03/10/2024
MDF တပ်ရင်း
ရဲဘော် ကျဆုံးခြင်းအတွက် အမိန့်ပြန်တမ်း ပြန်ဆိုခြင်း နှင့်
အလေးပြုခြင်း အခမ်းအနား
၂၈၊စက်တင်ဘာ၊၂၀၂၄ခုနှစ်။ နံနက် ၂ နာရီ ၂၀ မိနစ်ခန့်တွင်
သာယာဝတီခရိုင် အမှတ် (၃) တပ်ရင်း၏ (MDF UAV Force)မှ
Drone တပ်သား ရဲဘော်အာလူး
(ကိုယ်ပိုင်အမှတ် - P2 38 03 017) သည်
တပ်ရင်းမှ ပေးအပ်သည့် တော် လှန် ရေးတာဝန်များကို
ထမ်းဆောင်ရင်း ကျဆုံး ခဲ့ရပါသည်။
ရဲဘော် အာလူးသည် မိမိအသက်ကို စွန့်လွှတ်ကာ တော် လှန် ရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းရွက်ခဲ့သည့်အတွက် ရဲဘော်၏ မိခင် တပ်ရင်း နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် ရဲဘော်များ အားလုံးမှ ဂုဏ်ယူ အလေးပြု အပ်ပါသည် ။
ရဲဘော် မျှော်မှန်းခဲ့သည့်
တိုင်းရင်းသား လူမျိုးပေါင်းစုံ
တန်းတူညီမျှ ပါဝင်သည့်
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်သည်ထိ
ရဲဘော်၏ ကျန်ရှိ ရဲဘော်ရဲဘက်များက ဆက်လက် ကြိုးပမ်းသွားပါမည်။
ရဲဘော် ကောင်းရာ သုဂတိ လားပါစေ...
"ရောင်နီ ရောင်နီ
မျှော်ကာငေးရင်း
အားမာန် တင်းတင်း
အားမသန် မာန်လျော့
ကြယ်ကြွေ မြေခ
ပြန်မလာနိုင်တော့ ခွင့်လွှတ်ပေါ့
အမေ"
သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း
Myanmar Defense Force
#သာယာဝတီ၃၈၀၃
30/09/2024
ယခုအချိန်ထိတော်လှန်ရေးမှာအန္တရာယ်အများဆုံးလှုပ်ရှားနေသူများကမြို့ပြပျောက်ကျားအဖွဲ့ဝင်တွေပါ နောက်ပြီးမြို့ပြပျောက်ကျားအဖြစ်အစွပ်စွဲခံရတဲ့မြို့နေလူငယ်တွေပါ
ဒီအချိန်မှာလူငယ်ဖြစ်ရတာလည်း နိုင်ငံခြားထွက်ရင်ထွက်မထွက်ရင်PDFထဲဝင်မှသင့်တော်သလိုကိုဖြစ်နေတယ် ဘာမှမလုပ်လဲအဖမ်းခံရပေါ်တာစွဲခံရ လူငယ်ဆိုရင်ကိုရန်ရှာတဲ့စစ်ခေါင်းဆောင်တွေကို ဆရာကြီးအောင်သင်းရဲ့စာအုပ်လေးတစ်အုပ်လောက်တော့ပေးဖတ်ခွင့်ရရင်ပေးဖတ်ချင်ပါတယ်
01/09/2024
ပဲခူးရိုးမ အနောက်ခြမ်းတွင် မိမိတို့ သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း(Myanmar Defense Force - Special ) နှင့် စစ်ကောင်စီ စစ်ကြောင်းအကြား တိုက်ပွဲဖြစ်ပွားပြီး တိုက်ခိုက်ရေးအမျိုးအစား DIY Multirotor ဒရုန်း တစ်စီး ကို ပစ်ချနိုင်ခဲ့
နေ့စွဲ ။ ။ဩဂုတ်လ ၃၀ရက်၊ ၂၀၂၄ခုနှစ်
#အထူးစ_စ်ကြောင်း #ပဲခူးရိုးမ #သာယာဝတီခရိုင်တပ်ရင်း၃ #ဆားချောင်းတိုက်ပွဲ
16/01/2023
အညာမှာ လင်းယုန်တွေ ကြမ်းမည်
https://m.facebook.com/story.php?story_fbid=179643378089445&id=100081313510471&mibextid=Nif5oz
🔥လင်းယုန်တပ်သားတွေရဲ့ "လင်းယုန် စစ်ဆင်ရေး"🔥
Myanmar Defense Force -MDF ရဲ့ တပ်ရင်းတပ်ခွဲတွေထဲကမှ လင်းယုန်တွေရဲ့ မြန်ဆန်မှု၊တိကျမှု၊ ပိုင်နိုင်မှု ၊ရဲရင့်မှု တွေကို ကိုယ်စားပြုထားပြီး ပြင်းပြင်းထန်ထန် လေ့ကျင့်ထားတဲ့ ကွန်မန်ဒို တပ်ရင်း....Special Force ရဲ့ အထူး Operation
"လင်းယုန် စစ်ဆင်ရေး"
အထူးရွေးချယ်ထားတဲ့ ကွန်မန်ဒို လင်းယုန် တပ်စိပ်တွေဟာ နေ့စဉ်မပြတ် လေ့ကျင့်ပြင်ဆင်ခဲ့တာ ၃လတိတိ ရှိခဲ့ပါပြီ။
ပြောက်ကျားစစ်ဆင်ရေးရဲ့ နောက်တဆင့်အဖြစ်
ရန်သူစစ်တပ်ရဲ့ အရေးကြီး စစ်ရေးဌာန တွေကို ဆက်တိုက်ဖိအားပေး ချေမှုန်းတော့မှာဖြစ်ပါတယ်။
ဒီ့အတွက် "လင်းယုန် စစ်ဆင်ရေး" တွေ အဆက်မပြတ် ဖော်ဆောင်နိုင်ဖို့ လင်းယုန်တွေရဲ့ ခြေသည်းတွေကို သွေးပေးကြရအောင်ပါ....
Funding ရှာရုံသပ်သပ်လုပ်တဲ့ ကမ်ပိန်းမဟုတ်ဘဲ
တကယ့်စစ်ဆင်ရေးအတွက် ချက်ချင်း လက်ငင်း
အသုံးပြုမှာဖြစ်တာကြောင့် လက်ဗွေနှိပ်ပြီးတာနဲ့
အောင်ပွဲတွေကို ခံစားကြရမှာပါ။
"အဝေးက ပ-စ်မယ့်ပွဲ မဟုတ်
အနီးကပ် ပ-စ်မယ့် ပွဲ
သူတင်ကိုယ်တင် တိုက်မယ့် ပွဲမဟုတ်
ပြောက်ကျားစနစ်နဲ့ အုံးဒိုင်း ကြိတ်မယ့်ပွဲ
ေ-သမှာသိသိနဲ့ လာတဲ့ကောင်တွေကို ငရဲပို့မယ့် ပွဲ မဟုတ်
မေ-သတော့ဘူးထင်တဲ့ ကောင်တွေကို သရဏဂုံ မတင်ဘဲ ငရဲပို့မယ့် ပွဲ"
အောင်ပွဲများစွာထဲက ပုံမှန် အောင်ပွဲ မဟုတ်
ပြည်သူ့တော်လှန်စ-စ်ရဲ့ ဗျူဟာအခင်းအကြင်း တစ်ခုနဲ့ နောက်တဆင့်တက်မယ့် အောင်ပွဲ "
💥လင်းယုန်တွေကို ခြေသည်းသွေးပေးဖို့ ဘယ်လိုပါဝင်ရမလဲ💥
ပြည်တွင်းပြည်ပမှ ထောက်ပို့များအနေနဲ့
NUG Pay,Kpay,Wave Pay, ဩဇီ ဘဏ်၊စင်္ကာပူဘဏ်၊ထိုင်းဘဏ် အကောင့်များဖြင့် ထောက်ပို့ပါဝင်နိုင်ပြီး
အောက်ပါ တယ်လီဂရမ် Contactများ နှင့် Myanmar Defense Force Page, People For People Page များမှ တဆင့် ဆက်သွယ် ထောက်ပံ့နိုင်ပြီး "လင်းယုန် စစ်ဆင်ရေး" ဂုဏ်ပြုမှတ်တမ်းများ ရယူထားနိုင်ပါတယ်။
💥ဆက်သွယ်ရန်💥
t.me/Shadyvoodoo
t.me/LRB153
t.me/nmsh115
t.me/DarDar_MDF_special_Force
t.me/ArisAungMyin
t.me/sawjames07
💥ဘာတွေပြန်ပေးမလဲ💥
ကံစမ်းမဲ လက်မှတ်ရောင်းတာ မဟုတ်လို့
ရွှေတွေ ပြန်မပေးသလို ၊Iphone, Ipadတွေလည်း ပြန်မပေးပါဘူး။
ပြည်သူတွေ လိုချင်တောင်းတနေတဲ့ အထူးပြင်ဆင်ထားတဲ့ စစ်ဆင်ရေးတွေဖော်ဆောင်ပေးမှာဖြစ်ပါတယ်။
💥ကမ်ပိန်းကာလ နှင့် အထူး အစီအစဉ်💥
ကမ်ပိန်းကာလ ကို January 15(ယနေ့) မှ စတင်ပြီး February 15 ထိ တစ်လတိုင်တိုင် သ-တ်မှတ်ထားပြီး လင်းယုန် စစ်ဆင်ရေးဖော်ဆောင်နိုင်ရန်အတွက် သိန်း၅၀၀တန်ဖိုးနှင့် ညီမျှတဲ့ လ-က်န-က်ခဲယ-မ်းများ ဖြည့်တင်းနေပြီ ဖြစ်ပါတယ်။
အထူးအစီအစဉ်အဖြစ် ရက်သတ္တပါတ်တိုင်းမှာ
မတူညီတဲ့ အစီအစဉ်သစ်တွေပြုလုပ်ဖို့ရှိပြီး
ဒီအစီအစဉ်တွေရဲ့ Updateတွေကို
လင်းယုန် စစ်ဆင်ရေး ဂုဏ်ပြုမှတ်တမ်း ရရှိထားတဲ့ လင်းယုန် ထောက်ပို့များသာ ဦးစားပေး ရရှိခံစားရမှာ ဖြစ်ပါတယ်။
💥ဘယ်လို အစီအစဉ်တွေလဲ💥
(1) ဥပမာ- လက်းယုန်တပ်သားတွေရဲ့ အထူးစစ်ဆင်ရေး ကြိုတင်လေ့ကျင့်၊နေထိုင်စားသောက်မှု Video Short Clip
(2) နိုင်ငံရေး၊အနုပညာ စသည့်နယ်ပယ်များက ပြည်သူချစ် ပုဂ္ဂိုလ် များရဲ့ အမှတ်တရ ပစ္စည်းများ
(3) MDF- Special Forceမှ အထူးချွန်ဆုံးအမျိုးသမီး ကွန်မန်ဒို ရဲဘော် တချို့နဲ့ တိုက်ရိုက် စကားပြောဆို အားပေးခွင့်
(4) MDF မှ March(or) Aprilလမှာတင်ဆက်ပြသမည့် တော်လှန်ရေးကာလ ဖြစ်ရပ်မှန် Storyကို MDFရဲဘော်များပါဝင်ရိုက်ကူးထားတဲ့ (ခေါင်ရမ်းပန်း) ရုပ်ရှင် ကြည့်ရှု့ခွင့် လက်မှတ် အစောင်(၃၀)
စသည် စသည် အထူးအစီအစဉ်များ....
လင်းယုန် စစ်ဆင်ရေး ဂုဏ်ပြုမှတ်တမ်း ရရှိထားတဲ့ လင်းယုန် ထောက်ပို့များသာ ရရှိခံစားနိုင်မှာမို့
"ကြမ်းကြမ်းရမ်းရမ်း စစ်ဆင်ရေးတွေလည်း ကြည့်ရင်း ပါဝင် ထောက်ပံ့ ပေးကြပါစို့....
"ကြမ်းကြမ်းရမ်းရမ်းတွေကြိုက်ရင် အင်တိုက်အားတိုက် ပါဝင်ဖို့လည်း လိုအပ်ပါမယ်"
လင်းယုန် စစ်ဆင်ရေး
MDF- ဗဟိုပြန်ကြားရေး
Myanmar Defense Force
03/11/2022
မင်္ဂလာပါခင်ဗျာ
ကျွန်တော်တို့ရဲ့ '' ဝါကျွတ်တန်ဆောင်တိုင် ကျည်လှိုင်လှိုင်
မလှူမရှိရဝိုင်းကူကြ '' Project လေးက
ရက်ပေါင်း တစ်ဝက်တိတိရောက်ခဲ့ပေမယ့်
အခုထိ 10 % လေးတောင်မှ မပြည့်သေးပါဘူး။
တိမ်ကင်းစင်နေတဲ့ပွင့်လင်းရာသီရောက်လာရင်
စစ်ကောင်စီရဲ့ လေကြောင်းအန္တရာယ်ကို
ကျွန်တော်တို့ ပိုပြီး သတိကြီးစွာ ထားရပါတယ်။
ဒါကြောင့်...ပွင့်လင်းရာသီမှာ တိုက်ပွဲတွေ ဖော်ဆောင်နိုင်ဖို့
ချစ်သောပြည်သူများရဲ့ ထောက်ပံ့မှုတွေ လိုအပ်လာပါပြီ။
ကျဆုံးရဲဘော်တွေအတွက် လက်စားပြန်ချေဖို့အပြင်
ပြည်သူ့အသက်အိုးအိမ်တွေကို ကာကွယ်ဖို့နဲ့
Federal Democracy ခရီးလမ်းအတွက်ကိုပါ
ကျွန်တော်တို့တွေ အများကြီး ကြိုးစားရပါဦးမယ်ခင်ဗျာ
အလုပ်နဲ့သက်သေပြမှာ ဖြစ်လို့
MDFနဲ့ အတူ တော်လှန်ရေးပန်းတိုင်ကို
လက်တွဲသွားဖို့အတွက် ပြည်တွင်း၊ပြည်ပ
ကမ္ဘာ့နေရာ အရပ်ရပ်မှ ပြည်သူတစ်ယောက်စီတိုင်းကို
ကျွန်တော်တို့ရဲ့Fundraising Project မှာ
ပါဝင်အားဖြည့်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ထောက်ပို့ရဲဘော်ကြီးများအနေနဲ့
NUG Pay,KBZ Pay,Wave Payများနဲ့ ပါဝင်ထောက်ပံ့နိုင်သလို
ဩစတြေးလျ၊ဂျပန်၊စင်္ကာပူ၊ထိုင်းဘဏ် အကောင့်နှင့်ပါ လုံခြုံစိတ်ချစွာ ထောက်ပံ့ပေးနိုင်ပါတယ်။
ပါဝင်ထောက်ပံ့လိုပါက
Myanmar Defense Force ဗဟိုPageနှင့်
Telegram - t.me/MDF_Fundraising မှာ
ဆက်သွယ်ထောက်ပံ့ နိုင်ပါတယ်။
Projectကာလကို November 16ထိ သတ်မှတ်ထားပြီး
သိန်း ၅၀၀ကျပ် စုဆောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ယခု Projectမှ ရရှိတဲ့ ပြည်သူ့ထောက်ပံ့ငွေများကို
ငှက်ပျောဖူးများ နှင့် နှုတ်ခမ်းနီ၊ ခဲယမ်းများ
ဝယ်ယူဖြည့်တင်းမှာ ဖြစ်ပြီး
တော်လှန်ရေးကိုအရှိန်အဟုန်ဖြင့်
ကြိုးစားတိုက်ပွဲဆင်သွားမှာ ဖြစ်ပါတယ်။
ယခုPostကို Shareပေးခြင်းဖြင့်လည်း
MDFရဲ့ တော်လှန်ရေးလိုအပ်ချက်များကို
ကူညီ ဖြည့်ဆည်းပေးကြပါခင်ဗျာ...
ပြည်သူ့အရေးတော်ပုံ မုချ အောင်ရမည်
MDF-ဗဟိုဘဏ္ဍာရေးအဖွဲ့ရုံး။
22/10/2022
The PDF Game ရဲ့ နောက်လာမယ့် Versionအသစ်က အတော်မိုက်လာတယ်။
ဂိမ်းဆော့ပြီး ကိုယ်နှစ်သက်ရာ မြေပြင်တပ်ရင်းတပ်ဖွဲ့တွေကို တိုက်ရိုက် ကူလို့လည်း ရလာပြီ ။
MDF (Myanmar Defense Force) ၏ တရားဝင် ထောက်ပို့တပ်သား အဖြစ် The PDF Game / War of Heroes ဂိမ်းတွင် ပါဝင်ကူညီ အားဖြည့် နိုင်ပါပြီ။
ဒေါင်းလုပ် လုပ်ရန် …
https://gzentertainment.org/download
16/10/2022
🎊ဝါကျွတ်တန်ဆောင်တိုင် ကျ-ည်လှိုင်လှိုင်၊
မလှူမရှိရ...ဝိုင်းကူကြ🎊
ဝမ်းနည်းစရာ ခံစားချက်တွေ နဲ့အတူ Myanmar Defense Force -(MDF) ရဲ့
တတိယအကြိမ် Fundraising Projectက ပြည်သူဆီ ရောက်ရှိလာခဲ့ပါပြီ။
လွန်ခဲ့တဲ့ ၅ရက်ခန့်ကပဲ ရေဦးနယ်ထဲက တိုက်ပွဲတစ်ခုမှာ ကျွန်တော်တို့ MDF-ရေဦးတပ်ခွဲမှ ရဲဘော်တချို့ ကျဆုံး ခဲ့ရပါတယ်။
မနေ့က October 15ရက်နေ့မှာလည်း ဘုတလင်မြို့နယ်က တိုက်ပွဲမှာ MDF-Special Forceမှ ရဲဘော်တစ်ဦးနှင့် MDF-ဘုတလင်တပ်ခွဲမှ ရဲဘော်နှစ်ဦး တော်လှန်ရေးအတွက်၊ပြည်သူအတွက် အသက်ကိုစတေးလို့ တော်လှန်ရေး မှတ်ကျောက် တင်ခဲ့ပါတယ်။
ပန်းနဲ့ တောင်းဆိုလို့မရ၊ ဂန်းနဲ့ တိုက်ယူမှ ရမယ့် တော်လှန်ရေးကြီး ဖြစ်တာနဲ့အညီ သူ့ဘက် ကိုယ့်ဘက် ကျဆုံးမှုတွေ ရှိပါတယ်။
တဒိုင်းဒိုင်း Kyiဆံတွေကြားမှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေဟာလည်း စတေးရင်း ပေးဆပ်ရင်းနဲ့ ပြည်သူတွေ လိုချင်တောင်းတတဲ့
ဒီမိုကရေးစီကို မရ ရအောင် တိုက်ယူနေကြပါတယ်။
မနေ့က ကျဆုံး သွားတဲ့ ရဲဘော်လေးတစ်ယောက်ဆိုရင် မောင်းပြန်ကိုင်ချင်တယ်ဗျာ။
ယူနီဖောင်းလေးလည်း ဝတ်ချင်တယ်လို့ ပြောလေ့ရှိပါတယ်။
ဒါပေမယ့်...သူ ကျဆုံးသွားတဲ့အခါမှာတော့ ပုဆိုးကွင်းလေးနဲ့ပါ။
တာဝန်ရှိသူတွေလည်း ရဲဘော်တိုင်းကို Uniformနဲ့
မောင်းပြန်ေ-သနပ် နဲ့ တပ်ဆင်ပေးချင်ပေမယ့်
အခက်အခဲတွေကြားက ရုန်းကန် ကြိုးစားနေကြရတာမို့ လိုအပ်ချက်တွေများနေပါသေးတယ်။
MDFက ရဲဘော်တွေကျဆုံးရတယ်ဆိုတာ MDFက အလုပ်လုပ်ကြောင်းသက်သေတွေမို့ ရှင်းပြဖို့ မလိုလောက်တော့ပါဘူး။
ဒါကြောင့်....ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ ရဲဘော်တွေ ထပ်ပြီး မဆုံးရှုံးရဖို့ ပြည်သူသာလျင် အဓိက ဖြစ်နေပါတယ်။
MDFနဲ့ အတူ တော်လှန်ရေးပန်းတိုင်ကို လက်တွဲသွားဖို့အတွက် ပြည်တွင်း၊ပြည်ပ ကမ္ဘာ့နေရာ အရပ်ရပ်မှ ပြည်သူတစ်ယောက်စီတိုင်းကို
ကျွန်တော်တို့ရဲ့Fundraising Project မှာ ပါဝင်အားဖြည့်ပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ပြည်တွင်းမှ ပြည်သူများအတွက် NUG Pay,KBZ Pay,Wave Payများနဲ့ ပါဝင်ေထာက်ပံ့နိုင်သလို
ပြည်ပမှ ကျွန်တော်တို့ရဲ့ ထောက်ပို့ကြီးများအနေနဲ့ ဩစတြေးလျ၊ဂျပန်၊စင်္ကာပူ၊ထိုင်း ဘဏ် အကောင့်များအပြင် NUG Pay နှင့်ပါ လုံခြုံစိတ်ချစွာ ထောက်ပံ့ပေးနိုင်ပါတယ်။
ပါဝင်ထောက်ပံ့လိုပါက ယခု Postတင်တဲ့ Area 21 ဗဟိုPageနှင့် အောက်ပါ တယ်လီဂရမ် အကောင့် t.me/MDF_Fundraising မှာ ဆက်သွယ်ထောက်ပံ့ နိုင်ပါတယ်။
Projectကာလကို October 16 မှ November 16ထိ တစ်လတိုင်တိုင် သတ်မှတ်ထားပြီး
သိန်း ၅၀၀ကျပ် စုဆောင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ယခု Projectမှ ရရှိတဲ့ ပြည်သူ့ထောက်ပံ့ငွေများကို ငှက်ပျောဖူးများ နှင့် နှုတ်ခမ်းနီ၊ ခဲယမ်း များ ဝယ်ယူဖြည့်တင်းမှာ ဖြစ်ပြီး တော်လှန်ရေးကိုအရှိန်အဟုန်ဖြင့် ကြိုးစား တိုက်ပွဲဆင်သွားမှာ ဖြစ်ပါတယ်။
ယခုPostကို Shareပေးခြင်းဖြင့် MDFရဲ့ တော်လှန်ရေးလိုအပ်ချက်များကို ကူညီ ဖြည့်ဆည်းပေးကြပါခင်ဗျာ...
ပြည်သူ့အရေးတော်ပုံ မုချ အောင်ရမည်✊✊✊
MDF-ဗဟိုဘဏ္ဍာရေးအဖွဲ့ရုံး။
Myanmar Defense Force.
11/10/2022
တော်လှန်လမ်းဟာ. . . ဆက်ပြီး ဆက်ပြီးရှည်နေသရွေ့. . .
တော်လှန်ပန်းတွေ. . .ထပ်ပြီး ထပ်ပြီးကြွေနေရအုံးမှာပါပဲ. . .
တော်လှန်ရေးရဲ့ ပြောင်မြောက်တဲ့ပန်းတစ်ပွင့်. . .ထွန်းလင်းတဲ့ ကြယ်တစ်ပွင့်ကို အောက်တိုဘာလ ၉ရက်နေ့မှာ. . .ကျနော်တို့ ဆုံးရှုံးခဲ့ရပါတယ်. . .
တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အမျှ. . . တိုင်းပြည်ရဲ့ ထက်မြက်တဲ့သူရဲကောင်းလူငယ်တွေကို ကျနော်တို့ ဆုံးရှူံးနေကြရအုံးမယ်ဆိုတာကို အသက်နဲ့လဲပြီး သတိပေးသွားတဲ့ Yaw Defense Force (YDF) ရဲ့ ဒုတိယစစ်ဦးစီးချုပ် ကိုဖြိုးဝေစိုး (အသက် - ၂၁) နှစ်. . .
နွေဦးတော်လှန်ရေးသမိုင်းမှာ. . .တော်လှန်သော သူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းရေးထိုးကာ. . . ကောင်းမြတ်ငြိမ်းချမ်းသောဘုံဘဝသို့ ခရီးဆက်သွားခဲ့ပြီ. . .
ကျန်ရစ်သူ. . .ကျနော်တို့ တော်လှန်ပြည်သူများအနေနဲ့. . . ကိုဖြိုးဝေစိုးကို အစဥ် အမှတ်ရနေကြရမှာဖြစ်သလို၊ . . .တော်လှန်ရေးပန်းတိုင်ကို အမြန်ဆုံးရောက်ရှိ အောင်မြင်နိုင်စေဖို့လည်း. . .ပိုပြီး အားထည့်ကြိုးပမ်းသွားကြရမှာ ဖြစ်ပါတယ်။
#အလေးနီပြုလျှက်
#အရေးတော်ပုံ_အောင်ရမည်
08/09/2022
July - August Budget Allocation
July - August လအတွင်း Area-21 Revolution Network သို့ လှူဒါန်းပေးခဲ့သော အလှူငွေများကို ဖော်ပြပါ မြေပြင် မဟာမိတ်အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုလို ကျွန်တော်တို့ Area-21 Revolution Network အား စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရာတွင် လိုအပ်သော အထောက်အပံ့ပစ္စည်းများ အသုံးပြုရန်အတွက် ရန်ပုံငွေ လှုဒါန်းပေးပါသောကြောင့် Area-21 Revolution Network ရှိ ဒေသခံ မြေပြင် တော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကျွန်တော်တို့ Area-21 မှ အထူးပင်လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလွှာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ။
မြေပြင်ရှိ တော်လှန်ရေး အဖွဲ့သားများ ပုံမှန် ထောက်ပို့နိုင်ရန် အတွက် နေ့စဉ် Click ပေးကြဖို့လဲ မမေ့ကြပါနဲ့ဦး ထောက်ပို့ရဲဘော်တို့ရေ 🌞🌞
#စစ်အာဏာရှင်စနစ်မုချကျဆုံးစေရမည်
26/07/2022
MDF- Special Forceက ၃ရက်ကို ၄ပွဲ ဆက်တိုက် တိုက်ထားရပါတယ်။
နှုတ်ခမ်းနီ ၃၀၀၀နဲ့ တိုက်ပွဲသွားဖို့အတွက် 4WDကား တစ်စီး အရေးတကြီး လိုအပ်နေပါတယ်။
ကျွန်တော်တို့ နယ်မြေမှာ တိုက်ပွဲတွေသွားရတာ အရမ်းကို ခက်ခဲပါတယ်။ ချောင်းတွေကို ကားနဲ့ ဖြတ်ရတယ်။ မြစ်တွေကို လှေနဲ့ကူးရပါတယ်။
4Wheels မပါရင် ကားတွေ မရုန်းနိုင်ပါဘူး။
တိုက်ပွဲတွေက အဆက်မပြတ်တော့တာမို့ လိုအပ်ချင်တွေကို ဝိုင်းဝန်းဖြည့်ပေးကြပါ။
တောင်းပန်နေတာမဟုတ်ပါဘူး။ ပါကို ပါဝင်ရမယ်လို့ ပြောချင်ပါတယ်။
အခက်အခဲ၊လိုအပ်ချက် ကိုချပြထားပါတယ်။
ပါဝင်ကြပါ။
Aris Aung Myin (MDF - Special Force)
26/07/2022
🛑(၂၄ ၊ဇူလိုင် ၊ ၂၀၂၂) MDF ချင်းတွင်းမြစ်ကြောင်း တိုက်ပွဲ သတင်း ထုတ်ပြန်ချက် 🛑
(၂၄ ၊ ဇူလိုင် ၊၂၀၂၂) တွင် မုံရွာမြို့(မင်းဒေါက်ဆိပ်ကမ်း)မှ ထွက်လာသော စစ်သင်္ဘော ဝန်းရံ အကာအကွယ်ယူ လာသည့် စစ်ကောင်စီ သင်္ဘောများအား
MDF -Special Force နှင့် MDF - အမျိုးသမီးကွန်မန်ဒိုတပ်ဖွဲ့ တို့မှ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ ကုန်သင်္ဘော(ဖလပ်) ၇စီးသည် ရေတပ်စစ်သင်္ဘော ၁စီး နှင့် Speed Boatများ ဝန်းရံလျက် ကနီမြို့မှ ရေဆန် တက်လာရာ ဆင်တော်ဝဲအောက်ဘက်အနီး အရောက်တွင် မိမိတို့ MDF - Special Forceမှကြိုတင်စီစဉ်ထားသည့်အတိုင်း ကြားဖြတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသင်္ဘောများမှာလည်း မိမိတို့တိုက်ခိုက်သည့်နေရာ အရောက်တွင် သင်္ဘောများကို ရေလည်တွင် ရပ်တန့်လျက် မိနစ်(၅၀)ကြာမျှ အပြန်အလှန် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
တိုက်ခိုက်ချိန်တွင် မိမိတို့ဘက်မှ စနိုက်ပါ၊40mm များလက်နက်ငယ်များ ဖြင့် တရပ်စပ် ပစ်ခက်ရာ
စစ်ကောင်စီဘက်မှလည်း စက်လက်များ၊ စနိုက်ပါ၊ ၆၀မမ ၊လက်နက်ငယ်များ ဖြင့် ပြန်လည် ပစ်ခက်ပါသည်။
စစ်ကောင်စီဘက်မှ ပစ်ခက်သော ၆၀မမ ကျည်များသည့် ပြည်သူ့ကျိန်စာ စူး၍ အလုံးတိုင်းစေ့ မပေါက်ကွဲဘဲ မိမိတို့ဘက်မှ ပစ်ခက်သော စနိုက်ပါ၊ 40mmများမှာ ချက်ကောင်းထိပြီး စစ်ကောင်စီ၏ သင်္ဘော နှစ်စီး မီးခိုးအူကာ ချင်းတွင်းမြစ်ကြောင်းအတိုင်း တဖြည်းဖြည်း ဆန်တက်သွားပါသည်။
တိုက်ပွဲတွင်ပါဝင်သော တော်လှန်ရေးအဖွဲ့အစည်းများမှာ
MDF- Special Force (MDFတပ်ရင်း-၁) ၊MDF-အမျိုးသမီးကွန်မန်ဒိုတပ်ခွဲ( တပ်စု -၁) မှ အမျိုးသမီးရဲဘော်များ ဖြစ်ပါသည်။
မိမိတို့ အောင်မြင်စွာ တိုက်ခိုက်နိုင်ရန်အတွက်
မြေပြင်၊ ဝေဟင် ကင်းထောက် ကူညီပေးကြသည့်
ဒေသဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းများအား
မိမိတို့ MDF မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
ဆက်စပ်အနေဖြင့် မိမိတို့နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် မြစ်ကြောင်းအတိုင်း ထွက်ခွာသွားသည့် စစ်ကောင်စီ သင်္ဘောများသည် "တောင်ကိုးလုံး"အရောက်တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထပ်မံတိုက်ခိုက်ခြင်းခံရသည်ဟု သိရှိရပါသည်။
"တိုက်ပွဲမပျက် MDF ၊ အောင်ပွဲများဆက် ပြည်သူ့PDF "
MDF - ဗဟို ပြန်ကြားရေးကော်မတီ
Myanmar Defense Force .
04/07/2022
April , May , June “Budget Allocation”
April လမှ စ၍ ၃ လအတွင်း Area-21 Revolution Network သို့ လှူဒါန်းပေးခဲ့သော အလှူငွေများကို ဖော်ပြပါ မြေပြင် မဟာမိတ်အဖွဲ့အစည်းအသီးသီးသို့ လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ပါတယ်။
အခုလို ကျွန်တော်တို့ Area-21 Revolution Network အား စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရာတွင် လိုအပ်သော အထောက်အပံ့ပစ္စည်းများ အသုံးပြုရန်အတွက် ရန်ပုံငွေ လှုဒါန်းပေးပါသောကြောင့် Area-21 Revolution Network ရှိ ဒေသခံ မြေပြင် တော်လှန်ရေးအဖွဲ့အစည်းများကိုယ်စား ကျွန်တော်တို့ Area-21 မှ အထူးပင်လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလွှာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည် ခင်ဗျာ။
#စစ်အာဏာရှင်စနစ်မုချကျဆုံးစေရမည်