NUG Support Team Korea -NSTK

NUG Support Team Korea -NSTK

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUG Support Team Korea -NSTK, Political organisation, Seoul.

Photos from NUG Support Team Korea -NSTK's post 25/09/2025

🔴စစ်အုပ်စု၏ #အတုအယောင်ရွေးကောက်ပွဲ_ဆန့်ကျင်ရေး ကိုရီးယားနိုင်ငံလုံးဆိုင်ရာ #ဆန္ဒပြပွဲကြီး 🔴
✅နေ့ရက်
၂၀၂၅ အောက်တိုဘာလ ၄ ရက် (စနေနေ့)
✅အချိန်
မွန်းလွဲ ၁၂း၃၀ မှ ၃း၃၀ နာရီ
✅နေရာ
ဆိုးလ်မြို့၊ ချွန်းဂျဲစမ်ချောင်းဘဲရူလင်းရင်ပြင် (청계천베를린광장)
✅ချီတက်မည့်လမ်းကြောင်း
청계천베를린광장– 을지로2가사거리– 명동성당사거리– 퇴계로2가사거리– 명동역– 회현사거리– 한국은행사거리– 을지로1가사거리– 종로1가사거리– 종로2가사거리– 청계천베를린광장
🔸
စစ်အာဏာရှင်စနစ်ကို မလိုလားတဲ့ ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသား အားလုံးကို အလေးအနက် ဖိတ်ခေါ်ပါတယ်။
🔸
#စစ်အာဏာရှင်စနစ်ကို_မလိုလားသူတိုင်း_မပျက်မကွက်_ပါဝင်ကြ
🔹
အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုက စီစဉ်နေတဲ့ အတုအယောင် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်တဲ့ တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားအားလုံး စုပေါင်းပါဝင်မယ့် နိုင်ငံလုံးဆိုင်ရာ ချီတက်ဆန္ဒပြပွဲကြီးကို လာမယ့် အောက်တိုဘာလ ၄ ရက်နေ့မှာ ဆိုးလ်မြို့၌ ကျင်းပမှာဖြစ်ပါတယ်။

ဆန္ဒပြပွဲသို့ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ဂယောင်ဂီဒို၊ အင်ချွန်း၊ ဘူဖျောင်း၊ ဖာဂျူ၊ ဂွမ်ဂျူး၊ ဖိုချွန်၊ ဂင်ဖို၊ အန်ဆန်း၊ ဖျောင်းထက်၊ ချွန်နမ်း၊ ဒယ်ဂျွန်း၊ ဒယ်ဂူး၊ ဂူမီ၊ ဂင်မဲ၊ ဘူဆန်၊ ဂေါ်ဂျယ် အစရှိတဲ့ မြို့များမှ တော်လှန်ပြည်သူများနဲ့ တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးအတူတကွ စုရုံးပါဝင်ကြပါမယ်။
🔸
ငါတို့ ပြည်ပရောက်တွေရဲ့ တာဝန်က ဘာလဲ
🔸
#ပြည်တွင်းလူထုအသံကို_ဖော်ဆောင်ရန်
#နိုင်ငံတကာသို့_အမှန်အတိုင်း_သတင်းစကား_ပို့ရန်
🔹
ပြည်တွင်းရှိ ပြည်သူများဟာ စစ်မိစ္ဆာတွေရဲ့ အစွမ်းကုန် ယုတ်မာရက်စက် ဖိနှိပ်မှုကြောင့် လွတ်လပ်စွာ ဆန္ဒမထုတ်ဖော်နိုင်တဲ့ အချိန်မှာ ပြည်ပရောက် ငါတို့တတွေတတွေက အကျယ်လောင်ဆုံး အသံထုတ်ပေးဖို့ ငါတို့မှာ တာဝန်ရှိတယ်။ ငါတို့အသံဟာ “လူထုအသံ”ဖြစ်တယ်။

ဒီ ရွေးကောက်ပွဲဟာ ပြည်သူလူထုရဲ့ ထောက်ခံမှု လုံးဝမရှိကြောင်း ကမ္ဘာကို ပြတ်သားစွာ ပြသဖို့တာဝန်ရှိတယ်။ စစ်အုပ်စုက အတင်းအကျပ် လုပ်နေတဲ့ ဒီရွေးကောက်ပွဲဟာ အတုအယောင် အလိမ်အညာ ထောင်ချောက်တခုသာ ဖြစ်ကြောင်း ဖော်ထုတ်ပြကြမယ်။
🔸
ငါတို့အားလုံးရဲ့ ညီညွတ်မှုကို စိုက်ထူကြ
🔸
ဒီ ဆန္ဒပြပွဲကို ကိုရီးယား NUG ကိုယ်စားလှယ်ရုံး နှင့် ကိုရီးယားရှိ တော်လှန်ရေးအဖွဲ့ပေါင်း ၃၀ ကျော် ပါဝင်တဲ့ "စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီ" မှ စီစဉ်ကျင်းပခြင်းဖြစ်ပါတယ်။ ဆန္ဒပြပွဲနှင့် စပ်လျှဉ်း၍ သိရှိလိုသည်များကို နီးစပ်ရာ တော်လှန်ရေးအဖွဲ့အစည်းများ၊ ဦးဆောင်သူများထံသို့ ဖြစ်စေ၊ NUGကိုယ်စားလှယ်ရုံးသို့ ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

ဒီဆန္ဒပြပွဲဟာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုများရဲ့ အစသာဖြစ်ပြီး၊ နောက်ထပ် အစီအစဉ်များစွာ ဆက်လက်ရှိဦးမှာ ဖြစ်ပါတယ်။

#စစ်အုပ်စုရွေးကောက်ပွဲ_ဆန့်ကျင်ရေး_ပူးပေါင်းလှုပ်ရှားမှု_ကော်မတီ




25/07/2025

"သေရင်တော့ မြေကြီးဘဲ
ရှင်ရင်တော့ ငါတို့ နောက်မျိုးဆက် ရွေထီးဆောင်းစေရမယ် "
.
မဝတ်ရည်အောင် ( ဒဂုံတက္ကသိုလ် သမဂ္ဂရဲ့ ဗဟိုအလုပ်အမှု‌ဆောင် )
စစ်အာဏာရှင်များ၏ ထောင်တွင်း စစ်ကြောရေးစခန်း နှိက်စက်မှုများကြောင့် ၂၀၂၅ ဂျူလိုင်လ ၂၀ ရက်နေ့တွင် အင်းစိန်ထောင်၌ ကျဆုံးခဲ့ပါသည်။

17/07/2025

"ကိုရီးယားအစိုးရကို တောင်းဆိုသည့် မြန်မာ့ဒီမိုကရေစီရေး လက်မှတ်ထိုးကင်ပိန်း စတင်"
လက်မှတ်ပေါင်း 8,888 အထက်ရရှိရန် ရည်မှန်း
အလွယ်တကူ လက်မှတ်ထိုးနိုင်ရန် စီစဉ်ထား
*******

မြန်မာဒီမိုကရေစီနှင့် လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် ကိုရီးယားသမ္မတနိုင်ငံ အစိုးရသို့ တောင်းဆိုသည့် လက်မှတ်စုရေးထိုး လှုပ်ရှားမှုကို ယခုရက်ပိုင်းတွင် စတင်လိုက်ပြီး လက်မှတ်ပေါင်း 8,888 ရရှိအောင် စုဆောင်းမည်ဟု တာဝန်ခံများက ကြေညာထားသည်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၊ MFDMC, 미얀마민주주의를지지하는한국시민사회단체모임, KOCO(해외주민운동연대), 수원이주민센터 စသည့် တော်လှန်ရေးအဖွဲ့အစည်းများ ဦးဆောင်၍ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီ အရေးတော်ပုံ (8888 ) ၃၇-နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဤလက်မှတ်ထိုးလှုပ်ရှားမှုကို ပြုလုပ်ခြင်းဖြစ်သည်။

အဆိုပါ အွန်လိုင်းလက်မှတ်ရေးထိုး ကင်ပိန်းကို https://campaigns.do/campaigns/1624 တွင် မည်သူမဆို ပါဝင် လက်မှတ်ရေးထိုးနိုင်သည်။

မိမိအချက်အလက်များကို စာရင်းသွင်းစရာ မလိုဘဲ လက်မှတ်ထိုးနိုင်သည်။ (အီးမေးလ်၊ ဖုန်းနံပတ်၊ လိပ်စာတို့ကို ထည့်လိုက ထည့်၊ မထည့်လိုက မထည့်ပဲ ထားနိုင်သည်။)

စုဆောင်းရရှိသည့် လက်မှတ်များနှင့်အတူ ကိုရီးယားအစိုးရသို့ တောင်းဆိုချက်များကို သြဂုတ်လ ၈ ရက်နေ့တွင် ဆိုးလ်မြို့ သမ္မတရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပေးပို့သွားမည်ဖြစ်သည်။

အဆိုပါ တောင်းဆိုစာတွင် အချက် ၇-ချက် ပါဝင်ပြီး၊ မြန်မာ့ဒီမိုကရေစီရေးအတွက် လက်တွေ့ကျသော ထောက်ခံအားပေးမှုများ ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန် ပါဝင်သည်။

미얀마연방민주주의승리연합(MFDMC)
MFDMC

미얀마군부독재타도위원회
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ - ကိုရီးယား

미얀마민주주의를지지하는한국시민사회단체모임
미얀마 지지 시민모임

KOCO(해외주민운동연대)
KOCO - 해외주민운동연대

수원이주민센터
수원이주민센터 Suwon Migrants Center

Want your business to be the top-listed Government Service in Seoul?

Click here to claim your Sponsored Listing.

Location

Website

Address


Seoul