Top Fan

Top Fan

Share

🌈ချစ်ခြင်းများစွာဖြင့်ဘဝခွန်အား​ပေးသုတ၊ရသစာပေများမျှဝေပါသည် အစစအရာရာဂရုစိုက်ကြပါ အားလုံးကို ချစ်တယ်❤🇲🇲

03/05/2026

ပိုင်ဆိုင်ခဲ့ဖူးတာကို အမှတ်တရထားပါ ၊ ပိုင်ဆိုင်နေတာတွေကို တန်ဖိုးထားပါ ၊ ဆုံးရှုံးသွားတဲ့အရာတွေကို မေ့ထားပါ ၊ မရတာတွေကို ကြိုးစားပါ ၊ မရနိုင်တာတွေကို ဥပေက္ခာပြုတတ်အောင် နေပါ ။ အဲဒီ အမျိုးသမီးတစ်ယောက်က ဘယ်လောက်တော်တော် ၊ ဘယ်လောက် ထက်မြက်နေပါစေ ၊ ဘယ်လောက်ပဲ ချောမောလှပနေပါစေ ၊ ဘယ်လောက်ပဲ ဝင်ငွေကောင်းနေပါစေ ၊ တန်ဖိုးမသိတဲ့သူလက်ထဲမှာတော့ သူမဟာ
ဘာတန်ဖိုးမှ မရှိဘူး ။ မင်း ငါမရှိလို့ ဖြစ်လို့လား ၊ မင်းရဲ့ အစွမ်းအစ ဘာရှိလို့လဲ စသဖြင့် စကားတွေက မိမိရဲ့တန်ဖိုးကို ချိုးနှိမ် ထားရုံမကဘဲ အပြစ်တင်ပြောဆိုခံရဖန် များလာတဲ့အခါ မိမိက ဘာ အမှားလုပ်မိလို့လဲ ၊ ဘာတန်ဖိုးမှ မရှိဘူးလား ဆိုပြီး သိမ်ငယ်စရာ မလိုဘူး ။ အားငယ်စရာ မလိုပါဘူး ။

မိန်းမတစ်ယောက်ရဲ့ မကောင်းကြောင်းကို အဲဒီမိန်းမကို မရနိုင်တဲ့ အမျိုးသားတစ်ယောက်ဆီက ကြားရတတ်ပြီး ၊ အဲဒီမိန်းမကို မယှဉ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်ဆီကပဲ ကြားရတတ်ပါတယ် ။ တကယ်တမ်းတော့ ကျွန်မတို့က တန်ဖိုးမရှိတာ မဟုတ်ပါဘူး ။ ကျွန်မတို့ရဲ့ နေရာမှန် မဟုတ်လို့ပါ ။ တကယ့်နေရာနဲ့ အချိန် ကိုက်ညီသွားရင် တောက်ပတဲ့ ကြယ်လေးတစ်လုံး ဖြစ်နိုင်သလို ဝေဝေဆာဆာနဲ လှပမယ့် ပန်းကလေးတစ်ပွင့်လည်း ဖြစ်နိုင်ပါတယ် ။

#မေဆု (ရာမညမြေ)

12/04/2026

ချစ်တဲ့သူတွေကို မိုးလေ ကင်းလွတ်စေချင်တယ် ။ ကျွန်မကိုလည်း ပျော်ရွှင်နေတယ်လို့ပဲ မြင်စေချင်တယ်

နာကျင်မှုတွေ ကြိမ်နှုန်းမြင့်လာတဲ့အခါ ဆိတ်ဆိတ်နေခြင်း အမှုကိုပဲ ကျွန်မ ပြုပါတယ် ။ နာကျင်မှုဟာ မကူးစက်သင့်သော မီး မဟုတ်လား ။ ကျွန်မကြောင့် နာကျင်ရပါတယ် ဆိုရင်ဖြင့် ကျွန်မက အဝေးဆုံးကို ထွက်ပြေးသွားဖို့ အဆင်သင့်ပါပဲ ။ တကယ်တမ်းမှာတော့ ကျွန်မချည်းပဲ နာကျင်ခဲ့ရတာ များပါတယ် ။

ကဗျာလေး တစ်ပုဒ်တောင် ရေးခဲ့ဖူးတယ် ။

မတော်တဆ ဆိုပြီး
ကျွန်မ စွန်ကြိုးတွေချည်း
ပြတ်ခဲ့ရတယ်
လက်ခံခဲ့ရပါတယ် ။

#မြကျေး

05/03/2026

ကိုယ့်ကို နွေးထွေးစေတဲ့ရပ်ဝန်းမှာ
နေပါ။

ကိုယ့်ကို စိတ်သက်သာစေတဲ့ ဝန်းကျင်
မှာ ပျော်ပါ။

ရယူလိုစိတ်၊ ပိုင်ဆိုင်လိုစိတ်နဲနဲ
နဲ့ နေ့ရက်တိုင်းကိုရှင်သန်ပါ။

တတ်နိုင်သမျှ စိတ်ကို ခပ်ရှင်း
ရှင်းထားပါ။

လုပ်နိုင်သမျှ မေတ္တာများများ
ရှေ့ထားပါ။

ပူလောင်ကင်းကင်း မောဟကင်းကင်းနဲ့
ဘဝကို နေထိုင်ပါ။

အမှောင်ထဲမှာ လင်းအောင်နေပါ။

အရှုပ်ထဲမှာ ရှင်းအောင်နေပါ။

တစ်ခြားသူ အချည်အနှောင်အောက်မှာ
ငိုခြင်း၊ရယ်ခြင်း ကင်းပါ။

ဦးချေ(27.2.23)

02/03/2026

ကိုယ့်ကိုယ်ကို ပိုချစ်ပေးဖို့
ကိုယ့်ကိုယ်ကို ပျော်ရွှင်စေနိုင်ဖို့ဆိုတာ
ကိုယ့်မှာပဲ တာဝန်ရှိပါတယ် ။

မိမိကိုယ်ကို ချစ်တတ်လာတဲ့အခါ
အရင်ကထက် ပိုဂရုစိုက်ဖြစ်လာတယ် ။
ရာသီဥတုလေး ချမ်းအေးလာခဲ့ရင်
အနွေးထည်ဝတ်ဖို့ သတိရလာတယ် ။
ကော်ဖီနွေးနွေးလေးဖျော်ရင်
အနွေးဓာတ်လေးကို ရယူခံစားလိုက်မယ် ။

ချစ်ခြင်းမေတ္တာဟာ ဂရုစိုက်ခြင်း တစ်မျိုးပါပဲ
စိတ်ရောကိုယ်ပါ ကျန်းမာအောင် နေထိုင်ပြီး
ငြိမ်းချမ်းသော စိတ်ကလေးသာ ပိုင်ဆိုင်ချင်သူပါ...။

စာဖတ်ဖို့ အချိန်လေးပေးရင်း
နှလုံးသားနဲ့ဦးနှောက်ကို ခွန်အားဖြည့်ပါတယ် ။
အစိမ်းရောင်သစ်ရွက်တွေ
ရောင်စုံပန်းကလေးတွေကို ထိတွေ့ရင်း
ပင်ပန်းစရာတွေကို ဖြေဖျောက်ရတယ် ။

ငါလည်း အိမ်မက်တွေနဲ့ လူသားတစ်ယောက်ပါပဲ ။
ဖြစ်ချင်တဲ့ အိမ်မက်တွေ ရှိတယ် ။
ဖြစ်နိုင်ပါ့မလားလို့ အတွေးဝင်လာတဲ့အခါ
လက်လျော့လိုက်မလို့လားဆိုတဲ့ မေးခွန်းက
အသင့်စောင့် ကြိုနေတတ်ပြန်တယ် ။

ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံး
ရှေ့ဆက်လျှောက်လှမ်းနိုင်ပါတယ် ။
ကိုယ့်ကိုယ်ကိုရော ယုံကြည်စိတ်ထားရတယ် ။
အလွယ်တကူ မပြိုလဲအောင် ဂရုစိုက်ရင်းပေါ့ ။
အိမ်မက်တွေအတွက် ကိုယ်တိုင်ပဲ
အကောင်အထည် ဖော်နိုင်ရမယ်မို့လား ။

မိမိကိုယ်ကို ချစ်တတ်တဲ့ စိတ်ကလေးရှိနေလို့
ကျေးဇူးပါပဲ ။
ပျော်ရွှင်နေတာလေး မြင်ချင်တယ် ။
သန်မာတဲ့ အမျိုးသမီးတစ်ယောက် ဖြစ်စေချင်တယ်...။

#လုံးလုံးလေး

06/02/2026

တစ်ခါတလေ
ဘဝမှာ မပျော်ဘူးလို့ ခံစားရတာဟာ
ဘဝဆိုးရွားနေလို့ မဟုတ်ဘဲ
ဘဝထဲက သေးငယ်တဲ့ အလှတရားတွေကို လျစ်လျူရှုထားမိလို့ဖြစ်တယ်။

တကယ်တော့ ပျော်ရွှင်မှုဆိုတာ
ရိုးရှင်းသာမန်ပြီး နေ့စဉ် ဘဝအသေးအဖွဲကြားမှာ ပုန်းကွယ်နေလို့ ကိုယ်က ရှာဖွေရပါတယ်။

အခုအချိန်ကစ ပျော်ရွှင်စရာနှစ်ခုကို နေ့တိုင်းမှတ်ထားကြည့်ပါ။

အဲဒီပျော်ရွှင်မှုက...
လက်တွဲဖော်ဆီက ပွေ့ဖက်မှုတစ်ခုလည်းဖြစ်နိုင်တယ်။

မိဘနဲ့အတူစားတဲ့ ထမင်းဝိုင်းလည်း ဖြစ်နိုင်တယ်။

ချစ်ရတဲ့သူ့ဆီက "ဂွတ်မောနင်း" ဆိုတဲ့ စကားတစ်ခွန်းလည်း ဖြစ်နိုင်တယ်။

လမ်းဘေးက ပန်းလေးတစ်ပွင့်၊
ချီးကျူးစကားတစ်ခွန်းလည်း ဖြစ်နိုင်တယ်။

ကိုယ့်ကို ပျော်ရွှင်သွားစေတဲ့အရာကို ချရေးကြည့်နိုင်ပါတယ်။

အဲဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်ရဲ့ပျော်ရွှင်နိုင်စွမ်းက ပိုအားကောင်းလာမှာဖြစ်တယ်။

ဂျပန်စာရေးဆရာ မူရာကာမီက ပြောတယ်.. ..

"ဘဝမှာ ငြီးငွေ့စရာလို့ထင်ရတဲ့ အရာလေးတွေကို လေးနက်ပြီး စိတ်ဝင်စားစရာကောင်းတဲ့သဘောထားနဲ့ ဆက်ဆံတဲ့အခါ တိကျသေချာတဲ့ ပျော်ရွှင်မှုငယ်လေးတစ်ခုကို ခံစားရမှာဖြစ်ပြီး အဲဒီကမှတဆင့် ဘဝဟာ အနှိုင်းမဲ့လှပတယ်လို့ ခံစားရပါလိမ့်မယ်" တဲ့။



#နိုင်းနိုင်းစနေ

22/12/2025

မျှော်လင့်ချက်တွေ ၊ ရုန်းကန်မှုတွေနဲ့ ပြုပြင်ဖာထေးတာတွေမရှိတဲ့ သင့်ဘဝကို မြင်ယောင်ကြည့်ပါ ။ သင် အမှန်တကယ် လိုအပ်နေတာကို ရှာဖွေဖို့ ဒီလေ့ကျင့်ခန်းကို ပုံမှန်လေး လုပ်ဆောင်ပါ ။

သင့်ရဲ့ လိုအပ်ချက်ကို ဒီကျင့်စဉ်လေးနဲ့ ရှာဖွေကြည့်ပါ ။ အခုလက်ရှိ သင့်မှာ ရုန်းကန်စရာတွေ ၊ ပြုပြင်စရာတွေ ဘာတစ်ခုမှမရှိနေဘူးဆို သင် ဘယ်လိုခံစားရမလဲ ။

ငါ ဘာကို လိုအပ်နေလဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ ။ အပြင်းအထန် အဖြေရှာနေတာမျိုးမဟုတ်ဘဲ ရင်ဘတ်ထဲကလာတဲ့ သင့်အတွက် အဖြေကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းပါ ။ လိုအပ်ချက်တွေကို ချဉ်းကပ်နိုင်မယ့် နည်းလမ်းသစ်တွေ ချမှတ်ပြီး စိတ်လိုက်မာန်ပါ လုပ်ရပ်တွေကို ရှောင်ရှားပါ ။

ဆိတ်ငြိမ်စွာ ထိုင်ချလိုက်ပြီး သင့်ရဲ့ထိန်းချုပ်ချင်တဲ့ ဆန္ဒတွေကို လွှတ်ချလိုက်ပါ ။ သင့်ကိုယ်သင်ရော ၊ အခြားသူကိုပါ ကြိုးစားသင့်သေးတယ် လို့ မြင်နေတာတွေကို မေ့ဖျောက်ပစ်ပါ ။ သင် အခုရော ဘယ်လိုခံစားရလဲ ။ အခုလက်ရှိမှာ ဘယ်အရာကမှ လွဲချော်မနေသလို ဘယ်အရာကိုမှလည်း ပြန်လည်ပြုပြင်ဖို့ မလိုအပ်ဘူးဆိုတာ လက်ခံ လိုက်ပါ ။ လက်ရှိအခိုက်အတန့်လေးဟာ ပြီးပြည့်စုံလွန်းပါတယ် ။

သင့်မှာ အာရုံစိုက်စရာ ပြဿနာတစ်ခုခု ရှိလာခဲ့ရင်လည်း စိတ်ကို ငြိမ်ငြိမ်ထားပြီး နောက်ကွယ်က လိုအပ်ချက် အစစ်အမှန်ကိုသာ မြင်အောင်ကြည့်ပါ ။

#ဉာဏ

18/12/2025

မိမိကိုယ်ကိုနဲ့ ငြိမ်းချမ်းရေး ယူတတ်အောင်
ကြိုးစားပါ။
ဘယ်သူကမှ ခြောက်ပစ်မကင်းပါဘူး။
ကိုယ့်ကိုယ်ကိုယ် အရမ်း ဖိအားမပေးပါနဲ့။
ကိုယ့် အားသာချက်ကို အာရုံစိုက်ပြီး
ပြီးခဲ့တာတွေ ပြီးပါစေ။

ကားရှေ့မှန်က ဘာလို့ နောက်ကြည့်မှန်ထက်
ပိုကြီးနေရတာလဲ။
ရှေ့ဆက်လျှောက်မယ့် လမ်းက
လျှောက်ခဲ့တဲ့ လမ်းထက်
ပိုအရေးပါလို့ပါ တဲ့။



#နိုင်းနိုင်းစနေ

09/12/2025

တောပန်းလေးတွေဆိုပေမယ့်
ချစ်တဲ့စိတ်နဲ့ကြည့်ရင် လှပါတယ် ....

အသေးအဖွဲလေးတွေဆိုပေမယ့်
ကြင်နာတတ်တဲ့စိတ်နဲ့ ဂရုစိုက်ပေးရင်
ကြည်နူးစရာကောင်းပါတယ် ...

ကြီးကြီးမားမားကံကောင်းခြင်းတွေက
လွယ်လွယ်နဲ့ မရတတ်ပေမယ့်
ကံကောင်းခြင်းအသေးစားလေးတွေက
မကြာခဏ ရတတ်ပါတယ် ...

သူတို့ကို ခံစားကြည့်ဖို့ မမေ့ပါနဲ့....

WPH

01/12/2025

တိတ်တိတ်လေး နေရတာ အရမ်းကြိုက်လာတယ်။

ခုနောက်ပိုင်း life style ဟာ
တကယ်ရိုးရှင်းပြီး နေချင်စဖွယ်ဖြစ်လာတယ် ။

အလုပ်လုပ်ချိန်မှာ ကောင်းကောင်းလုပ်မယ် ။
နားတဲ့အချိန်မှာ ကောင်းကောင်းနားမယ် ။
ကောင်းကောင်းစားမယ် ။
အိပ်ပျော်အောင်ကြိုးစားမယ် ။
ကိုယ့်အလုပ်ကို ချစ်မယ် ။
ဘာပဲလုပ်လုပ် စေတနာပါပါနဲ့ လုပ်ရမယ်နော်ဆိုပြီး
ကိုယ့်စိတ်ကို သတိပေးတယ် ။

သီချင်းလေးနားထောင် စာအုပ်လေးဖတ်လိုက်
လမ်းလျှောက်ထွက်ပြီး
လေကောင်းလေသန့်တဝကြီးရှူလိုက်နဲ့ ။

စိတ်မပျော်တဲ့အခါ
ကောင်းကင်ကို အကြာကြီးငေးကြည့်တယ်။
လုပ်ရမဲ့ plan တွေလည်း မချပြဖြစ်တော့ဘူး ။
တိတ်တိတ်လေး ကြိုးစားပြီး အောင်ပွဲခံမယ် ။

ကြိုးစားသလောက် မဖြစ်လာရင်လည်း
ကိုယ့်ကိုယ်ကိုယ် ဦးစွာထွေးပွေ့ပြီး နှစ်သိမ့်ပေးမယ် ။

ကိုယ့်ကို ချစ်တဲ့လူအနည်းစုနဲ့
ဘဝကို အဓိပ္ပာယ်ရှိရှိ
meaningful life ဖြစ်အောင် ရှင်သန်နေတယ် ။

ဘဝကတော့ ဘာမှ သိပ်ပြီး မခမ်းနား မထူးခြားပါဘူး ။အတတ်နိုင်ဆုံးပျော်အောင် နေတယ်။
ဒီလောက်ပဲ....။

#နူးနူးအောင်

24/11/2025

ကျွန်မကို မေမေက အမြဲပြောခဲ့တယ် ။ ကလေးတစ်ယောက်ကို မွေးတယ်ဆိုတာ မွေးထားတာကြောင့် မိဘဖြစ်ပြီး ကျေးဇူးရှိတာ မဟုတ်ဘူးတဲ့ ။ ကလေး မွေးလိုက်တယ်ဆိုတာ ဒီကလေးက သူ့ကို မွေးဖွားပေးပါလို့ မပြောဘဲ ၊ ကလေးက ရွေးချယ်တာ မဟုတ်ဘဲ ကျွန်မတို့ လူကြီးတွေကသာ ကိုယ့်ဘာသာ ဘဝတစ်ခုကို ဖန်တီးပြီး ကိုယ့်အသွေးအသား ဆိုတဲ့ အတ္တနဲ့ ယူခဲ့ကြတာ ။ ဘာမှ မသိသေးတဲ့ လူသားတစ်ယောက်ကို ဘဝထဲကို ကိုယ့်အတ္တနဲ့ ခေါ်ခဲ့တာမို့ မွေးပေးတာက အသက်ပဲရင်းပြီး မွေးမွေး ကိုယ့်ရွေးချယ်မှုပဲ ။ မွေးပေးပြီးနောက် မိဘတာဝန်မကျေ တဲ့သူတွေဟာ မိဘမဖြစ်ထိုက်ဘူးလို့ မေမေက အမြဲပြောခဲ့တယ် ။

ဒါဆို ဘာက မိဘကျေးဇူးလဲဆိုရင် ကျွေးမွေးခဲ့တာကမှ ၊ မေတ္တာတွေ ပေးခဲ့တာကမှ ၊ ပြုစုပျိုးထောင်ပေးခဲ့တာကမှ မိဘရဲ့ ကျေးဇူးတဲ့ ။ လှအောင် ဆင်တယ် ။ ဝအောင် ကျွေးတယ် ။ ပညာတတ်အောင် သင်ပေးတယ် ။ ဘဝမှာ လူတန်းစေ့နေနိုင်အောင် ၊ သုံးနိုင်စွဲနိုင်အောင် ၊ ပညာတတ်အောင် ၊ မျက်နှာမငယ်ရအောင် ဒီလိုမျိုး မွေးစကနေ ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့အထိ ပြုစုပျိုးထောင်ပေးတာကမှ တကယ့် မိဘကျေးဇူးလို့ မေမေက အမြဲဆုံးမတယ် ။

ဒါကြောင့် ကျွန်မကတော့ ကလေးတစ်ယောက်ကို ယူပြီးရင် ဒီကလေးအပေါ်မှာ နင့်ကို ငါအသက်လုမွေးပေးထားတာမို့ ငါက ကျေးဇူးရှင်ပဲ ၊ မိဘပဲဆိုတာထက် ကျွန်မ တာဝန်ယူပြီး လူ့လောကထဲကို ခေါ် လာတဲ့ ကလေးကို သွန်သင်ဆုံးမမှု ပြည့်ပြည့်ဝဝနဲ့ ၊ ပြည့်ပြည့်စုံစုံ လိုလေသေး မရှိ ထားနိုင်မှ ၊ အနီးကပ် မေတ္တာပေးနိုင်တဲ့ အချိန်မှ ၊ Parenting ကို ကောင်းမွန်စွာ လုပ်ပေးနိုင်တဲ့ အချိန်မှ ကျွန်မဘဝမှာ ကျွန်မ တစ်ယောက်တည်း အင်အားနဲ့ဆိုရင်တောင် ဒီကလေးကို မျက်နှာမငယ်ရအောင် ထားနိုင်မှ။ ဝအောင် ကျွေး ၊ လှအောင် ဆင်ရုံမက ပညာရေး ၊ မေတ္တာ ၊ ပြုစုစောင့်ရှောက်မှု အပြည့်အဝပေးနိုင်တဲ့ အချိန်မှ ကလေးယူချင်တာ အမှန်ပါပဲ ။

#နေဗလ်

21/11/2025

စိတ်ထားအကောင်းဆုံးနဲ့ ချစ်လိုက်တဲ့အချစ်ရယ်...
စိတ်ထားအကောင်းဆုံးနဲ့ လုပ်လိုက်တဲ့အလုပ်ရယ်...

ဒီနှစ်ခုကိုပြန်တွေးတိုင်း...

ဘာမှပြန်မရလည်း ကျေနပ်နေတယ်...

ဘဝဆိုတာ...
အမှန်ကန်ဆုံးတွေသာ
စုဝေးနေဖို့တောင်းဆိုနေတတ်လို့...
ကိုယ်က များများပြန်ရချင်လေ များများဆုံးရှုံးတယ်လို့
ခံစားရလေပါပဲ...

တစ်ခါတစ်ရံပျားတုတ်ခြင်းက ပျားရည်ထက်တောင်
ပိုကောင်းနေတတ်သေးတာ...

တစ်ကယ်ချစ်ထိုက်တဲ့သူကို ချစ်ရတာရယ်
တကယ်လုပ်ထိုက်တဲ့အလုပ်ကို လုပ်ရတာရယ်

ဒီနှစ်ခုရှိနေတာနဲ့တင် ဘဝဟာ
တန်ပါပြီ...။

#ထက်ထက်ထွန်း
(စိတ်ရဲ့ငြိမ်သက်ခြင်း) စာအုပ်မှ

Want your business to be the top-listed Government Service in London?

Click here to claim your Sponsored Listing.

Location

Category

Website

Address


London