19/12/2025
ကရင်နှစ်သစ်ကူး
-------------------------
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့
ခရစ်နှစ် ၂၀၂၅ ၊ ဒီဇင်ဘာလ (၁၉)ရက်၊ သောကြာနေ့မှာ ကျရောက်တဲ့ (၈၈) ကြိမ်မြောက် "ကရင်နှစ်သစ်ကူးနေ့" အား
ကျွန်ုပ်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရင်း အမှတ်(၂၉)မှ ကြိုဆိုဂုဏ်ပြုပါသည်။
30.Dec.2024
11/11/2025
ကျွန်ုပ်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်သည် ရှမ်းမြောက်စစ်ဆင်ရေး (၁၀၂၇)ကို ကြိုဆိုထောက်ခံသောအနေဖြင့် ၁၁၁၁ စစ်ဆင်ရေးကို ၁၁လပိုင်း ၇ရက်နေ့တွင် စတင်ဖော်ဆောင်ခဲ့သည်။ထိုစစ်ဆင်ရေးကို မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှဦးဆောင်ပြီး ကရင်နီပြည်ရှိ အခြေစိုက်သော မဟာမိတ်တပ်ပေါင်းစုအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့(ERO)များ စုပေါင်းကာ စစ်ကြောင်း (၃)ကြောင်းဖြင့် အချိန်နှင့်တစ်ပြေးညီ ထိုးစစ်ဆင်ကာ စစ်ကောင်စီစခန်း အများအပြားကိုသိမ်းပိုက်နိုင်ခဲ့ပါသည်။ထို ၁၁၁၁စစ်ဆင်ရေးတွင် အောင်မြင်မှုနှင့်အတူ ထိခိုက်ဒဏ်ရာရရှိခဲ့သောရဲဘော်များအပြင် မြင့်မြတ်စွာကျဆုံးခဲ့ရပါသော ရဲဘော်များလည်းရှိခဲ့ပါသည်။
ယနေ့ ၁၁၁၁စစ်ဆင်ရေးတပ်ပေါင်းစု ၂ နှစ်ပြည့်တွင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော အာဇာနည်သူရဲကောင်းများအားလုံးကို မိမိတို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်းအမှတ်(၂၉)မှ ဝမ်းနည်းကြေကွဲစွာဖြင့် လွမ်းဆွတ်မိပါကြောင်းနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ကျရှုံးသွားသည်အထိ မိဘပြည်သူများနှင့်အတူ ဆန့်ကျင်တော်လှန်သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုအပ်ပါသည်။
#၁၁၁၁စစ်ဆင်ရေး
04/11/2025
တန်ဆောင်မုန်း လပြည့်နေ့သည် သာမညဖလ အခါတော်နေ့ ဖြစ်ပြီး မြန်မာ့ရိုးရာအခါသမယနေ့လည်းဖြစ်သည်အပြင် တန်ဆောင်မုန်းလပြည့်ညသည်လည်း နက္ခတ်တာရာများစုံလင်စွာ ပေါ်ထွန်းပြီး ဆေးအာနိသင်အပေါင်း ထူးခြားစေ၍ ဆေးပေါင်းခသည့်ည ဟုလည်းအဆိုရှိကြသည်။ဆေးပေါင်းခသည့်တန်ဆောင်မုန်း လပြည့်ညတွင် စနစ်ဆိုးကြီးထဲမှာ ရှင်သန်နေထိုင်သော မိဘပြည်သူများနှင့်တော်လှန်ရဲဘော်ရဲဘက်များ အားလုံး ဆေးပေါင်းခပြီး စိတ်နှလုံးအေးမြခြင်း ကိုယ်ခန္ဓာကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ခေတ်ဆိုးကြီးထဲမှအတူတူ ဖြတ်ကျော်လွှားနိုင်စေဖို့ မေတ္တာဆုတောင်း ပို့သအပ်ပါသည်။
#တန်ဆောင်းမုန်းလပြည့်နေ့
02/11/2025
"Our flag does not fly
because the wind moves it. It flies with the last breath of each soldier who died
protecting it."
#ရဲဘော်
©️Nyein Chan Aung
01/11/2025
ဘဝဆိုတာ
ကြောက်တယ်ဆိုပြီး
ပြန်လှည့်သွားလို့ရတဲ့ အရာမျိုး မှမဟုတ်ပဲ။
ဘာပဲဖြစ်ဖြစ်ရပါတယ်ဆိုပြီး
ဖြတ်သန်းသွားလိုက်ရတာပါပဲ
ဒီလိုပဲပေါ့……။
တာရာမင်းဝေ
#ရဲဘော်
29/10/2025
နေစကြဝဠာထဲက ဘာမှမဟုတ်တဲ့ အစက်အပြောက်မှုန်တိမှုန်မွှားလေးပေါ်မှာ
လူတွေသိပ်ရေးကြီးခွင်ကျယ်လုပ်နေကြတာ
တကယ်တော့
ဘယ်သူမှ ဘာမှ သိပ်မဟုတ်ကြပါဘူး ။
ဇော်ဇော်အောင်
#ရဲဘော်
28/10/2025
ကိုယ့်အတွက်ကိုယ် မကြည့်ကြပဲ ငါတို့ဟာ ဒီလမ်းမှာ
ကိုယ့်အရိုးကိုယ့်အသွေးအသား ကို တစ်ယောက်အပေါ်တစ်ယောက် ယုံကြည်ချက်နဲ့ လျှောက်လှမ်းနေကြတယ် ။
#ယုံကြည်ပါ
#ပန်းတိုင်
23/10/2025
Be Brave
Take Risk
Nothing Can Substitute Experience
#ရဲဘော်