မိတ်ဆက်မှာထဲက Cook နေပြီနော်
နာမည်တပ်ပြီးပြောပိုင်ခွင့်မရှိ ဟီးဟီး 🥹
The Crown - Myanmar
⚜️ The Crown Must Always Win, Must Win ⚜️ The Crown Myanmar is the official fan page of Netflix most awards winning show “ The Crown”
02/06/2026
⚜️ ဝေလမင်းသမီး HRH Catherine (Kate Middleton) ရဲ့ ပြီးခဲ့တဲ့လတုန်းက Reggio Emilia, Italy ကို ၂ ရက်တာခရီးစဉ်ဖြင့် သွားရောက်ခဲ့ပြီးတော့ Reggio Emilia မှာနာမည်ကျော်ကြားတဲ့ ကလေးဘဝအအစောပိုင်းပညာသင်ကြားမှုပုံစံကိုသွားရောက်လေ့လာခဲ့ပြီး ဒေသခံကျောင်းများမှ မူကြိုကလေးငယ်များနှင့် အတူအချိန်ကုန်ဆုံး ဆော့ကစားခဲ့တဲ့ ပုံရိပ်များပဲဖြစ်ပါတယ်။
02/06/2026
⚜️ ဒီနှစ်ရဲ့ Pride Month လေးမှာတော့ Historical related knowledge sharing content အနေဖြင့် ယခင်နှစ်တွေတုန်းက မျှဝေခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြန်လည်ဖြည့်စွက်ပြင်ဆင်၍ မျှဝေပေးချင်ပါတယ်ခင်ဗျ။ ကျနော်တို့ တော်တော်များများဟာ ယခု post ထဲမှာပါရှိတဲ့ ရုပ်ထုပုံကို တစ်နေရာရာမှာ မြင်ကိုမြင်ဖူးကြပါတယ်။ အထူးသဖြင့် အခုလက်ရှိမှာ သမိုင်းဝင်ရုပ်ထုများအဖြစ် ရှင်ကျန်ရစ်နေတဲ့ Roman era ဟာ Statutes တွေဟာဆိုရင် တစ်ခုနဲ့တစ်ခု မျက်နှာတွေက အမျိုးသားတစ်ယောက်ထဲရဲ့ပုံကို ထုဆစ်ထားသလို တူနေတာကိုသတိထားမိနိုင်ပါတယ်။ ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီးတော့ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ကို Pride Month မှာ ဗဟုသုတရစေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
[ပုံအောက်တွင် စာများအားဆက်လက်ဖတ်ရှု့နိုင်ပါသည်]
31/05/2026
⚜️ အမြင်ဆန်းမယ့် Princess Diaries 3 ⚜️
- 2001 နဲ့ 2004 ခုနှစ်ကထွက်ရှိခဲ့တဲ့ Princess Diaries film series ရဲ့ Prequel ဖြစ်တဲ့ Princess Diaries 3 ဟာဆိုရင် Main Cast ဖြစ်တဲ့ Genovia နိုင်ငံရဲ့ဘုရင်မကြီး Mia Thermopolis အဖြစ် Anne Hathaway ဟာပြန်လည်သရုပ်ဆောင်မှာဖြစ်သူ တစ်ခြားသော မူရင်းသရုပ်ဆောင်များအားလုံးဟာလဲ ပြန်လည်ပါဝင်မယ်လို့သိရပါတယ်။ Princess Diaries 3 ကိုရိုက်ကူးမယ့် Director Adele Lim (Crazy Rich Asians ရုပ်ရှင်ရဲ့ Co-writer) ကတော့ Princess Diaries 3 ကို ရှေ့ကထွက်ခဲ့တဲ့ ၂ ကားနဲ့မတူပဲ တစ်မျိုးဆန်းသစ်အောင်ရိုက်ကူးမယ်လို့ဆိုထားပါတယ်။ ရှေ့က ၂ ကားမှာက မိန်းကလေးငယ်တွေရဲ့ Princess Fantasy အတွက်ဦးစားပေးပြီးတော့ရိုက်ကူးခဲ့တာမျိုးဖြစ်ပြီးတော့ အခုထွက်မယ့်ရုပ်ရှင်မှာတော့ လူငယ်ဆန်တာတွေ အချစ်ရေးတွေနဲ့ Princess Fantasy တွေမဟုတ်တော့ပဲ ဘုရင်မတစ်ပါးဖြစ်နေပြီဖြစ်တဲ့ Mia ရဲ့ adult ဘဝအခက်အခဲတွေကို struggle လုပ်ပုံ၊ ဘုရင်မတစ်ပါးအနေနဲ့ အာဏာကိုဘယ်လိုအသုံးချမလဲဆိုတာတွေကိုပဲ အဓိက focus လုပ်ရိုက်ကူးသွားမယ်လို့သိရပါတယ်။ Princess Fantasy အတွက် ရုပ်ရှင်တွေအများကြီးရှိပေမယ့် Queen Fantasy အတွက်တော့ ရုပ်ရှင်တွေအများကြီးမရှိသေးဘူး အဲ့တာကြောင့်အခုကားမှာ အသက်ကြီးလာပြီဖြစ်တဲ့ Princess Diaries ရဲ့မူလ fan တွေအတွက်ရော မင်းသမီးမဖြစ်ချင်ပဲ ဘုရင်မပဲလုပ်ချင်တဲ့ကလေးတွေအတွက်ရော သူတို့ရဲ့ Queen Fantasies က်ိုဖြည့်ဆည်းပေးနိုင်မယ့် ရုပ်ရှင်မျိုးရိုက်ကူးပေးမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီရုပ်ရှင်မှာ Original Genovia တိုင်းပြည်ကိုပြန်လည်မြင်တွေ့ရမှာဖြစ်သလို Europe တစ်ဝိုက်မှာ ရုပ်ရှင်ရိုက်ကူးဖို့အတွက်လဲ အစီစဉ်တွေစဆွဲနေပြီလို့သိရပါတယ်။ leaked rumors တွေအရတော့ ဒီကားမှာ Mia ရဲ့ အဖွားဖြစ်တဲ့ Former Queen Clarisse Renaldi ( Julie Andrews ) ဇာတ်ကောင်ကိုနောက်ဆုံးမြင်တွေ့ရမယ့် နောက်ဆုံးရုပ်ရှင်လို့လဲဆိုထားကြပါတယ်။ Princess Diaries 3 ရဲ့ release date ကိုတော့ အတည်မပြုထားပေမယ့် 2027 အတွင်းမှာ ရုံတင်မယ်လို့တော့ ခန့်မှန်းရပါတယ်။
29/05/2026
⚜️🇧🇪ဘယ်လ်ဂျီယံ အိမ်ရှေ့စံမင်းသမီး ဟားဗတ်တက္ကသိုလ်မှ မဟာဘွဲ့ ရရှိ
အနာဂတ်ရဲ့ ဘယ်လ်ဂျီယံဘုရင်မလေး ဖြစ်လာမယ့် မင်းသမီး အဲလစ်ဇဘက် (Princess Elisabeth) ဟာ အမေရိကန်ပြည်ထောင်စုရဲ့ နာမည်ကျော် ဟားဗတ်တက္ကသိုလ် (Harvard University) ကနေ ပြည်သူ့ရေးရာမူဝါဒ မဟာဘွဲ့ (Master's in Public Policy) ကို သွားခဲ့ပါပြီ။ Brabant နယ်စားမ လည်းဖြစ်တဲ့မင်းသမီးဟာ သူ့ရဲ့ bachelor ဘွဲ့ကိုတော့ Oxford University ကတော့ လွန်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကရရှိခဲ့တာပါ။
12/05/2026
⚜️ တော်ဝင်မင်းသမီးမှ အရပ်သူဘဝသို့ ⚜️
- ဂျပန်တော်ဝင်မိသားစုရဲ့ အိမ်ရှေ့စံမင်းသားဖြစ်သူ Crown Prince Fumihito နဲ့ Crown Princess Kiko တို့ရဲ့အကြီးဆုံးသမီးကြီးဖြစ်သူ Mako Komuro ဟာဆိုရင် သူမရဲ့ချစ်သူ သာမန်အရပိသားကို လက်ထပ်နိုင်ဖို့အတွက် တော်ဝင်ဂုဏ်ပုဒ်တွေနဲ့ တော်ဝင်မိသားစုကို စွန့်ခွါသွားခဲ့တာ ၅ နှစ်ကျော်သွားခဲ့ပါပြီ။ 2021 ခုနှစ် October 26 မှာ Mako ဟာ သူ့ရဲ့ချစ်သူ Kei Komuro နဲ့ သာမာန်အခမ်းအနားလေးတစ််ခုနဲ့လက်ထပ်ခဲ့ကြပြီးတော့ ဂျပန်တော်ဝင်မိသားစုဘက်ကပေးတဲ့ မင်္ဂလာလက်ဖွဲ့ငွေ ကန်ဒေါ်လာ 1.3 million ကိုလဲငြင်းဆန်ကာ New York ကိုပြောင်းရွှေ့ပြီး နှစ်ယောက်သားဘဝသစ်ကို စတင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အစပိုင်းမှာတော့ အလုပ်ရှာရဖွေရခက်တာတွေဖြစ်ပြီး နှစ်ယောက်သားအိမ်ထောင်ရေးအဆင်မပြေဘူး စသည်ဖြင့် သတင်းမျိုးစုံထွက်ခဲ့ပေမယ့် အခုတော့ Kei ဟာ 2022 မှာ ရှေ့နေစာမေးပွဲအောင်မြင်ခဲ့ပြီး New York မှာ ရှေ့နေတစ်ယောက်အဖြစ်လုပ်ကိုင်နေသလို Mako ဟာလဲ ပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပြီး သူတို့ရဲ့သားလေးဟာလဲ အခုဆို 11-12 လ ပတ်ဝန်းကျင်ရှိနေပြီလို့သိရပါတယ်။ လက်ရှိမှာတော့ Mako တို့မိသားစုဟာ Connecticut ကိုပြောင်းရွှေ့နေထိုင်နေပြီး အနီးနားရှိ စျေးဝယ် center တစ်ခုမှာ မိသားစုပျော်ရွှင်စွာ စျေးဝယ်ထွက်နေတဲ့ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အချစ်ဟာ ဂုဏ်ဒြပ်တွေကိုပါ စွန့်လွှတ်စေတဲ့အထိ ဆန်းကျယ်ပါတယ်။
12/05/2026
⚜️လန်ဒန်မြို့လယ်ခေါင်ရှိ Buckingham နန်းတော်ကြီးရဲ့ အနောက်ဘက် ဥယျာဉ်ကြီးမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ Garden Party အခမ်းအနားကို တက်ရောက်လာခံ့တဲ့ ဝေလမင်းသမီး Princess Catherine (Kate Middleton) ရဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ 🤍
10/05/2026
⚜️🇸🇪 အိမ်ရှေ့စံအဖြစ် ၇လသာ စံခဲ့ရတဲ့ မင်းသား
⚜️ ရုပ်ရည်ချောမောမှုကြောင့် အမြဲရေပန်းစားလေ့ရှိတဲ့ ဆွီဒင်မင်းသား ဗမ်းလန်ဒ်နယ်စားကြီး ကားလ်ဖိလစ် Carl Philip, Duke of Värmland ကို တော်တော်များများသိကြမှာပါ။ သူဟာ လက်ရှိမှာ ထီးနန်းဆက်ခံခွင့် စတုတ္ထနေရာမှာ ရှိနေပေမဲ့၊ တစ်ချိန်ကတော့ ဆွီဒင်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား Crown Prince ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ သူဟာ ဒီရာထူးကို ၇ လခန့်သာ ပိုင်ဆိုင်ခဲ့ရပါတယ်။
⚜️မင်းသား ကားလ်ဖိလစ် ကို ၁၉၇၉ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ ဆွီဒင်ဘုရင်သောဠသမမြောက် ကားလ် Carl XVI Gustaf နဲ့ မိဘုရားကြီး ဆေးလ်ဗီယား Queen Silvia တို့ကနေ မွေးဖွားခဲ့ပါတယ်။ သူ့အထက်မှာ အစ်မတော် မင်းသမီး ဗစ်တိုးရီးယား Victoria ရှိပေမဲ့၊ အဲဒီအချိန်က ဆွီဒင်နိုင်ငံရဲ့ ထီးနန်းဆက်ခံမှုဥပဒေအရ အမျိုးသား (သားတော်) ကိုသာ ဦးစားပေးတဲ့အတွက် ကားလ်ဖိလစ် ဟာ မွေးဖွားကတည်းက ဆွီဒင်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသား (Crown Prince of Sweden) ဖြစ်လာခဲ့ပါတယ်။
⚜️ သူမွေးဖွားပြီး သိပ်မကြာခင် ၁၉၈၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ ဆွီဒင်လွှတ်တော်က ထီးနန်းဆက်ခံမှုဥပဒေကို သမိုင်းဝင် ပြင်ဆင်ပြဋ္ဌာန်းခဲ့ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ "သား၊ သမီး မရွေး ပထမဆုံးမွေးဖွားသူကသာ ထီးနန်းဆက်ခံခွင့်ရှိရမယ်" (Absolute Primogeniture) ဆိုတဲ့ စနစ်ကို ဥရောပမှာ ပထမဆုံးအဖြစ် ပြောင်းလဲကျင့်သုံးခဲ့ပါတယ်။ဒီဥပဒေသစ်ဟာ အသက်ဝင်လာတဲ့အတွက် မင်းသား ကားလ်ဖိလစ် ဟာ အိမ်ရှေ့စံဘဝနဲ့ ၇ လကျော် (၁၉၇၉ မေလ မှ ဒီဇင်ဘာလအထိ) သာ နေထိုင်ခဲ့ရပြီးနောက်၊ သူ့ရဲ့ အစ်မတော် မင်းသမီး ဗဟ်တိုးရီးယားထံကို အိမ်ရှေ့စံရာထူး လွှဲပြောင်းပေးခဲ့ရပါတယ်။ ထိုအချိန်မှစပြီး မင်းသမီး ဗဟ်တိုးရီးယား ဟာ တရားဝင် အိမ်ရှေ့စံမင်းသမီး (Crown Princess) ဖြစ်လာခဲ့ပြီး မင်းသား ကားလ်ဖိလစ် ကတော့ ထီးနန်းဆက်ခံခွင့် ဒုတိယနေရာကို ရောက်ရှိသွားခဲ့ပါတယ်။
⚜️ငယ်စဉ်ကတည်းက အိမ်ရှေ့စံရာထူးကနေ ဖယ်ရှားခံခဲ့ရပေမဲ့ မင်းသား ကားလ်ဖိလစ်ဟာ အစ်မဖြစ်သူ အိမ်ရှေ့စံမင်းသမီးကို အမြဲအကောင်းဆုံး ပံ့ပိုးကူညီပေးလေ့ရှိတဲ့ မောင်နှမတွေအဖြစ် ကြီးပြင်းလာခဲ့ပါတယ်။ လက်ရှိမှာတော့ သူဟာ ဗမ်းလန်ဒ်နယ်စားကြီး Duke of Värmland ဆိုတဲ့ ဘွဲ့ကို ရရှိထားပါတယ်။မင်းသားဟာ မော်ဒယ်ဟောင်း မင်းသမီး ဆိုဖီယာ နဲ့ ချစ်ချစ်ခင်ခင် လက်ထပ်ထားပြီး သားတော် ၃ ပါး သမီးတော် ၁ပါး ထွန်းကားကာ ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားပါတယ်။ ဒါ့အပြင် သူဟာ ကားပြိုင်ပွဲတွေ၊ အနုပညာနဲ့ ဒီဇိုင်းပိုင်းဆိုင်ရာတွေမှာ အထူးဝါသနာပါပြီး တက်တက်ကြွကြွ ပါဝင်လှုပ်ရှားနေသူလည်း ဖြစ်ပါတယ်။
Click here to claim your Sponsored Listing.
Location
Category
Website
Address
St. James
London
SW1
