TatTaung Town

TatTaung Town

Share

Welcome

27/02/2025

သာလီစွ မိုးထပ်ဖက်သျှေပါ။
ရက္ခိုင့်ပြည်သူ/သား ကျန်းမာ၊သာယာဝဖြိုးပါစီ။

12/09/2024

အားလုံး share ရန်
ကြိုတင်သိရှိ ပြင်ဆင်ကြလော့
မကွေးတိုင်း ဧရာဝတီမြစ်အနောက်ဖက်ရှိဒေသ မြိုရွာတွေအားလုံးမှာ မိုးကြီးနိုင်ပြီး
ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ် ရခိုင်ရိုးမတောင်တန်းကြီးပေါ်မှာ
၂၀၂၄ စက်တင်ဘာလ ၁၂ရက်နေ့ ၁၃ရက်နေ့ ၂ရက်ဆက်တိုက် စုစုပေါင်းမိုးရေချိန် ၃၀၀မီလီမီတာမှ ၄၈၀မီလီမီတာအထိ မိုးကြီးနိုင်သဖြင့် ယောချောင်း စလင်းချောင်း နွယ်တမယ်ချောင်း မုန်းချောင်း မန်းချောင်း စပွတ်ချောင်း မင်းတုန်းချောင်းများသည် တောင်ကျရေများအရှိန်အဟုန်ဖြင့်စီးဆင်းလာနိုင်ပါသဖြင့် ချောင်းနီးမြေနိမ့်နေရာဒေသနေထိုင်ကြသူများအနေဖြင့် မြေမြင့်ဘေးကင်းလုံခြုံတဲ့နေရာတွေကိုပြောင်းရွှေနေထိုင်ကြပါလို့တိုက်တွန်းနိုးဆော်လိုက်ပါတယ်
ဘေးအန္တာရယ်ကင်းကြပါစေ
ISSUED TIME
12/09/2024 5:07am(MMT)
#တိကျမှန်ကန်
Su Su San
𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆

Photos from TatTaung Town's post 26/08/2024

အထူးဂရုစိုက်ကြပါ🚨🚨

MonkeyPox(M Pox) ထိုင်းကလူနာပုံ🛑
မျောက်ကျောက်ရောဂါက အခုဆို ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊အင်ဒိုနီးရှား၊စင်ကာပူ၊ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့မှာ တွေ့နေရပါပီ ။ နီးလာပီပေါ့ဗျာ ။

ဒါပေမယ့် အခု SEA region တွေ့တဲ့ strain က Clade2 ဖြစ်ပြီး အာဖရိကမှာတွေ့တဲ့ Clade1 လောက်တော့ ပြင်းထန်မှုမရှိဘူးလို့ ဆိုထားပါတယ် ။

အဓိက ကူးစက်တဲ့ပုံစံက တစ်ဦးနဲ့တစ်ဦး အရေပြားချင်းထိတွေ့ရာကတဆင့်၊ လိင်ဆက်ဆံရာက တဆင့်ကူးစက်တာပါ ။ ကိုဗစ်လိုမျိုး လေကတဆင့် ကူစက်ပျံ့ပွါးတာမျိုးမဟုတ်တဲ့အတွက် တော်သေးတယ်ပြောရမယ် ။

လက္ခဏာတွေကတော့ စစဖြစ်ချင်းမှာ
တုပ်ကွေးဖျားနာလိုပါပဲ ။ အဖျားကြီးမယ် ။ ချမ်းတုန်မယ် ။ခေါင်းရှယ်ကိုက်ပါမယ် ။ ကြွက်သားတွေနာကျင်ကိုက်ခဲမယ် ။ အဓိကက ခါးဘက် ကျောဘက် အရမ်းနာတယ် ဆိုပြီး ရေးထားပါတယ် ။ ပြန်ရည်ကျိတ်ဂလင်းတွေ ရောင်ပါမယ် ။ ပြီးမှ အရေပြားမှာ အောက်ပါပုံအတိုင်း(ထိုင်းကလူနာပုံ) အဖုတွေ ထွက်လာတာပါ ။ နာပါတယ် ယားပါတယ် ။အာခေါင်၊သွားဖုံး၊လျာတွေမှာပါ ဖြစ်တယ် ။ အရမ်းနာလွန်းလို့ စားသောက်ရ ခက်ပါတယ် ။

ကုသမှုကတော့ Viral infection တွေရဲ့ ထုံးစံအတိုင်း ကိုယ်ခံအားကောင်းဖို့ ကောင်းကောင်းအနားယူ ရေများများသောက် အဖျားနဲ့ကိုက်ခဲမှုကို သေချာကုသဖို့ပြောထားပါတယ် ။ ရောဂါလက္ခဏာတွေက ယေဘုယျအားဖြင့် ၂ပတ်က ၄ပတ်အထိ ကြာတတ်ပါတယ်တဲ့။
‌ေ သနိုင်ပါတယ် ။

SEA region မှာ အဓိကတွေ့ရတဲ့ Clade2 က မပြင်းဘူးဆိုပေမယ့် ‌ေ သတဲ့လူတွေပါ ရှိတာကတကြောင်း ကိုယ့်တကိုယ်လုံး ဒီလိုအဖုတွေပေါက်ပြီး ရှယ်နာမှာဆိုတာကတကြောင်း ကာကွယ်ဆေးကောင်းကောင်းမရနိုင်သေးတာက တကြောင်း မကူးစက်အောင်တော့ သတိထားမှ ရမယ် ။ ပေါ့လို့တော့ မရဘူးပေါ့ ။
Crd🎗️
Dr.မြင့်မြတ်
(တာချီလိတ်)
Credit photo

post

Photos from TatTaung Town's post 10/06/2024

ရခိုင်ပြည်နယ် ၊ တပ်တောင်စာစစ်ဌာန(ဒအမ) အောင်စာရင်း (၂၀၂၄-ခုနှစ်)

12/04/2024

သင်္ကြန်ကာလ လူစုလူဝေးနန့် ပျော်ပွဲရွှင်ပွဲတိမလုပ်ကတ်ဖို့ အာရက္ခမိဖပြည်သူသို့ မိတ္တာရပ်ခံပန်ကြားချက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်

APM ၊ ဧပြီ ၁၁ / ၂၀၂၄

လက်ဟိကာလစွာ စစ်ရီးပြင်းထန်နီရေကာလဖြစ်လို့လာဖို့ သင်္ကြန်ကာလအတွင်း မြို့ပြ နန့် ကျေးလက် ဒေသတိမာလူစုလူဝေးတိ၊ ပျော်ပွဲရွှင်ပွဲတိ မလုပ်ကတ်ဖို့ အာရက္ခမိဖ ပြည်သူသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က မိတ္တာရပ်ခံပန်ကြားချက်တစောင်ကို ဒေနိ (ဧပြီ ၁၁ ရက်နိ)မာ ထုတ်ပြန်လိုက်ပါရေ။

ULA ၏ ထုတ်ပြန်ချက်ထဲမာ" ရက္ခိုင်ဒေသအတွင်း ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီနန့် အာရက္ခတပ်တော်ရို့တိုက်ပွဲများ နိစဉ်ရက်ဆက် ဆက်လက်ဖြစ်ပွားလျက် ဟိသည့်အပြင် တရက်ထက်တရက် တိုက်ပွဲများပြင်းထန်လျက်ဟိနီဆဲပင်ဖြစ်သည်။ တပြိုင်နက်တည်းတွင် စစ်ယှုံးအကြမ်းဖက်စစ်ကောင်စီသည် မိမိရို့အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသော ဒေသများအတွင်း၌သာမက မိမိရို့မှနောက်ထပ် သိမ်းပိုက်ရန်ကြိုးပမ်းနီသော နီရာများတွင်ပါ လူစုလူဝေးဟုယူဆရသည့်နီရာများအား အလိုက်ချောင်း၊ အငိုက်ဖမ်းပြီး လီယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်း၊ လက် နက်ကြီးများဖြင့် ဦးတည်ပစ်ခတ်ခြင်းရို့ကို ပြုလုပ်ရန် နိစဥ်ရက်ဆက်ကြိုးပမ်းလျက်ဟိနီသည်” လို့ဖော်ပြထားပါရေ။

ယေဇူးနန့် မကြာခင်ကျရောက်လာဖို့ သင်္ကြန်ပွဲတော်ကာ လအတွင်း မြို့ပြနန့် ကျေးလက်ဒေသတိမာ လူစုလူဝေးတိလုပ်ပြီးကေ ပျော်ပွဲရွှင်ပွဲကြီးတိကို မလုပ်ကတ်ဖို့ အာရက္ခမိဖပြည်သူရို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံပန်ကြားပါကြောင်း ဆိုပါရေ။

ယင်းအပြင် လူအများအပြား စီးလာရေ ကားတိနန့် မြို့ပြဒေသတိ၊ တမြို့နန့်တမြို့၊ တရွာနန့် တရွာအကြား ကခုန်လှည့်ပတ်ပြီး ရီကဇတ်စွာ၊ လူစုလူဝေးဖြစ်စီ​ရေ သင်္ကြန်မဏ္ဍပ်တိ၊ Show ပွဲတိပြုလုပ်စွာ၊ ဘုန်ကြီးကျောင်းတိမာ လူစုလူဝေးနန့်ဥပုသ်သီလဆောက်တည်စွာ၊အလှူအတန်း တိ ပြုလုပ်စွာတိကိုလည်း " လုံးဝ" မလုပ်ကတ်ဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံထားပါရေ။

စစ်ယှုံး အကြမ်းဖက်စစ်ကောင်စီစွာ စစ်ပွဲနန့်တိုက်ရိုက်မသက်ဆိုင်ရေ အပြစ်မဲ့ ပြည်သူတိကို အလိုက်အငိုက်ချောင်း ဦးတည် တိုက်ခိုက်တေ အကျင့်ဟိလို့ သင်္ကြန်ကာလအတွင်း မလိုလားအပ်သော အသက်တိ အစုလိုက်၊ အပြုံလိုက် သီဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတိမဟိရအောင် ကြိုတင်ကာကွယ်နိုင်ဖို့ မိဖပြည်သူရို့အနီနန့်လိုက်နာရဖို့အချက်တိကို တိကျစွာ လိုက်နာဆောင်ရွက်ကတ်ဖို့လည်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က မိတ္တာရပ်ခံပန်ကြား​ထားပါရေ။

Photos from TatTaung Town's post 16/11/2023

လက်နက်ကြီး ထိတာပဲ ဖြစ်ဖြစ် ၊ ဗုံထိတာပဲ ဖြစ်ဖြစ် အရေးပေါ် ကုသနည်းလမ်းတွေကို အောက်ဖော်ပြပါ application ဖြစ်တဲ့ အရေးပေါ် အပ်စ် ကနေလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
ဒါကြောင်း စစ်ဘေးရှောင်နေရသူများ၊ စစ်ဘေးရှောင်ကူညီ ကြသူများ အနေဖြင့် ဖုန်းထဲတွင် သိမ်းထားခြင်းအားဖြင့် အသက်ကယ်သူများ ဖြစ်နိုင်တာမို့ KHAI မှ တိုက်တွန်းသည် ။

For Andriod -

https://play.google.com/store/apps/details?id=xyz.springrevolution.frontline

For ISO -

https://apps.apple.com/us/app/a-yay-paw/id1559444131



14/11/2023

လက်နက်ကြီးပစ်လာကေ

- အိမ်အောက်က လုံခြုံဖို့နေရာကိုရှာပါ
- အပြင်ကိုထွက်ပြီးစော်မျိုးတိကိုမလုပ်ကတ်ပါကေ့
- လက်နတ်ကြီးပစ်သံကြားရရေ ဆိုကေ ဝပ်နိန်ပါ
(ဝပ်နိန်ရေအချိန်မှာ ဘယ်ဘက်ရင်အုံကို မြေကြီးနန့်
တစ်ထွာလောက်အကွာမှာထားပါ)
( လက်နက်ကြီးအသံကြောင့်မြေကြီးတုန်ခါပြီးကေ
နှလုံးရပ်လားနိုင်စော်တိရှိပါရေ)
- တကယ်လို့ မတော်တဆလက်နက်ကြီး အစတစ်ခုခု
ထိမှန်လားရေဆိုကေ လုံးဝရေမတိုက်ပါကေ့
(လက်နက်ကြီးထဲမှာပါရေ ဓာတုပစ္စည်းတစ်မျိုးကြောင့်ရေတိုက်လိုက်စော်နမ့် သီဆုံးလားနိုင်ပါရေ)
- လက်နက်ကြီးပစ်ခတ်လို့အသံကြားရချိန် ဝပ်နိန်စော်က
အသက်ကိုလည်း ကာကွယ်နိုင်ပါရေ
(လက်နက်ကြီးစော်မြေမှာကျလို့ကွဲကေလေ့ လူတစ်ယောက်ခါးအရပ်လောက်မှာမှ ဖြာထွက်ပနာကွဲဟာ
ဖြစ်ပါရေ)
- ယင်းကြောင့် ဝပ်နေစွာက လက်နက်ကြီးအန္တရာယ်ကနိန် လွတ်မြောက်နိုင်ပါရေ)

13/11/2023

ဆန်ပွဲရုံ ဆေးဆိုင် ၊ စားကုန်ဆိုင်များ စျေးတင်ရောင်းလျှင် ဘောင်ချာတောင်းပါ။

13/11/2023

ရခိုင်ဘက် တက်သော လမ်းကြောင်း များ အားလုံး ပိတ်ထားပါပီ ။
ဂွ ‌သံတွဲ တောင်ကုတ် အမ်း ပဒန်း ဂိတ်များ ပိတ်ထားကြောင်းလို့ သတင်းရပါသည် ။

နောက်ထပ်ရမည့် သတင်းများကို သိရ‌သလောက် ဆက်လက်ဖော်ပြသွားပါမည်။

Photos from TatTaung Town's post 13/11/2023

နောက်တစ်ခေါက် ထပ်တင်လိုက်ပါယင့်။ စကေ ရှယ်ပီးကတ်ပါ အမျိုးရို့။

- ပြင်၊ ပုန်း၊ ပြီး

- ဝပ်၊ ကြည့်၊ ပြီး
Credit

05/09/2023

Only the wise will understand this video..

23/07/2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ "နှစ်သောင်းကျပ်တန်" ငွေစက္ကူအသစ်ကို လာမယ့် ဇူလိုင် ၃၁ ရက်နေ့ကစပြီး ထုတ်ဝေမယ့်အကြောင်း စစ်တပ်ပိုင် မြဝတီသတင်းဌာနကနေ ဒီကနေ့မနက်ပိုင်းမှာ ကြေညာပါတယ်။

ငွေစက္ကူအသစ်ဟာ အစိမ်းနုရောင်ရှိမှာဖြစ်ပြီး အရှေ့ဘက်မှာ ဆင်ဖြူတော်ပုံနဲ့ အနောက်ဘက်မှာ စစ်ကိုင်းတံတားပုံနဲ့ ဧရာဝတီတံတားပုံ ရိုက်နှိပ်ထားမယ်လို့ ဖော်ပြပါတယ်။ လက်ရှိသုံးစွဲနေတဲ့ ‌ငွေစက္ကူတွေနဲ့ ငွေအကြွေတွေကတော့ အရင်အတိုင်းတရားဝင်သုံးစွဲငွေအဖြစ် ဆက်ရှိနေမှာပါ။

နှစ်သောင်းကျပ်တန်ကို အကန့်အသတ်နဲ့သာထုတ်ဝေပေးမှာဖြစ်ပြီး ဟောင်းနွမ်းနေပြီး သုံးစွဲလို့မရတော့တဲ့ ငွေစက္ကူအမျိုးအစားတွေနဲ့ တန်ဖိုးတူလဲလှယ်ပေးမှာဖြစ်ပါတယ်။

မြန်မာမှာ ထေရဝါဒဗုဒ္ဓဘာသာကိုးကွယ်မှုရဲ့ ဗဟိုချက်ဖြစ်စေဖို့ ရည်ရွယ်တဲ့ "မာရဝိဇယ" ဗုဒ္ဓရုပ်ပွားတော်မြတ် တည်ဆောက်ပြီးစီးမှု အထိမ်းအမှတ်အနေနဲ့ရော မနှစ် ဇူလိုင် ၂၃ ရက်နေ့မှာ တွေ့ရှိခဲ့တဲ့ ဆင်ဖြူတော် "ရဋ္ဌနန္ဒက" ရဲ့ တစ်နှစ်ပြည့်မွေးနေ့အဖြစ်ပါ ဒီငွေစက္ကူအသစ်တွေကို ထုတ်ဝေတာလို့ ‌ဆိုပါတယ်။

Want your business to be the top-listed Government Service in An?

Click here to claim your Sponsored Listing.

Location

An

Website

Address


Rakhine
An
-55

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 19:00