CRPH & NUG Supporters Ireland

Directions

CRPH & NUG Supporters Ireland / NUG Supporters Ireland · Political organisation

10/11/2026
10/11/2026
လူတိုင်း ဖတ်ကြည့်သင့်တဲ့ ဆောင်းပါးပါ https://www.facebook.com/share/1CuhFG5ve3/?mibextid=wwXIfr
09/11/2026

လူတိုင်း ဖတ်ကြည့်သင့်တဲ့ ဆောင်းပါးပါ

https://www.facebook.com/share/1CuhFG5ve3/?mibextid=wwXIfr

နိုင်ငံရေးကို စိတ်မဝင်စားခြင်းအတွက် သင်ပေးဆပ်နေရတဲ့ တန်ဖိုး (အပိုင်း- ၁)

ဆောင်းပါးရှင် – TBR Commentary
နိုဝင်ဘာ ၇ရက်

"ကြားနေ" ဆိုတဲ့ လှည့်စားမှု

"ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူးဗျာ... ဘယ်သူတက်တက် ကိုယ့်ထမင်းကိုယ်ရှာစားရတာပဲ... နိုင်ငံရေးက ညစ်ပတ်တယ်၊ ကျွန်တော်နဲ့ မဆိုင်ပါဘူး။"

ဒီစကားစုဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အကြားရဆုံး၊ အပြောရဆုံး စကားတခွန်းပါ။ တခါတလေတော့လည်း ဒီစကားက လူတယောက်ရဲ့ 'ကြားနေမှု' ဒါမှမဟုတ် 'အေးအေးဆေးဆေး နေချင်မှု' ကို ပြသရာရောက်တယ်လို့ ထင်ရပါတယ်။ ဒါပေမဲ့... တကယ်ရော ဟုတ်ရဲ့လား။

တကယ်တော့ "ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး" လို့ ပြောလိုက်တဲ့ အခိုက်အတန့်မှာတင် သင်ဟာ နိုင်ငံရေး ဆုံးဖြတ်ချက်တခုကို ချလိုက်ပြီးသား ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့... ကမ္ဘာပေါ်မှာ နိုင်ငံရေးနဲ့ ကင်းစင်တဲ့ နေရာဆိုတာ သုသာန်မှာတောင် မရှိလို့ပါပဲ။

စဉ်းစားကြည့်ရအောင်။ သင် မနက်နိုးနိုးချင်း မျက်နှာသစ်ဖို့ ဖွင့်လိုက်တဲ့ ရေထဲမှာ ကလိုရင်း ဘယ်လောက်ပါရမလဲဆိုတာ နိုင်ငံရေးသမားတွေ ဆုံးဖြတ်တာပါ။ သင် သုံးနေတဲ့ အင်တာနက်လိုင်းက ဘာလို့ နှေးနေရတာလဲ၊ ဘာလို့ ဈေးကြီးနေတာလဲဆိုတာ နိုင်ငံရေး ဆုံးဖြတ်ချက်ပါ။ အလုပ်သွားဖို့ ဆိုင်ကယ်ဆီ ထည့်တဲ့အခါ ဆီတစ်လီတာကို ဘယ်လောက် ပေးရမလဲဆိုတာ လွှတ်တော်ထဲက ဒါမှမဟုတ် ရုံးခန်းထဲက လူတစုရဲ့ မူဝါဒတွေက ဆုံးဖြတ်ပေးလိုက်တာပါ။

သင်က နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ပြောနိုင်ပေမဲ့၊ နိုင်ငံရေးကတော့ သင့်အိတ်ကပ်ထဲက ပိုက်ဆံ၊ သင့်ကလေးရဲ့ ကျောင်းစာအုပ်၊ သင်ဖြတ်သန်းနေတဲ့ လမ်းရဲ့ အရည်အသွေးအထိ တစက္ကန့်မလပ် စိတ်ဝင်စားနေပါတယ်။

ဒါကို ကျွန်တော် ဥပမာတခုနဲ့ ပြောပြချင်ပါတယ်။ သင်ဟာ ပင်လယ်ပြင်မှာ ခရီးနှင်နေတဲ့ သင်္ဘောကြီးတစီးပေါ်က ခရီးသည်တယောက် ဆိုပါစို့။ သင်္ဘောက ဘယ်ဘက်ကို ကွေ့မလဲ၊ ညာဘက်ကို ကွေ့မလဲဆိုတာ သင် စိတ်မဝင်စားဘူးလို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ သင်္ဘောက ကျောက်ဆောင်နဲ့ တိုက်တော့မယ့်အချိန်၊ ဒါမှမဟုတ် ပဲ့ကိုင်ရှင်က အရက်မူးပြီး လမ်းကြောင်းမှားနေတဲ့အချိန်မှာ "ငါကတော့ ခရီးသည်ပဲ၊ ပဲ့ကိုင်တာ ငါနဲ့မဆိုင်ဘူး" လို့ ပြောပြီး ငြိမ်နေတာဟာ ကိုယ့်ကိုယ်ကို သတ်သေနေတာပါ။ ဘာလို့လဲဆိုတော့ သင်္ဘောနစ်ရင် ပဲ့ကိုင်ရှင်တင် မဟုတ်ဘဲ "စိတ်မဝင်စားဘူး" လို့ ပြောတဲ့ သင်ပါ အတူတူ နစ်မြုပ်ရမှာ ဖြစ်လို့ပါပဲ။

ဒီကနေ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အခြေအနေမှာ ငါက နိုင်ငံရေး စိတ်မဝင်စားဘူးလို့ ပြောတာဟာ တကယ်တော့ အခွင့်ထူးခံနိုင်တဲ့ လူတန်းစားတရပ်ရဲ့ ဇိမ်ခံစကား ဖြစ်နေပါတယ်။ ဒါမှမဟုတ်ရင်လည်း... ဘာမှ မတတ်နိုင်တော့ဘူးလို့ ယူဆပြီး လက်လျှော့လိုက်တဲ့ စိတ်ပျက်မှု တမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ သင် နိုင်ငံရေးကို လျစ်လျူရှုထားတဲ့အတွက် သင့်ဘဝထဲက ဘာတွေ ဆုံးရှုံးနေရသလဲ။ သင် ပေးဆပ်နေရတဲ့ တန်ဖိုးက ဘယ်လောက်အထိ ကြီးမားနေသလဲ။ "နိုင်ငံရေးကို စိတ်မဝင်စားခြင်းအတွက် သင်ပေးဆပ်နေရတဲ့ တန်ဖိုး" အကြောင်းကို ဒီဆောင်းပါးအဆုံးမှာ တွေ့ရပါလိမ့်မယ်။

နိုင်ငံရေး စိတ်မဝင်စားသူ ၄ မျိုး

နိုင်ငံရေးကို စိတ်မဝင်စားဘူးလို့ ပြောတဲ့အခါ လူတိုင်းမှာ ကိုယ်စီ အကြောင်းပြချက်တွေ ရှိကြပါတယ်။ တချို့ကတော့ တကယ်ပဲ နားမလည်လို့၊ တချို့ကတော့ ကြောက်လို့၊ တချို့ကတော့ စိတ်ပျက်လို့ပါ။ ဒါကို နိုင်ငံရေးသိပ္ပံ ရှုထောင့်ကနေ ကြည့်ရင် ကျွန်တော်တို့ဟာ အဓိက အုပ်စုကြီး ၄ စုကို တွေ့ရပါလိမ့်မယ်။

(၁) "အခွင့်ထူးခံလူတန်းစား"

ဒီလူတွေအတွက်ကတော့ လက်ရှိစနစ်က သူတို့ကို ဘာမှ ဒုက္ခမပေးသေးပါဘူး။ စီးပွားရေးလည်း အဆင်ပြေတယ်၊ ဘဝကလည်း လုံခြုံနေသယောင် ရှိတယ်၊ အာဏာရှိသူတွေနဲ့လည်း ကင်းကင်းရှင်းရှင်း နေနိုင်ကြသူတွေပါ။ သူတို့အတွက် နိုင်ငံရေးဆိုတာ TV ထဲက သတင်းတခု ဒါမှမဟုတ် ထမင်းဝိုင်းမှာ ငြင်းခုန်စရာ အကြောင်းအရတခုထက် မပိုပါဘူး။ "ဘယ်သူတက်တက် ငါတို့ကတော့ အေးဆေးပဲ" လို့ ပြောနိုင်တာဟာ တကယ်တော့ သူတို့မှာ အကာအကွယ်တွေ ရှိနေလို့ပါ။

ဒါပေမဲ့ အဲဒီ အကာအကွယ်တွေက စနစ်တခုလုံး ပြိုလဲသွားတဲ့အခါမှာလည်း ဆက်ပြီး ရှိနေပါ့မလားဆိုတာကတော့ စဉ်းစားစရာပါ။

(၂) "ရှင်သန်ရေးသမားများ”

ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ အများဆုံး တွေ့ရတဲ့ အလွှာပါ။ ဒီလူတွေက နိုင်ငံရေးကို မုန်းလို့ မဟုတ်ပါဘူး၊ စဉ်းစားဖို့ အားမရှိတာပါ။ "ဒီနေ့ ထမင်းနပ်မှန်ဖို့ ဘယ်လိုရုန်းကန်ရမလဲ" ဆိုတဲ့ မေးခွန်းက "နိုင်ငံတော်ရဲ့ မူဝါဒက ဘာလဲ" ဆိုတဲ့ မေးခွန်းထက် ပိုပြီး ကြီးမားနေပါတယ်။ နေ့စဉ် စားဝတ်နေရေးအတွက်တင် အချိန်နဲ့ အားအင်တွေ ကုန်ဆုံးနေရတာကြောင့် နိုင်ငံရေးဟာ သူတို့အတွက် "ဇိမ်ခံပစ္စည်း" တခုလို ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာ အရှိတရားကတော့... သူတို့ ဘာကြောင့် ဒီလောက် ပင်ပန်းနေရသလဲဆိုတဲ့ အဖြေကလည်း နိုင်ငံရေးထဲမှာပဲ ရှိနေတာပါပဲ။

(၃) "စိတ်ကုန်သွားသူများ"
ဒီအုပ်စုကတော့ တချိန်က နိုင်ငံရေးကို စိတ်ဝင်စားခဲ့ဖူးသူတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေနောက်က စိတ်ပျက်စရာတွေ၊ ဖောက်ပြန်မှုတွေနဲ့ ညစ်ပတ်တဲ့ ကစားကွက်တွေကို မြင်တွေ့ခဲ့ရတဲ့အခါ "ဘယ်သူတက်တက် အတူတူပဲ" ဆိုတဲ့ Defensive Mechanism (ကိုယ်ခံအားစနစ်) တခုကို တည်ဆောက်လိုက်ကြတာပါ။ သူတို့ကတော့ နိုင်ငံရေးကို မသိတာ မဟုတ်ဘဲ သိလို့ကို စိတ်နာပြီး ရှောင်ဖယ်လိုက်ကြသူတွေပါ။

အထူးသဖြင့် ဒီနေရာမှာ ကျွန်တော် တခု ထည့်ပြောချင်တာက... လက်ရှိ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ ကျွန်တော်တို့ ပြည်သူတွေ အကြောင်းပါ။ ကိုယ့်နိုင်ငံရဲ့ အခြေအနေတွေကို ကြည့်ပြီး စိတ်ကုန်သွားတာမျိုး၊ 'ငါတို့နဲ့ မဆိုင်တော့ဘူး' ဆိုပြီး ကျောခိုင်းလိုက်တာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်မကုန်ဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့... သင်က နိုင်ငံရေးကို စိတ်ကုန်ပြီး စွန့်လွှတ်လိုက်တဲ့ အခိုက်အတန့်မှာ၊ သင် မလိုချင်ဆုံး အကျိုးဆက်တွေက သင့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်လို့ပါပဲ။ သင် မလိုချင်ဆုံးလူတွေ၊ သင် အမုန်းဆုံး စနစ်တွေက သင့်ရဲ့ ကံကြမ္မာကို ဆက်ပြီး ခြယ်လှယ်ခွင့် ရသွားပါလိမ့်မယ်။ ဒါကြောင့် သင် ဘယ်ကမ္ဘာ့အစွန်အဖျားကိုပဲ ရောက်နေပါစေ... 'စိတ်ကုန်ခြင်း' ဆိုတဲ့ ထောင်ချောက်ထဲကို မကျဆင်းသွားဖို့ အရေးကြီးပါတယ်။

(၄) "ဗဟုသုတ နည်းပါးသူများ"

ဒီအလွှာကတော့ နိုင်ငံရေးနဲ့ ကိုယ့်ဘဝ ဘယ်လို ဆက်စပ်နေလဲဆိုတာကို လုံးဝ (လုံးဝ) နားမလည်ကြသူတွေပါ။ ဥပမာ - ဘဏ်တွေမှာ ပိုက်ဆံထုတ်ရခက်တာက နိုင်ငံရေးနဲ့ ဆိုင်သလား၊ ကုန်ဈေးနှုန်းတက်တာက နိုင်ငံရေးကြောင့်လား ဆိုတာတွေကို သူတို့ မသိကြပါဘူး။ ဒါဟာ သူတို့ရဲ့ အပြစ်တော့ မဟုတ်ပါဘူး။ ဆယ်စုနှစ်ပေါင်းများစွာ ကျွန်တော်တို့နိုင်ငံရဲ့ ပညာရေးနဲ့ ဝါဒဖြန့်မှုတွေက "နိုင်ငံရေးဆိုတာ မင်းတို့နဲ့ မဆိုင်ဘူး" လို့ ရိုက်သွင်းခဲ့တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။

ဒီအုပ်စု ၄ ခုလုံးမှာ တူညီတဲ့အချက် တခုရှိပါတယ်။ အဲဒါကတော့ "ကိုယ့်ရဲ့ ကံကြမ္မာကို ကိုယ်တိုင် မဆုံးဖြတ်ဘဲ သူစိမ်းတွေရဲ့ လက်ထဲကို ပုံအပ်ထားကြတာ" ပါပဲ။ သင်ဟာ ဘယ်အုပ်စုထဲမှာပဲ ပါပါ... နိုင်ငံရေးရဲ့ ရိုက်ခတ်မှုကနေတော့ လွတ်မှာ မဟုတ်ပါဘူး။

အထူးသဖြင့် အခုနောက်ပိုင်း ကျွန်တော်တို့ လူငယ်တွေကြားမှာ "Apolitical" ဖြစ်တာကို Cool ဖြစ်တယ်လို့ ယူဆလာကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ တကယ်တော့... ဒါဟာ Cool ဖြစ်တာ မဟုတ်ဘဲ "နိုင်ငံသား တယောက်ရဲ့ အခွင့်အရေးကို စွန့်လွှတ်လိုက်တာ" သာ ဖြစ်ပါတယ်။

အိတ်ကပ်ထဲက နိုင်ငံရေး

"နိုင်ငံရေးဆိုတာ လွှတ်တော်ထဲမှာပဲ ရှိတာမဟုတ်ဘူး... သင့်ရဲ့ ဟင်းချက်စရာ ဈေးခြင်းတောင်းထဲမှာလည်း ရှိနေပါတယ်"

ဒါ ဘာကို ဆိုလိုတာပါလဲ။ သင် ဒီနေ့ ဈေးသွားတဲ့အခါ လွန်ခဲ့တဲ့ နှစ်နှစ်က ငါးထောင်ဖိုး ဝယ်လို့ရတဲ့ ဟင်းသီးဟင်းရွက်ဟာ အခု ဘာလို့ တသောင်းခွဲလောက် ပေးနေရတာလဲ။ သင့်အိတ်ကပ်ထဲက တသောင်းတန်ဟာ ဘာလို့ အရင်လို တန်ဖိုးမရှိတော့တာလဲ

ဒါဟာ "ကံဆိုးတာ" မဟုတ်ပါဘူး။ ဒါဟာ "နိုင်ငံရေး ဆုံးဖြတ်ချက်" တွေရဲ့ ရလဒ်ပါ။ နိုင်ငံတနိုင်ငံရဲ့ ငွေကြေးတန်ဖိုး ဆိုတာ အဲဒီနိုင်ငံကို အုပ်ချုပ်နေတဲ့သူတွေအပေါ် ကမ္ဘာက ဘယ်လောက် ယုံကြည်သလဲ၊ သူတို့ ချမှတ်တဲ့ စီးပွားရေး မူဝါဒတွေက ဘယ်လောက် မှန်ကန်သလဲ ဆိုတာအပေါ်မှာ မူတည်နေပါတယ်။ နိုင်ငံရေးသမားတွေက ငွေတွေကို စည်းကမ်းမဲ့ ရိုက်ထုတ်လိုက်တဲ့အခါ၊ ဒါမှမဟုတ် နိုင်ငံတကာနဲ့ စီးပွားရေး လွဲချော်အောင် လုပ်လိုက်တဲ့အခါ... ပထမဆုံး ထိခိုက်တာက သင့်အိတ်ကပ်ထဲက ပိုက်ဆံပါ။ သင်ဟာ နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့၊ နိုင်ငံရေးက သင့်ရဲ့ လုပ်အားခတွေကို တဖြည်းဖြည်းနဲ့ ခိုးယူနေတယ်ဆိုတာ မမေ့ပါနဲ့။ (ယနေ့ မင်းအောင်လှိုင်ရဲ့ အလုပ်သမားရေးဝန်ကြီးဌာနက နိုင်ငံခြားရောက်အလုပ်သမားတွေဆီက ဝင်ငွေကို ဖြတ်ခုတ်နေတာ နမူနာတစ်ခုပါ။)

နောက် ဥပမာတခု ကြည့်ရအောင်။ လျှပ်စစ်မီးပါ။ ဘာကြောင့် မီးတွေ ခဏခဏ ပြတ်နေတာလဲ၊ ဘာကြောင့် ဆီဈေးတွေက ထိန်းမနိုင် သိမ်းမရ တက်နေတာလဲ၊ ဒါတွေဟာ သယံဇာတ စီမံခန့်ခွဲမှု၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဘတ်ဂျက် ခွဲဝေမှုဆိုတဲ့ "နိုင်ငံရေး လုပ်ငန်းစဉ်" တွေကြောင့်ပါ။ မီးပြတ်တဲ့အတွက် သင် ဖယောင်းတိုင် ဝယ်ထွန်းရတာ၊ ဆိုလာ၊အင်ဗာတာ ဝယ်ရတာ၊ အလုပ်တွေ ကြန့်ကြာတာ... ဒါတွေအားလုံးဟာ "နိုင်ငံရေး လွဲချော်မှု" အတွက် သင် ကိုယ်တိုင် ပေးဆပ်နေရတဲ့ "ဒဏ်ကြေး" တွေပဲ ဖြစ်ပါတယ်။

နေပြည်တော်က ရုံးခန်းတခုထဲမှာ ထိုင်နေတဲ့ လူတစုက "ကုန်သွယ်ရေး မူဝါဒ" ဆိုပြီး လက်မှတ်တချက် ထိုးလိုက်တာဟာ... သင့်ရဲ့ အလုပ်အကိုင် အခွင့်အလမ်းကို ဖျက်ဆီးလိုက်တာ ဖြစ်နိုင်သလို၊ သင့်ကလေးရဲ့ ကျောင်းလစာကို နှစ်ဆ တက်သွားစေတာလည်း ဖြစ်နိုင်ပါတယ်။

သင်က "ကျွန်တော် နိုင်ငံရေး စိတ်မဝင်စားဘူး" လို့ ပြောပြီး မျက်စိမှိတ်နေချိန်မှာ... နိုင်ငံရေးသမားတွေကတော့ သင့်အိတ်ကပ်ထဲကို နှိုက်ပြီး သူတို့ စိတ်ကြိုက် ခြယ်လှယ်နေကြပါတယ်။ တနည်းအားဖြင့် ပြောရရင် နိုင်ငံရေးကို စိတ်မဝင်စားခြင်းဟာ... ကိုယ့်ပိုက်ဆံအိတ်ကို လမ်းဘေးမှာ ချထားပြီး "ဘယ်သူယူယူ ကျွန်တော် စိတ်မဝင်စားဘူး" လို့ ပြောနေတာနဲ့ အတူတူပါပဲ။

နိုင်ငံရေးဆိုတာ စာအုပ်ကြီးတွေထဲက သီအိုရီတွေ မဟုတ်ပါဘူး။ နိုင်ငံရေးဆိုတာ "ရှင်သန်မှု" ပါ။ အိတ်ကပ်ထဲက ပိုက်ဆံကို တန်ဖိုးရှိအောင် ထိန်းထားချင်တယ်ဆိုရင်၊ သင့်ဘဝကို သူစိမ်းတွေ စိတ်ကြိုက် မကစားစေချင်ဘူးဆိုရင်... သင် နိုင်ငံရေးကို စိတ်ဝင်စားမှ ရပါလိမ့်မယ်။

ဒီနေရာမှာ ကျွန်တော်တို့ တခု သတိပြုရမှာက... အခုနက ကျွန်တော်ပြောခဲ့တဲ့ အကျိုးသက်ရောက်မှုတွေဟာ ပြည်သူက တင်မြောက်ထားတဲ့၊ ပြည်သူ့အသံကို နားထောင်ရတဲ့ အစိုးရတရပ် လက်ထက်မှာတောင် ဒီလောက်အထိ အရေးကြီးနေတာပါ။

လက်နက်အားကိုးနဲ့ အတင်းအဓမ္မ အာဏာလုယူထားတဲ့၊ ပြည်သူ့ဆန္ဒကို ဂရုမစိုက်တဲ့ စစ်ဗိုလ်ချုပ်တွေ စီမံခန့်ခွဲတဲ့ ခေတ်မှာဆိုရင် အကျိုးဆက်က ဘယ်လောက်အထိ ဆိုးဝါးသွားနိုင်မလဲ။

ပြည်သူတွေကနိုင်ငံရေးကို စိတ်မဝင်စားတော့ရင် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ဆောင်းပါးရဲ့အပိုင်း (၂) မှာ ဆက်လက်တင်ပြသွားပါမယ်။

ဆောင်းပါး အပိုင်း (၂) ဖတ်ရန်လင့်ခ် -
https://www.facebook.com/share/p/1VYfJiSLWn/

(ဤဆောင်းပါးကို Ayeyarwaddy Times သတင်းဌာနနှင့် The Book Reader Commentary တို့ ပူးပေါင်းတင်ဆက်သည်။)

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ အသက် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏ်ပြုဆုတောင်းလွှာ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်ယန...
09/11/2026

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ အသက် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ ဂုဏ်ပြုဆုတောင်းလွှာ

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်

ယနေ့ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျရောက်သော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်၏ အသက် (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့ အခါသမယမှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် သမ္မတကြီးအနေဖြင့် ဘေးအန္တရာယ်ခပ်သိမ်း ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် နိုင်ငံတော်၏ အနာဂတ်တာဝန်များကို ဆက်လက်ထမ်းဆောင်နိုင်ပါစေကြောင်း လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဘဝတလျှောက်လုံး စိတ်ဓာတ် မယိမ်းမယိုင်ဘဲ သစ္စာရှိစွာ ပေးဆပ်ခဲ့သည့် သမ္မတကြီးသည် ပြည်သူလူထုက အပ်နှင်းထားသော ပြည်သူ့အာဏာကို ခိုင်မာစွာ ကာကွယ်စောင့်ရှောက်လျက် အသက်ကိုပဓာနမထားဘဲ မတရားမှုကိုဆန့်ကျင်ခဲ့သည့် ရဲရင့်ပြတ်သားသော ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။

အကြမ်းဖက်စစ်အုပ်စု၏ မတရား ကန့်သတ်ချုပ်နှောင်ခံထားရခြင်းမှ အလုံးစုံ မလွတ်မြောက်သေးသည့်တိုင်အောင် ယိမ်းယိုင်ပြောင်းလဲခြင်းမရှိသော စိတ်ဓာတ်ခွန်အား၊ ပြတ်သားသော နိုင်ငံရေးရပ်တည်ချက်နှင့် ဒီမိုကရေစီအပေါ်ထားရှိသည့် သစ္စာတရားတို့ကို ကမ္ဘာသိ သက်သေပြနိုင်ခဲ့သော ထက်မြက်သည့် ခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပါသည်။ သမ္မတကြီး၏ စွန့်လွှတ်အနစ်နာခံမှုများသည် ယနေ့ နွေဦးတော်လှန်ရေးတွင် အသက်သွေးချွေးများစွာ ပေးဆပ်ဆင်နွှဲနေကြသော တော်လှန်ပြည်သူတစ်ရပ်လုံးအတွက် ကြီးမားသော စိတ်ဓာတ် ခွန်အားတစ်ရပ်ဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း ထာဝရစံပြအဖြစ် သမိုင်းတွင် ကမ္ပည်းတင်ကျန်ရစ်နေမည် ဖြစ်ပါသည်။

နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်သည် ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးအကျဉ်းချခံထားရသည့် အခြေအနေမှ မိသားစုနှင့် ပြန်လည်ဆုံတွေ့ခွင့်ရခဲ့သော်လည်း လက်ရှိအချိန်အထိ လွတ်လပ်ခွင့်အပြည့်အဝရရှိခြင်းမရှိသေးသည့် အခြေအနေနှင့် ရင်ဆိုင်ကြုံတွေ့ နေရဆဲဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သမ္မတကြီးနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် တရားမျှတမှု၊ လွတ်လပ်မှုနှင့် တန်းတူညီမျှမှုတို့ကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာရေးတို့အတွက် အဆုံးထိတိုင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း လေးနက်စွာ ကတိသစ္စာပြုပါသည်။ ထို့ပြင် အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားရှင်းလင်းမည့် နောက်ဆုံးလက်ကျန် တိုက်ပွဲများတွင် တော်လှန်ပြည်သူတစ်ရပ်လုံးက ယခုထက်ပို၍ စည်းလုံးညီညွတ်စွာ မမှိတ်မသုန်သော ဇွဲလုံ့လတို့ဖြင့် ဆက်လက် လက်တွဲပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

သမ္မတကြီး၏ (၇၅) နှစ်ပြည့် စိန်ရတုမွေးနေ့သည် မြန်မာ့တော်လှန်ရေးအတွက် အောင်ပွဲအရုဏ်ဦးနှင့် မျှော်လင့်ချက်အသစ်များကို ဆောင်ကြဉ်းပေးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ သမ္မတကြီးအနေဖြင့် လွတ်လပ်ခွင့်အပြည့်အဝမရရှိသည့် အခြေအနေမှ ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်းနှင့် ချစ်ခင်သော ပြည်သူများနှင့်အတူ အမြန်ဆုံး ပြန်လည်ဆုံတွေ့ကာ စစ်အာဏာရှင်စနစ် ကင်းစင်ပြီး လွတ်လပ်၍ ဂုဏ်သိက္ခာရှိသော အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီး တည်ဆောက်ရေးတွင် ရှေ့ဆောင်လမ်းပြအဖြစ် ဆက်လက်ဦးဆောင်နိုင်ပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့် ဆုတောင်း မေတ္တာလွှာ ပေးပို့အပ်ပါသည်။

အမျိုးသားညီညွတ်ရေးအစိုးရ

ဒီပါဝလီနေ့ (Deepavali) အထိမ်းအမှတ် ဆုတောင်းမေတ္တာစကားဒီပါဝလီနေ့ အခါသမယတွင် ဟိန္ဒူဘာသာဝင် ညီအစ်ကိုမောင်နှမများအားလုံး ကို...
09/11/2026

ဒီပါဝလီနေ့ (Deepavali) အထိမ်းအမှတ် ဆုတောင်းမေတ္တာစကား

ဒီပါဝလီနေ့ အခါသမယတွင် ဟိန္ဒူဘာသာဝင် ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မိသားစုနှင့်အတူ ပျော်ရွှင်ငြိမ်းချမ်းသော နေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အမှောင်ကို အလင်းက အောင်နိုင်ခြင်း၊ မကောင်းမှုကို ကောင်းမှုက အောင်နိုင်ခြင်းနှင့် မသိမှုကို အသိပညာက အောင်နိုင်ခြင်းတို့ကို ကိုယ်စားပြုသည့် ဒီပါဝလီပွဲတော်သည် ကျွန်ုပ်တို့အားလုံး၏ ဘဝတွင် မျှော်လင့်ချက်၊ မေတ္တာ၊ ငြိမ်းချမ်းရေးနှင့် စည်းလုံးညီညွတ်မှုတို့ကို ပိုမိုတောက်ပစေမည့် အခါသမယတစ်ခု ဖြစ်ပါစေ။

လူမျိုး၊ ဘာသာနှင့် ယုံကြည်မှု မတူကွဲပြားမှုများကို လေးစားတန်ဖိုးထားပြီး အပြန်အလှန်နားလည်မှု၊ သည်းခံမှုနှင့် ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် ငြိမ်းချမ်းသာယာသော လူ့အဖွဲ့အစည်းတစ်ရပ်ကို အတူတကွ တည်ဆောက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

ဒီပါဝလီနေ့မှစ၍ အလင်းရောင်နှင့် မင်္ဂလာတရားများ သင့်မိသားစုများနှင့်အတူ အစဉ်ထာဝရ ရှိနေပါစေ။

Happy Deepavali! 🪔

08/11/2026

ကုလသမဂ္ဂက ဦးဝင်းမြင့်ကို မြန်မာနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်။ .. ... ... ... ... ... ... ... ...
ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးခဲ့ကြောင်း ကြေညာခဲ့တာ ၆ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် ဦးဝင်းမြင့် အမှန်တကယ် လွတ်လပ်မှုမရှိသေးပါဘူး။

Mathias Licharz
ရန်ကုန်ဂျာမနီသံရုံးအကြီးအကဲ


လွတ်မြောက်နယ်မြေမှာ အသက်အန္တရာယ်ကြားက ဆေးကုပေး‌နေတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးရုံအဖွဲ့သားတွေ အားလုံးကို လေးစားပါတယ်။ ကျဆုံးသွ...
07/11/2026

လွတ်မြောက်နယ်မြေမှာ အသက်အန္တရာယ်ကြားက ဆေးကုပေး‌နေတဲ့ ဆရာဝန်၊ သူနာပြု၊ ဆေးရုံအဖွဲ့သားတွေ အားလုံးကို လေးစားပါတယ်။ ကျဆုံးသွားတဲ့ ဆေးဝန်ထမ်း သူရဲကောင်းတွေအတွက် စိတ်ထိခိုက်ရ။

တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၂၁၀၆ ရက်1 - February - 2021   To   7 - November - 2026ကျန်းမာပါစေ…အမြန်ဆုံး ပြန်လည်...
07/11/2026

တရားမဲ့ချုပ်နှောင်ခံထားရသောရက်ပေါင်း ၂၁၀၆ ရက်
1 - February - 2021 To 7 - November - 2026
ကျန်းမာပါစေ…
အမြန်ဆုံး ပြန်လည်လွတ်မြောက်လာပါစေ…


!

Address

Dublin

Website

Alerts

Be the first to know and let us send you an email when CRPH & NUG Supporters Ireland posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share