31/10/2022
အလုပ်ချိန်လေးရောက်ပြီ
ရိုးရိုးကျင့်မြင့်မြင့်ကြံဧရာဝတီသားအမှန် အရေးတော်ပုံအောင်မြင်ဖို့ AFF ကိုဝန်းရံလို့ပေးကြပါ
31/10/2022
အလုပ်ချိန်လေးရောက်ပြီ
27/05/2022
22/05/2022
ဧရာနဂါးညီနောင်အဖွဲ့မှ ဓနုဖြူမြို့ စကစ၏ (၁၀၈) တပ်ရင်းသို့ မိုင်း (၆) လုံး အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့၊ စခများ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိနိုင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
#ဓနုဖြူမြို့
#စကစတပ်ရင်းမိုင်းခွဲခံရ
မေလ ၂၀ ရက်နေ့
ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် စကစ (၁၀၈) တပ်ရင်းသို့ ဧရာနဂါးညီနောင်အဖွဲ့မှ မိုင်း (၆) လုံး အောင်မြင်စွာ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ည ၇နာရီ ၂၄မိနစ်တွင် စခ၁၀၈ တပ်ဂိတ်ကို အရင် နှစ်လုံး ဖောက်ခွဲခဲ့ပြီး၊ စခများ ထွက် အလာကို စောင့်ဆိုင်းကာ စခ များ ဝင်ထွက်ပေါက်လုပ်သည့် နှစ်နေရာအား တပြိုင်နက်ထဲ ၂လုံးစီ ၄လုံး ဖောက်ခွဲခဲ့ကြောင်း သိရပါသည်။
“စုစုပေါင်းက ၆ လုံး အောင်အောင်မြင်မြင်ခွဲနိုင်ခဲ့ပါတယ်၊ ထိခိုက်မှူအနေနဲ့ကတော့ စခစောင့် ဂိတ်တပ်ကတော့ ထိခိုက်မှူရှိနိုင်ပြီး ကျန်နှစ်နေရာကတော့ မှောင်နေသောကြောင့် အတိအကျတော့ မသိခဲ့ရဘူးဗျ” ဟု ဧရာနဂါးညီနောင်အဖွဲ့မှ ဆက်သွယ်သတင်းပေးပို့ထားပါသည်။
ဧရာနဂါးညီနောင်အဖွဲ့မှာလည်း လုံခြုံဘေးကင်းသည့် နေရာသို့ ရောက်ရှိပြီး အောင်မြင်စွာ တိုက်ခိုက်နိုင်ကြောင်း သတင်းရရှိပါသည်။
ဆက်လက်၍ ဧရာနဂါးညီနောင် တပ်ဖွဲ့ဝင် တစ်ဦးမှ ၎င်းတို့သည် ဧရာဝတီတစ်တိုင်းလုံးရှိ စခ/ရခ များအား ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအားလုံးလည်း တော်လှန်ရေးကို ပြန်လည် အာရုံစိုက်ပေး၍ ရဲဘော်များကိုလည်း တတ်နိုင်သည့်ဘက်မှ ကူညီသွားကြပါရန် တောင်းဆိုထားပါသည်။
သို့ဖြစ်ပါ၍ စကစမှ ထင်ရာဆွဲ ဖမ်းဆီးမှုများ ရှိလာနိုင်သဖြင့် ပြည်သူများ သတိဝီရိယဖြင့် နေထိုင်သွားကြပါရန် ရေးသားဖော်ပြလိုက်ရပါသည်။
*(အချိန်နှင့်တပြေးညီ သိရမည့် သတင်းများကို Telegram တွင် ဦးစွာ တင်ပေးသည့်အတွက် ARNs Telegram ကို subscribe ပြုလုပ်ထားပါရန်)***
👇👇👇👇👇👇👇👇
https://t.me/ayarevolutionnews
ပြည်သူများမှ သတင်းပေးပို့လိုပါက-
👉 Page Messenger (သို့)
👉 https://t.me/AYARevoNews (သို့)
👉 [email protected] သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်။
30/04/2022
အာဏာရှင် အဆုံးသတ် နိဂုံး " The End of Dictatorship "
အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ပိုင်ဆိုင်မှုကို ရောင်းချမယ့် အစီအစဉ်တွေအတွက် အမျိုးသားညီညွတ်ရေး အစိုးရက အင်တာနက်စာမျက်နှာတွေ စတင်ဖွင့်လှစ်
ဧပြီ ၂၉ ၊ ၂၀၂၂
အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှုတွေကို ရောင်းချမယ့်အစီအစဉ်တွေအတွက် အမျိုးသား ညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက အင်တာနက်ဝက်ဆိုဒ်စာမျက်နှာတွေ စတင်ဖွင့်လှစ်လိုက်ပါပြီ။
စီမံကိန်း၊ ဘဏ္ဍြရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက “End of Dictatorship- အာဏာရှင်အဆုံးသတ်နိဂုံး” လုပ် ငန်းစဉ်တွေမှာ ပြည်သူတစ်ရပ်လည်း ပါဝင်စေလိုတယ်ဆိုပြီး မေတ္တာရပ်ခံထားတာ တွေ့ရပါတယ်။
“ယခု စီမံကိန်းက ပြည်သူ့အာဏာကို မည်သူတစ်ဦးတစ်ယောက်ကမျှ အကြမ်း ဖက်သိမ်းပိုက်ရယူလို့ မရဘူးဆိုတာ နဲ့ ပြည်သူကလက်မခံရင် ဘယ်အကြမ်း ဖက်စစ်ခေါင်းဆောင်မှ ရှင်သန်ရပ်တည်ခွင့်မရှိကြောင်းကို ပြတ်ပြတ် သားသား အသိပေးထင်ရှားစေတဲ့ စီမံကိန်းဖြစ်တဲ့အပြင်၊ “နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်ပွဲ ဆင်နိုင်ဖို့ မဖြစ်မနေလိုအပ်လျက်ရှိတဲ့ ဘဏ္ဍာရန်ပုံငွေရှာဖွေရေး” လုပ်ငန်းစဥ်သစ် တစ်ရပ်လည်း ဖြစ်တယ်”လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင် ကပြောပါတယ်။
ဖွင့်လှစ်လိုက်တဲ့ အင်တာနက်စာမျက်နှာတွေက End of Dictatorship page
( https://m.facebook.com/The-End-of-Dictatorship-101477375892630/ ) နဲ့ www.endofdictatorship.com ဝက်ဆိုဒ်တွေပဲဖြစ်ပါတယ်။
“အကြမ်းဖက်စစ်ခေါင်းဆောင်တွေရဲ့ ပုဂ္ဂလိက ပိုင်ဆိုင်မှု အိမ်၊ ခြံ၊ မြေများကို NUG အစိုးရက ကြိုတင်ရောင်းချမယ့် ပိုင့်လော့ ပရောဂျက်” ဖြစ်တယ်ဆိုပြီးတော့လည်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားတာ တွေ့ရပါတယ်။
“အောင်လံလွှင့်ချီ နွေဦးထီ၊ အခွန်ထမ်း တော်လှန်ရေးနဲ့ အတိုးမဲ့ငွေတိုက်စာချုပ် လုပ်ငန်းစဥ်တွေမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အတူ လက်တွဲညီညီပါဝင်ပေးနေကြတဲ့ တော်လှန်ပြည်သူများအနေနဲ့လည်း ယခု End of Dictatorship လုပ်ငန်းစဥ်မှာ မဆုတ်မနစ် အားထည့် ပါဝင်ပေးကြဖို့ အမျိုး သားညီညွတ်ရေးအစိုးရ ကိုယ်စား ကျွန်တော့်အနေနဲ့ အထူးလေးစားစွာ မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါတယ်။” ပြည်ထောင်စုဝန်ကြီး တင်ထွန်းနိုင်က ပြောကြားပါတယ်။
ဒီလုပ်ငန်းစဥ်ရဲ့ ကနဦးခြေလှမ်းတစ်ရပ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အင်းလျားလမ်း ခြံအမှတ် ၁၄ နေအိမ်ကို ပြည်သူများအားလုံး ပါဝင်ဝယ်ယူနိုင်အောင် တန်ဖိုးသင့် အစုရှယ်ယာသဘောမျိုးဖြင့် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Telegram Channel - https://t.me/pvtvmyanmar
၏ ရုပ်သံအစီအစဉ်များကို PVTV ၏ Youtube Channel ဖြစ်သော https://youtube.com/c/pvtvmyanmar တွင် ဝင်ရောက်ကြည့်ရှုပေးခြင်းအားဖြင့် တော်လှန်ရေးတွင် တစ်တပ်တစ်အား ပါဝင်ကူကြီနိုင်ပြီဖြစ်ပါတယ်။
ပါဝင် အားဖြည့်ပေးကြပါဦး ခင်ဗျ။🙏🙏🙏
24/04/2022
12/04/2022
ရိုးမဧရာဝတီတော်လှန်ရေးတပ်ခွဲ ၏ ဆုံးရှုံးမှုဟာ
ကျွန်တော်တို့ AFF ရဲ့ ဆုံးရှုံးမှုပါ။
ကျွန်တော်တို့ ဧရာဝတီရဲ့ ဆုံးရှုံးမှုပါ။
ရိုးမဧရာဝတီတော်လှန်ရေးတပ်ခွဲမှ ရဲဘော်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါတယ် 🙏🙏🙏
ရဲဘော် ကောင်းရာမွန်ရာ ရောက်ပါစေ။
အရေးတော်ပုံ အောင်ရမယ်။