ကလည်း အလားတူပဲဆိုပါတယ်၊ တောင်ထိပ်မရောက်ခဲ့ပေမဲ့ အန္တရာယ်အလွန်များတဲ့ အလွန်အေးခဲပြီးလေစီးကြမ်းတဲ့ အတက်အဆင်းမတ်ဆောက်ပြီး တောင်ထိပ်ယောင်တွေများလို့တက်ရခက်တဲ့ ခါကာဘိုဟာ တကယ့်မဟာစွန့်စားခန်းဖြစ်ကြောင်း တောင်တက်အဖွဲ့အသီးသီးကဝန်ခံခဲ့ကြပါတယ်)

ခါကာဘိုကို အိုဇာကီနဲ့အမ်းဆေးတို့အောင်နိုင်ခဲ့တာ ၁၉နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ ယနေ့ ဂမ်လမ်ရာဇီ ၂နှစ်ပြည့်နေ့မှာ တောင်ထိပ်ပေါင်းများစွာကိုတက်လတ္တံ့သောတောင်တက်သမားအပေါင်းဘေးမသီရန်မခပဲလိုရာကရီးကို ရောက်နိုင်ကြပါစေကြောင်း အန္တရာယ်အတားအဆီးများကိုကျော်နင်းနိုင်ပြီးအောင်မြင်ပါစေကြောင်းဆုတောင်းပါတယ်။ ခါကာဘိုရာဇီတောင်မှာ ပျောက်ဆုံးသွားတဲ့ မြန်မာတောင်တက်သမားနှစ်ဦးကိုလည်း မမေ့လျော့ခြင်းဖြင့်ဤနေရာမှာဖော်ပြအပ်ပါတယ်။

September 2013, members of U.S.- Myanmar friendship climbing expedition,set off the first ascent to Gamlang Razi ( southeast asia disputed highest summit ) in summit team 7 climbers , 5 from states , Mark Fisher, Eric Daft, Andy Tyson, Molly Tyson, Chris Nance and 2 Myanmar climbers WinKoKo and Pyae Phyo Aung both are from TCCM. Out of 7 , 6 climbers successfully conquered the summit of Gamlang Razi on 7th September 2013. Expedition team recorded the coordinates from the summit of Gamlang Razi as:
Latitude: N 28 18’21.19907”
Longitude: E 97 28’04.64641”
Mean Sea Level Height: 5870.084 meters (+/- 2 meters)
powered by Juniper Systems, Inc. the Archer Field PC XF101 GPSPhoto Credit : Gamlang Razi, Technical Climbing Club of Myanmar & foundation

Photos 12/08/2015

မြန်မာပြည်၏ အလယ်ဗဟို

မြန်မာနိုင်ငံအလယ်ဗဟိုချက်ဟာ မြန်မာနိုင်ငံ အလယ်ပိုင်း၊ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၊ ကူမဲမြို့၊ မြသုခရွာအနီးရှိ ပြက္ခရွေ တောင်ပေါ်မှာရှိပါတယ်။ယင်းနေရာဟာ ကမ္ဘာ့တည်နေရာပြစနစ် (GPS) တိုင်းတာချက်အရ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၁၂.၆၉၅မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၄.၇၅၉ မိနစ်မှာပါ။

မြန်မာနိုင်ငံရဲ့အလယ် ဗဟိုချက်မအမှတ်အသား ကျောက်တိုင် တစ်ခုကို မြန်မာနိုင်ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားတာကိုတွေ့နိုင်ပါတယ်။

Credit:OP

28/05/2015

while we are talking about mobile phone tax, yangon traffic and slow internet, same time all the wildlife of myanmar almost gone and illegally traded to China border with a massive flow.

this heartbreaking video is the best example that all the sector in the country have to sustain and develop including the livelihood of mountainous people and their ecosystem to conserve the wildlife.

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 26/04/2015

GLOF ဆိုတာကတော့ Glacial Lakes Outburst Flood ဆိုတာကို ပြောတာပါ။ တောင်ပေါ်ရေအိုင်များ- ရုတ်တရက်-ပေါက်ထွက်ယိုဆင်းပြီး-ရေလွှမ်းမိုးမှုဖြစ်စဉ် ဖြစ်တာကိုခေါ်ပါတယ်။ (အရင်တစ်ခါ ရေးမယ်ဆိုတဲ့ GLOFအကြောင်းကို အခုရေးဖို့အကြောင်းဖန်လာလို့ ရေးပါရစေ။ https://www.facebook.com/mm.mountaininfohub.org/posts/633622903435210 )

မနေ့က နီပေါငလျင်နှင့်ဆက်စက်ပြီး ရယ် အရင်တင်ခဲ့တဲ့ တောင်ပေါ်ရေကန်တွေအကြောင်းနဲ့ ဆက်စက်လို့ ဒီအကြောင်းကို ရှင်းပြချင်ပါတယ်။

ယမန်နေ့ ၂၅-၂-၂၀၁၅မနက်က နီပေါနိုင်ငံမှာ ဖြစ်ပျက်ပွါးခဲ့တဲ့ အလွန်တရာ အားပြင်းထန်တဲ့ ငလျင်အကြောင်းကို အားလုံးသိပြီးဖြစ်မှာပါ။ ၂၀၁၅နီပေါငလျင်နဲ့ ဆက်စပ်တဲ့ ဧဝရတ် ရေခဲပြိုမှုကြောင့် ဒီနှစ်ဟာ ဧ၀ရတ်တောင် မှာ လူသေဆုံးမှုအများဆုံးနှစ်အဖြစ် ဖြစ်လာနိုင်သလို တောင်တက်သမား ၅၀နီးပါးဟာလည်း အန္တရာယ်နဲ့ရင်ဆိုင်နေရဖွယ်ရှိတယ်လို့ သိရပါတယ်။
နီပေါ အစိုးရ အနေနဲ့ အရေးပေါ်အခြေအနေကြေငြားထားသလို နိုင်ငံတကာအဖွဲ့တွေကလည်းကူညီနေပါတယ်။

ငလျင်အကြောင်း ကနေ တောင်ပေါ်ရေကန်တွေအကြောင်း ဆက်ပါမယ်။

ပင်လယ်ရေမျက်နှာမြင်အထက် မီတာ သုံးထောင် (၉၈၄၂ ပေ) မှာရှိတဲ့ ရေကန်တွေကို ကမ္ဘာ့ရေစင်ကြီးများလို့ တင်စားခေါ်ဝေါ်နိုင်ပါတယ်။ ဟိမဝန္တာဒေသမှာ ဒီလိုတောင်ပေါ်ရေကန်တွေမြောက်များစွာရှိပါတယ်။
(မြန်မာပြည်မှာလည်း၊မြောက်ပိုင်းပူတာအိုဒေသတစ်ဝိုက်၊ဖုန်ကန်ရာဇီ၊မဒွယ်ရာဇီစတဲ့ ရေဝေရေလဲ ရေခဲစီးနှင်းဖုံးတောင်များတွေမှာ ဒီလိုတောင်ပေါ်ရေကန်တွေရှိပါတယ် မြန်မာနိုင်ငံရဲ့ အသက်သွေးဖြစ်တဲ့ ဧရာဝတီမြစ် အပြင် ချင်းတွင်းမြစ်တို့အတွက်ပါ အရေးပါတဲ့ ရေအရင်းအမြစ်များဖြစ်ပါတယ်။ ယင်းနယ်မြေတွေဟာ မြန်မာနိုင်ငံအတွက်သာမက၊ ကမ္ဘာ့ သဘာဝရေအရင်းအမြစ်အတွက်ပါ အရေးကြီးတဲ့ တောင်မြင့်ပိုင်းရေတိမ်ဒေသ (HAW- High Altitude Wetland ) တွေပါ ၊

ဒါ့အပြင် ဟိမဝန္တာဒေသမှာ ice dam လို့ခေါ်တဲ့ တောင်ပေါ်ကန်ကြီးတွေလည်းရှိပါတယ် ၊ ရေခဲနေတဲ့ ရေခဲမြစ်တွေကြားက နေ ရေခဲပျော်ကျတဲ့အခါကျလာတဲ့ ရေတွေစုဝေးခိုအောင်းရာ သဘာဝ ရေအိုင် ရေကန်တွေဖြစ်ပါတယ်။

အခုလို ပြင်းထန်တဲ့ မြေငလျင် ဖြစ်စဉ်မျိုးမှာ ဧဝရတ်တောင်ရဲ့ avalancheလို ရေခဲပြိုမှုဖြစ်စဉ်တွေဟာ တွဲလျက်ပါလာတာကို တွေ့ရပါတယ်၊ ထိုနည်းလည်းကောင်းပဲ၊ တောင်ပေါ်ရေအိုင်တွေဟာလည်း ဒီ မြေငလျင် ဒဏ်ကြောင့် ရုတ်တရက်-ပေါက်ထွက်ယိုဆင်းပြီး-ရေလွှမ်းမိုးမှုဖြစ်စဉ် (GLOF Glacial Lakes Outburst Flood)တွေဖြစ်လာနိုင်ပါတယ်။
ယခင်က ပါကစ္စတန်ဒေသတွေမှာ ဒီလို GLOF ဖြစ်စဉ်ကြောင့် ရွာလုံးကျွတ် ရှာမရပဲပျောက်သွားတာမျိုးတွေရှိခဲ့ပါတယ်။

ယခုနီပေါ ငလျင်မှာတော့ GLOF ရဲ့အရိပ်အယောင်မကြားမိသေးပါဘူး၊ ဒါပေမဲ့ အဖြစ်နိုင်ဆုံးအခြေအနေမှာလည်းရှိလို့နေပြန်ပါတယ်လို့ သတိထားပူပန်ရင်း ကျွန်တော်တို့ MMIHအနေနဲ့ တောင်ပေါ်ဒေသနဲ့ ငလျင်နဲ့ဆက်စက်နေတဲ့ GLOFအကြောင်း ဗဟုသုတအနေနဲ့ မျှဝေအပ်ပါတယ်ခင်ဗျာ ။

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 22/04/2015

ကမ္ဘာမြေနေ့ ၂၀၁၅ (သို့မဟုတ်) မနက်ဖြန်အတွက်မျှော်လင့်ချက်

"Earth Day 2015"
ယနေ့ ၂၀၁၅ခု ဧပြီလ (၂၂) ရက်နေမှာ ကျရောက်တဲ့ " မြေကမ္ဘာနေ့ " မှာ ကမ္ဘာမြေကြီးကျန်းမာရေးအတွက်တစ်ထောင့်တစ်နေရာက ကိုယ်စီကိုယ်ငှပါဝင်နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။

မြန်မာပြည်မှာအရင်ကထက်ပိုပြီး အပူချိန်မြင့်တက်လာတာ ၊ သစ်တောတွေပြုန်းတီးလာတာ၊ ခရမ်းလွန်ရောင်ချည်တွေပိုမိုလာတာအားလုံး နေ့စဉ်ခံစားသိရှိပြီးဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ပူနွေးမှု Global Warmingကလည်းလျော့မသွားပါဘူး။

ကမ္ဘာ့ဝင်ရိုးစွန်းတွေက ရေခဲတွေသာအရည်ပျော်ပပျောက်လာခဲ့တာပါ။
အဲ့ဒီရဲ့အကျိုးဆက် ကမ္ဘာ့ရေထုမြင့်တက်မှုကြောင့် နှစ်အနည်းငယ်အတွင်းရေလွှမ်းမိုးပျောက်ဆုံးတော့မည့် ကျွန်းနိုင်ငံတွေစာရင်းသာတိုးလာတာပါ။

ကမ္ဘာကို မှီတင်းနေထိုင်ကျတဲ့ ဂေဟအနစ်ထဲက အပင်နဲ့ သားရဲတွေရဲ့ မျိုးသုမ်းပျောက်ကွယ်နှုန်းတွေသာ တစ်နှစ်တစ်ခြား တိုးပြီးရင်း တိုးလာခဲ့တာပါ။

ကမ္ဘာ့လူသားတွေဟာလည်း သဘာဝဘေးအန္တရာယ်၊ ရောဂါပိုးမွှား ဗိုင်းရပ် (အဟောင်းအသစ်မျိုးစုံ)ရဲ့အန္တရာယ်တွေ သာတိုးလာတာပါ။

လူသားခြင်း အရင်က ကိုလိုနီပြု နယ်ချဲ့ကြ ၊ အခုခေတ်မှာ ယဉ်ကျေးမှုလွှမ်းမိုးပြီးနယ်ချဲ့ကြ ဇိမ်ခံပစ္စည်းဆန်းတွေ၊ စစ်လက်နက်၊ဓာတုလက်နက်ဆန်းတွေတီထွင်ကြရင်း ကမ္ဘာကြီးဟာ သူ့ရဲ့ သယံဇာတတွေကို အလွန်အကြွံထုတ်ယူသုံးဆွဲခံနေရရှာတာပါ။

ကမ္ဘာမြေကို ညှာတာတဲ့သူ ကမ္ဘာမြေအတွက် သစ်ပင်စိုက် မျိုးစေးကျဲတဲ့လက်တွေ နဲ့ ကမ္ဘာကြီးကို တူးစွစားသောက်ရောင်းဝယ်ဖောက်ကားမည့်သူ ၊ သစ်ပင်သစ်တော သားရဲကို ခုတ်ထစ်ရောင်းချတဲ့သူ ဘယ်အရေအတွက်က များနေပါသလဲ။

ကမ္ဘာမြေအနာဂတ် နှစ်ပေါင်းများစွာထက် မနက်ဖြန်တစ်ရက် ကမ္ဘာကြီး ကျန်းမာနေဖို့ကို ကျွန်တော်တို့ ဘာများတတ်နိုင်ကြပါသလဲ၊

ကောင်းတဲ့အကျင့်တွေ သင်ပြီး မကောင်းတဲ့ အမှိုက်ပစ်တဲ့အကျင့်တွေစတဲ့ အကျင့်ဆိုးတွေကို ပြင်ဖို့လိုပါမယ်။

သင်နဲ့သင့်ပတ်ဝန်းကျင်မှာ ဒေသနဲ့ ကိုက်ညီတဲ့ သစ်ပင်တွေစိုက်တာတို့ကသာကမ္ဘာကြီးကို စောင့်ရှောက်ရာရောက်တာမဟုတ်ပါဘူး၊
ကိုယ့်တစ်ပိုင်တစ်နိုင် ပတ်ဝန်းကျင်မှာ လည်းဆောင်ရွက်နိုင်တာတွေရှိပါတယ်။ ဥပမာ-ပလက်စတစ်အမှိုက်တွေ မပစ်တာမျိုး- ဓာတုအမှိုက်တွေကို မစွန့်ပစ်တာမျိုး၊ ရေကို လိုအပ်တာထက်ပိုမသုံးပဲ ရေအရင်းအမြစ်ကိုချွေတာတာမျိုး၊ ဝပ်အားပြင်း မီးလုံး/မီးချောင်းတွေအစား LEDလိုမျိုး လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်တဲ့ မီးချောင်းတွေသုံးတာမျိုး - စသည်ဖြင့် သတိထားကျင့်သုံးခြင်းအားဖြစ်တစ်ဦးချင်းစီရဲ့ ကာဘွန်footprint တွေကိုလျှော့ချနိုင်မှာပါ။

***နာတာရှည် ရောဂါနဲ့ကမ္ဘာမြေ
***လူဦးရေပေါက်ကွဲမှုဗိုင်းရပ်(စ) ကိုခုခံအားကျဆင်းနေတဲ့ ကမ္ဘာမြေ ၊
***သက်ရှိသက်မဲ့ ရေမြေတောင်တောင် တို့အိမ်ဂေဟာကမ္ဘာမြေ
တိရိစ္ဆာန် လူသား- ဂေဟစနစ်များစွာတို့ရဲ့ မိခင်ကမ္ဘာမြေ

ကျွန်တော်တို့ အားလုံးရဲ့ ကမ္ဘာမြေ ငြိမ်းချမ်းပါစေ လို့ ဆုတောင်ရင်း

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 18/04/2015

သင်သိပါသလား ။

မနှစ်ကဒီလိုအချိန် ( ၂၀၁၄ ဧပြီ ၁၈ရက်နေ့မှာ) ဧဝရက်တောင် ရေခဲပြိုဆင်းမှု Avalancheအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။
မမျှော်လင့်ထားခဲ့တဲ့ ရေခဲပြိုကျတဲ့ ဖြစ်စဉ်ဟာ အမြင့်ပေ ၁၉၀၀၀ ကျော်မြင့်တဲ့ "the Golden Gate" (သို့မဟုတ်) Popcorn Field လို့ခေါ်တဲ့ နေရာမှာ ပြင်းထန်စွာ ဖြစ်ပွားခဲ့တာပါ။
သမိုင်းကြောင်းအရ ဧဝရက်တောင်မှာ ဖြစ်ပွားတဲ့ ရေခဲပြိုကျမှုတွေအားလုံးထဲမှာ ဒီဖြစ်စဉ်ဟာ အထိခိုက်ဆုံး အကြမ်းတမ်းဆုံးဖြစ်ခဲ့ပြီး လမ်းပြ ၁၆ ဦးကွယ်လွန်ခဲ့ပါတယ် စုစုပေါင်း ၂၅ရောက် ရေခဲပြိုကျတဲ့အထဲပါသွားပြီးတော့ ၉ဦးကတော့ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး သေကံမရောက်အသက်မပျောက်ခဲ့ပါဘူး။ ။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ နှင်းခဲပိနေတဲ့အထဲက ရှာပါတွေရဲ့ ဘော်ဒီ ၁၃လောင်းပဲပြန်ရခဲ့ပါတယ်။ ရှာပါ ၃ယောက် ရဲ့ အလောင်းကိုတော့ပြန်မရှာနိုင်တော့ပါဘူး။ Avalanche ဖြစ်စဉ်အပြီးမကြာခင်မှာပဲ တောင်တက်ပါမစ်တွေပြန်ချပေးခဲ့ပြီး ၂၀၁၄ မေ ၂၃မှာ တောင်ထိပ်ကိုတက်တဲ့သူတွေနဲ့ ဧဝရတ်မှာလူများဆဲပါပဲ။

မြန်မာနိုင်ငံရဲ့ ခါကာဘိုရာဇီ နဲ့ ဂမ်လန်ရာဇီတောင်ဒေသတွေဟာလည်း အမြဲတမ်းခဲနေတဲ့ သက်ရင့် ရေခဲမြစ်တွေရှိတဲ့ ဒေသဖြစ်ပါတယ် ။

ခါကာဘိုရာဇီ တောင်ရဲ့ ရ၀မ်လူမျိုး များ၏ ရ၀မ် စကားလုံး အဓိပ္ပာယ်ကိုဖွင့်ဆိုရရင် (ခ = စကား) (ခါ ဘို= အသံမည်ခြင်း) ( ရာဇီ = တောင်) ၊စကားသံများ ကြားနေရတဲ့ တောင်လို့ တင်စားအမည်ပြုထားကြောင်းကို လေ့လာသိရှိနိုင်ပါတယ် ၊

ကြမ်းခက်တဲ့ ခါကာဘိုရာဇီက ရေခဲပြိုကျသံတွေကို တင်စားထားပါတယ်။

မြန်မာ့တောင်ပေါ်ဒေသ ခါကာဘိုရာဇီရဲ့ အမည်နာမနဲ့ အဓိပ္ပာယ်ကိုမှတ်သားရင်း တောင်ပေါ်ဒေသမှာဖြစ်တတ်တဲ့ Avalanche ရေခဲပြိုမှုဖြစ်စဉ်ကို သဘောပေါက်နိုင်မှာပါ ၊ မြန်မာ့တောင်တွေမှာ အလားတူရေခဲပြိုကျမှုဖြစ်စဉ်တွေလည်းရှိပေမဲ့ ဧဝရတ်တောင်လောက် လူအသွားအလာမများတဲ့အတွက် ရေခဲပြိုကျမှူနဲ့ပက်သက်လို့ လူ့အသက်အန္တရာယ်ထိခိုက်မှူမှတ်တမ်းတော့မရှိသေးပါဘူး။

Photos from MMIH  မြန်မာ့တောင်များသတင်းအချက်အလက် ဗဟိုဌာန's post 08/04/2015

မြန်မာ့မြောက်ဖျားမှ High Altitude Wetland ( တောင်မြင့်ပိုင်း ရေကန်များ)
---------------------------------------------------------------------
ပင်လယ်ရေမျက်နှာမြင်အထက် မီတာ သုံးထောင် (၉၈၄၂ ပေ) မှာရှိတဲ့ ရေကန်တွေကို ကမ္ဘာ့ရေစင်ကြီးများလို့ တင်စားခေါ်ဝေါ်နိုင်ပါတယ်။

၊မြောက်ပိုင်းပူတာအိုဒေသတစ်ဝိုက်၊ဖုန်ကန်ရာဇီ၊မဒွယ်ရာဇီစတဲ့ ရေဝေရေလဲ ရေခဲစီးနှင်းဖုံးတောင်များ ၊ မေခမလိခရဲ့ အသက်သွေးကြော ခါကာဘိုရာဇီ အမျိုးသားဥယာဉ် ဒေသတစ်ဝိုက်ဟာ မြန်မာနိုင်ငံရဲ့ အသက်သွေးဖြစ်တဲ့ ဧရာဝတီမြစ် အပြင် ချင်းတွင်းမြစ်တို့အတွက်ပါ အရေးပါတဲ့ ရေအရင်းအမြစ်များဖြစ်ပါတယ်။ ယင်းနယ်မြေတွေဟာ မြန်မာနိုင်ငံအတွက်သာမက၊ ကမ္ဘာ့ သဘာဝရေအရင်းအမြစ်အတွက်ပါ အရေးကြီးတဲ့ တောင်မြင့်ပိုင်းရေတိမ်ဒေသ (HAW- High Altitude Wetland ) တွေပါ ၊

ဝတိံဖျားက နတ်ရေကန် လို့ နာမည်ကျော်ခဲ့ဖူးတဲ့ မဒွယ်ရာဇီ ရေခဲတောင် ရဲ့ ရေကန် ပုံနှင့် တကွ ခါကာဘိုရာဇီ အမျိုးသားဥယာဉ်ထဲမှ တဇွန်-ရေကန် တို့ကို ပုံနှင့်တကွဖော်ပြအပ်ပါတယ် ။

ဒါကတော့ High Altitude Wetland ( တောင်မြင့်ပိုင်း ရေကန်များ)နဲ့ပက်သက်တဲ့စာမြည်းပါ၊

သဘာဝအလှအပများကို ခံစားရင်း သစ်တောသစ်ပင်များကိုထိမ်းသိန်းရာမှာလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်နိုင်ကြစေကြောင်း ဆန္ဒပြုအပ်ပါတယ်။ _/\_ _/\_ _/\_

(P.S- နောက်များမှာ တောင်ပေါ်ရေအိုင်များ- ရုတ်တရက်-ပေါက်ထွက်ယိုဆင်းပြီး-ရေလွှမ်းမိုးမှုဖြစ်စဉ် - GLOF- Glacial Lakes Outburst Flood ) အကြောင်းအလျင်းသင့်သလိုတင်ဆက်သွားပါဦးမယ် ခင်ဗျာ။ )

ဓာတ်ပုံများ- (Credit to WCS Myanmar, ZunDamm Photo Credit to -RobTizard MadwelakePhoto Credit to- ကိုအောင်မြင့်မြတ်)

ကိုးကား-(ဒေါက်သာသိန်းအောင်-မြန်မာ့ဂုဏ်ဆောင်သည့် မြောက်ဘက် တောင်မြင့်ပိုင်းရေတိမ်ဒေသ- ရွှေဖိုးခေါင်မဂ္ဂဇင်း)

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริการภาครัฐ ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่

Chiang Mai