20/05/2026
မြန်မာနှင့်မလေးရှား နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ ကျင်းပ
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်တွင် နေပြည်တော်သို့ အလုပ်သဘောခရီးစဉ် ရောက်ရှိနေသည့် မလေးရှားနိုင်ငံခြားရေး ဝန်ကြီး ဒါတို ဆရီ ဥတမ ဟာဂျီ မိုဟာမက် ဘင် ဟာဂျီ ဟာဆန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး MGallery Hotel ၌ အလုပ်သဘောနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ ခဲ့သည်။
ယင်းသို့တွေ့ဆုံစဉ် နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများသည် မြန်မာနိုင်ငံနှင့် မလေးရှား နိုင်ငံတို့အကြား နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံ အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် လက်ရှိပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရေး အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၁၉-၅-၂၀၂၆ ရက်၊ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ဆိုက်ရောက်ခဲ့ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် နှင့် တာဝန်ရှိသူများက နေပြည်တော်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့သည်။ ကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် မလေးရှားနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်
**************
Foreign Ministers of Myanmar and Malaysia hold Bilateral Meeting
U Tin Maung Swe, Union Minister for Foreign Affairs of the Republic of the Union of Myanmar, met with Dato’ Seri Utama Haji Mohamad Bin Haji Hasan, Minister of Foreign Affairs of Malaysia who was on a working visit to Nay Pyi Taw, at MGallery Hotel on 19 May 2026. The Union Minister also hosted a working lunch to the Foreign Minister of Malaysia and his delegation.
During the meeting, the two Foreign Ministers cordially discussed matters relating to enhancement of relations between Myanmar and Malaysia at the bilateral level and in the context of ASEAN. They exchanged views on promotion of existing cooperation in the areas of mutual interests.
The Malaysian delegation arrived in Nay Pyi Taw by a special flight on the afternoon of 19 May 2026 and was welcomed by U Naing Min Kyaw, Deputy Minister for Foreign Affairs, and officials from the Ministry of Foreign Affairs upon arrival at Nay Pyi Taw International Airport. The delegation departed for Malaysia on the evening of the same day.
Ministry of Foreign Affairs
Nay Pyi Taw
19 May 2026
**************
16/05/2026
သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) ကျင်းပပြုလုပ်ခဲ့
(၁၆-၅-၂၀၂၆၊ ရန်ကုန်)
နိုင်ငံခြားရေးဝန်ကြီးဌာန၏ စီစဉ်ဆောင်ရွက်မှုဖြင့် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံသည့် သံတမန်တွေ့ဆုံပွဲ (Diplomatic Coffee Morning) တစ်ရပ်ကို ၁၆-၅-၂၀၂၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ၌ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးကိုကိုကျော် တက်ရောက်ခဲ့ပြီး ဒုတိယဝန်ကြီးက ယနေ့တွေ့ဆုံမှုကို နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများအကြား ချစ်ကြည်ရင်းနှီးသော ထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များပိုမိုခိုင်မာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ပုံမှန်ကျင်းပနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဧပြီလ ၁၀ ရက်နေ့မှစတင်၍ ပြည်သူများက ဒီမိုကရေစီနည်းလမ်းဖြင့် ရွေးချယ်တင်မြှောက်ထားသော အစိုးရ တာဝန်ယူ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာဆက်ဆံရေးကို အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက် လှမ်းနေမှု၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ ပိုမိုထိရောက်အောင်မြင်နိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အပြုသဘော ကူညီပံ့ပိုးပေးမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါပွဲတွင် မြန်မာ့ကော်ဖီနှင့် မြန်မာနံနက်ခင်း စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့ ပါသည်။ အဆိုပါပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌနှင့် မြန်မာသံအမတ်ကြီးဟောင်းများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ကိုယ်စားလှယ် (၅၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
****************
Diplomatic Coffee Morning was organized by Ministry of Foreign Affairs of Myanmar
(16-5-2026, Yangon)
On the morning of 16 May 2026, the Ministry of Foreign Affairs organized a Diplomatic Coffee Morning at its premises in Yangon which brought together Ambassadors, Chargés d’Affaires, and diplomats from foreign embassies based in Yangon, as well as representatives from the United Nations agencies.
The event was attended by Deputy Minister for Foreign Affairs U Ko Ko Kyaw. During the event, the Deputy Minister stated that this event was organized with the aim of strengthening engagement and cooperation between the Ministry of Foreign Affairs and foreign embassies as well as the United Nations agencies based in Yangon.
Furthermore, the Deputy Minister stated that the new Government democratically elected by the people assumed office on 10 April 2026. He mentioned that the Ministry of Foreign Affairs will enhance international relations, and expressed hope that the international community will extend constructive support and cooperation to ensure greater effectiveness and success in the country’s ongoing efforts toward the democratic path, peace, stability, and development.
The event was attended by approximately 50 participants, including officials from the Ministry of Foreign Affairs, the Chairman of the Myanmar Institute of Strategic and International Studies (MISIS), former Myanmar Ambassadors, as well as Ambassadors, Chargé d'Affaires and members of the diplomatic corps in Yangon, alongside representatives from the United Nations agencies. Authentic Myanmar coffee and an array of traditional breakfast delicacies were served at the event. See less
14/05/2026
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
(၁၄-၅-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီး မစ္စတာ အီစ်ကန်ဒဲ အာဇီဇော့ဖ်အား ၂၀၂၆ ခုနှစ်၊ မေလ ၁၄ ရက်၊ နံနက် ၁၀:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် အာဆီယံ-ရုရှား ဆက်ဆံရေး (၃၅)နှစ်ပြည့်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စရပ်များနှင့် အာဆီယံ-ရုရှား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ပိုမိုတိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။
ထို့ပြင် မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲကာလရှည်ကြာ နှစ်နိုင်ငံဆက်ဆံရေး ပိုမို ခိုင်မာရေးနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များကိုလည်း ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
**************
Union Minister for Foreign Affairs receives Ambassador of the Russian Federation to the Republic of the Union of Myanmar
(14-5-2026, Nay Pyi Taw)
Union Minister for Foreign Affairs, U Tin Maung Swe received Mr. Iskander Azizov, Ambassador Extraordinary and Plenipotentiary of the Russian Federation to the Republic of the Union of Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 14 May 2026 at 1000 hrs.
During the meeting, they cordially exchanged views on preparations for the ASEAN-Russia Commemorative Summit to mark the 35th Anniversary of ASEAN-Russia Relations in 2026 and the advancement of ASEAN-Russia Strategic Partnership.
Furthermore, they also discussed ways to further strengthen the longstanding friendly relations and intensify cooperation in various sectors between Myanmar and the Russian Federation.
10/05/2026
သတင်းထုတ်ပြန်ချက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ လွတ်လပ်၍တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောင်မြင်စွာ ကျင်းပခဲ့ပါ သည်။ အဆိုပါ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒဿမ၂၃ သန်းရှိသည့်အနက် ဆန္ဒမဲပေးသူ ၁၃ ဒဿမ ၁၃ သန်းကျော်သည် ၎င်းတို့၏ လွတ်လပ်သော ဆန္ဒသဘောထားများဖြင့် ဆန္ဒမဲပေးခဲ့ကြပြီး၊ ပြည်သူများက ရွေးချယ်ခဲ့သည့် လွှတ်တော်နှင့် လွှတ်တော်က ရွေးချယ်တင်မြှောက် သည့် နိုင်ငံတော် သမ္မတဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ပေါက်ခဲ့ပြီးဖြစ်ပါသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိုစဉ်အာဏာရအစိုးရက မဲမသမာမှုများကို ဆိုးရွားစွာ ပြုလုပ်ခဲ့ကြပြီး အဆိုပါရွေးကောက်ပွဲသည် တရားမျှတမှုမရှိကြောင်း နိုင်ငံရေးပါတီများနှင့် ပြည်သူ များက တောင်းဆိုမှုအရ စိစစ်စုံစမ်းခဲ့ရာ မဲပေးပိုင်ခွင့်ရှိသူ ၃၈ ဒဿမ၂ သန်း ကျော်အနက် မဲမသမာမှု ၁၁ ဒဿမ ၃ သန်း ကျော်ပေါ်ပေါက်ခဲ့ကြောင်း သိသာထင်ရှားစွာ စိစစ်တွေရှိခဲ့သဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။ မသမာသောနည်းလမ်းများ အသုံးပြု၍ အာဏာရယူလိုသည့် တာဝန်ရှိသူ များတွင် အဂတိအမှုနှင့် အခြားသောပြစ်မှုတို့ကို ကျူးလွန်ကြောင်း ထင်ရှားပေါ်လွင်သဖြင့် တရားဥပဒေ နှင့်အညီ တရားရုံးက ပြစ်မှုထင်ရှားစီရင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ဖြစ်၍ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအသစ်ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ပြန်လည်ကျင်းပခဲ့ရခြင်း ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုကို အာဆီယံနိုင်ငံ အများစု က နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်လိုသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် အနည်းငယ်သောနိုင်ငံများက မြန်မာအစိုးရအပေါ် ကန့်သတ်မှုများ၊ ခွဲခြားဆက်ဆံမှုများ၊ တန်းတူ ကိုယ်စားပြုမှုကို ချန်လှပ်ထားခြင်းများကို ဆက်လက်ပြုလုပ်ရန် ကြိုးပမ်းနေပြီး၊ အာဆီယံ ပဋိညာဉ်စာတမ်း အခန်း (၁)၊ အပိုဒ်(၂) ပါ အခြေခံမူများကို ဖောက်ဖျက်၍ အာဆီယံအဖွဲ့ဝင် တစ်နိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း၊ ဝေဖန်ပြောဆိုခြင်း၊ ဖိအားပေးခြင်းများကို ဆောင်ရွက် လျက် ရှိသည်ကို တွေ့ရှိရပါသည်။
မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏ လုပ်ငန်းစဉ်များကို အာဆီယံတူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် တာဝန်ယူမှုရှိသော အဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ ယန္တရားများနှင့် လှုပ်ရှားမှုများ အတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံ၏ တာဝန်ဝတ္တရား များကို အစဉ်တစိုက် ဖြည့်ဆည်းဆောင်ရွက်လျက်ရှိပါသည်။
လွန်ခဲ့သည့် ၅ နှစ်တာကာလအတွင်းက အာဆီယံနိုင်ငံအချို့၏ သဘောထားဖြင့် မြန်မာနိုင်ငံ အပေါ် ခွဲခြားဆက်ဆံမှုများ ပြုလုပ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် စိတ်ရှည်သည်းခံ၍ အာဆီယံ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ တာဝန်ဝတ္တရားများနှင့်အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အပြုသဘောမဆောင်သည့် ခွဲခြားဆက်ဆံမှုများကို နိုင်ငံတော်အစိုးရအသစ်လက်ထက်တွင် ဆက်လက် လုပ်ဆောင်ရန် ကြိုးပမ်းနေမှုများသည် ဒီမိုကရေစီနည်းလမ်းတကျ မဲပေးခဲ့သည့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားများကို လျစ်လျူရှုရာရောက်ပါသည်။
အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တူညီဆန္ဒမရရှိသေးလင့်ကစား မြန်မာနိုင်ငံ သည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံချင်းစီအလိုက် ထိတွေ့ဆက်ဆံမှုများကိုဆက်လက် ဆောင်ရွက်လျက်ရှိ ပါသည်။ မြန်မာနိုင်ငံ၏ အပြုသဘောဆောင်သော ဖြစ်ပေါ်တိုးတက်မှုများအပေါ် ထောက်ခံကူညီပေး ခဲ့သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံအများစုကို မြန်မာနိုင်ငံက ကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်။
မြန်မာနိုင်ငံအနေဖြင့် ပကတိအခြေအနေအပေါ်မူတည်၍ မိမိနိုင်ငံနှင့် ကိုက်ညီသည့် မြန်မာ ဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုင်းပြည်သာယာဝပြော ရေးနှင့် မြန်မာနိုင်ငံသားများ၏ အခြေခံအခွင့်အရေးနှင့် အကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်
********************
Press Statement
The Republic of the Union of Myanmar successfully held a free and fair multiparty democratic general election between December 2025 and January 2026. Out of 24.23 million eligible voters nationwide, more than 13.13 million cast their votes according to their own free will. As a result, a new government led by the President elected by the Parliament, chosen by the people has now assumed the responsibilities of the State.
In the 2020 general election, the then-ruling government committed severe electoral irregularities. Following complaints from political parties and the public regarding the lack of fairness in the election, investigation and verification were carried out. Due to the findings of significant irregularities involving over 11.3 million cases out of 38.2 million eligible voters, it was addressed according to the law. Consequently, those responsible for attempting to retain power through fraudulent means were duly prosecuted before the Court in accordance with the law, upon the establishment of clear and sufficient evidence of corruption and other criminal offences. Therefore, a new free and fair general election was held in December 2025.
The positive developments taking place in Myanmar have been well recognized by the majority of ASEAN Member States, many of which have expressed their readiness to further enhance engagement and cooperation with Myanmar. However, it is observed that a few Member States continue to maintain restrictions, discriminatory measures, and the exclusion of the Myanmar Government from equal representation, while interfering in Myanmar’s internal affairs through criticism and pressure, in violation of the fundamental principles enshrined in Article 2, Chapter I of the ASEAN Charter.
Since joining ASEAN in 1997, Myanmar has actively participated in ASEAN processes in accordance with the ASEAN consensus and principles. Furthermore, as a responsible Member State, Myanmar has consistently fulfilled its duties and obligations as an ASEAN Member State, including making annual contributions for ASEAN mechanisms and activities.
Over the past five years, despite facing unequal treatment arising from the positions of certain ASEAN Member States, Myanmar has exercised patience and continued to cooperate in accordance with its obligations as a Member State. Attempts to continue such non-constructive engagement with the new government of Myanmar disregard the genuine will of the Myanmar people, who exercised their democratic rights through lawful voting.
Although a consensus has yet to be reached on Myanmar within ASEAN, Myanmar continues to maintain bilateral engagements with ASEAN Member States. Myanmar deeply appreciates to the majority of ASEAN Members States that have supported the positive developments taking place in Myanmar.
Myanmar will continue to pursue peace, stability, prosperity, and the protection of the fundamental rights and interests of the people of Myanmar through a Myanmar-owned and Myanmar-led process aligned with the country’s prevailing circumstances.
Ministry of Foreign Affairs
Nay Pyi Taw
10 May 2026
10/05/2026
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၈-၅-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်သံအမတ်ကြီး မစ္စတာ တာရိခ် ကာရီးမ် အား ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်၊ ၁၅၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အစဉ်အလာရှိသည့်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်ရေး၊ ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့်ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်
******************
Union Minister for the Ministry of Foreign Affairs receives Ambassador of Pakistan to Myanmar (8-5-2026, Nay Pyi Taw)
U Tin Maung Swe, Union Minister for Foreign Affairs, received Mr. Tariq Karim, Ambassador of Pakistan to Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 8 May 2026 at 1500 hrs.
During the meeting, they held cordial discussion on matters relating to the strengthening of longstanding relations between the two countries, the promotion of trade and cooperation in various areas of mutual interests.
Ministry of Foreign Affairs
Nay Pyi Taw
Dated, 8 May 2026
10/05/2026
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးအား လက်ခံတွေ့ဆုံ (၇-၅-၂၀၂၆၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါ သံအမတ်ကြီး မစ္စတာ ဟာရီရှ်ချန်ဒရာ ဂီမီရေး အား ၂၀၂၆ ခုနှစ်၊ မေလ ၇ ရက်၊ ၁၇၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနှင့် နီပေါနိုင်ငံတို့အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ကောင်းမွန်သည့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ခဲ့ကြပြီး နှစ်နိုင်ငံအကြား အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်နိုင်မည့် နည်းလမ်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၇-၅-၂၀၂၆
*************************
Union Minister for the Ministry of Foreign Affairs receives Ambassador of Nepal to Myanmar (7-5-2026, Nay Pyi Taw)
U Tin Maung Swe, Union Minister for Foreign Affairs, received Mr. Harishchandra Ghimire, Ambassador of Nepal to Myanmar, at the Ministry of Foreign Affairs in Nay Pyi Taw on 7 May 2026 at 1700 hrs.
During the meeting, they exchanged views on existing ties of friendship and cordial relations between Myanmar and Nepal. They also discussed matters relating to expanding of mutually beneficial cooperation between the two countries.
Ministry of Foreign Affairs
Nay Pyi Taw
7-5-2026
04/05/2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
(၄-၅-၂၀၂၆၊ နိုင်ငံခြားရေးဝန်ကြီးဌာန)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာအဘ်ဟေး တာကူးရ် အား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၄-၅-၂၀၂၆ ရက်၊ ၁၇:၃၀ နာရီတွင် လက်ခံတွေ့ဆုံခဲ့ သည်။
ထိုသို့ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရေးနှင့် ကဏ္ဍစုံတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအတွက် ပိုမိုအားကောင်းခိုင်မာလာစေရန်တို့နှင့်စပ်လျဉ်း၍ အမြင် ချင်း ဖလှယ်ခဲ့ကြသည်။
အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအရာရှိကြီးများလည်း တက်ရောက်ခဲ့ကြသည်။
***************
Union Minister for Foreign Affairs receives Ambassador of India to Myanmar
(4-5-2026, Ministry of Foreign Affairs)
U Tin Maung Swe, Union Minister for Foreign Affairs received Mr. Abhay Thakur, Ambassador of the Republic of India to the Republic of the Union of Myanmar at the Ministry of Foreign Affairs in Nay Pyi Taw at 17:30 p.m on 4 May 2026.
During the meeting, they exchanged views on matters pertaining to the further promotion of bilateral relations and strengthening shared interests for mutual cooperation in various sectors between the two countries.
Also present at the meeting were respective officials of the Ministry of Foreign Affairs.
*******************
30/04/2026
PJ အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်၍ အလုပ်လုပ်ကိုင်နေသူများ မြန်မာနိုင်ငံသို့ ခွင့်ဖြင့်သွားရောက်ပြီး ပြည်ပသို့ပြန်လည်ထွက်ခွာရာတွင် လွယ်ကူလျင်မြန်စေရေးအတွက် မြန်မာသံရုံး၌ ထောက်ခံစာလျှောက်ထားရယူနိုင်ရေး အသိပေးကြေညာခြင်း
29/04/2026
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရအဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲကို နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ကျင်းပခဲ့ခြင်း
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းခြင်းနှင့် အစိုးရ အဖွဲ့၏ ရက်(၁၀၀) စီမံချက်ဆွေးနွေးပွဲ အခမ်းအနားကို ၂၉-၄-၂၀၂၆ ရက်၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ စတုရင်္ဂဗလခန်းမ၌ ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးကိုကိုကျော်နှင့် ဦးနိုင်မင်းကျော်၊ သံအမတ်ကြီးများ၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက ယနေ့ကျင်းပြုလုပ်သော အခမ်းအနားသည် နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုလွှတ်တော် ကတိသစ္စာပြုပွဲ အခမ်းအနား မိန့်ခွန်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည့် လမ်းညွှန်ချက်များကို ထပ်ဆင့်ရှင်းလင်းပြောကြားသည့် အခမ်းအနားဖြစ်ကြောင်း၊ အစိုးရအဖွဲ့၏ ဆောင်ရွက်ရမည့် လုပ်ငန်းများတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက အကောင်အထည်ဖော် ဆောင်ရွက်ရမည့် အချက် များပါဝင်ကြောင်း၊ နိုင်ငံတော်သည် လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒကို ကျင့်သုံးသည်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်၊ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်ဟူသော မူဝါဒကို ချမှတ်ထားကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် နိုင်ငံခြားရေး မူဝါဒ၏ အဓိပ္ပာယ်ဖော်ပြချက်များကို တိတိကျကျ သိရှိနားလည်ထားကြရန်နှင့် ယင်းမူဝါဒအပေါ် တွင် ရပ်တည်၍ ဆက်ဆံဆောင်ရွက် သွားရမည်ဆိုသည့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့် အညီ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
နိုင်ငံခြားရေးမူဝါဒနှင့်အညီ ဟန်ချက်ညီဖြစ်စေရေး၊ အာဆီယံအဖွဲ့နှင့် မိတ်ဖက် ဆက်ဆံရေး၊ ဒေသတွင်း အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ကဏ္ဍပေါင်းစုံ တွင် ဆက်ဆံရေးတိုးမြှင့်ရေးကိစ္စရပ်များကို နိုင်ငံတော်သမ္မတ၏ အဓိကလမ်းညွှန်ချက်များအဖြစ် ရက် (၁၀၀) စီမံကိန်းတွင် အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်လည်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပါဝင်နိုင်သည့်နေရာမှ ပါဝင်အကောင်အထည် ဖော်သွားရန်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စက်မှုကဏ္ဍ MSME ဖွံ့ဖြိုး အောင် ဆောင်ရွက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ နိုင်ငံသားများ ဥပဒေ အကာအကွယ်ရရှိရေး စသည့် ကဏ္ဍအသီးသီးတွင်လည်း လမ်းညွှန်ချက်နှင့် အညီ နိုင်ငံခြားရေးဝန်ထမ်းများအနေဖြင့် ပေါင်းစပ်ညှိနှိုင်း၍ ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ် ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့အပြင် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များဖြစ်သော တည်ငြိမ်အေးချမ်းမှု မရှိသေး သည့် နယ်စပ်ဒေသများမှ တိုင်းရင်းသားများအား ဥပဒေဘောင်အတွင်း နေထိုင်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားရေး၊ ကုန်ထုတ်လုပ်မှု မြှင့်တင်၍ ပို့ကုန်တိုးမြှင့်နိုင်ရေး၊ စိုက်ပျိုးရေးကိုအခြေခံ သည့် စက်မှုလယ်ယာ စိုက်ပျိုးရေးမှ ကုန်ချောများကို ပြည်ပသို့ တင်ပို့နိုင်ရေး စသည့် လမ်းညွှန်မှုများအပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနများနှင့် ဆက်စပ်၍ ပါဝင်အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ရက် (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်သွားသင့်သည့်ကိစ္စရပ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ဦးဆောင်၍ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများက ပေါင်းစပ်ညှိနှိုင်း
ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
25/04/2026
မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ
(၂၅-၄-၂၀၂၆ ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၅-၄-၂၀၂၆ ရက်၊ ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ထားရှိမှု၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန်ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေခြင်းကို တိုက်ဖျက်ရာ၌ နှစ်နိုင်ငံအိမ်နီးချင်းကောင်းပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာ မျက်နှာစာများတွင် အပြန်အလှန်ဆက်လက်ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို အသိအမှတ်ပြု အစဉ်တစိုက် ထောက်ခံပေးခြင်းနှင့် ကူညီပံ့ပိုးမှုများ အပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကိုထောက်ခံရပ်တည်ပါကြောင်း၊ တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင် အဆိုပြုထား သော ကမ္ဘာလုံးဆိုင်ရာ အစီအမံ လေး ခုကိုလည်းထာက်ခံပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက် လေး ချက်အား ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး အရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံမှ ပေးအပ်ခဲ့သော ငလျင်ဒဏ်ပြန်လည်ထူ ထောင်ရေးဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံနယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြောကြားခဲ့ပါ သည်။
မစ္စတာ ဝမ်ယိ က တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ် တစ်ရပ်ဖွဲ့စည်းနိုင်မှုအပေါ် ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည် ဖြစ်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို အခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုးနိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု ပိုမိုခိုင်မာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများအကြား သဘောတူညီချက်များကို ထိရောက်စွာအကောင်အထည်ဖော်ရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ ကဏ္ဍစုံတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပါ ကြောင်းနှင့် နှစ်နိုင်ငံအကြားရှိ စီမံကိန်းများကို အရှိန်အဟုန်မြှင့်၍ တိုးချဲ့ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးများနှင့် သီလရှင် ကျောင်းများအတွက် တရုတ်နိုင်ငံအစိုးရမှ လှူဒါန်းသည့် အသင့်နေအိမ်များ လွှဲပြောင်းလက်ခံခြင်း ဆိုင်ရာ စာလွှာလဲလှယ်ခြင်းနှင့် မြန်မာအာကာသအေဂျင်စီနှင့် တရုတ်အမျိုးသား အာကာသစီမံ ခန့်ခွဲမှုဌာနတို့အကြား အာကာသပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသ ဟင်းလင်းပြင် ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာ နည်းလည်မှုစာချွန်လွှာ လဲလှယ်ခြင်းတို့ကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင် ပြုလုပ်ခဲ့သည်။
ဆက်လက်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရို အဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Jasmine Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။