03/03/2026
Together For Karenni(TFK) ၏ ရည်မှန်းချက် -
(၁) ကရင်နီပြည်အတွင်း တပ်ရင်းတပ်ဖွဲ့များအားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူယှဥ်တွဲနေထိုင်ပြီး စစ်အာဏာရှင် နှင့် အာဏာရှင်မှန်သမျှ အမြန်ဆုံး ချုပ်ငြိမ်းစေရေး ဆောင်ရွက်ရန်၊၊
(၂) ပြည်နယ်အတွင်း ''တပ်'' တစ်တပ်တည်း အမြန်ဆုံးဖြစ်ပေါ်လာစေရေး တွန်းအားပေးရန်၊၊
21/01/2026
Aichi Myanmar Football Federation(AMFF-Japan)နှင့် Karenni Youth FCမှဦးဆောင်ကျင်းပသည့်
ကရင်နီတပ်ပေါင်းစုဖလား(2026.2.22)
နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့အချိန် ၊အရေးကြီးတဲ့နေရာ ၊ထိထိရောက်ရောက်
ဝါသနာနဲ့ စိတ်အားထက်သန်တဲ့ဘောလုံးအားကစားကို ကြိုးကြိုးစားစားယှဉ်ပြိုင်ကစားရင်း တော်လှန်ရေးအတွက်လည်း တထောင့်တနေရာအထောက်ပံ့ အနေနဲ့ ထောက်ပို့ကူနိုင်မည့်
ကရင်နီတပ်ပေါင်းစုဖလား
ဂျပန်တနိုင်ငံလုံးမှာရှိတဲ့ဘေားလုံဝါသနာညီကိုများခင်ဗျ ကရင်နီတပ်ပေါင်းစုဖလားပြိုင်ပွဲကြီးမှာ
လာရောက်ယှဉ်ပြိုင်ဖို့ ကျတော်တို့ (AMFF)&Karenni Youth မှ လေးစားစွာ ဖိတ်ကြားအပ်ပါတယ်
ယခုလက်ရှိစာရင်းပေးထားသောဘောလုံးအသင်းစာရင်းများ
1.Burmese Tiger FC
2.Burmese Tiger Super Star FC
3.BLACK PANTHER FC
4.ခင်မို့မို့အေး FC
5.Team cyclone
6.Little Flower Fc
ပြည်တွင်းမှာရှိတဲ့ တော်လှန်းရေးအင်အားစုတွေနဲ့ ပြည်ပရောက် ထောက်ပို့အင်အားစုတွေသာ လက်တွဲညီညီ ဆက်လက်ကြီုးစားချီတက်ကြမယ်ဆိုရင် ကျတော်တို့မျှော်လင်နေ့တဲ့ အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးခရီးဟာ မဝေးတော့ပါဘူး 💪💪💪
အသင်းစာရင်းများဆက်သွယ်စာရင်းပေးရန်👇
🛑Aichi Myanmar Football Federation(AMFF) https://www.facebook.com/profile.php?id=61562779714519
🛑Karenni Youth Football Team in Japan
https://www.facebook.com/share/1C2nXFK9ba/?mibextid=wwXIfr
♦️U Min Thein
https://www.facebook.com/min.thein.501
♦️Si Thu San
https://www.facebook.com/profile.php?id=100069237461951
♦️Tonn Tonn
https://www.facebook.com/tuntun.eco.7
♦️Kaung Chitthel
https://www.facebook.com/kaung.chitthel
🛑 Khue MyarrehRojo
https://www.facebook.com/myarreh.com77
နေ့ရက်။ ။22.2.2026(Sunday)
အချိန်။ ။9:00AM-5:00PM
နေရာ။ ။ UB東海フットサルクラブ Higashikosasa-60 Koshidocho, Toyota, Aichi 470-0332
(Koshido Stations အနီး )
ဘောလုံးဝါသနာတူညီကိုတို့ရဲ့ စည်းလုံးမှုအား
တော်လှန်ရေးအောင်တဲ့ထိ အတူတူကြိုးစား ဆက်လက်ချီတက်ကြပါစို့🤝🤝🤝
#အားကစားဖြင့်တော်လှန်
#မြို့သိမ်းတိုက်ပွဲတွေမြင်နိုင်ဖို့
27/12/2025
The people deserve a future built on truth, justice, and real participation — not on staged processes that silence our voices.
We stand together for genuine democracy and the right of every citizen to choose freely.
#အတုအယောင်ရွေးကောက်ပွဲအလိုမရှိ
24/12/2025
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက် မိုဆိုအစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်မှု မှတ်တမ်းရုပ်ရှင်။
သတိပေးချက်။ ။ဤရုပ်ရှင်မှတ်တမ်းတွင် စိတ်မချမ်းမြေ့ဖွယ်ရာ၊ ရုပ်သံများပါရှိသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၄) ရက် မိုဆိုအစုလိုက် အပြုံလိုက်မီးရှို့သတ်ဖြတ်မှု မှတ်တမ်းရုပ်ရှင
သတိပေးချက်။ ။ဤရုပ်ရှင်မှတ်တမ်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ၊ ရုပ်သံများပါရှိသည်။
28/11/2025
🌟 ကရင်နီပြည်နှင့်အတူ ရပ်တည်လျှက်_ကျေးဇူးတင်ခြင်း🌟
Together for Karenni အနေဖြင့် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်နေ့မှ စတင်ခဲ့သည့် ကရင်နီပြည်စစ်ရေးအတွက် ရန်ပုံငွေရှာဖွေရေးကမ်ပိန်း၏ ပန်းတိုင်သို့ ရောက်ရှိပြီဖြစ်ကြောင်း ကြေညာရခြင်းအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါသည်။
ဤအောင်မြင်မှုသည် အရေအတွက်တခုမျှသာ မဟုတ်ပါ။
၎င်းသည် စည်းလုံးညီညွတ်မှု၊ ကျွန်ုပ်တို့၏လူမျိုးများအပေါ် မေတ္တာနှင့် ကရင်နီလူမျိုးများ၏ မချိုးဖျက်နိုင်သော စိတ်ဓာတ်နှင့်ပတ်သက်ပါသည်။
အလှူရှင်များ၏ ပံ့ပိုးကူညီမှုတိုင်းသည် လွတ်လပ်မှု၊ ဂုဏ်သိက္ခာနှင့် ကျွန်ုပ်တို့၏လူမျိုးများ၏ ကြောက်ရွံ့မှုမရှိဘဲ နေထိုင်ခွင့်ကို ယုံကြည်သော နှလုံးသားများမှ လာပါသည်။ သင်၏ပံ့ပိုးမှုသည် ကျွန်ုပ်တို့၏မြေကို ကာကွယ်ရန်၊ ကျွန်ုပ်တို့၏အသိုင်းအဝိုင်းများကို ကာကွယ်ရန်နှင့် ကျွန်ုပ်တို့ဆက်လက်ရင်ဆိုင်နေရသော ရက်စက်ကြမ်းကြုတ်မှုကို ဆန့်ကျင်ရာတွင် ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့း (JCS) ကို အားကောင်းစေခဲ့သည်။
💙 ထို့ကြောင့် ကျွန်ုပ်တို့ Together for Karenni အဖွဲ့သားများအားလုံးမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါသည်။
ကျွန်ုပ်တို့ အလိုအပ်ဆုံးအချိန်တွင် ကမ္ဘာ့အနှံ့အပြားမှ အလှူရှင် အသီးသီးတို့သည် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ခဲ့သည်။
ကရင်နီပြည်နှင့်အတူ ရပ်တည်ကြောင်း ပြသခဲ့သည်။
ကျွန်ုပ်တို့ အတူတကွစုဝေးသောအခါ ကျွန်ုပ်တို့သည် ရပ်တန့်၍မရကြောင်း သင်ပြသခဲ့သည်။
✨ ဤအောင်ပွဲသည် ကျွန်ုပ်တို့အားလုံးနှင့်သက်ဆိုင်သည်။
လွတ်လပ်မှုအတွက် တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေသော်လည်း ယနေ့တွင် ကျွန်ုပ်တို့သည် စည်းလုံးညီညွတ်မှု၏ စွမ်းအားကို ဂုဏ်ပြုပါသည်။
---
🌟 We Did It — Together for Karenni! 🌟
Today, we are deeply humbled and incredibly grateful to announce that we have reached our fundraising goal for the Together for Karenni campaign.
This achievement is not just about numbers.
It is about solidarity, love for our people, and the unbreakable spirit of Karenni.
Every single contribution — big or small — came from hearts that believe in freedom, dignity, and the right of our people to live without fear. Your support has strengthened the Joint Chiefs of Staff (JCS) as they defend our land, protect our communities, and stand against the brutality we continue to face.
💙 From the bottom of our hearts, thank you.
You stood with us when we needed you most.
You proved that Karenni is not alone.
You showed that when we come together, we are unstoppable.
✨ This victory belongs to all of us.
The fight for freedom continues — but today, we celebrate the power of unity.
Together for Karenni. Together for our future.
14/11/2025
နွေဦးဘဏ် SDB Token များ ကမ္ဘာကျော် Exchange တွင် စာရင်းဝင် listed ဖြစ်လာသည့် နွေဦးပြည်သူများ၏ စုပေါင်းအောင်ပွဲ မှတ်တိုင်သစ် မှ သည် Token တန်ဖိုး ခရီးရှည် Journey ကို ဆက်လက် မောင်းနှင်ဖို့ မနက်ဖြန် SDB 2 the Moon Countdown Party ဖြင့်် LIVE ဂုဏ်ပြုဆင်နွှဲသွားမှာ ဖြစ်ပါတယ်။
Spring Galaxy Ecosystem ရဲ့ သက်ဆိုင်ရာ Page များအားလုံးမှာ တစ်ပြိုင်နက် ထုတ်လွှင့်ပြသသွားမှာဖြစ်လို့ အားလုံးအတူတူ လကမ္ဘာအထိ လိုက်ပါပျံသန်းလိုက်ကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုက်ပါတယ်နော်🤩
🗓️နေ့ရက်: Nov 14, 2025 (Friday)
⏱️အချိန်: 03:00 PM (MMT)
09/11/2025
ဖရူဆို- ထားလဲ -နန်းဖဲ - ဘောလခဲ လမ်းမကြီးအား အသုံးပြုသွားလာခြင်း မပြုလုပ်ကြပါရန်
၂၀၂၅ ခုနှစ် ၊နိုဝင်ဘာလ (၅)ရက်
စာအမှတ် KNDF/ ၁ /၂၀၂၅ (၀၁၀)
ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များမှာ ဖရူဆို- ထားလဲ - နန်းဖဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများ ရှိလာသောကြောင့် မြေပြင်စစ်ရေးအခြေအနေအရ အဆိုပါလမ်းမကြီးအား နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ အသုံးပြု ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြပါရန် အများပြည်သူများအား အသိပေးအပ်ပါသည်။
ဖရူဆိုမြို့နယ် ၊ မာခရော်ရှေ့ကျေးရွာဘက် မှ စစ်ကောင်စီတပ်များမှာ ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၃) ရက်နေ့မှစ၍ ထားလဲဖက်သို့ မျက်နှာမှုကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခဲ့ပြီး မိမိတို့တော်လှန်ရေးတပ်များနှင့် ထိတွေ့ တိုက်ပွဲငယ်များ ဖြစ်ပွားနေပါသည်။
အထက်ပါ မြေပြင်စစ်ရေးအခြေအနေများကြောင့် ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးအပါအဝင် လမ်းမကြီးအပေါ် ဖြတ်သန်း သွားလာရသည့် လမ်းသွယ်များအားလုံးကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ (၆)ရက်နေ့မှစ၍ အသုံးပြုသွားလာခြင်း လုံးဝ မပြုလုပ်ကြပါရန် နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးအပ်ပါသည်။
ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF
15/10/2025
Together For Karenni မှတစ်ဆင့် ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့အတွက် စစ်ရေးအသုံးစရိတ် (ဘတ် ၂ သန်း) ကမ်ပိန်းကို ပြည့်မှီအောင် ပါဝင်ကူညီထောက်ပံ့ပေးခဲ့သော မိတ်ဆွေများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
မိတ်ဆွေတို့၏ ၁၀၀% ပံ့ပိုးမှု သည် လက်ရှိတွင် အမှန်တကယ်လိုအပ်နေသော ပူးပေါင်းတပ်ဖွဲ့၏ လုပ်ငန်းစဉ်များအတွက် ထိထိရောက်ရောက် အသုံးချသွားမည် ဖြစ်ကြောင်းကိုလည်း ထပ်မံ၍ အကြောင်းကြားလိုပါသည်။
မြေပြင်တွင် ပြည်သူများအတွက် အသက်စွန့်ကာကွယ်ပေးနေသော ရဲဘော်များအတွက်လည်း ခွန်အားဖြစ်လာမည် ဟု မျှော်လင့်ပါသည်။ ကမ်ပိန်းအောင်မြင်ရေးအတွက် ပါဝင်ပံ့ပိုးခဲ့ကြသည့် မိတ်ဆွေတို့ တစ်ယောက်ချင်းစီတိုင်းကို Organizing Team မှ လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိပါသည်။
09/10/2025
Together for Karenni Campaign Update
📅 16 Aug – 8 Oct 2025
💰 ฿1,751,733 (87.59%) ရောက်ရှိလာပါပြီ!
မိဘပြည်သူ များ၏ မေတ္တာနှင့် အထောက်အပံ့များကြောင့်
အခုအချိန်အထိ 87.59% ထိ ရောက်ရှိလာပါပြီ။
အခုတော့ လာမယ့် October 15 ရက်နေ့မှာ
Campaign ပြီးဆုံးဖို့နီးပါးလာပြီဖြစ်တဲ့အတွက်
ကျန်ရှိတဲ့အပိုင်းလေးအတွက်လည်း ဆက်လက်ပါဝင်ကူညီကြပါအောင်။
🙏 မိဘပြည်သူများ ပေးသည့် အကူအညီတိုင်းသည်
ကရင်နီပြည်သူများ၏ အသက်အန္တရာယ်ကင်းစွာ ရှင်သန်မှုအတွက်
အရေးကြီးဆုံး ပါဝင်မှုတစ်ခုဖြစ်နေပါသည်။
01/10/2025
"ကရင်နီပြည်စစ်ရေးအတွက် Together for Karenni Campaign ကို October 15 ရက်နေ့အထိ ရက်တိုးကြေညာခြင်း"
Karenni Joint Of Chief Staff(JCS) အတွက် Together For Karenni campaign သည်သတ်မှတ်ကာလအတွင်း ပြည့်မီရန် လိုအပ်နေသေးပါသဖြင့် အောက်တိုဘာလ၊ ၁၅ ရက်နေ့အထိ ထောက်ပံ့အလှူငွေများကို ဆက်လက်တိုးသွားမည်ဖြစ်ပါကြောင်း ပြည်သူများကို အသိပေးအပ်ပါသည်၊၊
🤝 သင့်၏ လှူဒါန်းမှုတိုင်းသည် ကရင်နီတပ်ပေါင်းစုံ၏ စစ်ဆင်ရေးအောင်မြင်မှုနှင့် ကရင်နီပြည်သူများ၏ လုံခြုံရေးအတွက် တိုက်ရိုက်အကျိုးဖြစ်စေမည်ဖြစ်ပါသည်။