Myanmar Embassy, Paris

Myanmar Embassy, Paris

Partager

Informations de contact, plan et itinéraire, formulaire de contact, heures d'ouverture, services, évaluations, photos, vidéos et annonces de Myanmar Embassy, Paris, Organisation gouvernementale, 60, Rue de Courcelles, Paris.

29/05/2026

အသိပေးအပ်ပါသည်။

Photos from Myanmar Embassy, Paris's post 21/05/2026

ပါရီမြို့ရှိ အာဆီယံ သံအမတ်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၊ အမှုဆောင်ဒါရိုက်တာ တို့အကြား ပြုလုပ်သည့် အလုပ်သဘော နေ့လယ်စာစားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး တက်ရောက် (၂၁-၅-၂၀၂၆ ရက်၊ ပါရီမြို့)

ပါရီမြို့ရှိ စင်ကာပူသံအမတ်ကြီး H.E. Mr. Umej Bhatia ဦးဆောင်၍ အာဆီယံ သံအမတ်ကြီးများနှင့် ပါရီမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (International Energy Agency - IEA) မှ အမှုဆောင်ဒါရိုက်တာ Dr. Fatih Birol တို့အကြား ဒေသတွင်းစွမ်းအင်အကျပ်အတည်းနှင့် စွမ်းအင်လုံခြုံရေးဆိုင်ရာ အလုပ် သဘော နေ့လယ်စာစားပွဲကို ၂၀-၅-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသတွင်းစွမ်းအင်ဖွံ့ဖြိုးတိုးတက်မှုများ၊ လက်ရှိစွမ်းအင်အကျပ်အတည်းနှင့် အရှေ့တောင်အာရှဒေသအပေါ် သက်ရောက်မှုများ၊ IEA ၏ အရှေ့တောင်အာရှဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှု ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပါရီမြို့ရှိ အာဆီယံသံရုံးများနှင့် IEA တို့အကြား စွမ်းအင်ကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
IEA သည် ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ပါရီမြို့တွင် ရုံးစိုက်၍ စွမ်းအင်လုံခြုံရေး၊ သန့်ရှင်းသော စွမ်းအင်အဖြစ်ပြောင်းလဲရေးနှင့် ရေရှည်တည်တံ့သော စွမ်းအင်စနစ်ဖြစ်ရေးတို့အတွက် အစိုးရများကို ပံ့ပိုးပေးနေသည့် စွမ်းအင်ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်တွင် ပါရီမြို့ပြင်ပ၌ ၎င်း၏ပထမဆုံး ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစင်တာကို စင်ကာပူမြို့တွင် တည်ထောင်ခဲ့ပါသည်။

Charge’ d’Affaires/ Ambassador of Myanmar in Paris attends the Working Luncheon between ASEAN Ambassadors and Executive Director of the IEA (21 May 2026, Paris)
A working luncheon on Energy Security in Southeast Asia was held on 20 May 2026 between ASEAN Ambassadors and Dr. Fatih Birol, Executive Director of the International Energy Agency (IEA). The event was hosted by H.E. Mr. Umej Bhatia, Ambassador of Singapore to France. The luncheon was attended by U Kyaw Nyun Oo, Chargé d’Affaires/ Ambassador of the Embassy of the Republic of the Union of Myanmar in Paris, alongside Ambassadors from other ASEAN Embassies and senior officials from the IEA.
During the luncheon, participants exchanged views on global and regional energy developments, the ongoing energy crisis and its implications for Southeast Asia, ways to further strengthen IEA’s regional cooperation with Southeast Asia, and opportunities to enhance engagement between ASEAN Embassies in Paris and the IEA on energy-related issues.
Established in 1974 and headquartered in Paris, the IEA is a leading international organization dedicated to promoting energy security, the clean energy transition, and sustainable energy systems. To further strengthen its engagement in the region, the IEA recently established its first-ever regional cooperation centre in Singapore in 2025, marking its first official office outside of Paris.

16/05/2026

Myanmar to Nominate Htamanè Culture for UNESCO Listing in 2027.
Global New Light Of Myanmar, 16 May 2026

16/05/2026

Myanmar, India, Thailand launch joint UNESCO World Heritage bid for Mahabodhi temples

Global New Light Of Myanmar, 15 May 2026

Photos from Myanmar Embassy, Paris's post 05/05/2026

ယူနက်စကို၌ ကျင်းပသည့် ဗုဒ္ဓနေ့အခမ်းအနားသို့ မြန်မာသံရုံး၊ ပါရီမြို့မှ ပါဝင်ဆင်နွှဲ
(၄-၅-၂၀၂၆ ရက်၊ ပါရီမြို့)
ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ ယူနက်စကိုဌာနချုပ်၌ ဗုဒ္ဓနေ့ (Vesak Day) အခမ်းအနားကို “Let Us Make Haste to Stand Together for the Common Good” ခေါင်းစဉ်ဖြင့် ၂၀၂၆ ခုနှစ်၊ မေလ ၄ ရက် ညနေပိုင်းတွင် ယူနက်စကိုဆိုင်ရာ သီရိလင်္ကာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ဦးဆောင် ကျင်းပခဲ့ရာ မြန်မာသံရုံး/ယူနက်စကိုဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးယာယီ တာဝန်ခံ/သံအမတ်ကြီး ဦးကျော်ညွန့်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ ယင်းအခမ်းအနားတွင် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓစင်တာ ဥက္ကဋ္ဌ ဆရာတော် Ven. Parawahera Chandrarathana Thero နှင့် ယူနက်စကို ယဉ်ကျေးမှုကဏ္ဍ၊ ယာယီလက်ထောက်ညွှန်ကြားရေးမှူးချုပ် Mr. Lazare Eloundou Assomo တို့က ဗုဒ္ဓနေ့အကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ယဉ်ကျေးမှုအကများ၊ ရိုးရာအစားအစာများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး မြန်မာသံရုံး၊ ပါရီမြို့မှ မြန်မာ့အစားအစာ မုန့်ဟင်းခါး၊ ဆနွင်းမကင်းတို့ဖြင့် တက်ရောက်လာကြသော ဧည့်သည်များ အား ဧည့်ခံခဲ့ပါသည်။
ထို့အပြင် မြန်မာသံရုံး၊ ပါရီမြို့အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းသို့ အမည်စာရင်းတင်သွင်းထားသည့် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့နှင့် ၂၀၂၇ ခုနှစ်အတွက် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းသို့ အဆိုပြုတင်ပြထားသည့် မြန်မာ့ လက်ဖက်ယဉ်ကျေးမှုဓလေ့တို့ကို သိရှိစေရန် အလေးထားပြသခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယူနက်စကိုမှ တာဝန်ရှိသူများ၊ ယူနက်စကိုဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ်များ၊ သံတမန်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ ကြကြောင်း သိရှိရပါသည်။

Myanmar Embassy in Paris participates Cultural Evening Commemorating the International Day of Vesak at UNESCO
(4 May 2026, Paris)

The Vesak Day celebration organized by the Permanent Delegation of Sri Lanka to UNESCO was held at the UNESCO Headquarters in Paris in the evening of 4 May 2026, under the theme “Let Us Make Haste to Stand Together for the Common Good” and was attended by U Kyaw Nyun Oo, Chargé d’Affaires/Ambassador of the Myanmar Embassy/ Myanmar Permanent Delegation to UNESCO in Paris. On the celebration, Ven. Parawahera Chandrarathana Thero, Chief Incumbent of the International Buddhist Centre, and Mr. Lazare Eloundou Assomo, Assistant Director-General for Culture a.i. of UNESCO addressed about the Vesak Day, and then followed by a cultural show and a culinary reception. Myanmar Embassy in Paris served the guests with Myanmar Cuisine – Mo Hin Ga (Myanmar Rice Noodle Fish Soup) and Sa-nwin Ma-Kin (Myanmar Semolina Cake). Fifteen countries took part in the Vesak Day celebration by presenting cultural performances and offering traditional foods to guests.
In addition, the Myanmar Embassy showcased “Practice of Thanakha Culture in Myanmar”, which has been nominated for inscription on UNESCO’s Representative List of the Intangible Cultural Heritage of Humanity for 2026, as well as “Myanmar Laphet (Fermented Tea Leaves) Culture”, submitted for the 2027 cycle, in order to understand Myanmar’s rich culture.
The event was attended by UNESCO officials, Permanent Delegates to UNESCO, diplomats and invited guests.

*********

Photos from Myanmar Embassy, Paris's post 28/04/2026

မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက ပါရီမြို့ရှိ အာဆီယံကော်မတီအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းလက်ခံ
(၂၈-၄-၂၀၂၆ ရက်၊ ပါရီမြို့)

ပါရီမြို့ရှိ အာဆီယံကော်မတီအစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်၊ ဒေသစံတော်ချိန် ၁၀၀၀ နာရီတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားသံအမတ်ကြီးမှ ကျင်းပပြုလုပ်ခဲ့ရာ ပါရီမြို့ အခြေစိုက် အာဆီယံသံရုံး အကြီးအကဲများနှင့်အတူ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် ပါရီမြို့ရှိ အာဆီယံကော်မတီ၏ ဆောင်ရွက်ချက်များ၊ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များနှင့် ၂၀၂၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံက အာဆီယံအဖွဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို အာဆီယံသံရုံး အကြီးအကဲ များအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပါရီမြို့ရှိ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို မလေးရှားသံအမတ်ကြီးမှ မြန်မာသံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီးက အလှည့်ကျဥက္ကဋ္ဌတာဝန်ကို လွှဲပြောင်းရယူပြီးနောက် မြန်မာနိုင်ငံအနေဖြင့် ပါရီမြို့ရှိ အာဆီယံ ကော်မတီ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ်ကာလအတွင်း အာဆီယံနိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများကို ပိုမိုမြှင့်တင်နိုင်ရေးဆောင်ရွက်သွားရန် ရည်မှန်းထားပါကြောင်း၊ ပါရီမြို့ရှိ အာဆီယံနိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုနှင့် စည်းလုံး ညီညွတ်မှုကို ဆက်လက်ထိန်းသိမ်း၍ အဖွဲ့နိုင်ငံများအားလုံးနှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် အလေးထားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

Chargé d'Affaires/Ambassador of Myanmar assumes Chairmanship of ASEAN Committee in Paris (ACP)
(28-4-2026, Paris)
The ASEAN Committee in Paris (ACP) Meeting chaired by the Ambassador of Malaysia was held at 1000 hrs (local time) on 28 April 2026, and attended by Mr. Kyaw Nyun Oo, Chargé d´Affaires/ Ambassador of the Embassy of the Republic of the Union of Myanmar, together with the Heads of Mission of the ASEAN Member States in Paris. During the meeting, the Heads of Missions of the ASEAN Member States exchanged views on the ACP’s activities over the past months and the upcoming program as well as the updates of ASEAN’s activities in 2026 under the Chairmanship of the Philippines.
Following the discussions, the Ambassador of Malaysia handed over the ACP Chairmanship to the incoming Chair, the Ambassador of Myanmar. After assuming the ACP Chairmanship, Myanmar’s Chargé d’Affaires/ Ambassador emphasized that, during its tenure, Myanmar aims to further promote the cultures and traditions of ASEAN, and to continue strengthening friendship and unity among ASEAN countries in Paris through close collaboration with all Member States.

Photos from Myanmar Embassy, Paris's post 04/02/2026

ပါရီမြို့ရှိ အာဆီယံကော်မတီက ကျင်းပသည့် ဘရူနိုင်းသံအမတ်ကြီးအား နှုတ်ဆက်နေ့လယ်စာ စားပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီး တက်ရောက် (၄-၂-၂၀၂၆ ရက်၊ ပါရီမြို့)



ပါရီမြို့ရှိ အာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ မလေးရှားသံအမတ်ကြီး Mr. Datuk Eldeen Husaini Mohd Hashim ကတာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည် ဘရူနိုင်းသံအမတ်ကြီး Ms. Datin Paduka Rakiah Abdul Lamitအတွက် နှုတ်ဆက်နေ့လယ်စာ စားပွဲကို ၄-၂-၂၀၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာသံရုံး၊ ပါရီမြို့မှ သံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ညွန့်ဦးသည် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့်အတူ တက်ရောက်ခဲ့ပါသည်။ အဆိုပါနှုတ်ဆက်ပွဲတွင် ပါရီမြို့ရှိအာဆီယံကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌ၊ မလေးရှားသံအမတ်ကြီးက ဘရူနိုင်းသံအမတ်ကြီး၏ ပါရီမြို့တွင် တာဝန်ထမ်းဆောင်စဉ် အာဆီယံ ဆိုင်ရာ လှုပ်ရှားမှုများ၌ အစဉ်အမြဲတက်ကြွစွာ ဦးဆောင်ဦးရွက်ပြုခဲ့မှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် အမြဲအောက်မေ့သတိရနေမည်ဖြစ်ကြောင်း ပြောကြား၍ အမှတ်တရဂုဏ်ပြု လက်ဆောင် ပေးအပ်ခဲ့ပါသည်။



Charge’ d’Affaires / Ambassador of Myanmar in Paris attends the Farewell Luncheon for Brunei Ambassador hosted by ASEAN Committee in Paris - ACP (4 February 2026, Paris)

The farewell luncheon for departing Ambassadors of Brunei,Ms. Datin Paduka Rakiah Abdul Lamit, was hosted byAmbassador of Malaysia, Mr. Datuk Eldeen Husaini MohdHashim, Chair of the ASEAN Committee in Paris, on 4 February 2026. It was attended by U Kyaw Nyun Oo, Charge’ d’Affaires / Ambassador of the Embassy of the Republic of the Union of Myanmar, together with the Ambassadors andCharge’ d’Affaires a.i. of the Missions of ASEAN countries.During the luncheon, the Chair of the ASEAN Committee in Paris, Ambassador of Malaysia, expressed appreciation for the close cooperation and valuable contributions extended by Ambassador of Brunei throughout her tenure in Paris, and commended her active leadership and consistent engagement in ASEAN-related activities, noting that her efforts would be long remembered. Commemorative gift was also presented to Ambassador of Brunei in recognition of her service.

01/02/2026
Vous voulez que votre entreprise soit Service Du Gouvernement la plus cotée à Paris ?

Cliquez ici pour réclamer votre Listage Commercial.

Emplacement

Téléphone

Adresse


60, Rue De Courcelles
Paris
75008

Heures d'ouverture

Lundi 09:30 - 16:30
Mardi 09:30 - 16:30
Mercredi 09:30 - 16:30
Jeudi 09:30 - 16:30
Vendredi 09:30 - 16:30