15/09/2025
အရေးပေါ်သတိပေးကြေငြာချက်
မုံရွာ-အရာတော် လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို ယခုအချိန်မှစ၍ အထူးပင် တားမြစ်
ပိတ်ပင်ကြောင်း အသိပေးကြေငြာအပ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေတပ်သားများသည်
မုံရွာ-အရာတော် လမ်းပေါ် တစ်နေရာ၌ စစ်ကြောင်းထိုး လှုပ်ရှားမှု များ ရှိနေပါသည်။
မိဘပြည်သူများ အနေဖြင့် ယခုချိန်မှ ၍ မုံရွာ- အရာတော် လမ်းပိုင်းအား အသုံးပြုသွားလာခြင်းကို မပြုလုပ်ကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
Danger Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့
14/06/2025
ကျနော်တို့ Danger Force LPDF အတွက် ကျည် ၊ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် အတွက်လှူဒါန်းပေးပါသော အလှူရှင်များ အား ကျေးဇူးအထူးတင်ရှိစွာဖြင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ
23/04/2025
စစ်ဆင်ရေးကြေငြာချက် (၁/ ၂၀၂၅)
ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ် ၊ ဧပြီလ ၂၃ ရက်
(၂၀၂၅) ခုနှစ် ၊ ဧပြီလ ( ၂၂) ရက် နေ့ နံနက်( ၁၀) နာရီ (၄၄) မိနစ်အချိန် တွင် အရာတော်မှ (၅၀၀၄) တင်ကားတပ်သို့ သွားသော တပ်ကြပ် ဝင်းလွင်ဦး အား လမ်းခုလတ်တစ်နေရာတွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ညာဘက်ပုခုံးထိမှန်ခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု တပ်တွင်းဖရဲသီးတစ်ဦးထံမှ သတင်းရရှိခဲ့သည်။ ထို့အတူ နံနက် (၁၁) နာရီ (၂၀) မိနစ် အချိန်မှာလည်း အရာတော်စက်မှုလယ်ယာဂိတ်အတွင်းသို့ M79 40mm ဖြင့် 40 mm (၁) လုံးပစ်ခတ်ခဲ့ပါသည်။ ယခုစစ်ဆင်ရေးကို Danger Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ နှင် မုံရွာခရိုင်ပကဖတို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ပါသည်။
Telegram Link - https://t.me/dangerforcelpdf
Danger Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့
24/03/2025
လေးစားအပ်တဲ့ တော်လှန်သော မိဘပြည်သူများခင်ဗျာ
"နွေဦးအတွက် Gun သုံးလက်" ကျပ်သိန်း (၁၀၀၀) ကမ်ပိန်း က ယခုဆို Day 13 ထိ ရောက်ရှိလာပြီဖြစ်ပါသော်လည်း ပါဝင်မှု့အား နည်းသောကြောင့် (၁၀)သိန်းကျပ်အထိဘဲ ရရှိသေးပါတယ်ခင်ဗျာ ။
ပြည်တွင်းပြည်ပ မှ မိဘပြည်သူများအနေနဲ့ ကျပ်သိန်း (၁၀၀၀) target ထိ ပြည့်မှီနိုင်အောင် လာရောက်အားဖြည့်ကူညီပေးဖို့ရာ မေတ္တာရပ်ခံ ပါတယ်ခင်ဗျာ 🙏🙏🙏 ။
Danger Force LPDF Page messenger ပါခင်ဗျာ
http://m.me/106065798800061
Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ ့
#ကျပ်သိန်း (၁၀၀၀) ကမ်ပိန်း
17/03/2025
လေးစားအပ်တဲ့ တော်လှန်သော မိဘပြည်သူများခင်ဗျာ
"နွေဦးအတွက် Gun သုံးလက်" ကျပ်သိန်း (၁၀၀၀) ကမ်ပိန်း က ယခုဆို Day 6 ထိ ရောက်ရှိလာပြီဖြစ်ပါသော်လည်း ပါဝင်မှု့အား နည်းသောကြောင့် (၂)သိန်းကျပ်အထိဘဲ ရရှိသေးပါတယ်ခင်ဗျာ ။
ပြည်တွင်းပြည်ပ မှ မိဘပြည်သူများအနေနဲ့ ကျပ်သိန်း (၁၀၀၀) target ထိ ပြည့်မှီနိုင်အောင် လာရောက်အားဖြည့်ကူညီပေးဖို့ရာ မေတ္တာရပ်ခံ ပါတယ်ခင်ဗျာ 🙏🙏🙏 ။
Danger Force LPDF Page messenger ပါခင်ဗျာ
http://m.me/106065798800061
Force - မုံရွာခရိုင်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ ့
#ကျပ်သိန်း (၁၀၀၀) ကမ်ပိန်း
01/02/2025
ကျနော်တို့ Danger Force LPDF အတွက် ကျည် ၊ လက်နက်ခဲယမ်းများ ဝယ်ယူနိုင်ရန် အတွက်လှူဒါန်းပေးပါသော " Shin Lei Phyu " အား ကျေးဇူးအထူးတင်ရှိစွာဖြင့်ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်ခင်ဗျာ
23/01/2025
မိဘပြည်သူများအား အသိပေးကြေငြာခြင်း
ရက်စွဲ ။ ။ ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၂၃ ရက်
ကျနော်တို့ Danger Force LPDF အတွက် (၂၀၂၄) ခုနှစ် မေလ (၁၅) ရက် မှ စ၍ (၂၀၂၅)ခုနှစ် ဇန်နဝါရီလ (၂၃) ရက်နေ့ထိလှူဒါန်းပေးပါသော ပြည်တွင်း ပြည်ပ မှ အလှူရှင်များ ၏ အလှူငွေများ ၊ ဒေသခံများ၏ အလှူငွေများ ၊ ရဲဘော်များ၏ ညီအကိုမောင်နှမ များမှ လှူဒါန်းသောအလှူငွေများ၊
အတိုးနှုန်း မယူဘဲ ကူညီပေးသော ပြည်တွင်းပြည်ပမှ မိဘပြည်သူများ၏ ချေးငွေ များဖြင့် -
(၁) ၅.၅၆ ကျည် - ၈၀၀၀ တောင့်
(၂) MA1 - ၂ လက်
(၃)စစ်လွယ်အိပ် - ၃ လုံး
(၄) Level 4 ကျည်ကာပြား - 1 ခု
(၅) ယူနီဖောင်း - ၅ စုံ စုစုပေါင်း ကာလ တန်ဖိုး (၈၀၀) သိန်း ကျပ် ဖြင့် ဝယ်ယူထားပါတယ်ခင်ဗျာ ။
စစ်အာဏာရှင် စနစ်အမြစ်ပျက်ချေမှုန်းရေးနှင် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းပြည်ပမှ လှူဒါန်းပေးပါသော မိဘပြည်သူ ညီအကိုမောင်နှမ များ ၊ ဒေသခံများ နှင့် ရဲဘော်များ၏ ညီအကိုမောင်နှမများ ၊ အတိုးနှုန်းမယူ ဘဲ ချေးငွေများ ကူညီပေးသော ပြည်တွင်းပြည်ပ မှ မိဘပြည်သူ များအား ကျေးဇူးအထူးတင်ရှိပါတယ် ခင်ဗျာ ။
( ချေးငွေ များဆပ်ရန်ကျန်ရှိနေသောကြောင့် ပြည်တွင်းပြည်ပ မှ မိဘပြည်သူများအနေဖြင့် တက်နိုင်တဲ့ဘက်က ပါဝင်ကူညီပေးဖို့ရာ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ 🙏🙏🙏)