Myanmar Mission Geneva

Appeler Itinéraire Site Web Contacter l'organisation

Myanmar Mission Geneva This is the official page of the Permanent Mission/ Embassy of the Republic of the Union of Myanmar

23/10/2026
ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း အောက်ဖော်ပြပါရက်များသည် မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ...
21/10/2026

ရုံးပိတ်ရက်များ အသိပေးကြေညာခြင်း

၂၀၂၆ ခုနှစ်၊ အောက်တိုဘာလအတွင်း အောက်ဖော်ပြပါရက်များသည် မြန်မာသံရုံး/ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ ဂျီနီဗာမြို့၏ ရုံးပိတ်ရက်များဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်-
(၁) ၂၆-၁၀-၂၀၂၆ ရက် (တနင်္လာနေ့) - သီတင်းကျွတ်လပြည့်နေ့
(၂) ၂၇-၁၀-၂၀၂၆ ရက် (အင်္ဂါနေ့) - သီတင်းကျွတ်ရုံးပိတ်ရက်

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်

Holidays Announcement

The Embassy and the Permanent Mission of the Republic of the Union of Myanmar in Geneva will be closed on the following dates in October 2026.
(1) 26-10-2026 (Monday) - Thadingyut Full Moon Day
(2) 27-10-2026 (Tuesday) - Thadingyut Holiday

Date: 21st October 2026

ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ကြောင်း အသိပေးကြေညာခြင်းပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်င...
20/10/2026

ခွင့်ပြန်ထောက်ခံစာ ရယူရန် မလိုအပ်တော့ကြောင်း အသိပေးကြေညာခြင်း

ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာ နိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် သက်ဆိုင်ရာသံရုံး၏ ထောက်ခံချက်ရယူရန် အလုပ်သမား ဝန်ကြီးဌာန၏ ကြေညာချက်အရ မြန်မာသံရုံး၊ ဂျီနီဗာမြို့အနေဖြင့် ဆွစ်ဇာလန်နိုင်ငံတွင် အလုပ် လုပ်ကိုင်လျက်ရှိသည့် PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများအတွက် ခွင့်ပြန်ထောက်ခံစာများ လျှောက်ထားနိုင်ကြောင်း ၁၂-၅-၂၀၂၆ ရက်တွင် ကြေညာခဲ့ပါသည်။

ယခုအခါ ခွင့်ပြန်သူများသည် ခွင့်ကာလပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာခွင့် လျှောက်ထားရာတွင် အလုပ်ရှင်၏ ခွင့်စာနှင့် မြန်မာသံရုံး၏ ထောက်ခံစာတို့အား ပူးတွဲတင်ပြ ရမည့်ကိစ္စအပေါ် အလုပ်သမားဝန်ကြီးဌာနက ဖြေလျှော့ခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ၁၅-၁၀-၂၀၂၆ ရက်မှစတင်၍ ခွင့်ပြန်ထောက်ခံစာကို မြန်မာသံရုံး၊ ဂျီနီဗာမြို့၌ ရယူရန် မလိုအပ် တော့ကြောင်း အသိပေးကြေညာအပ်ပါသည်။

မြန်မာသံရုံး၊ ဂျီနီဗာမြို့
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်

Adresse

47, Avenue Blanc
Geneva
1202

Heures d'ouverture

Lundi 09:00 - 17:00
Mardi 09:00 - 17:00
Mercredi 09:00 - 17:00
Jeudi 09:00 - 17:00
Vendredi 09:00 - 17:00

Téléphone

+41229069870

Notifications

Soyez le premier à savoir et laissez-nous vous envoyer un courriel lorsque Myanmar Mission Geneva publie des nouvelles et des promotions. Votre adresse e-mail ne sera pas utilisée à d'autres fins, et vous pouvez vous désabonner à tout moment.

Contacter L'organisation

Envoyer un message à Myanmar Mission Geneva:

Raccourcis

Partager