01/10/2026
" တော်လှန်ရေးဆိုတာ ညစာစားပွဲတခုလို၊ အက်ဆေးတစ်ပုဒ်ရေးသလို၊ ပန်းချီကားတစ်ချပ်ဆွဲသလို၊ ပန်းထိုးနေသလိုမျိူး သိမ်မွေ့လို့၊ စိမ်ပြေနပြေလုပ်လို့၊ တော်ရုံသင့်ရုံလုပ်လို့၊ ယဥ်ကျေးပြီး သဘောထားကြီးလို့ မရဘူး။ လူတန်းစားတစ်ရပ်က (ဖိနှိပ်နေတဲ့) လူတန်းစားတစ်ရပ်ကို ကြမ်းတမ်းတဲ့ နည်းလမ်းသုံးပြီး ပုန်ကန်ဖြုတ်ချတာ "
#မော်စီတုန်း
12/25/2025
ခက်ခဲတယ်ဆိုပြီးတော့သာ
လက်မြှောက်အရှုံပေးကြေးဆို
လူငယ် ဘယ်ပီသပါ့မလဲ။
ပိုခက်ခဲလေလေ
ကိုယ့်ရဲ့ ပေးဆပ်နိုင်းစွမ်းဟာ
မြင့်မားလေလေ ပေါ့ဗျာ။
လျှောက်တဲ့လမ်းမှာတော့
ကိုယ်ကျင့်တရား နဲ့ လူသားဆန်မှု
အတတ်နိုင်ဆုံး မကင်းကွာပါစေနဲ့။ ။
ကျွန်တော်တို့ဟာ လူငယ်တွေပါ
အားထုတ်မှုတိုင်းဟာ ရလဒ်အဖြစ်နဲ့
အောင်မြင်မှုဟာ ဆီးကြိုနေပါလိမ့်မယ်။ ။
#ရွက်လွှာ
12/24/2025
ငါ့ကောင်တို့
နိုင်ငံရေးမှာ
တော်လှန်ရေးမှာ
စိတ်ဆိုးပါ
ဒေါသဖြစ်ပါ
နောက်ဆုံးကုန်ကုန်ပြောရင်
စိတ်လည်းပျက်ပါ ။
ဒါပေမဲ့ ငါတစ်ခုပြောချင်တာက
" စိတ်တော့မကုန်ပါနဲ့ကွာ "
တကယ့်နိုင်ငံရေး၊တော်လှန်ရေး
လုပ်ချင်တဲ့သူတွေ သိပ်မရှိတော့ဘူး။
စိတ်ဓာတ်မကျိုးပဲ့စေနဲ့။
စုဖွဲ့မူမကျိုးပဲ့စေနဲ့။
ကျန်းမာရေးမကျိုးပဲ့စေနဲ့။
#ဟံသာဝတီဦးဝင်းတင်
12/09/2025
ကျွန်တော်တို့အဖွဲ့အတွက် လိုအပ်ချက်များ ဖြည့်တင်းရန် လစဥ်လှူဒါန်းပေးပါသော အမိမြေကိုကူကြစို့(စင်္ကာပူ)အဖွဲ့သူအဖွဲ့သားများအားကျွန်တော်တို့ရဲဘော်များမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။
ကျွန်တော်တို့ GRSBDF Special Task Force တပ်ဖွဲ့ဝင်ရဲဘော်များသည် ပြည်သူလူထုနှင့်အတူတစ်သားထဲရပ်တည်၍ စစ်အာဏာရှင်စနစ်အမြစ်ပြတ်သည်အထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါသည်။
#အမိမြေကိုကူကြစို့
#စင်္ကာပူ
11/17/2025
ကျွန်တော်တို့အဖွဲ့အတွက် အရေးကြီး လိုအပ်ချက်များကိုဖြည့်တင်းရန် ထောက် ပို့ ပေးသော Yokohama Pamphlet Campaign-Myanmar အဖွဲ့အား ကျွန်တော်တို့ GRSBDF Special Task Forceမှအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျ။ တော်လှန်ရေးခရီးကိုအောင်မြင်အောင်ဆောင်ရွက်နိုင်ရန် ပိုမို ထောက်ပို့နိုင် ကြပါစေ ရန် ဆုမွန်ကောင်းဝောာင်းလိုက်ပါတယ်ခင်ဗျ။🙏🙏🙏
08/13/2025
( Gr/Sbdf Special Task Force စတင်ဖွဲ့စည်းခြင်း )
နေ့စွဲ။ ၈.၈.၂၀၂၅
၂၀၂၁ နွေဦးတော်လှန်ရေးကြီးစတင်ကတည်းက မြို့ပေါ် UG (ယူဂျီ) လုပ်ငန်းများ နှင့် Local PDF လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Ghost Rider Special Task Force နှင့် ရွှေဘို၀က်လက်ဒေသတွင် Local PDF တော်လှန်ရေးလုပ်ငန်းများ တစိုက်မတ်မတ်ဆောင်ရွက်လျက်ရှိသော Shwe Bo Defense Force တို့ကို ပေါင်းစပ်ကာ GR/SBDF Special Task Force အဖြစ် ၂၀၂၅ သြဂုတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပါသည်။
မူလအဖွဲ့များကို စတင်တည်ထောင်သူများ၊ မြေပြင်တွင် ဦးဆောင်နေသူများ၊ နိုင်ငံတကာက အမာခံအလှူရှင်များ ညှိနှိုင်းတိုင်ပင်ကာ ပြောင်းလဲလာသောအခြေအနေများအပေါ်မူတည်လျက် လုပ်ငန်းများကို ပိုမိုထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန် ဖွဲ့စည်းခြင်းဖြစ်ပါသည်။ မူလအဖွဲ့နှစ်ခုမှ လက်ရှိအဖွဲ့၀င်များနှင့် ပါ၀င်လိုသူလူသစ်များကို စနစ်တကျရွေးချယ်လက်ခံသွားပါမည်။ ပါ၀င်လိုသူများသည် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။
မူလအဖွဲ့နှစ်ခုမှ အသက်ပေးတိုက်ပွဲ၀င်သွားခဲ့ကြသူ ခေါင်းဆောင် ရွှေဘိုဗိုလ်သံမဏိ (ခေါ်) ကျော်မြသန်း (ခေါ်) မောင်မောင်၊ သခင်ကြီး (ခေါ်) သာယာအေးဆရာတော် ဦးဓမ္မိသာရ၊ ဒေါင်းလေး (ခေါ်) ကိုသန့် စသည့်ဦးဆောင်သူများ အပါအ၀င် ၂၀ ကျော်နှင့် ထောင်သွင်းအကျဉ်းကျနေသူများ၏ မပြီးသေးသော တော်လှန်ရေးအလုပ်ကို လက်ဆင့်ကမ်းသယ်ဆောင်ရန် ရည်ရွယ်ပါသည်။
ပြည်သူများအားလုံးလွတ်မြောက်သည်အထိ တော်လှန်ရေးသစ္စာဖြင့် အားလုံးနှင့်လက်တွဲကာ နေရာဒေသမရွေး တိုက်ပွဲ၀င်သွားပါမည်။
မူလ GRSTF Page: https://www.facebook.com/profile.php?id=100078789159376
မူလ SBDF Page: https://www.facebook.com/profile.php?id=100076470474763