မေလ၁၉က်နေ့ ကနီမြို့နယ်အတွင်းက စစ်ကောင်စီလှုပ်ရှားမှု့သတင်းအပြည့်စုံ
မေလ၁၈ရက်နေ့ညနေပိုင်းက ချောင်းမအနောက်ရွာမှာ တပ်ပြန်ခေါက်တဲ့ စစ်ကောင်စီတပ်တွေဟာ ချောင်းမအနောက်ရွာကို ဝင်ရောက်မွှေနောက်ရှာဖွေဖြတ်စီးတာတွေပြုလုပ်ခဲ့ပြီး ဒီနေ့မေလ၁၉ရက်နေ့မှာ ချောင်းမအနောက်ရွာကနေ မြောက်ဘက်မှာရှိတဲ့ သင့်ဝင်ရွာနဲ့ မင်းမကျေးရွာတွေစီကိုစစ်ကြောင်း၂ကြောင်းခွဲပြီး ယာယီ တပ်ဆွဲတာတွေ လက်တစ်လောပြုလုပ်နေထိုင် နေတယ်လို့ ဒေသခံရွာသားတွေစီကနေသိရပါတယ်။
အဲဒီစစ်ကြောင်းကို နောက်ထောက်လုပ်နိုင်ဖို့ဒီနေ့ မေလ၁၉ရက်နေ့မှာ နမခတပ်ကနေနဲ့ စစ်ကားလေးစီးနဲ့ ရွှေတောင်ဦးကုန်း၊အောင်ဇေယျရပ်ကွက်မှာရှိတဲ့ သီတဂူဘုန်တော်ကြီးကျောင်းထဲတပ်ချခဲ့တာတွေပြုလုပ်ခဲ့ပါတယ်။အဆိုပါစစ်ကောင်စီတပ်တွေကတော့ လက်ရှိနောက်ဆုံးရဒေသခံတွေပြောပြချက်အရ သီတဂူကျောင်းကနေနဲ့ ဘန့်ဘွေးရွာမပျူစခန်းမှာ ယာယီတပ်ချနေတယ်လို ဆိုပါတယ်။
စစ်ကြောင်းသတင်းများကို အချိန်နဲ့တစ်ပြေးညီဒေသခံများသိရနိုင်ဖို့ ကြိုးစားတင်ပြပေးသွားပါမယ်။
#ကနီသားများ၏ရင်တွင်းအသံ
United Revolutionary Forces K.B
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from United Revolutionary Forces K.B, London.
ကနီမြို့နယ် ချောင်းမအရှေ့ရွာကနေ ထွက်တဲ့စစ်ကြောင်းဟာ နေ့လည်ပိုင်းက ရွာပြင်ကိုအထွက်ပြီး ညနေပိုင်းမိုးရွာလာတာကြောင့် နောက်ကြောင်းပြန်ခေါက်လာကာ ချောင်းမအနောက်ရွာအတွင်း ပြန်လည်ဝင်ရောက်တပ်ဆွဲညအိပ်နေတယ်လိူ့ ဒေသခံတွေစီကနေသိရပါတယ်။
ချောင်မအုပ်စုအတွင်းက အောင်မင်္ဂလာရွာ၊သင့်ဝင်ရွာ၊မင်းမရွာ၊သမင်ခြံရွာက စစ်ဘေးရှောင်များ စစ်ကြောင်းနဲ့ မတွေအောင် ဘေးလွတ်ရာကို အမြန်ဆုံးပြောင်းရွေ့နေထိုင်ကြဖို့ အသိပေးနိုးဆော်အပ်ပါတယ်။
စစ်ကြောင်းနဲ့ထိပ်တိုက်တွေ့ခဲ့တဲ့ ချောင်းမအရှေ့ရွာက ဒေသခံအချို့စီက အနိုင်ကျင့်လုယူတာတွေရှိခဲ့တယ်လို့လည်း အနိုင်ကျင့်ခံရသူတွေနဲ့ နီးစပ်သူတွေရဲ့ပြောပြချက်အရသိရပါတယ်။
#ကနီသားများ၏ရင်တွင်းအသံ
ကနီ
ကနီမြို့နယ်၊မင်းမရွာ၊ချောင်မအရှေ့ရွာ၊ချောင်းမအနောက်ရွာ၊သင့်ဝင်ကျေးရွာတွေစီကို စစ်ကောင်စီက ဆက်သွယ်ရေးဖုန်းလိုင်းများဖြတ်တောက်ပြီး ဒုတိယအကြိမ် စစ်ကြောင်း၃ကြောင်ခွဲကာ ထိုးစစ်ဆင်နေ။
မေလ၁၈ရက်နေ့မနက်ခင်းပိုင်းက ကနီမြို့နယ် လယ်ရှည်ကျေးရွာကနေ စတင်စစ်ကောင်းလာတဲ့စစ်ကောင်စီတပ်ဟာ လယ်ရှည်ရွာရဲ့မြောက်ဘက်ကနေ စစ်ကြောင်းသုံးကြောင်းခွဲထိုးစစ်ဆင်လာခဲ့တဲ့အချိန်ကစလို ဖုန်းလိုင်းများအာလုံးပျက်တောက်သွားခဲ့တယ်လို့ ဒေသခံတွေစီကနေသိရပါတယ်။
စစ်ကြောင်းတစ်ကြောင်းကတော့ ချောင်မအရှေ့ရွာကနေ မှန်တောင် တောရကျောင်းစီစစ်ကြောင်းထိုးနေပြီး ဒုတိယစစ်ကြောင်းကတော့ ချောင်မရွာကနေ သင့်ဝင်ကျေးရွာကိုဖြတ်ပြီး မင်းမရွာဘက်ကိုဦးတည်စစ်ကြောင်းထိုးနေပါတယ်။ကျန်တတိယစစ်ကြောင်းကတော့ယက္ကန်းတိုင်တောပြင်ကနေ မင်းမရွာစစ်ကြောင်းထိုးတာကြောင့် ဒေသခံအများအပြား စစ်ကြောင်းရှောင်နေကြရတယ်လို့ ဒေသခံတွေရဲ့ပြောကြားချက်အရသိရပါတယ်။
kanivoicenews
ကနီသားများ၏ရင်တွင်းအသံ
နောက်တက်မဲ့ ကလေးတွေအတွက် ဖြောင့်မတ်စွာ ခရီးဆက်မယ် ...
ခေတ်အဆက်ဆက် ညစ်ပတ်ခဲ့တဲ့ ကြောက်ဇာတ် အပြီးဖြတ်မယ်... ✊💥
#အရေးတော်ပုံအောင်ရမည် ။
အလှူရှင်များရဲ့ ပံ့ပိုးမှု့အပြင် အတူနေ ရဲဘော်များရဲ့ စားရေးသောက်တာအတွက် မပူရအောင် ခုလို ကိုယ်ထူကိုယ်ထ သီးပင် စားပင် များကိုလဲ ကျနော်တို့ U.R.F အဖွဲ့သားများမှ အတူတကွ စိုက်ပျိုးခဲ့ကြပါတယ်။
အရေးတော်ပုံ အောင်ရမည် ။ ✊
06/05/2023
အကြမ်းဖက် စစ်တပ်မှ မီးရှို့ဖျက်စီးသွားခဲ့သော ကနီမြို့နယ်အတွင်းမှ ရွာတစ်ရွာအား မြင်တွေ့ရစဥ် ...
အင်တာနက်လိုင်း အခက်အခဲများကြောင့် အချိန်နဲ့တပြေးညီ မတင်ပြနိုင်တာကိုလဲ တောင်းပန်အပ်ပါတယ်။
ရှေ့လျောက် တင်ပြနိုင်အောင်လဲ ကျနော်တို့ ကြိုးစားနေပါတယ်ဗျ ။
03/05/2023
ကျွန်တော်တို့U.R.F အဖွဲ့ကိုယုံကြည်စွာနဲ့လှူဒါန်းပေးကြပါသောအလှူရှင်အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
#အရေးတော်ပုံအောင်ရမည်
05/02/2023
internetလိုင်းအခြေနေကြောင့်ဂုဏ်ပြုမှတ်တမ်းလွှာထုတ်မပေးဖြစ်တာအလှူရှင်များနားလည်ပေးစေလိုပါတယ်ခင်ဗျာအခန့်သင့်သလိုထုတ်ပြန်ပေးနိုင်အောင်ကြိုးစားနေပါတယ်
အလှူရှင်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ
#အရေးတော်ပုံအောင်တော့မည်
အများပြည်သူလုံခြုံဖို့ကျွန်တော်တို့ရဲဘော်များအသင့်ရှိနေပါ့မယ်
#အရေးတော်ပုံအောင်တော့မည်
15/10/2022
ကျွန်တော်တို့U.R.F သည်မဟာမိတ်ဖြစ်သော La Yaung Defense Forces(L.Y.D.F)နှင့်ပူးပေါင်း၍လက်နက်ထုတ်လုပ်ချင်းတိုက်ပွဲဖော်ဆောင်ခြင်းများလုပ်ဆောင်လျက်ရှိပါသည်။
နည်းပညာနှင့်internetလိုင်းဖြတ်တောက်ခြင်းကြောင့်သတင်းအချက်လက်များကိုအချိန်နှင့်တစ်ပြေးညီထုတ်ပြန်နိုင်ခြင်းမရှိသည့်အတွက်မိဘပြည်သူများကိုအနူးညွတ်တောင်းပန်အပ်ပါတယ်ခင်ဗျာ။
Click here to claim your Sponsored Listing.
Location
Website
Address
London
