Bago Region CDM Civil Servants Council

Bago Region CDM Civil Servants Council

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Bago Region CDM Civil Servants Council, Political organisation, New York, NY.

04/22/2026

လူနှင့် တိရစ္ဆာန်တို့တွင် ကူးစက်ဖြစ်ပွားတတ်သည့် မယ်လီအွိုက်ဒိုးစစ် (Melioidosis) ဘက်တီးရီးယား ကူးစက်ရောဂါ (ဧပြီလ၊ ၂၀၂၆ ခုနှစ်)

🔴 အဓိကအချက်များ

🦠 လူနှင့်တိရစ္ဆာန်များတွင် ဖြစ်ပွားသော ဘက်တီးရီးယားရောဂါဖြစ်သည်။
🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် မြေကြီး၊ လေ သို့မဟုတ် ရေ တို့နှင့် ထိတွေ့ရာမှတစ်ဆင့် ကူးစက်ပျံ့နှံ့သည်။
🦠 မုန်တိုင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် အခြားသော ရာသီဥတုဆိုးရွားမှုများ ဖြစ်ပွားပြီးသည့်အချိန်တွင် ရောဂါဖြစ်ပွားသူ ပိုများနိုင်သည်။
🦠 အခြားအခြေအနေများနှင့် ရောထွေးတတ်သောကြောင့် ရောဂါဖြစ်ပွားကြောင်း သတ်မှတ်နိုင်ရန် ခက်ခဲစေတတ်သည်။
🦠 ပဋိဇီဝဆေးဖြင့် ကုသနိုင်သည်။

🔴 ခြုံငုံသုံးသပ်ချက်

Burkholderia pseudomallei သို့မဟုတ် B. Pseudomallei အမည်ရှိသည့် ဘက်တီးရီးယားပိုးကြောင့် ရောဂါဖြစ်ပွားသည်။

ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် မြေကြီး၊ ရေ သို့မဟုတ် လေ တို့နှင့် တိုက်ရိုက်ထိတွေ့ရာမှတစ်ဆင့် လူနှင့် တိရစ္ဆာန်များသို့ ရောဂါကူးစက်ပြန့်ပွားသည်။

မုန်တိုင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း နှင့် အခြားသော ရာသီဥတုဆိုးရွားမှုများ ဖြစ်ပွားပြီးသည့်အချိန်တွင် ဘက်တီးရီးယားပိုးများ မြေမျက်နှာပြင်ပေါ်သို့ ထွက်လာသောကြောင့် ရောဂါဖြစ်ပွားသူ ပိုများနိုင်သည်။

လူတို့တွင် အောက်ပါအချက်များကြောင့် ရောဂါကူးစက်ဖြစ်ပွားနိုင်သည်။

🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် ဖုန်မှုန့် (dust) သို့မဟုတ် အမှုန်အမွှားများ (droplets) ကို ရှူရှိုက်မိခြင်း
🦠 ရောဂါပိုးဖြင့် ညစ်ညမ်းနေသည့် အစားအစာ သို့မဟုတ် ရေကို စားမိသောက်မိခြင်း
🦠 ရောဂါပိုးဖြင့်ညစ်ညမ်းနေသည့် မြေကြီး သို့မဟုတ် ရေနှင့် ထိတွေ့ကိုင်တွယ်မိခြင်း၊ အထူးသဖြင့် အရေပြားပေါက်ပြဲသောနေရာ သို့မဟုတ် ပါးစပ်မှတစ်ဆင့် ရောဂါပိုးဝင်ရောက်ခြင်း။

လူတစ်ဦးမှတစ်ဦးသို့ ရောဂါကူးစက်မှုသည် အလွန်ရှားပါး ပါသည်။

အောက်ပါ တိရစ္ဆာန်များအပါအဝင် တိရစ္ဆာန် အမျိုးအစားများစွာ ရောဂါကူးစက်ခြင်း ခံရနိုင်သည်။

🦠 သိုး၊ ဆိတ်၊ ဝက်၊ တောဝက်စသည့် ဝက်အမျိုးမျိုး၊ မြင်း၊ ကြောင်၊ ခွေး၊ နွား

B. pseudomallei ဘက်တီးရီးယားပိုးကို အပူပိုင်းဒေသများ အတွေ့ရများပြီး အထူးသဖြင့် အရှေ့တောင်အာရှနှင့် သြစတြေးလျမြောက်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေတတ်သည်။

🔴 ရောဂါလက္ခဏာများ

ရောဂါလက္ခဏာများမှာ များစွာ ဖြစ်ပေါ်နိုင်သည်။ ရောဂါပိုးကူးစက်ခံရပြီး (၁) ပတ်မှ (၃) ပတ်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်တတ်သည်။ အချို့သော လူနာများတွင်မူ ရောဂါပိုး ကူးစက်ခံရပြီး လများ သို့မဟုတ် နှစ်များ ကြာပြီးချိန်မှလည်း ရောဂါလက္ခဏာများ ပေါ်ပေါက်လာတတ်သည်။ အဆိုပါရောဂါသည် ခန္ဓာကိုယ်တွင်းရှိ စနစ်တစ်ခု သို့မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးသို့ သက်ရောက်ထိခိုက်မှု ရှိစေနိုင်သည်။ ထိုအချက်များကြောင့် ရောဂါအတိအကျ အမည်တပ်သိရှိနိုင်ရန်ခက်ခဲတတ်ပြီး အခြားရောဂါများနှင့် မှားယွင်းနိုင်သည်။

တစ်ခါတစ်ရံတွင် ခန္ဓာကိုယ်တစ်နေရာထဲ၌ ကွက်၍ ဖြစ်ပွားပြီး အနာ သို့မဟုတ် အရေပြားအနာဟု ထင်ရနိုင်သည်။ ဖျားနာခြင်း၊ ရောင်ရမ်းခြင်း နှင့် ကြွက်သားနာကျင်ခြင်းတို့ ခံစားရနိုင်သည်။

အဆုတ်ပိုးဝင်ခြင်းကဲ့သို့လည်း တွေ့ရများတတ်သည်။ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အစားအသောက်ပျက်ခြင်းတို့ ဖြစ်နိုင်သည်။

လတ်တလော ရောဂါဖြစ်သည်ဖြစ်စေ၊ ရှေးယခင်ကာလက ဖြစ်ဖူးသည်ဖြစ်စေ ခန္ဓာကိုယ်တစ်ခုလုံးရှိ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို ပျံ့နှံ့ထိခိုက်စေနိုင်သည်။ အသည်း၊ သရက်ရွက်၊ ဆီးကျိတ်၊ အဆစ်၊ အရိုး၊ ပြန်ရည်ကြောအကျိတ်၊ အရေပြား သို့မဟုတ် ဦးနှောက်တို့တွင် ပြဿနာများ ဖြစ်စေနိုင်သည်။ သွေးတွင်းပိုးဆိပ်ပြန့်ခြင်း (sepsis) ကို ဖြစ်စေနိုင်သည်။

ရောဂါပိုး ကူးစက်ခံရခြင်း၏ လက္ခဏာများမှာ

🦠 ဖျားခြင်း
🦠 ခေါင်းကိုက်ခြင်း
🦠 အသက်ရှူရ ခက်ခဲခြင်း
🦠 ဝမ်းဗိုက် (အစာအိမ်) သို့မဟုတ် ရင်ဘတ်အောင့်ခြင်း/ နာခြင်း
🦠 ကြွက်သားနာကျင်ခြင်း
🦠 ဝေဝါးခြင်း (စိတ်ရှုပ်ထွေးခြင်း)
🦠 တက်ခြင်း

🔴 ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားသော အချက်များ

ကျန်းမာသောသူများလည်း ရောဂါကူးစက်ခံရနိုင်သော်လည်း အောက်ပါရောဂါအခံများရှိပါက ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေ မြင့်မားစေနိုင်သည်။

🦠 ဆီးချိုရောဂါ
🦠 အရက်သေစာ အလွန်အကျွံ သောက်သုံးခြင်း
🦠 အသည်းရောဂါ
🦠 ကျောက်ကပ်ရောဂါ
🦠 Thalassemia သွေးရောဂါ
🦠 ကင်ဆာ သို့မဟုတ် ကိုယ်ခံအားစနစ်အားနည်းစေသည့် အခြေအနေရှိသူများ
🦠 နာတာရှည်အဆုတ်ရောဂါများ (cystic fibrosis, chronic obstructive pulmonary disease (COPD), or bronchiectasis)

အချို့အခြေအနေများတွင်လည်း ရောဂါပိုးနှင့် ထိတွေ့ကူးစက်ခံရနိုင်ခြေမြင့်မားတတ်ပြီး ရောဂါဖြစ်ပွားစေနိုင်သည်။

🦠 ရောဂါဖြစ်ပွားမှုများသည့် နေရာဒေသများသို့ ခရီးသွားခြင်း။
🦠 မုန်တိုင်း သို့မဟုတ် မိုးသည်းထန်စွာ ရွာသွန်းခြင်း စသည့် ပြင်းထန်သည့် ရာသီဥတုဖြစ်ပြီးပွားနောက် ရောဂါပိုးများဖြင့် ညစ်ညမ်းနေသည့် အမှုန်အမွှားများ သို့မဟုတ် မြေမှုန့်၊ ဖုန်မှုန့်များကို ရှူရှိုက်မိခြင်း။
🦠 ရောဂါပိုးများဖြင့် ညစ်ညမ်းနေသည့် မြေကြီး သို့မဟုတ် ရေ တို့ဖြင့် ထိတွေ့ရနိုင်သော အလုပ်လုပ်သူများ သို့မဟုတ် အဆိုပါနေရာများသို့ ဝါသနာအရ သွားရောက်သူများ
🦠 ပိုးသတ်ထားခြင်းမရှိသော သို့မဟုတ် ကလိုရင်းရေသန့်ဆေး မခတ်ထားသော သောက်သုံးရေကို သောက်သုံးခြင်း။

🔴 ရောဂါဖြစ်နိုင်ခြေကို လျှော့ချခြင်း

🦠 အရေပြားပေါက်ပြဲသည့် အနာရှိသူများ သို့မဟုတ် ဆီးချို၊ ကျောက်ကပ်ရောဂါ ကဲ့သို့ နာတာရှည်ရောဂါရှိသူများသည် မြေကြီးနှင့် ရေဝပ်ရေသေ တို့ကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
🦠 စိုက်ပျိုးရေးလုပ်သူများ သို့မဟုတ် မြေကြီး၊ ရေဝပ်ရေသေတို့နှင့် ထိတွေ့ရနိုင်ခြေများသည့် အလုပ်၊ ဝါသနာရှိသူများအနေဖြင့် ခြေထောက်မှတစ်ဆင့် ရောဂါပိုးကူးစက်ခံရခြင်းကို ကာကွယ်ရန် လည်ရှည်ဖိနပ်၊ ဘွတ်ဖိနပ်ရှည်များ ဝတ်ဆင်ပါ။
🦠 ရောဂါရှိသူများကို ကုသပေးရသည့် ကျန်းမာရေးလုပ်သားများသည် ရောဂါကာကွယ်ရန် သတ်မှတ်ထားသည့် စံပြုကြိုတင်ကာကွယ်နည်းလမ်းများကို လိုက်နာအသုံးပြုပါ။ အဆိုပါရောဂါဖြစ်သည်ဟု ယူဆပါက ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများကို ကာကွယ်ရန် ဓာတ်ခွဲနမူနာများကို လေဘယ်လ်အမှတ်အသား သေချာကပ်သင့်သည်။
🦠 ဓာတ်ခွဲခန်းတွင် လုပ်ကိုင်သူများသည် PPE အကာအကွယ်ဝတ်စုံနှင့် အသက်ရှူခြင်းဆိုင်ရာ အကာအကွယ်များကို သင့်လျော်မှန်ကန်စွာ အသုံးပြုခြင်းအပါအဝင် ကောင်းမွန်သည့် ဓာတ်ခွဲခန်းအလေ့အကျင့်များ လိုက်နာသင့်သည်။

🔴 ကုသခြင်းနှင့် ပြန်လည်ကောင်းမွန်ခြင်း

ရောဂါကူးစက်ခံရသည်ဟု အတည်ပြုသတ်မှတ်ပြီးပါက မည်မျှကြာအောင် ကုသမှုခံယူရမည်ကို ရောဂါကူးစက်ခံရမှု မည်မျှဆိုးဝါးသည့်အခြေအနေပေါ်မူတည်၍ ကုသသည့်ဆရာဝန်က ဆုံးဖြတ်လိမ့်မည်ဖြစ်ပါသည်။

ယေဘုယျအားဖြင့်

🦠 သွေးပြန်ကြောမှတစ်ဆင့် ပဋိဇီဝဆေး ထိုးသွင်းခြင်းကို (၂) ပတ်မှ (၈) ပတ်အထိ ထိုးနှံပြီးနောက်
🦠 ပဋိဇီဝသောက်ဆေးကို (၃) လမှ (၆) လအထိ ဆက်လက်သောက်သုံးရနိုင်ပါသည်။

ရောဂါကူးစက်ခံရမှု အပြီးအပြတ်ပျောက်ကင်းစေရန် ကုသမှုကို ပြီးဆုံးသည်အထိ ခံယူရန် အရေးကြီးသည်။

🔴 အဆိုပါရောဂါဖြစ်စေသည့် ဘက်တီးရီးယားပိုးကို ဇီဝလက်နက် တိုက်ခိုက်မှု (biological attack) များတွင် အသုံးပြုနိုင်ခြေ ရှိမရှိကို ပြည်သူ့ကျန်းမာရေးပညာရှင်များက သုတေသနပြုလျက်ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: US CDC

#မယ်လီအွိုက်ဒိုးစစ်

Photos from Bago Region CDM Civil Servants Council's post 04/17/2026

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ၏ လက်ရှိနိုင်ငံရေး ရပ်တည်ချက်နှင့် ပတ်သက်၍ သဘောမတူ ကန့်ကွက်ကြောင်းနှင့် လမ်းကြောင်းမှန်သို့ ပြန်လည်တည့်မတ်ရန် ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (၈) ခုမှ တိုက်တွန်းခြင်း
၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၇ ရက်
၁။ ကျွန်ုပ်တို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (၈) ခုသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ပေါ်ထွန်းရေးအတွက် ပြည်သူနှင့်အတူ ခိုင်မာစွာ ရပ်တည်နေကြသည့် သက်ဆိုင်ရာဒေသအလိုက် CDM နိုင်ငံ့ဝန်ထမ်းများ၏ ကိုယ်စားပြုအဖွဲ့အစည်းများ ဖြစ်ကြပါသည်။
၂။ လတ်တလောတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ခေါင်းဆောင်ပိုင်းအနေဖြင့် အပြစ်မဲ့ပြည်သူများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အား ကြိုဆိုလက်ခံခဲ့သည့်အပေါ် ကျွန်ုပ်တို့အနေဖြင့် များစွာ စိတ်မကောင်းဖြစ်ရသကဲ့သို့ ဤလုပ်ရပ်အပေါ် သဘောမတူ ကန့်ကွက်ကြောင်း အသိပေးအပ်ပါသည်။
၃။ "၁၀၂၇ စစ်ဆင်ရေး" ကာလအတွင်း TNLA အနေဖြင့် အာဏာရှင်စနစ်ကို တွန်းလှန်ဖယ်ရှားရန် ပြည်သူ့ဘက်မှ ရပ်တည်ခဲ့စဉ်က ကျွန်ုပ်တို့ CDM ဝန်ထမ်းများနှင့် တော်လှန်ပြည်သူတစ်ရပ်လုံးသည် အင်မတန် အားတက်ခဲ့ရပြီး TNLA သည် ပြည်သူ့ဘက်တော်သား အဖွဲ့အစည်းတစ်ခု ဖြစ်သည်ဟု အပြည့်အဝ ယုံကြည်ခဲ့ကြပါသည်။ တရုတ်နိုင်ငံ၏ ဖိအားပေးမှုများကြောင့် နယ်မြေအချို့အား စွန့်လွှတ်ခဲ့ခြင်းအပေါ်တွင်လည်း တော်လှန်ရေးအကျိုးကို မျှော်ကိုး၍ နားလည်ပေးခဲ့ကြပါသည်။ သို့ရာတွင် ယခုကဲ့သို့ ပြည်သူ့သွေး စွန်းနေသော လက်များကို ဆွဲကိုင်ကာ မင်းအောင်လှိုင်အား ကြိုဆိုလိုက်ခြင်းသည် တော်လှန်ပြည်သူများ၏ ယုံကြည်မှုကို များစွာ ထိခိုက်စေသည့် လုပ်ရပ် ဖြစ်ပါသည်။
၄။ TNLA ခေါင်းဆောင်ပိုင်း၏ ဤလုပ်ရပ်သည် -
(က) ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA နှင့်အတူ ပုခုံးချင်းယှဉ် တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်သွားခဲ့ကြသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်များ၏ မြင့်မြတ်သော စတေးမှုနှင့် ဂုဏ်သိက္ခာကို အားနာသင့်သည့် လုပ်ရပ် ဖြစ်ပါသည်။
(ခ) စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ထိခိုက်နစ်နာနေရသည့် ပြည်သူလူထု၏ ခံစားချက်ကို မျက်ကွယ်ပြုရာ ရောက်နေပါသည်။
(ဂ) စစ်အာဏာရှင်အား နိုင်ငံရေးအရ အသက်ဆက်ခွင့်ပေးသလို ဖြစ်စေပြီး တော်လှန်ရေး၏ ဦးတည်ချက်ကို လမ်းလွဲစေနိုင်ပါသည်။
၅။ သို့ဖြစ်ပါ၍ TNLA အနေဖြင့် ဤမှားယွင်းသော လမ်းစဉ်ကို အမြန်ဆုံး ပြန်လည်သုံးသပ်ပြီး ပြည်သူ့ဆန္ဒနှင့်အညီ လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်တည့်မတ် ရပ်တည်ပေးပါရန် လေးနက်စွာ တိုက်တွန်းတောင်းဆို အပ်ပါသည်။ ကျွန်ုပ်တို့သည် TNLA အား ရန်သူအဖြစ် မရှုမြင်လိုဘဲ ပြည်သူ့ဘက်တော်သား မိတ်ဖက်အဖွဲ့အစည်းအဖြစ်သာ ဆက်လက် မြင်တွေ့လိုပါသည်။ သို့သော် ပြည်သူ့အကျိုးစီးပွားကို ကျောခိုင်းသည့် မည်သည့် လုပ်ရပ်မျိုးကိုမဆို ကျွန်ုပ်တို့ ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများအနေဖြင့် လက်ခံနိုင်မည်မဟုတ်ဘဲ သမိုင်းကြောင်းနှင့်အညီ ရပ်တည်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများ -
(၁) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)
(၂) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM)
(၃) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)
(၄) ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)
(၅) မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)
(၆) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)
(၇) ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း (YFCCO)
(၈) ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ)

04/12/2026

Photos from CDM Medical Network's post 04/08/2026

မိမိကိုကိုယ် ထိခိုက်အောင် ပြုလုပ်ရန် အတွေးရှိနေသူများ
Zero Su***de hotlines များသို့ ဆက်သွယ်နိုင်ပါသည်။

စိတ်ပိုင်းဆိုင်ရာအကူအညီရယူနိုင်ရန်

Zero Su***de Hotlines
https://t.me/zeroscbot

နှင့် တယ်လီကျန်းမာ online clinic
https://m.me/telehealthmm
https://t.me/TLKMReception

တိုင်ပင်ဖော် စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/taingpinphaw

Mind Healers စိတ်ကျန်းမာရေးဝန်ဆောင်မှု
https://www.facebook.com/share/18u1Cg5ejy/?mibextid=wwXIfr

စသည့် Messenger, Telegram များသို့ ဆက်သွယ်ပြီး အကူအညီ အခမဲ့ရယူနိုင်ပါပြီ။
Crd - CDMMN

04/05/2026

ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ အလုပ်အမှုဆောင်ကော်မတီ (၇/၂၀၂၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ကျင်းပခြင်း
−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−−

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၄ ရက်

ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ အလုပ်အမှုဆောင်ကော်မတီ၏ ပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဧပြီလ ၄ ရက်နေ့ ည ၁၉:၀၀ နာရီတွင် Zoom Platform မှတဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ရေးအတွက် သင်တန်းများ စီစဉ်ဆောင်ရွက်ခြင်း၊ ပဲခူးဒေသရှိ ခက်ခဲနေသော CDMer များအား ထောက်ပံ့ကူညီနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်း၊ ရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဉ်များအား ဆွေးနွေးညှိနှိုင်းခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးကို ည ၂၁:၃၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

#သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ
#ပုံမှန်အစည်းအဝေးကျင်းပခြင်း

04/05/2026

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း (UV Index) မြင့်တက်သည့် နွေရာသီကာလများတွင် ပြည်သူများ သိရှိလိုက်နာနိုင်ရန် ယခင်ဖော်ပြခဲ့ဖူးသော ကျန်းမာရေးပညာပေးဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။ ⚠️⚠️⚠️
-------------

ခရမ်းလွန်ရောင်ခြည် (Ultraviolet radiation) နှင့် သင့်ကျန်းမာရေး (ဧပြီလ၊ ၂၀၂၄ ခုနှစ်)

🔴 အဓိကအချက်များ

☀️ အရေပြားကင်ဆာများသည် အဓိကအားဖြင့် နေမှ ရရှိသော သို့မဟုတ် နေလောင်အိပ်ရာ (sunbed) များကဲ့သို့ နေပူဆာလှုံရန် လူတို့ပြုလုပ်ထားသည့် အရင်းအမြစ်များမှ ရရှိသော ခရမ်းလွန်ရောင်ခြည်နှင့်ထိတွေ့ခြင်းကြောင့် ဖြစ်ပွားသည်။
☀️ ၂၀၂၀ ခုနှစ်တွင် တစ်ကမ္ဘာလုံး၌ အရေပြားကင်ဆာဖြစ်ပွားသူ ၁.၅ သန်းကျော် တွေ့ရှိခဲ့ပြီး ၁၂၀,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
☀️ ကမ္ဘာတစ်ဝန်းတွင် လူဦးရေ ၁၅ သန်းသည် အတွင်းတိမ်ရောဂါကြောင့် အမြင်အာရုံဆုံးရှုံးရပြီး ထိုလူဦးရေ၏ ၁၀ ရာခိုင်နှုန်းမှာ ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့မိခြင်းကြောင့် ဖြစ်နိုင်သည်။
☀️ ကလေးများနှင့် ဆယ်ကျော်သက်များ နေရောင်ခြည်ထိတွေ့မှု အလွန်များခြင်းသည် ဘဝနောက်ပိုင်း၌ အရေပြားကင်ဆာဖြစ်စေသည်။
☀️ အတိုင်းအတာတစ်ခုအထိ ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုသည် ဗီတာမင်ဒီရရှိခြင်းကဲ့သို့ ကျန်းမာရေးအတွက် အကျိုးရှိစေသည်။
☀️ ရိုးရှင်းပြီး ထိရောက်သော ကာကွယ်သည့်နည်းလမ်းများ ရှိပါသည်။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း ၃ နှင့်အထက်တွင် နေရောင်ခြည်မှ ကာကွယ်ရန် အကြံပြုထားသည်။

🔴 ခြုံငုံသုံးသပ်ချက်

ခရမ်းလွန်ရောင်ခြည်ကို မမြင်ရပါ။ ထိတွေ့ခံစား၍မရပါ။ အချို့သူများသည် လူတို့ ပြုလုပ်ထားသည့် ခရမ်းလွန်ရောင်ခြည် (ဥပမာ-ဆေး၊ စက်ရုံများ၊ အလှအပရေးရာနှင့် ပိုးသတ်ခြင်းအတွက်) ကို ထိတွေ့နေရပြီး လူတိုင်းသည် နေမှ ခရမ်းလွန်ရောင်ခြည်ကို ထိတွေ့ရသည်။

နေ၏ ခရမ်းလွန်ရောင်ခြည်ပမာဏကို အကြောင်းရင်းများစွာက လွှမ်းမိုးထားသည်။

☀️ နေမြင့်ခြင်း - နေမြင့်လေ ခရမ်းလွန်ရောင်ခြည် ပမာဏမြင့်လေ ဖြစ်သည်။ ခရမ်းလွန်ရောင်ခြည်ပမာဏသည် နေ့အချိန်နှင့် နှစ်အလိုက် ပြောင်းလဲသည်။
☀️ လတ္တီတွဒ် - အီကွေတာနှင့်နီးလေ ခရမ်းလွန်ရောင်ခြည်ပမာဏမြင့်လေ ဖြစ်သည်။
☀️ အမြင့်ပေ - ပင်လယ်ရေမျက်နှာပြင်ထက် အမြင့်ပေတက်လာသည်နှင့်အမျှ လေထုပါးလွှာပြီး ခရမ်းလွန်ရောင်ခြည်စုပ်ယူမှု နည်းသောကြောင့် ခရမ်းလွန်ရောင်ခြည်ပမာဏမြင့်မားသည်။
☀️ တိမ်ဖုံးခြင်း - တိမ်ကင်းစင်နေပါက ခရမ်းလွန်ရောင်ခြည်ပမာဏ အမြင့်ဆုံးဖြစ်သော်လည်း တိမ်ဖုံးနေချိန်တွင်လည်း မြင့်မားနိုင်သည်။
☀️ အိုဇုန်း - အိုဇုန်းလွှာသည် နေ၏ ခရမ်းလွန်ရောင်ခြည်တချို့ကို စုပ်ယူပေးသည်။ အိုဇုန်းလွှာပါးခြင်းသည် ကမ္ဘာ့မျက်နှာပြင်သို့ ခရမ်းလွန်ရောင်ခြည် ပိုမိုကျရောက်စေသည်။
☀️ ရောင်ပြန်ဟပ်ခြင်း - ရေ၊ သဲနှင့် ကျကာစနှင်း စသည့် ရောင်ပြန်မျက်နှာပြင်များသည် ခရမ်းလွန်ရောင်ခြည်ပမာဏကို မြင့်တက်စေသည်။
☀️ အိုဇုန်းလွှာနှင့် တိမ်ဖုံးလွှမ်းမှု ပြောင်းလဲခြင်းအပါအဝင် ရာသီဥတုအပြောင်းအလဲသည် ကမ္ဘာ့မြေပြင်ရှိ ခရမ်းလွန်ရောင်ခြည်ပမာဏအပေါ် သက်ရောက်မှုရှိသည်ဟု ခန့်မှန်းသည်။

🔴 ကျန်းမာရေးအကျိုးသက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်ပမာဏ အနည်းငယ်သည် ဗီတာမင် "ဒီ" ထုတ်လုပ်ရာတွင်အရေးပါသောအခန်းကဏ္ဍ၌ပါဝင်ပြီး ကျန်းမာရေးအတွက်အကျိုးရှိသည်။ သို့သော် ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့ခြင်းသည် ကင်ဆာဖြစ်စေခြင်းကဲ့သို့ မကောင်းသည့် ကျန်းမာရေးနောက်ဆက်တွဲများနှင့် ဆက်စပ်နေသည်။

☀️ အရေပြားအပေါ် သက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်၏ လတ်တလောသက်ရောက်မှုများမှာ DNA ပျက်စီးခြင်း၊ နေလောင်ခြင်း၊ နေရောင်ခြည်ကြောင့် အရေပြားယားယံခြင်း၊ ဓာတ်မတည့်ခြင်းများနှင့် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို အားနည်းစေခြင်းတို့ ဖြစ်သည်။ ခုခံအားစနစ်အားနည်းခြင်းသည် ကင်ဆာဖြစ်စေသော အကြောင်းရင်းတစ်ခုအဖြစ် စဥ်းစားနိုင်ပြီး ဗိုင်းရပ်ပိုးများ ပြန်လည်ထကြွလာစေနိုင်သည်။ (ဥပမာ - နှုတ်ခမ်းအနာများ)

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် အရေပြားနှင့် နှုတ်ခမ်းတွင်ဖြစ်သော ရေရှည်သက်ရောက်မှုများ

👉 အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာ (cutaneous melanoma) - အသက်အန္တရာယ်ရှိသော အရေပြားကင်ဆာတစ်မျိုး
👉 Squamous cell ကင်ဆာ (SCC) - အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာထက် ယေဘုယျအားဖြင့် ပျံ့နှံ့နှုန်းနည်းပါးပြီး သေဆုံးနိုင်ခြေနည်းသော အရေပြားကင်ဆာတစ်မျိုး
👉 Basal cell ကင်ဆာ (BCC) - အသက်ကြီးသူများတွင် ပို၍ဖြစ်သော ကြီးထွားမှုနှေးသည့် အရေပြားကင်ဆာတစ်မျိုး
👉 အရွယ်မတိုင်ခင် အရေပြားအိုမင်းရင့်ရော်ခြင်း - အသက်ငယ်စဥ်တွင် အရေပြားဆန့်ကျုံ့နိုင်စွမ်း ပျောက်ဆုံးပြီး အနာကျက်ရန် နှေးခြင်း

၂၀၂၀ ခုနှစ်တွင် ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့ခြင်းကြောင့် SCC နှင့် BCC ကင်ဆာ လူနာသစ် ၁.၂ သန်း၊ အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာ လူနာသစ် ၃၂၅,၀၀၀ တွေ့ရှိရပြီး အရွယ်မတိုင်ခင် သေဆုံးမှုကို SCC နှင့် BCC ကြောင့် ၆၄,၀၀၀၊ အရေပြားရောင်ခြယ်ဆဲလ်ကင်ဆာကြောင့် ၅၇,၀၀၀ တွေ့ရှိရသည်။

☀️ မျက်စိအပေါ် သက်ရောက်မှုများ

ခရမ်းလွန်ရောင်ခြည်၏ လတ်တလော သက်ရောက်မှုများတွင် မျက်ကြည်လွှာရောင်ခြင်း (photokeratitis) နှင့် မျက်မြှေးရောင်ခြင်း (photoconjunctivitis) တို့ ပါဝင်သည်။ ထိုအကျိုးသက်ရောက်မှုများကို ပြန်လည်ပြောင်းလဲနိုင်သည်။ အကာအကွယ်မျက်မှန်များဖြင့် အလွယ်တကူ ကာကွယ်နိုင်သည်။ ရေရှည်ပျက်စီးမှု မဖြစ်နိုင်သော်လည်း နာကျင်၍ ကုသမှုလိုအပ်နိုင်သည်။

ခရမ်းလွန်ရောင်ခြည်၏ ရေရှည်သက်ရောက်မှုများတွင်-

👉 Cataract (အတွင်းတိမ်) (မျက်ဆန်တွင်း မှန်ဘီလူး ပို၍အလင်းပိတ်လာသောကြောင့် အမြင်အာရုံချို့ယွင်းလာပြီး နောက်ဆုံးတွင် မျက်စိကွယ်သွားသည့် မျက်စိရောဂါ)၊
👉 Pterygium (မျက်သားတက်ခြင်း)
👉 မျက်ခွံ၊ မျက်လုံးနှင့် အနီးတ၀ိုက်ရှိ ကင်ဆာ (BCC၊ SCC နှင့် melanoma)

ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုသည် အသက်အရွယ်ကြောင့် အမြင်လွှာယိုယွင်းမှု (Age-related macular degeneration - AMD) ဖြစ်ရာတွင်လည်း ပါဝင်နိုင်သည်။

ကမ္ဘာတစ်ဝန်းတွင် အတွင်းတိမ်ကြောင့် အမြင်အာရုံဆုံးရှုံးသူ ၁၅ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ၁၀ ရာခိုင်နှုန်းခန့်သည် ခရမ်းလွန်ရောင်ခြည်ထိတွေ့မှုကြောင့် ဖြစ်နိုင်ပါသည်။

☀️ ဗီတာမင်ဒီ (Vitamin D) ထုတ်လုပ်ခြင်း

ခရမ်းလွန်ရောင်ခြည် ပမာဏအနည်းငယ်သည် ခန္ဓာကိုယ်၌ ဗီတာမင်ဒီ ထုတ်လုပ်ရာတွင် အရေးပါသောကြောင့် ကျန်းမာရေးကောင်းမွန်စေရန်အတွက် အရေးကြီးသည်။ ဗီတာမင်ဒီသည် အရိုးနှင့် ကြွက်သားစနစ်များကို သန်မာစေသည်။ နေရောင်ခြည်ထိတွေ့မှုနည်းသူများသည် ဗီတာမင်ဒီဖြည့်စွက်ဆေးသောက်ရန် စဥ်းစားသင့်သည်။ နေရောင်ခြည်ထိတွေ့မှုနည်းသူများတွင် စောင့်ရှောက်မှုဂေဟာများတွင် နေရသူများ သို့မဟုတ် အိမ်ထဲ၌သာ နေရသူများ၊ ကုန်းမြင့်ဒေသရှိ အသားရောင်ရင့်သူများ၊ ဘာသာရေး သို့မဟုတ် ရိုးရာကြောင့် အပြင်ထွက်လျှင် တစ်ကိုယ်လုံး ဖုံးအောင် ဝတ်ဆင်ရသူများ စသဖြင့် ပါဝင်သည်။

🔴 အထူးအန္တရာယ်ရှိသူများ

ကလေးငယ်များနှင့် ဆယ်ကျော်သက်များသည် ၎င်းတို့၏ အရေပြားနှင့် မျက်လုံးဖွဲ့စည်းပုံကြောင့် ခရမ်းလွန်ရောင်ခြည်၏ အန္တရာယ်ကို ပို၍ ခံစားရသည်။ ကလေးဘဝတွင် ခံစားရသော နေလောင်မှုသည် ဘဝနောက်ပိုင်းချိန်တွင် အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများစေသည်။ ထို့အတူ ခရမ်းလွန်ရောင်ခြည်မြင့်မားမှုသည် မျက်စိအမြင်လွှာအထိ ရောက်နိုင်ပြီး ပျက်စီးစေသည်။

အသားလတ်သူများသည် အသားညိုသူများထက် နေလောင်ခြင်းကို ပိုခံစားရပြီး အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။ သို့သော် အသားညိုသူများလည်း အရေပြားကင်ဆာ ဖြစ်နိုင်သည်။ မျက်စိထိခိုက်ခြင်းသည် လူတိုင်းအတွက်အရေးကြီးသည်။

ကင်ဆာ ဖြစ်နိုင်ခြေမြင့်သူများတွင် မွေးရာပါအမှတ်/မှဲ့ အများအပြားရှိသူများ၊ အလင်းကို တုံ့ပြန်သော ဆေးကုသမှု ခံယူသူများနှင့် အရေပြားကင်ဆာ မျိုးရိုးရှိသူများ ပါဝင်သည်။ အလုပ်သဘောအရ နေရောင်ခြည်မှ ခရမ်းလွန်ရောင်ခြည် ထိတွေ့ရသည့် အိမ်ပြင်ပအလုပ်လုပ်သူများသည် SCC နှင့် BCC အရေပြားကင်ဆာဖြစ်နိုင်ခြေ ပိုများသည်။

🔴 ကာကွယ်ရေးနည်းလမ်းများ

အရေပြားကင်ဆာကို ကောင်းစွာကာကွယ်နိုင်ပါသည်။ ခရမ်းလွန်ရောင်ခြည် အလွန်အမင်းထိတွေ့မှုမှ ကာကွယ်ရန် အောက်ပါအချက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြံပြုထားသည်။

☀️ နေ့လယ်အချိန်တွင် တတ်နိုင်သမျှနေပူထဲမထွက်ပါနှင့်။
☀️ အရိပ်ထဲတွင် နေပါ။
☀️ နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ပါ။
☀️ မျက်စိ၊ မျက်နှာ၊ နားနှင့် လည်ပင်းတို့ကို ကာကွယ်ရန် အနားပြန့်ကျယ်သော ဦးထုပ်ဆောင်းပါ။
☀️ UV-A နှင့် UV-B ကို ၉၉ မှ ၁၀၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်သော မျက်လုံးပတ်လည် အပြည့်ဖုံးကာသည့် နေကာမျက်မှန်ကို တပ်ဆင်ပါ။
☀️ အဝတ်ဖြင့် မဖုံးနိုင်သော အရေပြားနေရာများကို ထိရောက်သော နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) လိမ်းပါ။ နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) လိမ်းခြင်းထက်စာလျှင် အရိပ်ကို ရှာဖွေနေထိုင်ခြင်းနှင့် အဝတ်အစားများ ဝတ်ဆင်ခြင်းတို့ဖြင့် နေရောင်ကို အကောင်းဆုံး ကာကွယ်နိုင်သည်။ နေရောင်အောက် ကြာရှည်စွာနေထိုင်ခြင်းအတွက် နေရောင်ကာ/ နေလောင်ခံ လိမ်းဆေး (Sunscreen) အသုံးမပြုသင့်ပါ။
☀️ အသားညိုစေသော နေလောင်အိပ်ရာများ၊ စက်များအသုံးပြုခြင်းကို ရှောင်ကြဥ်ပါ။ ခရမ်းလွန်ရောင်ခြည်လှုံရန် နေလောင်အိပ်ရာများအသုံးပြုမှုသည် အရေပြားကင်ဆာဖြစ်ပွားနိုင်ခြေကို မြင့်တက်စေသည်။ လုံလောက်သော ဗီတာမင်ဒီရရှိရန်အတွက် အဆိုပါနည်းလမ်းများကို မည်သည့်အခါတွင်မှ မစဥ်းစားသင့်ပါ။

ကလေးငယ်များ အိမ်ပြင်တွင် ဆော့ကစားသည့်အခါ အထက်ဖော်ပြပါ ရိုးရှင်းသော ကာကွယ်ရေးနည်းလမ်းများကို အသုံးပြုစေခြင်းဖြင့် ရေတိုနှင့် ရေရှည် ထိခိုက်မှုများကို ကာကွယ်နိုင်ပါသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Source: World Health Organization

နွေအပူကို သတိမူ‌နိုင်ကြစေဖို့
ယနေ့အတွက် ကျန်းမာရေးသိမှတ်စရာ 😍

‎အသေးစိတ် ဖတ်ရှုနိုင်ရန် 👇👇👇

https://www.facebook.com/101009128903034/posts/257740009896611/

Photos from Bago Region CDM Civil Servants Council's post 04/03/2026

အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲအတုမှတစ်ဆင့် မင်းအောင်လှိုင်အား "သမ္မတ" အဖြစ် တင်မြှောက်မှုကို လုံးဝလက်ခံမည်မဟုတ်ကြောင်းနှင့် အသိအမှတ်မပြုကြောင်း ဒေသအခြေပြု CDM နိုင်ငံ့ဝန်ထမ်းများကောင်စီများမှ ပြင်းထန်စွာ ကန့်ကွက်ထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ်၊ ဧပြီ လ ၃ ရက်
၁။ ၂၀၂၁ ခုနှစ်တွင် ပြည်သူလူထု ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ "မဲမသမာမှု" ဟူသော မဟုတ်မမှန် လုပ်ကြံဖန်တီးချက်ဖြင့် နိုင်ငံတော်အာဏာကို မတရားလုယူခဲ့သည့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ယနေ့ ၂၀၂၆ ခုနှစ် ဧပြီလ (၃) ရက်နေ့တွင် ၎င်းကိုယ်တိုင် ခင်းကျင်းထားသော "လွှတ်တော်အတု" မှတစ်ဆင့် မိမိကိုယ်ကို "နိုင်ငံတော်သမ္မတ" အဖြစ် တင်မြှောက်ခဲ့ခြင်းအပေါ် ကျွန်ုပ်တို့ ဒေသအခြေပြု CDM ကောင်စီများမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါသည်။
၂။ ကျွန်ုပ်တို့ ဒေသအခြေပြု CDM ကောင်စီများသည် အကြမ်းဖက်စစ်အုပ်စုမှ ပြုလုပ်သော မည်သည့်ရွေးကောက်ပွဲကိုမဆို တရားမဝင်ကြောင်း အစဥ်တစိုက် ကန့်ကွက်ခဲ့ပြီး ဖြစ်သည်နှင့်အညီ ယခုကဲ့သို အကြမ်းဖက်စစ်တပ်မှ စိတ်ကြိုက် ဖန်တီးထားသော ရွေးကောက်ပွဲအတုမှတစ်ဆင့် ပေါ်ပေါက်လာသည့် မည်သည့်လွှတ်တော်၊ မည်သည့်အစိုးရအဖွဲ့ နှင့် မည်သည့်သမ္မတကိုမျှ တရားဝင်အာဏာပိုင်အဖြစ် လုံးဝအသိအမှတ်ပြုမည်မဟုတ်ကြောင်း ထပ်လောင်းအတည်ပြု ထုတ်ပြန်အပ်ပါသည်။
၃။ အာဏာသိမ်းစစ်ခေါင်းဆောင်သည် ပြီးခဲ့သည့် ၅ နှစ်အတွင်း မြန်မာနိုင်ငံအား ကဏ္ဍစုံ ပျက်စီးအောင် ပြုလုပ်ခဲ့ပြီး၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ၊ ဂျီနိုဆိုက် (Genocide) နှင့် စစ်ရာဇဝတ်မှုများကို ဗြောင်ကျကျ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ၎င်းသည် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုခံနေရသည့် ရာဇဝတ်ကောင်တစ်ဦး ဖြစ်သည်နှင့်အညီ ယခုကဲ့သို "သမ္မတ" ဝတ်စုံလဲလိုက်ခြင်းသည် ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရန်နှင့် အာဏာကို တရားမဝင် သက်တမ်းတိုးရန် ကြိုးပမ်းသည့် အရှက်သိက္ခာမဲ့သော လုပ်ရပ်သာ ဖြစ်သည်။
၄။ မင်းအောင်လှိုင်သည် "အာဏာထိန်းရခြင်းဖြစ်သည်" ဟု ကမ္ဘာကို လိမ်လည်ခဲ့ သော်လည်း အမှန်တကယ်တွင် ၎င်းကိုယ်တိုင် သမ္မတဖြစ်ရေးအတွက် တိုင်းပြည်ကို မီးဟုန်းဟုန်း တောက်စေခဲ့ခြင်းဖြစ်ကြောင်း ယနေ့ဖြစ်စဉ်က သက်သေပြနေပါသည်။ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ လွှတ်တော်ကိုယ်စားလှယ်များဖြင့်သာ ဖွဲစည်းထားသော လွှတ်တော်မှ ရွေးချယ်မှုသည် ပြည်သူ့ဆန္ဒကို ကိုယ်စားမပြုသဖြင့် အခြေခံအားဖြင့် တရားဝင်မှု (Legitimacy) လုံးဝ မရှိပါ။
၅။ သို့ဖြစ်ပါ၍ ကျွန်ုပ်တို့ ဒေသအခြေပြု CDM ကောင်စီ (၈) ခုမှ အောက်ပါအတိုင်း ပူးတွဲ သဘောထားထုတ်ပြန်အပ်ပါသည်-
(က) မင်းအောင်လှိုင်အား သမ္မတအဖြစ် တင်မြှောက်သည့် ဖြစ်စဉ်တစ်ခုလုံးနှင့် ယင်းမှတစ်ဆင့် ပေါ်ပေါက်လာမည့် မည်သည့် အစိုးရအဖွဲ့ကိုမဆို "တရားမဝင်သော ရာဇဝတ်ဂိုဏ်း" အဖြစ်သာ သတ်မှတ်ပြီး လုံးဝ အသိအမှတ် ပြုမည် မဟုတ်ပါ။
( ခ) ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့်လည်း ဤတရားမဝင်သော အစိုးရအတုအား လက်မခံရန်နှင့် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား လူသတ်တရားခံအဖြစ်သာ သတ်မှတ်၍ ထိရောက်စွာ အရေးယူပေးရန် တိုက်တွန်းသည်။
(ဂ) ကျွန်ုပ်တို့ CDMနိုင်ငံ့ ဝန်ထမ်းများသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းသည်အထိ မည်သည့် ဖိနှိပ်မှုအောက်တွင်မဆို ဆက်လက်တော်လှန်သွားမည်။
"ပြည်သူတို့၏ တရားသောစစ် မုချအောင်မြင်ရမည်"
ပူးတွဲထုတ်ပြန်သည့် အဖွဲ့အစည်းများ -
(၁) ကချင်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (KSCCSC)
(၂) ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM)
(၃) စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-SFU)
(၄) ပဲခူးဒေသ CDM နိုင်ငံ့ဝန်ထမ်းကောင်စီ (BRCC)
(၅) မန္တလေးဒေသ အကြမ်းမဖက် အာဏာဖီဆန်ရေးအဖွဲ့ (MCDMO)
(၆) မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)
(၇) ရန်ကုန်ဖက်ဒရယ်ယူနစ် CDM နိုင်ငံ့ဝန်ထမ်းများအဖွဲ့အစည်း(YFCCO)
(၈) ရှမ်းပြည်နယ် CDM ကောင်စီ (ယာယီ)
--------------------------------------------------------------------------- ( English Version)
Joint Statement of Rejection and Condemnation by Local Based CDM Civil Servant Councils regarding the Illegal Appointment of Min Aung Hlaing as "President" through a Sham Election
April 3, 2026
1.Our Local Based Civil Disobedience Movement (CDM) Civil Servant Councils vehemently condemn and reject the appointment of the terrorist military leader, Min Aung Hlaing, as "President" by a scripted, sham parliament on April 3, 2026.This individual illegally seized state power in 2021 from a democratically elected government under the fabricated pretext of "electoral fraud."
2.Our councils have consistently maintained that any election conducted by the terrorist military junta is inherently illegal. Consequently, we reaffirm that we do not recognize any parliament, government, or individual appointed as "President" through this terrorist military-controlled process as a legitimate authority.
3.Over the past five years, the coup leader has overseen the systemic destruction of Myanmar across all sectors and has openly perpetrated crimes against humanity,genocide, and war crimes. As a criminal facing active international prosecution, his transition into a "presidential" role is a transparent and shameful attempt to secure sovereign immunity, evade accountability for his atrocities, and illegally extend his hold on power.
4.While Min Aung Hlaing repeatedly deceived the international community by claiming to be "temporarily maintaining state stability," today’s events confirm that his true objective has always been personal political ambition, even at the cost of plunging the nation into a catastrophic crisis. A selection made by a parliament composed of terrorist military appointees and cronies does not represent the will of the people and possesses zero democratic legitimacy.
5.Therefore, our eight Local Based CDM Civil Servant Councils jointly declare the following:
(a)We categorize the entire process of appointing Min Aung Hlaing as President,and any subsequent administration formed under his authority, as a "Criminal Syndicate" and will never grant them recognition.
(b)We call upon the United Nations, ASEAN, and the international community to reject this illegal sham government and to take decisive action against Min Aung Hlaing, treating him as a perpetrator of mass atrocities rather than a head of state.
(c)We, the CDM civil servants, reaffirm our unwavering commitment to continue the revolution under any form of oppression until the total eradication of the military dictatorship and the emergence of a genuine Federal Democratic Union.
"The People's Just War Must Previls"
Jointly Issued By:
(1) Kachin State CDM Civil Servants Council (KSCCSC)
(2) Karenni State Civil Servants CDM Council (KSCSC-CDM)
(3) Sagaing Federal Unit CDM Civil Servants Council (CCSC-SFU)
(4) Bago Region CDM Civil Servant Council (BRCC)
(5) Mandalay Civil Disobedience Movement Organization (MCDMO)
(6) Mon State CDM Civil Servants Council (CCSC-MON)
(7) Yangon Federal Unit CDM Civil Servants Organization (YFCCO)
(8) Shan State CDM Council (Pre Founding).

Want your business to be the top-listed Government Service in New York?

Click here to claim your Sponsored Listing.

Location

Website

Address

New York, NY