15/09/2021
ကိုယ်ကချစ်ရတဲ့သူ ကိုယ့်ကိုချစ်သောသူ
အနားအမြဲရှိနေပေးတတ်သောသူစတဲ့
တစ်စုံတစ်ယောက်ရဲ့ ထားခဲ့ခြင်းခံရတဲ့ခါ
ခံစားရသည့်ဝေဒနာကို သက်သာစေသည့်
အချိန်အတိုင်းတာတစ်ခုမျှသာ
ပူဆွေးငေးတွေးရင်း အားရပါးရငိုကြွေးပါ
"နေမင်းကြီးနဲ့လွဲလို့ သင်ငိုကြွေးနေရင်
ကြယ်တာရာတွေနဲ့လည်းလွဲရတတ်ပါတယ်"
ဒါကြောင့်ပဲ
သူ့စိတ်နဲ့အချိန်မကုန်ပါစေနဲ့
ထားခဲ့သူအတွက်နဲ့ အိပ်ရေးအပျက်မခံပါနဲ့
စာများများဖတ်ပါ
ကိုယ့်ဘဝအတွက်အားတင်းရှေ့ဆက်ပါ
မနက်ဖြန်တိုင်းကို
လန်းဆန်းမှုဖြင့် စတင်တံခါးခေါက်ပါ
ပျော်ရွှင်မှုများ ပိုမိုကောင်းမွန်သောအရာများ
သင့်ကိုတကယ်ချစ်သောသူများနှင့်
မနက်ဖြန်တိုင်းမှာ ဆုံဆည်းပိုင်ဆိုင်နိုင်တာကို
သင်မမေ့ပါနဲ့.....
မီးအိမ်ရှင်
18/08/2021
အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့
ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်
အမွေကျန်ခဲ့တယ် ။သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ့တယ် ။
သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် ။
"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက...
ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ၊ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"
"မင်းအတွက် car မောင်းပေးဖို့
car driver ငှားပေးလို့ ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး ။
အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွားရင်
ပြန်ရှာလို့ ရနိုင်ပေမယ့်...
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ
ရှာမတွေ့တော့ဘူး" ။
"ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ ။
မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ ။
$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ်
အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ" ။
"$150,000 တန် ကားကိုပဲ မောင်းမောင်း ၊
$3000တန် ကားကိုပဲ မောင်းမောင်း ၊
တူညီတဲ့လမ်း
တူညီတဲ့ခရီးအကွာအဝေးနဲ့
သင်သွားချင်တဲ့နေရာကို
အတူတူပဲ ပို့ပေးမှာပါ"
"$300 တန် wine ပဲ သောက်သောက် ၊
$10 တန် wine ပဲ သောက်သောက်
မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ"
" $300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊
$30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊
အိတ်ထဲက ပိုက်ဆံ amount က
ပြောင်းသွားမှာ မဟုတ်ဘူး"
"300 sqm ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊
3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊
အထီးကျန်တဲ့ လူက
အထီးကျန်နေမှာပဲ"
"First class မှာပဲ လေယာဉ်စီးစီး ၊
Eco class မှာပဲ လေယာဉ်စီးစီး ၊
လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"
"မင်းနားလည်ဖို့ ငါမျှော်လင့်တာက
ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာတွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ ။
ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ...
မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့
ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့
ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ၊
ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို
ဆိုလိုတာပါ"
နောက် ပြောချင်တာက...
"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့ ။
ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲ ဆိုတာကို သင်ပါ ။
ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု
ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် ။
တန်ဖိုးထားတတ်လာလိမ့်မယ် ။
တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို
ဆိုလိုတာ မဟုတ်ဘူးနော်" ။
"အစားအသောက်ကို
ဆေးလိုစားပါ ။
မဟုတ်ရင်တော့...
ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"
လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှု
နေထိုင်တာ (being human) က အများကြီး ကွာခြားမှုရှိတယ် ။
အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ် ။
မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ် ။
မင်းသေသွားတဲ့အခါမှာလည်း
လူတွေချစ်အောင် လုပ်ရမယ် ။
အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ် ။
"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ ။
ဝေးဝေးကို သွားချင်ရင်တော့ ...
၂ ယောက် အတူတကွ သွားပါ"
"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န်
၆ ယောက်ကတော့ ...
၁၊၊ နေရောင်ခြည်
၂၊၊ အနားယူခြင်း
၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း
၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
၅၊၊ မိမိကိုယ်ကို ယုံကြည်မှု
၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ။
အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာ
အမြဲထည့်ထားပြီး ကျန်းမာအောင် နေထိုင်ပါ" ။
"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး
နှုတ်ဆက်ထွက်ခွာရမှာပါ ။
အဲ့ဒါကြောင့် အသက်ရှိနေစဉ် ...
သင့်မိသားစုကို ချစ်ပါ ။
သူငယ်ချင်းတွေကို ချစ်ပါ ။
သင့်ရဲ့ ဘ၀လက်တွဲဖော်ကို ချစ်ပါ ။
သင့်အပေါ်ကောင်းဖူးတဲ့ လူတွေကို ချစ်ပါ" ။
01/07/2021
ဘာသာရေးမကြီးစိုးတဲ့ ဒိန်းမတ်၊နော်ဝေလို နိုင်ငံတွေမှာ သူခိုးမရှိဘူးတဲ့ ။
ထောင်တွေဆိုလဲ ပြန်ပိတ်ရတာတွေရှိသတဲ့ ။
နေထိုင်လို့အကောင်းဆုံးနိုင်ငံတွေထဲနံပါတ် တစ်/နှစ် ချိတ်ကြတယ် ။
အဲ့မှာနေတဲ့အစ်ကိုတယောက်ပြောပြတာ အရမ်းကို ငြိမ်း ချမ်းတယ်တဲ့။
လူသူမရှိတဲ့ ကျေးလက်
ကားလမ်းဘေးမှာ ရောင်းသူမဲ့ ဆိုင်တွေရှိနေကြတယ်။
ကိုယ်လိုချင်တာယူ
ထိုက်သင့်တဲ့ အဖိုးအခ ထားခဲ့
ခိုးယူ သွားတာ မရှိ ။
အဲ့နိုင်ငံသားအများစုကို သွားမေးရင်လဲ ငါးပါးသီလ ကို ကြားဖူးမှာတောင် မဟုတ်ပါ . .။
ဒါပေမယ့် တစ်ဦးချင်း ပညာ တတ်မြောက်မှုနဲ့ဆင်ခြင် တုံတရားမြင့်မားတဲ့အခါ
ဒုစရိုက်အမှုတွေ လျော့ပါးသွားကြတယ် ။
ဘယ်ဘာသာကိုပဲ ယူသုံးကျင့်ကြံပါစေ အစအဦး မိမိညဏ်ရည် နဲ့ဆင်ခြင်တုံတရားကို
မြင့်တင်ဖို့က မိမိကိုယ်တိုင် ဘဲ စတင်ရမှာပါ။
ရင်ထဲမှာ သူခိုးစိတ်မပျောက်ရင် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် ခိုးဖို့ကြံစည်နေမှာပါဘဲ
ရင်ထဲမှာ ရန်လိုစိတ်ရှိနေရင်
ဘာအဝတ်ကိုပဲဝတ်ထားဝတ်ထား ရန်လိုမုန်းတီးတဲ့ စကားကိုပဲ ပြောနေ-လုပ်နေမှာပါဘဲ
ဘာသာတခုခေါင်းစဉ်အောက်ကနေ အမုန်းတရားဖြန့်ဝေနေပြီဆိုရင်
အဲ့ပုဂ္ဂိုလ်ဟာကိုယ့်ရင်ထဲက ရန်လိုမုန်းတီးစိတ်ကို ဘာသာရေးအကာအကွယ်ယူပြီးမှိုင်း တိုက်နေပြီလို့ယူဆနိုင်ပါတယ်
တဦးချင်းပညာတတ်မြောက်မှု - ဆင်ခြင်တုံတရားဦးစားပေး
ပညာရေးစနစ် အားကောင်းလာဖို့ကျွန်တော် တို့မျိုးဆက်မှာ ကြိုးစား သွားဖို့လိုပါတယ်
အဲ့လိုမှမဟုတ်ရင်တော့ ဘာသာရေးလူမျိုးရေး မှိုင်းတွေနဲ့
နောက်မျိုးဆက် နောက်က လေးတွေ အမုန်းတရားတွေကြားပဋိပက္ခ တွေကြား အဓိ ကရုန်းတွေကြားဒုက္ခပင်လယ် ဝေ ကျန်ရစ်ခဲ့ရှာမှာ-
နေ့စဉ်အမျှ ကြားနေရတဲ့ ဘုရား ရှိခိုးသံငါးပါးသီလခံယူသံ- အမျှဝေသံတွေကြားမှာ
ဒုစရိုက်မှုတွေကလဲလျော့ ကျမသွားတာကိုသတိပြုမိခဲ့တာ ကြာပါပြီ
ကမ္ဘာပေါ်မှာ မေတ္တာပို့ဝေသံမပြတ်ရှိနေတာမြန်မာတပြည်ဘဲ ရှိမယ်ထင်ပါတယ် -
အဲ့ဒီ မေတ္တာပို့ဝေသံကြား
ပြည်တွင်းစစ်မပြီးသေးတာ
သက်ငယ်မုဒိမ်းတွေ တိုးလာနေတာကလဲအံ့သြထူးဆန်းဖွယ်ပါပဲ -
နော်ဝေး ဒိန်းမတ်လိုနိုင်ငံတွေရဲ့ပညာရေးစနစ် နိုင်ငံရေးစနစ်တွေကို လေ့လာပြီး ခုက တည်းက နောက်မျိုးဆက်အတွက် လုပ်ဆောင်ခဲ့ကြရင်
ဖြင့်နောက်ထပ်ဆယ်စုနှစ်တခုအကြာမှာ
ဆင်ခြင်တုံတရားမြင့်မားတဲ့
လူ့အဖွဲ့အစည်း တစ်ခုအဖြစ်
သိသိသာသာ ပြောင်းလဲ ပေါ်ပေါက်လာမယ်လို့ယုံကြည်မိပါတယ်
အမုန်းတရားကင်းဝေးစွာဖြင့်
တစ်ဦးချင်း တစ်အိမ်ချင်း
ငြိမ်းချမ်းကြပါစေခင်ဗျာ။
ဓါတ်စာပေ့ခ်ျ ပြန်လည်မျှဝေပေးပါသည်
26/02/2021
ခုချိန်ထိ ဓမ္မနဲ့ အဓမ္မ ဘယ်ဘက်ရပ်ရမှန်းမသိသေးတဲ့သူတွေကိုခွေးနဲ့မနှိုင်းကြပါနဲ့ ခွေးတွေကသူတို့ထက်မြင့်ပါတယ်
၂၀၁၁ ဂရိ ဆန္ဒပြပွဲများတွင် လူထုဘက်က ရပ်တည်ပေးခဲ့သည့် ခွေးလေး လူကာနီကိုစ်
# # # # # # # # # # # # # # # # # # # #
လွန်ခဲ့တဲ့ ၁၀ နှစ်၊ ၂၀၁၁ တုန်းက ဂရိနိုင်ငံမှာ လူထုအုံကြွမှုကြီး ဖြစ်ခဲ့ပါတယ်။
နိုင်ငံရဲ့စီးပွားရေးချွတ်ခြုံကျလာမှုကြောင့် နိုင်ငံခြားချေးငွေများနှင့်အတူ ပြည်တွင်း အလုပ်အကိုင် အခွင့်အရေးများ နည်းပါးလာခြင်း၊ အခွန်နှုန်းထားများ အဆမတန် မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်းများ တက်လာခြင်းစတဲ့ အကြောင်းအရာများကြောင့် ဂရိပြည်သူတွေ လမ်းပေါ်ထွက်ခဲ့ကြပါတော့တယ်။ အဆိုပါ ဆန္ဒပြပွဲများသည် ၅.၅.၂၀၁၀ မှ ၁၈.၁၀.၂၀၁၂ အထိ ဂရိနိုင်ငံ အနှံ့အပြားမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ထူးခြားချက်အနေနှင့် အေသင်မြို့ရဲ့ လမ်းမတွေထက်က ဆန္ဒပြပွဲတွေမှာ လူသားများသာမက လမ်းဘေးခွေးလေးတစ်ကောင်လည်း ပါဝင်နေတာကို မီဒီယာများက သတိထားမိလာခဲ့ကြပါတယ်။
အဆိုပါခွေးထီးလေးရဲ့နာမည်က Loukanikos လူကာနီကိုစ် (ဂရိလို ဝက်အူချောင်းလေး) လို့ ခေါ်ပါတယ်။ အခြားနာမည်အနေနှင့် "သီယိုဒေါ" လို့လည်း ခေါ်ကြသလို ၊ Louk လို့လည်း ခေါ်ကြပါတယ်။ မျိုးရင်းကတော့ Ginger Mongrel အမျိုးစပ်လေးဖြစ်ပါတယ်။ အဆိုပါ ဆန္ဒပြပွဲဖြစ်ချိန်မှာ အသက် ၇ နှစ်အရွယ် ဖြစ်ပါတယ်။
၂၀၁၁ စက်တင်ဘာလထဲမှာ ဆန္ဒပြသူတွေကို ရဲတွေက အင်အားသုံးဖြိုခွဲချိန်မှာ လူကာနီကိုစ်လေးက ဆန္ဒပြ ပြည်သူတွေဘက်က ရပ်တည်ပေးခဲ့ရာကနေ နာမည်စတင် ကြီးလာခဲ့ပါတော့တယ်။
စစချင်းကတော့ လူအုပ် ၂ အုပ်ကြား ဘယ်ဘက်ကမှ မပါသေးပဲ ကြည့်နေသေးတာပါ။ နောက်ပိုင်းမှာ အင်အားသုံး ဖိနှိပ်ခံနေရတဲ့ လူအုပ်ဘက်က ဝင်ပါမယ်လို့ လူကာနီကိုစ် ဆုံးဖြတ်လိုက်ပုံပေါ်ပါတယ်။ အဲဒီမှာတင် အရိုက်ခံနေရတဲ့ ပြည်သူတွေဘက်ကနေ ရဲတွေကို ပြန်ဟောင်ပေးပါတော့တယ်။
မီးခိုးဗုံးများ ၊ မျက်ရည်ယိုဗုံးများ၊ မီးတောက်များကြား၊ သေနတ်သံများကြား တွင်လည်း မကြောက်မရွံ့ပဲ ရှေ့ဆုံးကနေ ပြေးဝင်ပြီး ရဲတွေကို ရန်တွေ့ပေးတာမျိုးတွေလည်း ပြုလုပ်ခဲ့ပါတယ်။ မီးခိုးဗုံးများကို ပြေးချီပေးခြင်းများလည်း ပြုလုပ်ပေးခဲ့တယ်လို့ ဆန္ဒပြသူများက ပြန်လည်ပြောဆိုခဲ့ကြပါတယ်။
အဟိတ်တိရိစ္ဆာန်ပင်ဖြစ်သော်ငြား ကြောက်ရွံ့မှုကို ဘေးချိတ်ကာ အားနည်းသူများဘက်က ရပ်တည်မယ်လို့ ဆုံးဖြတ်ခဲ့ပုံလည်း ပေါ်ပါတယ်။ သူ့အနေနဲ့ အေးရာအေးကြောင်း ခွေးပီပီ နေလို့ရပေမယ့် ပြည်သူတွေနဲ့အတူ လုံခြုံရေးရဲတွေကို ပါဝင်တုံ့ပြန်ခဲ့တာကလည်း တကယ်ကို ထူးခြားလှပါတယ်။ တစ်ရက် နှစ်ရက်လည်း မဟုတ် နေ့စဉ်လိုလို ပါဝင်လှုပ်ရှားပေးနေတာကလည်း ထူးခြားပါတယ်။
သူက တစ်လမ်းဝင် တစ်လမ်းထွက် သွားနေရတာကိုပဲ ကျေနပ်နေတာပါ။ ဆန္ဒပြပွဲကာလအတွင်း သူ့ကို အတိုက်အခံအဖွဲ့အစည်းတွေက ကျွေးမွေးပေးကာ သန့်ရှင်းရေးတွေလည်း လုပ်ပေးခဲ့ကြတယ်လို့ သိရပါတယ်။
နောက်ပိုင်းမှာ လူကာနီကိုစ်လေးကို ဂရိစုံတွဲတစ်တွဲက အပိုင်မွေးစားခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ လမ်းပေါ်မှာပဲ နေရတာကို ပိုသဘောတွေ့နေလေ့ရှိတယ်လို့လည်း ပိုင်ရှင်များက ပြောပြကြပါတယ်။
ဆန္ဒပြ ပြည်သူများ၏ ချစ်ခင်မှုကို ရရှိခဲ့ရုံမက ထိုးဉ်ကတည်းက လမ်းမထက်ပေါ်တွင် လူကာနီကိုစ်၏ ရုပ်ပုံများ ဂရပ်ဖစ်တီ ရေးဆွဲကာ ဂုဏ်ပြုမှုများလည်း ရှိခဲ့ကြပါတယ်။ ဆန္ဒပြသူတွေအတွက် လူကာနီကိုစ်လေးကို ကြည့်ပြီး စိတ်ခွန်အားယူခဲ့ရတဲ့ အချိန်တွေရှိတယ်လို့လည်း ပြောကြပါတယ်။ သူ့အတွက် ဂုဏ်ပြုသီချင်းလေးတွေလည်း ရေးစပ်ခဲ့ကြပါတယ်။ စပ်န်နိုင်ငံ မက်ဒရစ်မြို့မှာလည်း သူ့နာမည်နဲ့ Bar တစ်ခု ဖွင့်လှစ်ခဲ့ပါတယ်။ ကမ္ဘာ့မီဒီယာများတွင်လည်း Greek Riot Dog ဆိုပြီး နာမည်ကြီးခဲ့ပါတယ်။
ထို့အပြင် ကမ္ဘာကျော် Time မဂ္ဂဇင်း၏ ၂၀၁၁ ခုနှစ်အတွက် လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်လည်း လူကာနီကိုစ်လေးကို ထည့်သွင်းဂုဏ်ပြုခဲ့ပါတယ်။
၂၀၁၄ ခုနှစ်မှာတော့ လူကာနီကိုစ်လေး အေးချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့ပိုင်ရှင်ပြောပြတာကတော့ ဆိုဖာကုလားထိုင်ပေါ်မှာ အိပ်ပျော်နေစဉ် ရုတ်တရက် နှလုံးခုန်ရပ်သွားတာလို့ သိရပါတယ်။ သူ့ကို ဆေးကုပေးနေတဲ့ တိကုဆရာဝန်ကတော့ မီးခိုးဗုံးများ၊ မျက်ရည်ယိုဗုံး ဓာတုအငွေ့များကို ရက်ရှည်ကြာ ရှူရှိုက်မိရာကနေတဆင့် နှလုံးအားနည်းခဲ့ရာကနေတဆင့် လူကာနီကိုစ်လေး ယခုလို ကွယ်လွန်သွားခြင်းဖြစ်တယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲများအတွင်းမှာ ရဲများ၏ ကန်ကျောက်မှု ဒဏ်များကိုလည်း တော်တော်ခံခဲ့ရတယ်လို့ သူ့သခင်က ပြောပြပါသေးတယ်။
ယခုအခါ လူကာနီကိုစ်လေးကို အေသင်မြို့လယ်နားက တောင်ကုန်းတစ်ခုပေါ်ရှိ အရိပ်ကောင်းကောင်းသစ်ပင်တစ်ပင်အောက်မှာ မြှုပ်နှံထားတယ်လို့လည်း သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။
ဂရိ ဆန္ဒပြပွဲကာလအတွင်း တော်လှန်ရေး၏ ပြယုဂ်တစ်ခုဖြစ်ခဲ့သည့် ခွေးကလေး လူကာနီကိုစ်
၊ တိရိစ္ဆာန်ပင်ဖြစ်သော်ငြား အားနည်းသူဘက်က ရပ်တည်ပေးရမယ်ဆိုတာ နားလည်ပေးခဲ့တဲ့ ခွေးကလေး လူကာနီကိုစ်ကတော့ ယခုဆိုလျှင် အေးချမ်းစွာ အိပ်စက်အနားယူနေပြီဖြစ်ပါတယ်။
ကောင်းရာမွန်ရာရောက်ပါစေလို့လည်း ဂျက်ကီက ဆုတောင်းပေးပါတယ်။
Ref: BBC , The Guardian , Time magazine , wiki
လူကာနီကိုစ်အတွက် ဂုဏ်ပြုသီချင်းလေးအတွက် youtube link ဖြစ်ပါတယ်။
https://youtu.be/bR_97V59LbE
17/11/2020
စာဖတ်တိုင်း မမှတ်မိမဲ့အတူတူ ဘာလို့စာဖတ်နေတာလဲ ?
===================================
ခေါင်းစဉ်လေးက သိပ်လှတယ်ဗျာ။
ဘာတဲ့ စာဖတ်တိုင်းမမှတ်မိမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲတဲ့။ နည်းနည်းလေးတော့ ခေါင်းစားသွားမယ် ထင်တယ်ဗျ။ ကျနော်လည်း တွေ့စက ခေါင်းစားသွားခဲ့ပါတယ်။ ဘာအဓိပ္ပါယ်လည်းပေါ့ လူပျင်းတွေကိုများ တိုက်တွန်းနိုးဆော်ထားတဲ့စာလားဆိုပြီး စိတ်ဝင်စားပြီး ဖတ်ဖြစ်ခဲ့တယ်(ကိုယ်ကလည်း ခပ်ပျင်းပျင်းကိုး)။ စာပုဒ်လေးကို အဆုံးထိဖတ်လိုက်မှ နားလည်သွားတော့တယ်။ သိပ်မှန်တဲ့ စာသားလေးဗျာ။ ကျနော်စာဖတ်တာ ဝါသနာပါပါတယ် ဒါပေမဲ့ ကျနော် စာဖတ်လိုက်တိုင်း ရှေ့ကဟာဖတ်ရင် နောက်ကဟာမေ့နဲ့ နောက်ကဟာဖတ်ရင် ရှေ့ကဟာမေ့နဲ့ သံသရာလည်နေပါတယ်။ ဒါကြောင့် ကျနော့်ကိုယ်ကျနော် တွေးထင်ခဲ့မိတယ် ငါဟာအလွန်ညံ့တဲ့ကောင်ဘဲ ဘာမှသုံးစားမရတဲ့ကောင်ပေါ့။ ဒါပေမဲ့ ဒီစာပုဒ်လေး ဖတ်ပြီးတဲ့အချိန်မှာ အားတွေတက်လာတယ် ခွန်အားတွေပြည့်လာတယ် ပြောရမယ်ဆိုရင် စာဖတ်ချင်စိတ်တွေ များပြားလာခဲ့တယ်........။ ကျနော်ဖတ်ခဲ့တဲ့ ပညာပေး စာပုဒ်လေးကတော့...........
တစ်နေ့တော့ မြေးအဖိုး နှစ်ယောက်ဟာ ကမ်းစပ်မှာထိုင်ပြီး စကားပြောနေကြတယ်။ မြေးငယ်လေးက သူ့အဖိုးကို မေးလိုက်တယ်"ဖိုးဖိုး ဖိုးဖိုး နေ့တိုင်းစာတွေဖတ်နေတာ ဘယ်လောက်မှတ်မိသလဲ မေ့သွားမဲ့အတူတူ ဘာလို့ စာဖတ်နေတာလဲ”တဲ့ ဒီအချိန်မှာ အဖိုးက သူ့မြေးလေးကို ပြုံးပြပြီး "ဟိုနားက မီးသွေးထည့်ထားတဲ့ ခြင်းကြားလေး သွားယူခဲ့စမ်း မြေးလေး” လို့ပြောလိုက်တယ် မြေးလေးလည်း နားမလည် စွာနဲ့ဘဲ ခြင်းကြားကို ယူခဲ့တယ်"ကဲ အဲ့ဒီခြင်းကြားနဲ့ မြစ်ထဲကရေတွေကို ခပ်ခဲ့ပါအုံးမြေးလေး”လို့ ပြောတယ်။ အဖိုးကအဲ့လိုပြောတော့ မြေးကပိုပြီး ဇဝေဇဝါ ဖြစ်သွားတာပေါ့။ ဒီခြင်းကြားနဲ့ ရေခပ်လို့ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးဆိုတာ သူသိနေတယ်လေ။ ဒါပေမဲ့လည်း အဖ်ိုးခိုင်းတဲ့အတိုင်းဘဲ မြစ်ထဲကို ဆင်းပြီး ခြင်းကြားကိုရေထဲနစ်လိုက်တယ် ပြီးတော့ ပြန်မှလိုက်တယ် ရေက ပါမလာဘူး။ အဖိုး သူ့ကို ဘာလို့ အဲ့လိုလုပ်ခိုင်းမှန်း သူနားမလည် ဖြစ်နေတယ်။ အဖိုးက ကြည့်နေရင်းကနေ "ထပ်စမ်းကြည့်ပါအုံး မြေးလေး”လို့ ပြောတယ်။ ဒီအခါ မြေးဖြစ်သူလည်း အဖိုးပြောတဲ့အတိုင်း ထပ်စမ်းကြည့်တယ် ရေက ပထမအတိုင်းဘဲ ပါမလာဘူး။ အကြိမ်ရေ ဆယ်ခါမက ထပ်ခါထပ်ခါ စမ်းကြည့်တယ် ရေက ပါမလာဘူး။ ထိုအခါ အဖိုးက "မြေးလေး မြေးလေးရဲ့ခြင်းကြားကို ကြည့်စမ်းပါအုံး အရင်ယူခဲ့တုန်းကခြင်းကြားနဲ့ တူတေးလားလို့”မေးလိုက်တယ်။ အရင်တုန်းက မီးသွေးတွေထည့်ထားလို့ ညစ်ပတ်နေတဲ့ ခြင်းဟာ ရေကြည်ရဲ့ ဆေးကျောမှု့ကြောင့် သန့်ရှင်းစင်ကြယ်လာတာကို မြေးဖြစ်တဲ့သူက သတိပြုမိလိုက်တယ်။ အဖိုးက ဆက်ပြောတယ်"စာဖတ်တယ်ဆိုတာ ခြင်းကြားနဲ့ ရေခပ်သလိုပါဘဲ မြေးလေးရဲ့ ရေတွေက ခြင်းကြားထဲကို စီးဆင်းသွားပြီး အပြင်ပန်းက ကြည့်ရင်တော့ ဘာမှမရလိုက်ဘူးဆိုပေမဲ့ မသိမသာနဲ့ခြင်းကို သူက ဆေးကျောပေးသွားတယ်လေ။ စာဖတ်တယ်ဆိုတာလည်း ဒီခြင်းကြားလိုဘဲ လူတွေရဲ့စိတ်ဝိညဉ်ကို သန့်ရှင်းကြည်လင်အောင် ဆေးကျောပေးတာနဲ့အတူတူဘဲပေါ့ မြေးလေးရဲ့” တဲ့ခင်ဗျာ။ ဒါဟာ စာဖတ်ခြင်းရဲ့ အကျိုးရလာဒ် ဖြစ်ပါတယ် စာအုပ်တစ်အုပ် ဖတ်ပြီးပြီးချင်း အသိဉာဏ်ပညာတွေရလိုက်တယ် စိတ်ဓာတ်ခွန်အားတွေတိုးမြင့်လာတယ်ဆိုတာမျိုးက မဖြစ်နိုင်ပါဘူး ဒါပေမဲ့ စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်း မသိစိတ်ထဲကနေ အသိတစ်ခုတော့ ရလိုက်ပါတယ် အဲ့ဒီအသိစိတ်က ကိုယ့်ကို မသိမသာ ပြောင်းလည်းနေစေပါတယ် တရုတ်စာရေးဆရာတစ်ဦးကပြောတယ် "စာအုပ်ပေကောင်းတစ်ခုကို ကျနော်တို့ တစ်ခါဖတ်လိုက်တိုင်း သူတို့က ကျနော်တို့ကို ဆွဲခေါ်သွားတတ်တယ် ကျနော်တို့ ပြန်ရောက်လာတဲ့အခါ ကျနော်တို့နဲ့အတူ သူတို့အမြဲတမ်း ရှိနေပါတော့တယ်” စာအုပ်တစ်အုပ် ဖတ်ပြီးတိုင်းမှာ စိတ်ဝိညဉ်ကို တစ်ခါဆေးကျောခြင်း ဖြစ်ပါတယ် ဖတ်ပြီးသမျှစာတွေ မေ့ကုန်တယ်ဆိုတာ ကျနော်တို့ ထင်ထားတာပါ တကယ်တော့ စာအုပ်တွေဟာ ကျနော်တို့ရဲ့ အသိဉာဏ်ထဲမှာ ကိန်းအောင်းနေပြီး ဘဝကို ပြုပြုင်ပြောင်းလည်းနေစေခဲ့ပါတယ်....😊😊
credit....ORG
16/11/2020
စိုးရိမ်သောကဖြစ်ခြင်းဆိုသည်မှာ..
မနက်ဖြန်ရဲ့ ပြသနာတွေကို ဖြေရှင်းမပေးနိုင်တဲ့အပြင်
ဒီနေ့ရဲ့ပျော်ရွှင်မှုတွေကိုပါ ဖျက်စီးသွားတတ်ကြတယ်...
(ဝစီပိတ်ဆရာတော်)
04/08/2020
ခွေးတစ်ကောင်ဟာ
မီးခဲကိုနင်းမိရင်
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ ဒါပဲ
နောက်တစ်ကောင်ကထပ်နင်းမိလည်း
ဂိန်! ဂိန် ဂိန်အော်ပြီး ထွက်ပြေးသွားတာပဲ
သူနင်းမိလို့ပူတဲ့ကိစ္စကို
တစ်ခြားခွေးတွေကို
မနင်းမိစေနဲ့ ပူတယ်လို့်မပြောနိုင်ဘူး
သူ့အတွေ့အကြုံကို လက်ဆင့်မကမ်းနိုင်ဘူး
ဘာဖြစ်လို့လဲဆိုတော့
သူတို့မှာ ဘာသာစကားမရှိလို့
ကိုယ်တိုင်ဖြစ်မှ ကိုယ်တိုင်သိရတာ
ကမ္ဘာဦးအစခွေးတွေကနေ
ဒီနေ့ခွေးတွေအထိ ဂိန်! ပဲ
တို့တစ်တွေလူတွေမှာတော့
အဲ့ဒီလိုမဟုတ်ဘူး
ဘာသာစကားရှိတယ်
မင်းတို့ငယ်ငယ်ကတည်းက
တစ်ပါးသူရဲ့အတွေ့အကြုံလက်ဆင့်ကမ်းလာတာ
အမေဖြစ်သူက
အဲ့ဒါမကိုင်နဲ့ ပူပူ
အဲ့ဒါမကိုင်နဲ့ ဝေါ့ဝေါ့
မင်းကိုင်ပါဦးမလား
မင်းအမေရဲ့အတွေ့အကြုံလက်ဆင့်ကမ်းမှုကြောင့်
မင်း မီးကို အပူမှန်းသိသွားတယ်
ဝေါ့ဝေါ့ဆိုတာကို ရွံစရာမှန်းသိသွားတယ်
အောက်ဆီဂျင်ကို
ခုချက်ခြင်း
မင်းဓာတ်ခွဲခန်းထဲမှာ
မင်းရှာဖွေထုတ်နိုင်တယ်
အဲ့ဒီအောက်ဆီဂျင်ကိုမင်းရှာတွေ့ခဲ့တာမဟုတ်ဘူး
ဒါပေမယ့်
ရှာတွေ့ခဲ့တဲ့ပညာရှင်က
လက်ဆင့်ကမ်းခဲ့လို့ မင်းချက်ခြင်းဖော်ထုတ်နိုင်တယ်
ဒါအတွေ့အကြုံကိုလက်ဆင့်ကမ်းတာပဲ
ပညာသင်တယ်
ပညာရှာတယ်ဆိုတာ ဒါပဲလေ
ဘာသာစကားရှိလို့
တစ်ပါးသူရဲ့အတွေအကြုံကို
လက်ဆင့်ကမ်းနိုင်တယ်
တစ်ဆင့်ပြီးတစ်ဆင့်လက်ဆင့်ကမ်းကြတယ်
ဒါကြောင့်လည်း
လူ့လောကကြီးက
တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ပြောင်းလဲလာတာပေါ့
အတွေးအကြံ အတွေ့အကြုံကို လက်ဆင့်ကမ်းတဲ့နေရာမှာ
နှစ်မျိူးရှိတယ်
တစ်ခုက တိုက်ရိုက်ပြောဆိုပို့ချခြင်းနဲ့
နောက်တစ်ခုက
သူ့ရဲ့အတွေ့အကြုံတွေကို
စာအုပ်ထဲမှာ ချရေးထားခဲ့ပြီး လက်ဆင့်ကမ်းခဲ့တာ
ဥပမာ
အောင်မြင်သူတွေရဲ့
အထုပ္ပတ္တိတွေကို ဖတ်ကြည့်ရင်
သူတို့ရဲ့အတွေးအကြံ အတွေ့အကြုံတွေ
မင်းရလာမယ်
မင်းစိတ်ဓာတ်တွေမာကျောလာမယ်
အထပ်တလဲလဲ ကြိုးစားချင်စိတ်တွေ
ဖြစ်လာမယ်
အောင်မြင်သူတွေလည်း
အခက်အခဲတွေကြားက
ရုန်းထကြတာကိုး
ဒါမို့ စာဖတ်ခိုင်းတာ
စာဖတ်တဲ့နေရာမှာလည်း
နည်းနည်းဖတ်မိတောင် များများတွေးပါ
လိုက်နာပါ ကျင့်သုံးပါ
သူတစ်ပါးရဲ့အတွေ့အကြုံကို
ကိုယ့်ရဲ့အတွေးအကြံလေးနဲ့ပေါင်းစပ်ပါ
ကိုယ့်ကိုကိုယ်ခိုင်း
ကိုယ့်ကိုကိုယ်မခိုင်းရင် သူများခိုင်းတာခံရတတ်တယ်
စဉ်းစားတွေးတောပေးရတယ်
ဦးနှောက်ကိုခါးတောင်းကျိူက်ပါ
ဒါမှ ခေါင်းဆောင်ဖြစ်မှာ
လူခါးတောင်းကျိူက်ရင် ကူလီပဲဖြစ်မှာပေါ့
စာဖတ်ခြင်းကို ပေါ့သေးသေးမတွက်နဲ့
စာဖတ်တယ်ဆိုတာ
တစ်ပါးသူရဲ့အမှားကို
ကိုယ်ဆက်မမှားအောင်လုပ်တာ
တစ်ပါးသူရဲ့အတွေ့အကြုံကို
ကိုယ့်အတွေ့အကြုံအဖြစ်ရယူတာပဲ
လူလိမ္မာတို့သည် တစ်ပါးသူ၏ အမှားမှ သင်ခန်းစာကို ယူတတ်ကြတယ်
လူမိုက်တို့သည် ကိုယ်တိုင်မှားမှ သင်ခန်းစာရကြတယ်
ပို၍ မိုက်မဲသောသူတို့ကား
ကိုယ်တိုင် မှားပါလျက် နှင့်ပင်
သင်ခန်းစာ မယူတတ်ကြကုန်တဲ့
ကိုယ်တိုင်မှားမှ မှားမှန်းသိရင်
ခွေးသာသာဖြစ်သွားမှာပေါ့
စာကြည့်တိုက်တစ်တိုက်ဖွင့်ရင်
အချူပ်ထောင်မှာ လူငါးယောက်လျော့မယ်
စာဖတ်တဲ့လူဟာ
အသိအဉာဏ်အားကောင်းလာတယ်
အနည်းဆုံး
မိဘတွေ ဆုံးမရတာသက်သာတယ်
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းမိသားစုကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတိုင်းပြည်ကို မင်းချစ်ရင်
ပညာသင်ပါ စာဖတ်ပါ
မင်းတို့တစ်တွေ
ဗဟုသုတကိုရှာဖွေပါလေ့လာပါဆည်းပူးပါ
စာဖတ်ပါ
တစ်ပါးသူရဲ့အတွေ့အကြုံကို
လက်ဆင့်ကမ်းယူကြပါ
ဘဝကို
ဦးနှောက်ကဦးဆောင်တာဖြစ်တဲ့အတွက်
ဦးနောက်ကိုဦးစားပေးတဲ့စာမျိူး
များများဖတ်စေချင်တယ်။ ။
ဆရာအောင်သင်း
Credit to original writer
ြပန်လည်မျှဝေပေးပါသည်
22/04/2020
မှတ်သားဖွယ်အဆိုအမိန့်များ
04/04/2020
#ပြန်လည်မျှဝေပေးလိုက်ပါတယ်
ဆေးရုံမှာ ကုသမှုခံယူရင်း ပြန်လည်ကောင်းမွန်လာသည့် လူနာများ၏ ပြောပြချက်
နေ့စဉ်နေ့တိုင်း
1. ဗီတာမင်စီ - 1000 သောက်ရတယ်
2. ဗီတာမင် အီး သောကရတယ်
3. နံနက် 10:00 - 11:00 အချိန်အတောအတွင်း ၁၅ - ၂၀ မိနစ်ကြာ နေပူစာ လှုံပေးရတယ်။
4. ကြက်ဥ ၁လုံး စားပေးရတယ်။
5. အနားယူရတယ်။ အနည်းဆုံး ၇ - ၈ နာရီကြာ အိပ်ရတယ်။
6. နေ့စဉ် ရေ ၁.၅ လီတာ (ရေသန့်ဘူးကြီး ၁ဗူးခွဲ) သောက်ရတယ်။ အစားအစာကို ပူပူနွေးနွေး စားရတယ်။ အစာ အေးနေလို့မရ။
ဆေးရုံမှာ အဲလိုတွေ နေထိုင်စားသောက်ရတယ်။
ကိုရိုနာ ဗိုင်းရပ်စ်ရဲ့ ပီအိတ်ခ်ျ pH အဆင့်ဟာ ၅.၅ ကနေ ၈.၅ အကြား ပြောင်းလဲနေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ခိုက်နိုင်ဖို့အတွက်ဆိုရင် ဗိုင်းရပ်စ်ရဲ့ pH အဆင့်ထက် မြင့်တဲ့ အယ်လ်ကာလီဓာတ်ပိုမြင့်တဲ့ အစားအစာတွေကို စားသုံးပေးရမယ်။
အယ်လ်ကာလီဓာတ်ပိုမြင့်တဲ့ အစားအစာ အချို့ -
* ရှောက်သီး - 9.9 pH
* သံပုရာသီး - 8.2 pH
* ထောပတ်သီး - 15.6 pH
* ကြက်သွန်ဖြူ - 13.2 pH *
* သရက်သီး - 8.7pH
* လိမ္မော်သီးမျိုး - 8.5pH - ဆန်းကစ်သီး
* နာနတ်သီး - 12.7 pH
* ဒန်ဒလီယွန် - 22.7 pH
* လိမ္မော်သီး - 9.2 pH
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ဘယ်လိုသိနိုင်မလဲ
1. လည်ချောင်းယားခြင်း
2. လည်ချောင်း ခြောက်ခြင်
3. ျောင်းခြောက်ဆိုးခြင်း
4. ကိုယ်ပူချိန် မြင့်ခြင်း
5. အသက်ရှူကြပ်/ မဝခြင်း
6. အနံ့ အရသာ မတွေ့တော့ခြင်း
ဒီလိုတွေ စဖြစ်တာ သိတာနဲ့ ချက်ခြင်း သံပုရာရည်ကို ရေနွေးနွေးနဲ့ သောက်လိုက်ပါ။
မြန်မာနိုင်ငံမှာတော့ နံနက် ၁၀နာရီ မတိုင်ခင်မှာ နေပူစာလှုံံတာ ပိုကောင်းပါတယ်။
Crd: မူရင်းပြောပြသူနှင့် မစင်သီယာထွန်းအား ဂုဏ်ပြုအပ်ပါသည်။
Information from patients recovering from the Hospital ...
Every day we are there:
1. Take Vit C-1000
2. Vitamin E
3. 10:00 - 11:00 sunlight for 15-20 minutes.
4. Egg one item
5. Take a rest / get a 7-8 hour min
6. Drink 1.5 L of water daily and every meal should be warm (not cold).
That's what we do at the hospital.
This is to tell all of us that the pH for the coronary virus varies from 5.5 to 8.5
What we need to do, to defeat the coronary virus, is to consume more alkaline foods above the virus's pH level.
Some of them are:
* Lemon - 9.9 pH
* Lime - 8.2 pH
* Avocados - 15.6 pH
* Garlic - 13.2 pH *
* Mango - 8.7pH
* Tangerine - 8.5pH
* Pineapple - 12.7 pH
* Dandelion - 22.7 pH
* Orange - 9.2 pH
How did you know you had a coronavirus?
1. Itching in the throat
2. Dry throat
3. Dry cough
4. High temperature
5. Shortness of breath
6. Loss of smell and taste
So when you pay attention to these things quickly take warm water with lemon and drink.
Do not keep this information to yourself. Give to all your family and friends.
Take care & Stay Healthy!
To get the sunlight in Myanmar, better before 10:00am.
Crd: Original source + Synthea Htun
06/02/2020
Value is capacity to do work.
Is equal to energy.
လူငယ် တော်တော်များများ ဟာ ကိုယ့်ကို
"မင်း တန်ဖိုးမရှိတဲ့ကောင်လို့"
ပြောရင် သိပ်စိတ်ဆိုးတာဘဲ။
အဲတော့ " တန်ဖိုး " ဆိုတာ ဘာလဲ လို့
မေးလိုက်ရင် အကုန်
ကြောင်တောင်တောင်နဲ့ ဘာဖြေရမှန်း
မသိကြတော့ဘူး ။
တကယ်တော့ '' တန်ဖိုး '' ဆိုတာ
သဘာဝ ကို လုပ်အား
ထည့်ပေါင်းလို့ ရလာခြင်းပဲ။
Value = Nature + Labour
တန်ဖိုး = သဘာဝ + လုပ်အား
ဥပမာ ~ မိုးတွင်းမှာဆို တို့တွေ
ရွှံံ့တွေ မတွေ့ရဘူးလား။
အဲဒီ ရွှံ့ကို မင်းသွားခွာလည်း ရတယ်၊
ငါသွားခွာလည်း ရတယ်၊
သဘာဝက အလကား ပေးထားတာလေ၊
အဲဒီရွှံ့ကို မင်းက သွားမခွာဘူး
ငါက သွားခွာပြီးလောက်စလုံး
လုံးတယ်၊ ငါက လုပ်အား ထည့်လိုက် တာပေါ့၊
လောက်စလုံး တစ်ဖိုကို ဘယ်လောက်ဆိုပြီး
ငါက ပြန်ရောင်း လို့ ရတယ်။
သဘာဝကို ငါက လုပ်အား ထည့်လိုက်တော့
" တန်ဖိုး '' တက် မသွားဘူးလား။
ငါ့ ထက် တော်တဲ့ကောင် တစ်ယောက်က
လောက်စလုံး မလုံးပဲ ရေအိုး လုပ်မယ်ကွာ။
လုပ်အား တက်သွားတော့
တန်ဖိုး ပိုတက် မသွား ပေဘူးလား။
ငါတို့တွေ လေကို အလကား မရှူရဘူးလား၊
ဒါပေမယ့် စက်ဘီးတွေ၊ ဆိုင်ကယ်တွေ
လေထိုးရင် တစ်ဘီးကို
ငါးဆယ် တစ်ရာ မပေးရ ဘူးလား၊
မင်းက အကိုရယ် လေအလကား ရတာပဲလို့
ပြောကြည့်ပါလား၊
မင်းကို ဟိုကပါးပိတ်ရိုက်မှာပေါ့။
သူ့လုပ်အား အတွက် ပိုက်ဆံယူရမယ်လေ။
ငါတို့တွေဟာ မွေးလာတုန်းက အတူတူပါဘဲ
သဘာဝလို့ဘဲဆိုပါတော့၊
ကိုယ့်ကိုယ်ကို
လုပ်အားထည့်နိုင်ရင် ထည့်နိုင်သလောက်
တန်ဖိုးတက် လာမှာပါပဲလို့ ငါပြောချင်တယ်။
"ဆရာကြီး ဦးအောင်သင်း၏
လူငယ်များအတွက်လက်ဆင့်ကမ်း သြဝါဒ " မှ..
YTW
#ဒေါက်တာနန္ဒမာလာ
ပြန်လည်မျှဝေပေးပါသည်
23/12/2019
" မင်းကမှ သည်းမခံခဲ့ တာကိုး
တစ်ခါတုန်းက သစ်ပင်တွေဟာ စကားပြောတတ်တယ်ဆိုပဲ။ စကားပြောတတ်တဲ့ သစ်ပင်တွေကို ပန်းပုဆရာတစ်ယောက်က ပန်းပုထုဖို့ ယူလာခဲ့တယ်။ ခုတ်ထားတဲ့ သစ်သား တုံးတွေကို ပန်းပုထုတော့ သစ်သားတုံးတစ်တုံးက အထုခံရ၊ အခုတ်ခံရ၊ အထွင်းခံရ၊ အရိုက်ခံရ၊ အနှက်ခံရတော့ "နာတယ်" ဆိုပြီး အော်တယ်။
ဒါကြောင့် ပန်းပုဆရာဟာ အဲ့သစ်သားတုံးကို အသေးစိတ် မွန်းမံမနေတော့ဘဲ တုံးမောင်းအဖြစ်၏နဲ့ပဲ ထားခဲ့လိုက်တော့တယ်။
နောက်သစ်သားတုံးတစ်တုံးကျတော့ ဘယ်လောက် နာပေမယ့် သူ မအော်ဘဲ ကြိတ်မှိတ်သည်းခံပြီးတော့ နေခဲ့လိုက်တယ်။ ပန်းပုဆရာက အဲဒီသစ်တုံးကိုကျတော့ လူသားတွေ အပူဇော်ခံမယ့် နတ်ဘုရားရုပ်တုအဖြစ် ထုခဲ့လိုက်တယ်။
လူသားတွေက တုံးမောင်းကို ခေါက်ပြီး နတ်ဘုရားရုပ်တုကို ပူဇော်တဲ့ အခါကျတော့ တုံးမောင်းဖြစ်နေတဲ့ သစ်သားက အသည်းအသည် ငိုကြွေးတယ်။
သူတို့ဟာ အစပထမတုန်းက သစ်ပင်တွေ အတူတူ ဖြစ်ပါရဲ့နဲ့ ခုကျမှ သူကျ အခေါက်ခံရပြီး ဟိုသစ်သားတုံးကျတော့ အပူဇော်ခံရတယ် ဆိုပြီး မကျေမနပ်ဖြစ်သွားတယ်။
ဒါနဲ့ ပန်းပုဆရာကို ဘက်လိုက်တယ်ဆိုပြီး စွပ်စွဲလိုက်တယ်။ ဒီအချိန်မှာ နတ်ဘုရားရုပ်တုအဖြစ် ထုခံလိုက်ရတဲ့ သစ်သားက သူ့ကို ပြောတယ်။
"မင်းကမှ သည်းမခံတာခဲ့ကိုး"
ဟုတ်ပါတယ်။ လူသားတွေလည်း ကိုယ်ပိုင် လမ်းကြောင်းပေါ်ကိုတော့ သွားနေခဲ့ကြတာချင်း တူပါတယ်။ ဒါပေမဲ့ အချို့က အောင်မြင်ကြတယ်။ တချို့က ဘာမှမဖြစ်ထွန်းကြဘူး။ တချို့က ဖြစ်တော့ ဖြစ်ထွန်းပါရဲ့၊ ဒါပေမဲ့ အကျိုးဖြစ်ထွန်းမှု အားနည်းကြရတယ်။
ဒါဟာ ဘာကြောင့် ဖြစ်ရတာလဲလို့ ဆန်းစစ်ကြည့်တော့ ခုနကပြောတဲ့ လောကဓံရဲ့ ရိုက်ပုတ်မှုဒဏ်ကို အလူးအလဲ ခံရတဲ့အခါမှာ သည်းခံနိုင်မှု၊ သည်းမခံနိုင်မှုအပေါ်မှာ မူတည်ပြီးတော့ အကျိုးရလဒ်တွေလည်း ကွာခြားသွားတာမျိုး ဖြစ်ပါတယ်။
ကဲ...စာဖတ်သူရော၊ သစ်သားချင်းအတူတူ ဘယ်လိုပုံစံမျိုး ဖြစ်ချင်ပါသလဲ???
#မောင်မင်းစိုး ၏ #လူငယ်နဲ့လူလည် စာအုပ်မှ ကူးယူ၍ သမီးလေးအတွက် #နွေမင်းသစ် မှပြန်လည်ဖော်ပြပါသည်။