23/12/2025
ျီရပ်ကုန်း၏
#(ဆဋ္ဌမ)ကြိမ်မြောက်
#မြတ်ဆရာပူဇော်ကန်တော့ပွဲအခမ်းအနားကို
🙏🙏🙏(၁.၁.၂၀၂၆)ကြာသပတေးနေ့တွင် #အခမ်းအနားဖြင့်ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။
#ယခု(ဆဋ္ဌမ)အကြိမ်မြောက်မြတ်ဆရာပူဇော်ကန်တော့ပွဲတွင် အပူဇော်ခံကြမည့် ဆရာကြီး/ဆရာမကြီးဦးရေမှာ
#အသက် (၆၀နှစ်နှင့်အထက်) ဆရာကြီး/ဆရာမကြီး (၂၉)ဦး
#အသက် (၅၀နှစ်အထက်နှင့်၆၀နှစ်အောက်)
ဆရာကြီး/ဆရာမကြီး (၁၅ ) ဦး
#စုစုပေါင်း အပူဇော်ခံ ဆရာကြီး/ဆရာမကြီး (၄၄) ဦးဖြစ်ပါတယ်ခင်ဗျာ။
သို့ဖြစ်ပါသောကြောင့်
ကျောင်းသား/ သူဟောင်း တပည့်အပေါင်းအနေဖြင့် အလှူငွေများပါဝင်လှူဒါန်းနိုင်ပြီဖြစ်ပါကြောင်းနှိုးဆော်တိုက်တွန်းအပ်ပါတယ်။
#အလှူခံခြင်းကဏ္ဍကိုကျေးရွာအတွင်းနှင့်အနီးနားကျေးရွာများမှလွဲ၍အဝေးရောက်ကျောင်းသား/သူဟောင်းများအနေဖြင့်ယခင်နှစ်များအတိုင်း နီးစပ်ရာသူငယ်ချင်းများထံမှတဆင့် ပူဇော်ငွေများပါဝင်လှူ
ဒါန်းနိုင်ပါကြောင်း ထပ်လောင်းအသိပေးအပ်ပါတယ်ခင်ဗျာ ။
#ဆက်သွယ်လှူဒါန်းရန်~~~~
ဦးသန်းနိုင်ဦး(အတွင်းရေးမှူး--ဖြစ်မြောက်ရေးကော်မတီ) 👉09256333521
ဒေါ်ဝင်းကြည်-မကွေးမြို့
(တွဲ-အတွင်းရေးမှူး--ဖြစ်မြောက်ရေးကော်မတီ)
👉09425003394
ဒေါ်မြသက်ချို(ဘဏ္ဍာရေးမှူး--ဖြစ်မြောက်ရေးကော်မတီ)👉09256394995
#ဆက်ဆက်လာပါသူငယ်ချင်း
~~~~~~~~~~~~~~~~~~~~
သူငယ်ချင်းရေ
ဒီရေအချိန်၊လောကအိမ်၌
တစ်ကြိမ်တွေ့ခါ၊နောင်မလာတော့
ဇရာနှိပ်စက်၊အသက်လည်းကြီး
ခရီးလည်းညောင်း၊မင်းအကြောင်းကို
ပြန်ပြောင်းတသ၊သတိရလို့
ပြောကြဆိုကြ၊တွေ့တိုင်းပတည့်
ရွှင်ပြကြည်သာ၊မင်းမျက်နှာနှင့်
သာယာညိုးညံ၊မင်းအသံကို
မြင်လိုကြားလို၊တို့တွေ့လိုလို့
စောင့်ကြိုပါတယ် သူငယ်ချင်း။🤝🤝
ကဲ....သူငယ်ချင်း
မင်းရဲ့ဆရာ၊ငါ့ဆရာတည့်
မင်းနေတဲ့ကျောင်း၊ငါ၏ကျောင်းတည့်
ဒီကျောင်းဒီဆရာ၊ဒီနေရာတည့်
ဆယ်ဖြာလက်စုံ၊ဖူးယှက်ငုံကာ
အာရုံညွတ်ကြွ၊ကန်တော့ရအောင်
ဆက်ဆက်လာပါ သူငယ်ချင်း ။🙏🙏🙏🙏🙏
18/12/2025
#အခြေခံပညာအထက်တန်းကျောင်း ကျီရပ်ကုန်းရွာ~ကျောင်းသား/ကျောင်းသူဟောင်းများ၏
(ဆဋ္ဌမ)အကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့်ကျောင်းသား/ကျောင်းသူဟောင်းများတွေ့ဆုံပွဲ🤝
👉အခမ်းအနားကျင်းပရေးကော်မတီ၏တိုက်တွန်းလွှာ👈
သို့/
သူငယ်ချင်း/ကျောင်းသားဟောင်းအပေါင်းတို့❤️🧡💚💙💜
၁၉၈၂-၁၉၈၃ပညာသင်နှစ်က တည်းက စတင်ချီတက်လာခဲ့တဲ့ ငါတို့ရဲ့တွဲဘက်အလယ်တန်းကျောင်းဟာ ပစ္စုပ္ပန်မျက်မြင်ဒိဋ္ဌသည်ပင်လျှင်
အထက်တန်းကျောင်းကြီးအဖြစ် ထည်ဝါဝင့်
ကြွားစွာ ရပ်တည်နိုင်ခဲ့ပြီး
ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၄၃) နှစ်တိုင်ခဲ့ပြီ…သူငယ်ချင်းတို့ရဲ့ သားမြေးတွေတက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းတော်ကြီးဟာ အထက်တန်းပညာကို မျက်နှာပန်းလှလှ အဆောင်သစ်တွေနဲ့ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ပေပြီ ဖြစ်သည်…။👍👍👍
သူငယ်ချင်းတို့တွေရဲ့ တွဲဘက်တုန်းကဆရာကြီး/ဆရာမကြီးများနဲ့ အငြိမ်းစားဆရာကြီး/ဆရာမကြီးများကို ပူဇော်ဂါရဝပြုကြရင်း တို့တစ်တွေ ပြန်လည်ဆုံတွေ့ကြစို့ကွာ……ဒါ့အပြင် ဘာသာရေးအစပြုတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ပျက်အောင်``ပူဇော်ထိုက်သူ ပူဇော်ကြဖို့´ဆိုသည့် ဘုရားဟောတရားနှင့်အညီ ဆရာများထံမှ သြဝါဒခံယူရင်း အချင်းချင်းတိုင်ပင်ညှိနှိုင်းဖို့ တစ်ရက်လောက်တော့ ဆက်ဆက်လှမ်းလာခဲ့ပေးကြပါကွာ……။🚶🚶♀️🏃
၂၀၂၆ခုနှစ် ဇန်နဝါရီလ(၁)ရက်၊၁၃၈၇ခုနှစ်နတ်ပြာသိုလဆန်း(၁၄)ရက်၊(ကြာသပတေး)နေ့မှာ မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းနိုင်ဖို့အတွက်
ကိစ္စအဝဝကို ဘေးမှာခဏထားခဲ့ပြီးတော့ လာခဲ့ကြပါသူငယ်ချင်းတို့ရေ……အဓိကလိုအပ်တဲ့ ပူဇော်ရံပုံငွေအတွက် သူငယ်ချင်းတို့ ကူညီပြီး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုပါတယ်…။🤝
ဒါကြောင့် (ဆဋ္ဌမ)အကြိမ် မြောက်`` မြတ်ဆရာပူဇော်ကန်တော့ပွဲ´´ကျင်းပနိုင်ရေးအတွက်
ပြီးခဲ့တဲ့ အကြိမ်များ တုန်းကလိုပဲ စေတနာထက်သန်စွာ အားတက်သရောနဲ့ တို့အပေါင်းသင်းရောင်းရင်းတွေက ငွေအင်အား လူအင်အား စိတ်ဓာတ်ခွန်အားများနဲ့ အားလုံးလက်တွဲညီညာ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ…………။✍️✍️✍️✍️
(ဆဋ္ဌမ)အကြိမ််မြောက်မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပရေးကော်မတီ
အခြေခံပညာအထက်တန်းကျောင်း
ကျောင်းသား/သူဟောင်းများ၏
ကျီရပ်ကုန်းရွာ ။
[ 18-12-2025 /THU ]
06/04/2025
#မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ကျီရပ်ကုန်းရွာ၏`` [၄၆] ကြိမ်မြောက်´´ အသက်(၈၀)နှစ်နှင့်အထက်
"သက်ကြီးပူဇော်ကန်တော့ပွဲ" အခမ်းအနားကို၁၃၈၆ခုနှစ်၊ တန်ခူးလပြည့်ကျော်(၃)ရက် (သင်္ကြန်အကြတ်နေ့) [15-4-2025] (အင်္ဂါနေ့) နံနက်(၈:၀၀)နာရီအချိန်တွင်
`သာသနဟိတကာရီ´ကျောင်းတိုက် `သန္တိသုခ´ဓမ္မာရုံအတွင်း၌ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသဖြင့် သဒ္ဓါရွှင်လန်း ဝမ်းပန်းတသာ ကုသိုလ်တော်များ ပါဝင်လှူဒါန်းနိုင်ကြပါရန် ရပ်ဝေး ရပ်နီးမှ စေတနာရှင် ဝေနေယျ အပေါင်းတို့အား မေတ္တာစိတ်ရှေ့ထား၍ နှိုးဆော်သမှု ပြုလိုက်ရပါသည်။
ဆက်သွယ်လှူဒါန်းနိုင်ရန်~
ဦးဖိုးသန်းနိုင်(ဖွံ့ဖြိုးလူငယ်) 09454458466
ဦးဇော်မင်းနိုင်(ဖွံ့ဖြိုးလူငယ်)092563 94217
ဆရာဦးသန်းနိုင်ဦး 09256333521
အကျိုးဆောင်အဖွဲ့
6-4-2025
29/12/2024
``မြတ်ဆရာပူဇော်ပွဲသို့´´
🙏🙏🙏🙏🙏🙏🙏
ကျီရပ်ရွာ တို့ဌာနေ
လာစေဖို့ဖိတ်ခေါ်တယ်
ငယ်ပေါင်းတို့ရယ်။
သည်ဆောင်းခါဝယ်
စည်တယ်လို့မောင်မေး။
တို့ဆရာ ပူဇော်ပွဲမို့
နွှဲပျော် တဲ့လေး ။
ငယ်ဆရာမမေ့စေကြောင်း
ထပ်လောင်းကာသိမှတ်ပို
ဦးညွတ်စေလို။
ကျောင်းတော်ရိပ်ကို
ဆုံလိုဖို့မောင်မေး။
တို့ဆရာပူဇော်ပွဲသို့
လှမ်းခဲ့စို့လေး။
လေးမြတ်တဲ့ငါးဂုဏ်အင်
များစုံလင် ပူဇော်ကြအောင်
ရည်မျှော်ထမ်းဆောင် ။
ပညာရောင်
ထွန်းပြောင်ဖို့မျှော်တွေး ။
တို့ဆရာ ပူဇော်ပွဲကိုတဲ့
နွှဲကြစို့လေး ။
အောင်လံမြေ နေရီမိုး
[29.12.2024 /11:00PM]SUN
20/12/2024
``မြတ်ဆရာပူဇော်ကန်တော့ပွဲ´´ကို (30.12.2024)သို့ ပြင်ဆင်သတ်မှတ်ပါသည်။
16/12/2024
👉{……လာကြဟေ……} 👈
👏👏👏👏👏👏👏👏👏👏👏👏
👉မော င် ယ ဥ် သ န့်👈
သည်တစ်ဆောင်း
တပည့်ဟောင်းတို့ ဆုံကြပြီ ။🤝🤝
မြတ်ဆရာပူဇော်ပွဲ
နွှဲဖို့ကြံစည် ။👍👍
ကြီး ငယ် လတ် စီရရီ
စုံညီအောင် အကြံတောင်း ။🤔🤔
ဒီဇင်ဘာ သုံးဆယ်ရက်မှာ
မြတ်ဆရာ ပူဇော်ပွဲကို
မလွဲသေချာ လာကြလို့
စေတနာ ဝေဖြာစွာနဲ့
တို့ဆရာ အာစရိတို့ကို
လွန်တာရှိခဲ့ပါလျှင်
ဝန္ဒာမိပါ ရှင်/ခင်ဗျာ ရယ်လို့
မာန်မပါ ဟန်မများ
ပန်ကြားစေကြောင်း ။ ။🙏🙏🙏🙏🙏
မောင်ယဉ်သန့်
11/12/2024
#ဖိတ်ကြားလွှာ✍️✍️✍️
အ.ထ.က ကျီရပ်ကုန်း ကျောင်းသား/ကျောင်းသူဟောင်းများ၏ (ပဥ္စမ)အကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ လူအင်အား ၊ငွေအင်အား၊စိတ်ဓာတ်ခွန်အားများနဲ့ အားတက်သရော ပါဝင်လှူဒါန်းကြသော ကျောင်းသား/သူ အပေါင်းအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ပူဇော်ကန်တော့ပွဲကျင်းပရာ အ.ထ.က ကျီရပ်ကုန်း သို့ တက်ရောက် ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါ
သည်။
အကြောင်းအမျိုးမျိုးကြောင့် မလှူဒါန်းဖြစ်သေးသော ကျောင်းသား/သူများအနေဖြင့်လည်း အောက်ဖော်ပြပါ အကျိုးဆောင်များထံ အချိန်မီဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း ထပ်မံအသိပေးနှိုးဆော်အပ်ပါသည်။🥰🥰🥰
👉ဖြစ်မြောက်ရေးကော်မတီ👈
ဒေါ်ဝင်းကြည်(မကွေးမြို့)09425003394
ဦးသန်းနိုင်ဦး 09256333521
ဒေါ်ဆုနှင်းသွယ် 09401618537
01/12/2024
#အခြေခံပညာအထက်တန်းကျောင်း ကျီရပ်ကုန်းရွာ~ကျောင်းသား/ကျောင်းသူဟောင်းများ၏
(ပဥ္စမ))အကြိမ်မြောက် မြတ်ဆရာပူဇော်ကန်တော့ပွဲနှင့်ကျောင်းသား/ကျောင်းသူဟောင်းများတွေ့ဆုံပွဲ🤝
👉အခမ်းအနားကျင်းပရေးကော်မတီ၏တိုက်တွန်းလွှာ
သို့/
သူငယ်ချင်း/ကျောင်းသားဟောင်းအပေါင်းတို့🌹
၁၉၈၂-၁၉၈၃ပညာသင်နှစ်က တည်းက စတင်ချီတက်လာခဲ့တဲ့ ငါတို့ရဲ့တွဲဘက်အလယ်တန်းကျောင်းဟာ ပစ္စုပ္ပန်မျက်မြင်ဒိဋ္ဌသည်ပင်လျှင် အထက်တန်းကျောင်းကြီးအဖြစ် ထည်ဝါဝင့်ကြွားစွာ ရပ်တည်နိုင်ခဲ့ပြီး
ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၄၂) နှစ်တိုင်ခဲ့ပြီ။
သူငယ်ချင်းတို့ရဲ့ သား/မြေးတွေတက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းတော်ကြီးဟာ အထက်တန်းပညာကို မျက်နှာပန်းလှလှ အဆောင်သစ်တွေနဲ့ တိုးချဲ့ဖွင့်လှစ်သင်ကြားနိုင်ပေပြီ ဖြစ်သည်။👍👍
သူငယ်ချင်းတို့တွေရဲ့ တွဲဘက်တုန်းကဆရာကြီး/ဆရာမကြီးများနဲ့ အငြိမ်းစားဆရာကြီး/ဆရာမကြီးများကို ပူဇော်ဂါရဝပြုကြရင်း တို့တစ်တွေ ပြန်လည်ဆုံတွေ့ကြစို့ကွာ။ ဒါ့အပြင် ဘာသာရေးအစပြုတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ မပျောက်ပျက်အောင်``ပူဇော်ထိုက်သူ ပူဇော်ကြဖို့´ဆိုသည့် ဘုရားဟောတရားနှင့်အညီ ဆရာများထံမှ သြဝါဒခံယူရင်း အချင်းချင်းတိုင်ပင်ညှိနှိုင်းဖို့ တစ်ရက်လောက်တော့ ဆက်ဆက်လှမ်းလာခဲ့ပေးကြပါကွာ။🚶🚶♀️🏃
၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃၀)ရက်၊၁၃၈၆ခုနှစ်၊ပြာသိုလဆန်း(၁)ရက်၊(တနင်္လာ)နေ့မှာ မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းနိုင်ဖို့အတွက် ကိစ္စအဝဝကို ဘေးမှာခဏထားခဲ့ပြီးတော့ လာခဲ့ကြပါသူငယ်ချင်းတို့ရေ……အဓိကလိုအပ်တဲ့ ပူဇော်ရံပုံငွေအတွက် သူငယ်ချင်းတို့ ကူညီပြီး ဝိုင်းဝန်းကြိုးပမ်းကြဖို့လိုပါတယ်…။🤝
ဒါကြောင့် (ပဥ္စမ)အကြိမ် မြောက်`` မြတ်ဆရာပူဇော်ကန်တော့ပွဲ´´ကျင်းပနိုင်ရေးအတွက်
ပြီးခဲ့တဲ့ အကြိမ်များ တုန်းကလိုပဲ စေတနာသဒ္ဓါတရားထက်သန်စွာ အားတက်သရောနဲ့ တို့အပေါင်းသင်းရောင်းရင်းတွေက ငွေအင်အား လူအင်အား စိတ်ဓာတ်ခွန်အားများနဲ့ အားလုံးလက်တွဲညီညာ ဝိုင်းဝန်းဆောင်ရွက်ကြပါစို့လို့ တိုက်တွန်းနှိုးဆော်လိုက်ပါရစေ…………။✍️✍️✍️✍️
(ပဥ္စမ)အကြိမ််မြောက်မြတ်ဆရာပူဇော်ကန်တော့ပွဲကျင်းပရေးကော်မတီ
အခြေခံပညာအထက်တန်းကျောင်း
ကျောင်းသား/သူဟောင်းများ၏
ကျီရပ်ကုန်းရွာ ။
09/09/2024
9-9-2024
မကွေးတိုင်းဒေသကြီး အောင်လံခရိုင်
အောင်လံမြို့နယ်ကျီရပ်ကုန်ရွာ
သာသနဟိတကာရီကျောင်းတိုက်အတွင်း
အောင်ချမ်းသာဆုတောင်းပြည့်စေတီတော်မြတ်ကြီး
တည်ထားကိုးကွယ်တော်မူနိုင်ရန် အတွက်
နှစ်ဖက်သောမိဘများအားရည်စူးအမှူးထား၍
ကိုသန်းေအာင်+မခင်လေးချို(မိသားစု)ရန်ကုန်မြို့
မှ အလှူတော်ငွေ--------
(၅၀၀၀၀၀ကျပ်) ငါးသိန်းကျပ်လှူဒါန်းပါသည်။
အလှူရှင်မိသားစုများ စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒများပြည့်စုံကြပါစေ ခင်ဗျာ 🙏🙏🙏