အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - အောင်လံ ပ.က.ဖ

အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  - အောင်လံ ပ.က.ဖ

Share

This page aims to share the activities of People Defence Force - Aung Lan.

13/02/2026

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)

တိုက်ပွဲသတင်းထုတ်ပြန်ချက်

ဖေဖေါ်ဝါရီ ၁၃၊ ၂၀၂၆

၁၁.၂.၂၀၂၆ ခုနှစ်၊ နံနက် ၁၀ နာရီ အချိန်တွင် မကွေးတိုင်း၊ သရက်ခရိုင်၊ အောင်လံမြို့ ရွှေရတုခန်းမမှ ထွက်လာသော အင်အား (၃၀) ခန့်ပါ သံပြားကာ ကားတစ်စီးအား မိုးကောင်းကျေးရွာနှင့် တောင်ဗွေကျေးရွာအကြားတွင် မိမိတို့ တော်လှန်ရေး တပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်ခဲ့ရာ ရန်သူဘက်မှ ၃ ဦးသေဆုံးကာ ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိခဲ့ရပြီး မိမိတို့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

အဆိုပါတိုက်ခိုက်မှု့အား မိမိတို့ သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ အောင်လံ ပ.က.ဖ နှင့် နေပြည်တော် ဗျူဟာ (၁၇) မှ ၉၀၂ တပ်ရင်း နှင့် ၈၀၄ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။

ပြန်ကြားရေးတာဝန်ခံ
အောင်လံ ပ.က.ဖ

28/12/2025

သတင်းထုတ်ပြန်ကြေညာချက်

ဒီကနေ့ ၂၈ ရက် ၁၂ လ ၂၀၂၅ ခုနှစ် စစ်ကော်မရှင်‌ ရွေးကောက်ပွဲ ပြုလုပ်‌နေစဉ်‌ ‌အောင်လံမြို့နယ် သမ္ဗူလ ရဲစခန်းနှင့် ကပစ ၁၅ ကို အကာအကွယ်ပေးထားသော ဆပ်ဆူဝရွာ စစ်တပ်ဂိတ်စခန်းအား မိမိတို့ ရိုးမဖိုက်တာစစ်ကြောင်းမှ ၆၀ မမ လက်နက်ကြီး ၄ လုံးဖြင့် သွား‌ရောက်ပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့ပါသည်။ စစ်ကောင်စီစစ်သားများ ထိခိုက်မှု မသိရသေးပါ။ မိမိတို့ ရဲဘော်များ လုံခြုံရာသို့ပြန်လည်ရာက်ရှိပြီဖြစ်‌သော်လည်း ရန်သူ စစ်တပ်မှ လက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများ ရှိနေပါသဖြင့် ပြည်သူများအ‌နေဖြင့် အထူးဂရုစိုက်နေထိုင်ကြပါရန် သတိပေး ထုတ်ပြန်အပ်ပါသည်။
#ဗျူဟာအမှတ်(၁၇)

#နေပြည်တော်တပ်ရင်း(၉၀၂)
#နေပြည်တော်တပ်ရင်း(၈၀၄)
#သရက်ခရိုင် အမှတ်(၁)တပ်ရင်း
#အောင်လံမြို့နယ် ပကဖ

07/08/2025

ဇူလိုင် ၁၈ ရက်နေ့မှစတင်၍ ယနေ့ထိ စကစအင်အား ၆၀၀ ခန့်ဖြင့် မိမိတို့စိုးမိုးနယ်မြေတစ်နေရာအား စစ်ကြောင်းထိုးလျက်ရှိပါသည် ။

နေပြည်တော်မှ စတင်ထိုးလာခဲ့သော ၎င်းစစ်ကြောင်းအား ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခြင်း၊
သတ်မှတ်ထားသော သတ်ကွင်းများအတွင်းသို့ ဝင်ရောက်လာခြင်းကြောင့် နင်းမိုင်း ၊ ဆွဲမိုင်း မကြာခဏမိခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခုခံနေခြင်းများကြောင့် ရန်သူအင်အား ၇၀ ဦးဝန်းကျင်ခန့် ထိခိုက်ကျဆုံးရှိပါသည် ။

မိမိတို့ရဲဘော်နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိထားပြီး၊ စခန်းအချို့ လက်လွတ်ခဲ့ရပါသည် ။

စကစမှ ဆက်လက်စစ်ကြောင်းထိုးလျက်ရှိပြီး မည်သည့်နေရာတွင်မဆို တိုက်ပွဲများဖြစ်ပွားလာနိုင်သောကြောင့် စကစစစ်ကြောင်းနှင့်နီးစပ်ရာတွင် နေထိုင်ခြင်းမပြုပါရန်
မေတ္တာရပ်ခံအပ်ပါသည် ။

ထိုတိုက်ခိုက်မူ့များကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၉၀၂ တပ်ရင်း ၊ အမှတ် ၈၀၄ တပ်ရင်း ၊ သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ ပ.က.ဖ) တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ပါသည် ။

(မည်သည့်မီဒီယာကိုမျှ သတင်းဖြေကြားဦးမည် မဟုတ်ပါ )

10/03/2025

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
အမှတ် (၁) စစ်ဒေသ

နေအိမ်သိမ်းဆည်းမည့်အကြောင်း ကြေငြာခြင်း

မတ် ၁၀၊ ၂၀၂၅ ခုနှစ်။

အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် သမ္ဘူလတိုက်နယ်အတွင်းမှ စစ်ကောင်စီဒေါက်တိုင် (၂) ဦးဖြစ်သည့် တလုတ်ပင်အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေနှင့် ရဲဒုတပ်ကြပ် မျိုးကြီးတို့၏ နေအိမ်များအား ချိတ်ပိတ်သိမ်းဆည်းသွားရန် စီစဥ်နေကြောင်း ပြည်သူများသို့ အသိပေး တင်ပြအပ်ပါသည်။

၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရသည့် တလုတ်ပင် အုပ်ချုပ်ရေးမှူးဟောင်း မြင့်ဆွေသည် ရွှေပန်းတောနှင့် သမ္ဘူလတိုက်နယ်များတွင် ဆပ်ကြေးကောက်ခြင်း၊ အပြစ်မဲ့ပြည်သူပိုင် ပစ္စည်းများအား သိမ်းဆည်း၍ ကိုယ်ကျိုးအတွက် အသုံးချခြင်း၊ အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးငွေညှစ်ခြင်းများအားဖြင့် ချမ်းသာကြွယ်ဝလာသူ တစ်ဦးဖြစ်ပါသည်။ တလုတ်ပင်ကျေးရွာအတွင်းရှိ ၎င်းပိုင် နေအိမ်အား အထက်ဖေါ်ပြပါ နည်းလမ်းများမှ ရရှိသည့် ငွေကြေးဥစ္စာများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ လ ၂၂ ရက်နေ့တွင် ပစ်ခတ်ရှင်းလင်းခဲ့ရသည့် သမ္ဘူလတိုက်နယ် ရဲစခန်းမှ ရဲဒုတပ်ကြပ် မျိုးကြီးသည်လည်း ဆပ်ကြေးကောက်ခြင်း၊ အပြစ်မဲ့ ပြည်သူများအား နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး၊ ခြိမ်းခြောက်၊ ငွေညှစ်ခြင်းတို့အားဖြင့် ချမ်းသာကြွယ်ဝလာသူတစ်ဦး ဖြစ်ပါသည်။ သမ္ဘူလတိုက်နယ်အတွင်းရှိ ၎င်းပိုင် နေအိမ်အား အထက်ဖေါ်ပြပါ နည်းလမ်းများမှ ရရှိသည့် ငွေကြေးများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်ပါသည်။

သို့ဖြစ်ပါသောကြောင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ လှုပ်ရှားနယ်မြေအတွင်းတွင်ရှိသည့် အထက်ဖေါ်ပြပါ နေအိမ် (၂) လုံးအား ချိတ်ပိတ်သိမ်းဆည်းရန် စီစဥ်ဆောင်ရွက်လျက် ရှိသောကြောင့် ၎င်းနေအိမ်များအား ရောင်းဝယ်ဖောက်ကားမှု မပြုကြရန် လေးစားစွာ အသိပေး ကြေညာအပ်ပါသည်။


ပြန်ကြားရေး တာဝန်ခံ
အောင်လံ ပ.က.ဖ
အမှတ် (၁) စစ်ဒေသ

10/10/2024

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
အမှတ် (၁) စစ်ဒေသ
အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

စစ်ရေးသတင်း ထုတ်ပြန်ချက်
အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။

ဗိုလ်ကြီးမျိုးမြင့်လှိုင်ဦးဆောင်သော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် အောင်လံမြို့ အရှေ့မြောက်ဘက်ခြမ်းရှိ တပ်ကုန်း၊ ကုတင်ရသာ၊ မလယ်သာ၊ ညောင်ဖူးခက်၊ ကြက်သွန်ခင်း၊ ဥသျှစ်ကုန်းနှင့် သစ်ခေါင်းတီးကျေးရွာများ၏ အနီးပတ်ဝန်းကျင်ဒေသများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်နေ့မှစတင်ကာ (၅) ရက်ကြာ စစ်ကြောင်းထိုးခဲ့ပါသည်။

ထိုသို့စစ်ကြောင်းထိုးပြီးနောက် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၂၇ ရက်နေ့တွင် အောင်လံမြို့နယ် သစ်ခေါင်းတီး ကျေးရွာမှတဆင့် သမ္ဘူလကျေးရွာဘက်သို့ နေ့လည် ၃း၃၀ ဝန်းကျင်တွင် ဖောကားအပြာတစ်စီးဖြင့် ပြန်လည်ဆုတ်ခွါခဲ့ပါသည်။

၎င်းဖောကားအား စတင်ထွက်ခွါပြီး ၅ မိနစ်အကြာတွင် သစ်ခေါင်းတီးကျေးရွာတောင်ဘက် ခရိုင်ချင်းဆက်လမ်းပေါ်၌ ကွဲမိုင်း (၃) လုံး၊ ရှေ့ထွက်မိုင်း (၄) လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ ဖောကားရှေ့မှန်တစ်ခုလုံး ကြေမွ၊ ပျက်ဆီး၊ ပြုတ်ကျသွားသည်အထိ ထိရောက်မှုရှိခဲ့ပါသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် (၆) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သမ္ဘူလကျေးရွာမြောက်ဘက်ရှိ ဘုန်းကြီးကျောင်းဝန်းအတွင်း အရေးပေါ် ဆေးကုသမှုခံယူခဲ့သည်ဟု သိရပါသည်။ ကျဆုံးသူ ရှိ၊မရှိဆိုသည်အား အတိအကျ သိရှိရခြင်းမရှိသေးပါ။

ဤမိုင်းဆွဲတိုက်ခိုက်မှုအား သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ နေပြည်တော်တပ်ရင်း (၈၀၄) နှင့် အောင်လံ ပ.က.ဖ အဖွဲ့များ ပူးပေါင်းစီစဥ်ခဲ့ခြင်းဖြစ်ပါသည်။

သတင်းတာဝန်ခံ
အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
အမှတ် (၁) စစ်ဒေသ

01/07/2024

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေး ဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံ)

စစ်ရေးသတင်းထုတ်ပြန်ချက်
ထုတ်ပြန်ချက်အမှတ် (၇/၂၀၂၄)
(ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်)

စစ်ကောင်စီအဖွဲ့သည် အောင်လံမြို့နယ်အတွင်းရှိ ကျွန်ုပ်တို့တော်လှန်ရေးအင်အားစုများကို ချေမှုန်းရန်အတွက် ယခုနှစ် ဇွန်လ ၁၆ ရက်နေ့မှ ၂၈ နေ့အတွင်း စစ်ကြောင်းနှစ်ကြိမ်ထိုးခဲ့ပါသည်။

ဇွန်လ ၁၆ ရက်နေ့မှစတင်ကာ သုံးရက်ကြာ ကြိုးပမ်းခဲ့သည့် ပထမစစ်ကြောင်းနှင့် ကျွန်ုပ်တို့ တော်လှန်ရေး အင်အားစုများအကြား ဇွန်လ ၁၆ ရက်နေ့၊ နေ့လည် ၂း၀၀ နာရီတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထို့အပြင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းအား ကျွန်ုပ်တို့တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၈ ရက်နေ့ နေ့လည် ၂း၃၀ နှင့် ည ၉း၃၀ နာရီတို့တွင် ပဒေသာမိုင်းတိုက်ခိုက်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ရာ ကားလဲသည်အထိ ဖြစ်ခဲ့ရပါသည်။ အကျိုးဆက်အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၃ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။ ကျွန်ုပ်တို့တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် ပြည်သူများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ပါ။

ပထမအကြိမ်တွင် အထိနာခဲ့သော ၎င်းစစ်ကြောင်းသည် အင်အား ၅၀ ဝန်းကျင်ပါ စစ်ကြောင်းတစ်ကြောင်း ပြန်လည်စုဖွဲ့ကာ ဇွန်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ စစ်ကြောင်းထိုးခဲ့ပါသည်။ မထင်မှတ်သောလမ်းများနှင့် တောတောင်၊ လျှိုမြောင်များကိုသုံးကာ ထုတ်လုပ်ရေးစခန်းငယ်တစ်ခုသို့ ရောက်ရှိသည်အထိ ထိုးဖောက်နိုင်ခဲ့ပြီး ထုတ်လုပ်ရေး ပစ္စည်းများကို ဖျက်ဆီးခဲ့ပါသည်။ သို့သော် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ထိခိုက်၊ ဒဏ်ရာရရှိမှုတစ်စုံတစ်ရာ မရှိခဲ့ပါ။

ဤတိုက်ပွဲများတွင် အောင်လံ ပ.က.ဖ၊ သရက်ခရိုင် အမှတ် (၁) တပ်ရင်း၊ မကွေးခရိုင် အမှတ် (၂) တပ်ရင်း၊ တပ်ခွဲ (၂)၊ နေပြည်တော်တပ်ရင်း (၉၀၂)၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (SMPDF) တို့ ပါဝင်ခဲ့ပါသည်။

ပြန်ကြား‌‌ေရးတာဝန်ခံ
အောင်လံ ပ.က.ဖ

09/06/2024

အမျိုးသားညီညွတ်ရေးအစိုးရ
ကာကွယ်ရေးဝန်ကြီးဌာန
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)

အတင်းအဓမ္မ စစ်သားစုဆောင်းရာတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ
မပါဝင်ရန် တားမြစ်ပိတ်ပင်ခြင်း

ကြေညာချက်အမှတ် (၆/၂၀၂၄)
(ရက်စွဲ၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်)

အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ၎င်း၏ စစ်မှုမထမ်းမနေရ ဥပဒေအရ အောင်လံမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်အကြား လူငယ်များအား အတင်းအဓမ္မ ဖမ်းဆီးစုဆောင်းလျက်ရှိပါသည်။
ထိုသို့စုဆောင်းရန်အတွက် အောင်လံမြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား အသုံးချနေပါသည်။ အချို့သော အုပ်ချုပ်ရေးမှူးများကမူ စစ်ကောင်စီနှင့်ပူးပေါင်း၍ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည်ကိုလည်း တွေ့မြင်နေပါသည်။
၎င်းအုပ်ချုပ်ရေးမှူးများ၏ စာရင်းအား အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က မှတ်တမ်း တင်ထားပြီးဖြစ်ကာ ပြင်းထန်စွာ အရေးယူသွားမည့်အကြောင်း ဤကြေညာချက်နှင့်အတူ အသိပေးအပ်ပါသည်။
ထို့အတူ စစ်ကောင်စီနှင့်ပူးပေါင်း၍ အောင်လံမြို့ခံ လူငယ်များအား လျပ်တပြက် ဝင်ရောက်ဖမ်းဆီးခြင်း မပြုရန် အခြား ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအား ဤကြေညာချက်နှင့်အတူ တားမြစ်အပ်ပါသည်။ တားမြစ်ချက်အား လိုက်နာခြင်းမရှိပါက ပြင်းထန်စွာ အရေးယူခြင်း ခံရမည်။


ပြန်ကြားရေး တာဝန်ခံ
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)

26/12/2023

စစ်ရေးသတင်းထုတ်ပြန်ကြေညာချက်
ကြေညာချက်အမှတ် ၁၇/၂၀၂၃

၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ ၂၂ရက်နေ့၊ ည ၉နာရီ မိနစ်၃၀အချိန်ခန့်တွင် ပဲခူးရိုးမ အနောက်ခြမ်း ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်း ဘန်းကုန်းကျေးရွာနှင့် ဓနုန်းမြောင် ကျေးရွာကြားတွင် စစ်ကောင်စီအင်အား ၈၀ခန့်ပါ မော်တော်ယာဥ် ၃ စီးအား မိုင်းကွင်း ၄ ကွင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဓနုန်းမြောင်စစ်တပ်ဂိတ်သို့ စစ်ကား၁စီးသာ ပြန်လည်ရောက်ရှိခဲ့ပြီး၊ စကစတပ်သား ၁၅ ဦးသေဆုံးကာ ၇ ဦးအပြင်းအထန်ဒဏ်ရာ ရရှိကြောင်း သတင်းရရှိသည်။ အဆိုပါ ယာဥ်တန်းသည် ဒီဇင်ဘာလ ၂၀ ရက်နေ့မှစ၍ ပဲခူးရိုးမအနောက်ခြမ်း အောင်လံမြို့နယ် ကရင်မစမ်းကျေးရွာနှင့် ပျဥ်းကုန်းကျေးရွာအား စစ်ကြောင်းထိုးတောနင်းခဲ့ပြီး အပြန်တွင် ကျွန်ုပ်တို့ မကွေးခရိုင် အမှတ်(၂)တပ်ရင်း၊ သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ သရက်ခရိုင် အမှတ်(၅)တပ်ရင်း၊ အောင်လံမြို့နယ် ပကဖ၊ ဆင်ပေါင်ဝဲမြို့နယ် ပကဖတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - မကွေးခရိုင် အမှတ် ၂ တပ်ရင်း မှရဲဘော်များစစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲစဥ်

မကွေးခရိုင်အမှတ်၂တပ်ရင်း
အမှတ်၁စစ်ဒေသ
ပြည်သူ့ကာကွယ်ရေးတပ်မတော်

Photos from အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့  - အောင်လံ ပ.က.ဖ's post 23/11/2023

တိုက်ပွဲသတင်း ထုတ်ပြန်ချက်

နိုဝင်ဘာ ၂၃၊ ၂၀၂၃ ခုနှစ်

သံကုတင်ကျေးရွာနှင့် ဘင်ဟုန်ကျေးရွာများသို့ ဦးတည်စစ်ကြောင်းထိုးလာသော အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ရဲဘော်များနှင့် တပ်တွင်းသတင်းရင်းမြစ်များအရ သိရှိခဲ့ရပါသည်။

နိုဝင်ဘာ ၁၇ ရက်နေ့တွင် သံကုတင်ကျေးရွာသို့ ဝင်ရောက်လာသော အဆိုပါ စစ်ကြောင်းအား မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီး၊ ၂ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ သံကုတင်ကျေးရွာရှိ နေအိမ် (၄၀) ကျော်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပါသည်။

၎င်းစစ်ကြောင်းသည် သံကုတင်ကျေးရွာမှတဆင့် ဘင်ဟုန်ကျေးရွာသို့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရောက်ရှိလာခဲ့ပြီး နယ်မြေရှင်းလင်းရေး လုပ်ငန်းစဥ်များလုပ်ဆောင်ရန် ကြိုးပမ်းစဥ် တိုက်မိုင်းများ တိုက်မိသောကြောင့် ၇ ဦးသေဆုံးကာ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ချက်ချင်း ဆုတ်ခွါသွားခဲ့ပါသည်။

ဤတိုက်ခိုက်မှုများအား အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မကွေးခရိုင် PDF တပ်ရင်း (၂) နှင့် သရက်ခရိုင် PDF တပ်ရင်း (၁) တို့က ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

သတင်းတာဝန်ခံ

အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

အမှတ် (၁) စစ်ဒေသ

09/02/2023

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)

တိုက်ပွဲသတင်း ထုတ်ပြန်ချက်

ရက်စွဲ၊ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၉ ရက်

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နှင့် သရက်ခရိုင် PDF တပ်ရင်း (၁) တို့၏ ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ဖရဲသီးသတင်းပေးချက်အရ အောင်လံမြို့နယ် ကျွဲခေါင်းကျေးရွာအနောက်ဘက်သို့ရောက်ရှိလာသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပျူစောထီးတပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ (၈) ရက်နေ့ နေ့လည် ၁၂:၄၅ မိနစ်တွင် ခြုံခိုတိုက်ခိုက်ခဲ့ပါသည်။

၎င်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး ကျဆုံးခဲ့ပြီး စစ်ဗိုလ်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသည်။

ကျွန်ုပ်တို့တပ်ဖွဲ့ဝင်များ အထိခိုက်၊ အကျဆုံး မရှိခဲ့ပါ။ ဘေးကင်းရာသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

သတင်းတာဝန်ခံ
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့နယ်)

25/09/2022

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)
သစ်တောကြိုးဝိုင်းများမှ သစ်၊ ဝါး၊ မျှော ထုတ်လုပ်ရောင်းချမှုများအား တားမြစ်ပိတ်ပင်ကြောင်း ကြေညာခြင်း

ကြေညာချက်အမှတ် (၇/၂၀၂၂)

၁၃၈၄ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်
(ရက်စွဲ၊ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်)

အကြမ်းဖက် စစ်ကောင်စီအဖွဲ့သည် သစ်၊ ဝါး၊ မျှော ထုတ်လုတ်ရောင်းချသူများကို အသုံးပြုကာ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းအချက်အလက်များအား စုံစမ်းထောက်လှမ်းလျက်ရှိပါသည်။

သို့ဖြစ်ပါသောကြောင့် အောင်လံမြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းများမှ သစ်၊ ဝါး၊ မျှောများကို စီးပွားဖြစ် ထုတ်လုတ်ရောင်းချနေမှုများအား ယနေ့ (၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့) မှစတင်၍ ရက်အကန့်အသတ်မရှိ တားမြစ်ပိတ်ပင်ကြောင်း ကြေညာလိုက်သည်။

အိမ်သုံး၊ ကျေးရွာသုံး လုပ်ငန်းများအတွက် သစ်၊ ဝါး၊ မျှော ထုတ်လုပ်ရန်လိုအပ်ပါက ကျွန်ုပ်တို့၏ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) ထံ ဆက်သွယ်တင်ပြရမည်ဖြစ်ပြီး ကျွန်ုပ်တို့အဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့်သာ ထုတ်လုပ်သုံးဆွဲရမည်။

လိုက်နာမှုမရှိပါက ပြင်းထန်စွာ အရေးယူသွားခြင်း ခံရမည်။

သတင်းတာဝန်ခံ
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့နယ်)

05/08/2022

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) နဲ့ ပါတ်သက်တဲ့ အတွေ့ရအများဆုံး မေးခွန်းတွေအတွက်ပါ။

[1]
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့)ဆိုတာဘာလဲ။

ပြည်သူ့ကာကွယ်ရေးအဖွဲ (အောင်လံမြို့) ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့လမ်းညွှန်ချက်များနှင့်အညီဖွဲ့စည်းထားသော အဖွဲ့ပါ။ ဒါကြောင့်ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုစနစ် (Chain of command) နှင့်အညီလှုပ်ရှားဆောင်ရွက်သော အဖွဲ့ဖြစ်ပါတယ်။

အောင်လံမြို့နယ်ကိုအခြေပြုပြီး ပြည်သူ့စစ်မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်ုပ်တို့အဖွဲ့ကို ဖွဲ့စည်းထားခြင်းဖြစ်တာကြောင့် မြို့ခံပြည်သူတွေရဲ့ ပါဝင်ကူညီထောက်ပံ့မှုကို အထူးအားပြုရတဲ့ ပြောက်ကျားစစ်ဆင်နွဲရန် ရည်ရွယ်ပါတယ်။

စစ်ပညာရပ်များကိုလည်း လက်လှမ်းမှီသလောက်လေ့လာဆည်းပူးထားပြီး ဖြစ်ပါတယ်။

အောင်လံမြို့နယ်အတွင်း ကျွန်ုပ်တို့ပြုလုပ်မည့်စစ်ဆင်ရေးများကို ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

အောင်လံမြို့နယ်အတွင်းတွင် ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်ရန်အတွက် ပြည်သူများအား စစ်ရေး/နိုင်ငံရေးအရစည်းရုံးရန် တာဝန်ရှိတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။

************
[2]
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) မှာဘယ်သူတွေပါဝင်သလဲ။

ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) တွင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြင့် ပိုမိုကောင်းမွန်သောလူထုအသိုင်းအဝန်းတစ်ရပ်ဖန်တီးလိုကြသည့်လူထုလူတန်းစားအလွှာပေါင်းစုံမှ လူငယ်လူရွယ်များ ပါဝင်ကြပါတယ်။

*************
[3]
ပြည်သူ့ကာကွယ်ရေးအဖွဲ့ (အောင်လံမြို့) ရဲ့အဖွဲ့ဝင်အဖြစ် ပါဝင်လို့ရပါသလား။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ အမိန့်လမ်းညွှန်ချက်များနှင့် ကျွန်ုပ်တို့အဖွဲ့က ချမှတ်ထားသောစည်းကမ်းချက်များကို လိုက်နာမည်ဆိုပါက အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ပါတယ်။

*************
[4]
အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် ဘယ်လိုဆက်သွယ်ရမလဲ။

အဖွဲ့ဝင်အဖြစ်ပါဝင်ရန် ကျန်ုပ်တို့အဖွဲ့ရဲ့ Telegram သို့မဟုတ် Signal သို့မဟုတ် Facebook Messenger မှတဆင့် အမည်နှင့်နေရပ်လိပ်စာပေးပို့၍ ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

*************
[5]
အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ရန် ဘာတွေလိုအပ်မလဲ။

အဖွဲ့ဝင်အဖြစ်ပါဝင်ရန်
(က) အသက်(၁၈)နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
(ခ) ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
(ဂ) ကိုယ်ရေးကိုယ်တာကိစ္စရပ်များအားအနိမ့်ဆုံးအဆင့်တွင်ထားရှိနိုင်သူဖြစ်ရမည်။
(ဃ) အခြေခံစစ်သင်တန်း တက်ရောက်နိုင်သူ ဖြစ်ရမည်။
(င) အနည်းဆုံး (၆) လတိတိ တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမည်။
(စ) အဖွဲ့၏ အဆင့်ဆင့်အမိန့်ပေးကွပ်ကဲမှုကို နာခံနိုင်သူဖြစ်ရမည်။
(ဆ) ရဲဘော်ရဲဘက်များနှင့် ကောင်းအတူ၊ဆိုးအတူ တစ်သားတည်းနေနိုင်သူဖြစ်ရမည်။

*************
[6]
အဖွဲ့ဝင်အဖြစ်ပါဝင်ခွင့်ရပါက ဘာတွေလုပ်ရမလဲ။

အခြေခံစစ်သင်တန်းတက်ရောက်အောင်မြင်ပြီးနောက်တွင် အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ သင်တန်းကာလအတွင်းမှ စွမ်းဆောင်ရည်၊ ပညာအရည်အချင်းနှင့် လူမှုစရိုက်လက္ခဏာတို့ဖြင့်ကိုက်ညီသောတာဝန်များကို ထမ်းဆောင်ရပါမယ်။ ထိုသို့တာဝန်ပေးအပ်ရာတွင် အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ လူမှုအဆင့်အတန်း၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး၊ လိင်စိတ်တိမ်းညွှတ်မှု၊ အသားအရောင်နှင့် အသက်အရွယ်တို့အပေါ် အခြေခံမည်မဟုတ်ပါ။

**************
[7]
အဖွဲ့ဝင်အဖြစ်ပါဝင်၍ တော်လှန်ရေးအောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဘယ်လိုအကျိုးခံစားခွင့်တွေ ခံစားရမလဲ။

မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူအားလုံးရဲ့ ကောင်းကျိုးချမ်းသာအတွက် နွေဦးတော်လှန်ရေး ဆင်နွဲရခြင်း ဖြစ်ပါတယ်။ လူတစ်စု (သို့မဟုတ်) တစ်ဦးတစ်ယောက်ရဲ့ ကောင်းကျိုးချမ်းသာအတွက် တိုက်ပွဲဝင်ခြင်းမဟုတ်ပါ။ ဒါ့ကြောင့် တော်လှန်ရေးမှာ ပါဝင်ခြင်းအားဖြင့် တစ်သီးပုဂ္ဂလအကျိုးခံစားခွင့်များရရှိမည်မဟုတ်ပါ။

**************

Want your business to be the top-listed Government Service in Aunglan?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Aunglan