Bright Stars - Bago.

Call Directions Website Contact the organization
မင်္ဂလာပါ​ဖေ​ဖေ​မေ​မေတို့ရှင့်🥰🥰🥰September လအတွက် ဝါတွင်းကာလ ဥပုသ်နေ့လေးများပါရှင့်။* Saturday အစား မှင်နီဖြင့်ဝိုင်းထား...
04/09/2026

မင်္ဂလာပါ​ဖေ​ဖေ​မေ​မေတို့ရှင့်🥰🥰🥰
September လအတွက် ဝါတွင်းကာလ ဥပုသ်နေ့လေးများပါရှင့်။

* Saturday အစား မှင်နီဖြင့်ဝိုင်းထား​သော ဥပုသ်နေ့များသည် ပိတ်ရက်ဖြစ်​ပါတယ်ရှင်။
* Sunday သည် ပုံမှန်ပိတ်ရက်ဖြစ်ပါတယ်ရှင်။

ထို့အတွက်​ကြောင့်
Weekday Regular Classes များအတွက်
ဥပုသ်နှင့် တနင်္ဂနွေရက်များသည် ကျောင်းပိတ်ရက်များဖြစ်ပြီး

Weekend Classes များအတွက် ဥပုသ်နှင့် တနင်္ဂနွေရက်များသည် ​ကျောင်းဖွင့်ရက်များဖြစ်​ပါကြောင်း ​

ဖေဖေမေမေတို့ကို လေးစားစွာအသိ​ပေးအ​ကြောင်းကြားအပ်ပါတယ်ရှင်🙏🙏🙏🥰🥰🥰

04/09/2026

Pre-Writing Fine Motor Skills Activity ✏️🌈

စာရေးခြင်းမစတင်မီ လက်ချောင်းနှင့် လက်ကောက်ဝတ်ကြွက်သားများ သန်မာစေရန်၊ ခဲတံကို မှန်ကန်စွာ ကိုင်တွယ်နိုင်စေရန်နဲ့ လက်–မျက်စိ ပူးပေါင်းဆောင်ရွက်နိုင်မှု တိုးတက်စေရန် လေ့ကျင့်ပေးတဲ့ Activity လေးပါ။ 🥰

ကစားရင်း၊ လေ့ကျင့်ရင်းနဲ့ စာရေးခြင်းအတွက် လိုအပ်တဲ့ Fine Motor Skills တွေကို တဖြည်းဖြည်း ဖွံ့ဖြိုးလာစေမှာဖြစ်ပါတယ်။ 💕✏️

Little hands today, confident writing tomorrow! 🌟


𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

03/09/2026

🎶 သီချင်းသီဆိုနေမှု အမှတ်တရများ 🎤✨

စာသင်ခန်းထဲမှာ စာသင်ယူရင်း သီချင်းလေးတွေနဲ့ ပျော်ရွှင်စရာအချိန်လေးကို ဖန်တီးနေကြတဲ့ G2 အတန်းလေးပါ 💕

🎵 သီချင်းဆိုရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေခြင်း
🎶 အတူတူသီဆိုရင်း ပူးပေါင်းဆောင်ရွက်တတ်လာစေခြင်း
😊 ပျော်ရွှင်စွာ သင်ယူရင်း အမှတ်တရကောင်းလေးတွေ ဖန်တီးခြင်း

Learn • Sing • Smile • Grow Together! 🌈✨



𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

📝 Tutorial Exam ဖြေဆိုနေကြသည့် မှတ်တမ်းပုံများကျောင်းသား/ကျောင်းသူများအားလုံး စည်းကမ်းတကျ၊ အာရုံစိုက်၍ Tutorial Exam ကို...
31/08/2026

📝 Tutorial Exam ဖြေဆိုနေကြသည့် မှတ်တမ်းပုံများ

ကျောင်းသား/ကျောင်းသူများအားလုံး စည်းကမ်းတကျ၊ အာရုံစိုက်၍ Tutorial Exam ကို ကြိုးစားဖြေဆိုနေကြသည့် အမှတ်တရပုံရိပ်များ ဖြစ်ပါသည်။ 📚✨

ကြိုးစားအားထုတ်မှုတိုင်းသည် အောင်မြင်မှုဆီသို့ ဦးတည်စေပါသည်။ 💯

ကျောင်းသား/ကျောင်းသူများအားလုံး ရလဒ်ကောင်းများ ရရှိပြီး မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌟



𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

29/08/2026

🏀🏆 ဂုဏ်ယူဝမ်းမြောက်စရာ အောင်မြင်မှုသတင်းကောင်း 🏆🏀

𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀 မှ ကျောင်းသူလေး မအိမ့်သရဖူ သည် ဘတ်စကတ်ဘောပြိုင်ပွဲတွင် အောင်မြင်စွာ ယှဉ်ပြိုင်၍ အနိုင်ရရှိကာ မြို့နယ်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်ရှင်။ 🎉👏

ကြိုးစားအားထုတ်မှုများ၏ ရလဒ်ကောင်းများဖြင့် အောင်မြင်မှုလမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းနိုင်ခဲ့သော သမီးလေးအတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်ရပါတယ်ရှင်။ 💐

ရှေ့ဆက်မည့် ခရိုင်နှင့်တိုင်းအဆင့်ပြိုင်ပွဲတို့တွင်လည်း အကောင်းဆုံးကြိုးစားယှဉ်ပြိုင်ပြီး အောင်မြင်မှုများ ဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🏀✨

Congratulations ပါနော် 𝐁𝐫𝐢𝐠𝐡𝐭 𝐒𝐭𝐚𝐫𝐬 လေး အိမ့်သရဖူ 🏀🎊🏆

𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

29/08/2026

🏸✨ ကြက်တောင်ရိုက်ပြိုင်ပွဲ အမှတ်တရနှင့် ဝမ်းမြောက်ဂုဏ်ယူခြင်း ✨🏸

(၂၉.၈.၂၀၂၆) စနေနေ့တွင် ကျင်းပပြုလုပ်ခဲ့သော ကြက်တောင်ရိုက်ပြိုင်ပွဲ သို့ 𝐁𝐫𝐢𝐠𝐡𝐭 𝐒𝐭𝐚𝐫𝐬 လေးများဖြစ်သည့် ကျား (၃)ဦး နှင့် မ (၃)ဦး တို့ သွားရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်ရှင်။ 🏸

မြို့နယ်အဆင့်အတွက် ရှုံးထွက်ပြိုင်ပွဲများတွင် အနိုင်မရရှိခဲ့သော်လည်း အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ကြသည့် 𝐁𝐫𝐢𝐠𝐡𝐭 𝐒𝐭𝐚𝐫𝐬 လေးတွေအတွက်လည်း ဂုဏ်ယူရပါတယ်ရှင်။ 💪❤️

𝐁𝐫𝐢𝐠𝐡𝐭 𝐒𝐭𝐚𝐫𝐬 မ ကစားသမားနှစ်ဦးဖြစ်သည့် မစုမြတ်ထွေးနှင့် မနန်းဧပရယ်ကျော်တို့သည် ပွဲစဥ်များတွင် အနိုင်ရရှိကာ မြို့နယ်အဆင့်သို့ တက်လှမ်းခွင့်ရရှိခဲ့ခြင်းအတွက် အထူးဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်။ 🏆🎉

ယှဉ်ပြိုင်ခြင်းတိုင်းဟာ အောင်မြင်မှုတစ်ခုအတွက် အတွေ့အကြုံကောင်းများစွာကို သင်ယူခွင့်ရစေပါတယ်ရှင်။ အနိုင်မရရှိခဲ့သူများလည်း စိတ်ဓာတ်မကျဘဲ နောက်လာမယ့်ပြိုင်ပွဲများတွင် ပိုမိုကြိုးစားနိုင်ကြပါစေကြောင်း ယုံကြည်စွာဖြင့် ဆုတောင်းပေးနေလျှက်ပါရှင်။💖

မြို့နယ်အဆင့်မှ တက်လှမ်းသွားသော
သမီးလေးနန်းဧပရယ်ကျော် (Grade 5) နှင့်
သမီးလေး စုမြတ်ထွေး (Grade 10) တို့အတွက်
ဝမ်းမြောက်စွာဖြင့် ဂုဏ်ယူလျှက် Congratulations ပါနော်။ 🥳🏸🏆

𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

26/08/2026

💃✨ Indian Song ဖျော်ဖြေမှုနဲ့ ပျော်ရွှင်စရာ အချိန်လေးများ ✨💃

တေးဂီတသံစဉ်လေးတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ကလေးလေးများရဲ့ Indian Song ဖျော်ဖြေမှု ကို ပျော်ရွှင်စွာ တင်ဆက်ခဲ့ကြပါတယ်။ 🥰🌸

သီချင်းနဲ့အညီ လှပစွာ ကပြဖျော်ဖြေရင်း ကလေးလေးများရဲ့ ယုံကြည်မှု၊ အနုပညာစွမ်းရည်နှင့် ပျော်ရွှင်မှုများ ကိုလည်း တွေ့မြင်ရတဲ့ အမှတ်တရအချိန်လေးတစ်ခုပါပဲ။ ❤️

🌟 Sing • Dance • Smile • Shine 🌟
ကလေးတိုင်းရဲ့ အရည်အချင်းလေးတွေ ပွင့်လန်းတောက်ပလာစေဖို့ Bright Stars မှာ ပျော်ရွှင်စွာ သင်ယူလျက်ရှိပါတယ်။ ✨



𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

𝗣𝗮𝘁𝗵𝗲𝗶𝗻 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၅၊ မန်ကျည်းပင်တန်းလမ်း၊ ၂ရပ်ကွက်၊ ပုသိမ်မြို့။
📞09799599755

𝗠𝗮𝗴𝘄𝗮𝘆 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၃၆၊ တောင်တွင်းလမ်းအနီး၊ကံသာ ဘီ တိုးချဲ့(1)လမ်းနှင့် မဲဇလီလမ်းထောင့်၊မကွေးမြို့။
📞 09799599655

24/08/2026

🌍 We Recycle to Protect Our Earth ♻️🌱

ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေကြီးကို သန့်ရှင်းစိမ်းလန်းပြီး လှပစေရန် Recycling ဆိုတာ အရေးကြီးတဲ့ အလေ့အကျင့်တစ်ခုပါ။ 💚🌎

ယခု Activity မှာတော့ ကျောင်းသား၊ ကျောင်းသူလေးများက စွန့်ပစ်မယ့် ပစ္စည်းဟောင်းများကို အလွယ်တကူပစ်မချဘဲ ပြန်လည်အသုံးပြုနိုင်တဲ့ နည်းလမ်းများကို လေ့လာရင်း၊ အသုံးဝင်ပြီး ဖန်တီးမှုအပြည့်ရှိတဲ့ ပစ္စည်းလေးများကို ကိုယ်တိုင်ပြုလုပ်ခဲ့ကြပါတယ်။ ♻️✨

ဒီလိုလှုပ်ရှားမှုများမှတစ်ဆင့်
🌱 Recycling ၏ အဓိပ္ပာယ်ကို နားလည်စေရန်
🌱 ပစ္စည်းဟောင်းများကို ပြန်လည်အသုံးချတတ်စေရန်
🌱 သဘာဝပတ်ဝန်းကျင်နှင့် ကမ္ဘာမြေကြီးကို ကာကွယ်ထိန်းသိမ်းတတ်စေရန်
🌱 ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးရန်
🌱 အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနှင့် တာဝန်ယူစိတ်ကို ဖွံ့ဖြိုးစေရန်
🌱 နေ့စဉ်ဘဝထဲမှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဂရုစိုက်တတ်စေရန် ရည်ရွယ်ထားပါတယ်။ 💚

🪴 “Reduce, Reuse, Recycle!”
🌍 “ကမ္ဘာမြေကြီးကို သန့်ရှင်းစိမ်းလန်းစေရန် အတူတကွ လက်တွဲကြပါစို့!” 💚♻️

𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

မူကြိုကလေးလေးများအတွက် မိဘနှင့် ဆရာ/ဆရာမ တွေ့ဆုံဆွေးနွေးခြင်း အချိန်လေး 💛ကလေးလေးတို့၏ ကျောင်းတွင်းအခြေအနေ၊ သင်ယူမှုနှင့်...
24/08/2026

မူကြိုကလေးလေးများအတွက် မိဘနှင့် ဆရာ/ဆရာမ တွေ့ဆုံဆွေးနွေးခြင်း အချိန်လေး 💛

ကလေးလေးတို့၏ ကျောင်းတွင်းအခြေအနေ၊ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မိဘများနှင့် အတူတကွ ဆွေးနွေးမျှဝေခဲ့ကြပါသည်။ 👨‍👩‍👧‍👦

ကလေးလေးများ၏ ပျော်ရွှင်သော သင်ယူမှုခရီးလမ်းအတွက် မိဘ၏ ပံ့ပိုးမှုနှင့် ဆရာ/ဆရာမများ၏ စောင့်ရှောက်လမ်းညွှန်မှု တို့ ပေါင်းစည်းသွားသည့် အမှတ်တရနေ့လေးပါ။ 🌈✨

𝗕𝗮𝗴𝗼 𝗕𝗿𝗶𝗴𝗵𝘁 𝗦𝘁𝗮𝗿𝘀
✅️ အမှတ် ၂၁၂ / ၂၁၃ / ၂၁၄ /၂၁၇ ၊ ဗန္ဓုလလမ်း၊ ဥဿာမြို့သစ် ၄ရပ်ကွက်၊ ပဲခူးမြို့။ (ဆည်မြောင်း အထက၅ အနီး)
✅️ အမှတ် ၃၃၂ (B,C,D) ၊ ရွှေမောဓေါဘုရားလမ်း၊ ရှင်စောပုရပ်ကွက်၊ ပဲခူးမြို့။
📞 09799969600
📞 09799599600

ပဲခူးမြို့သို့ IGCSE Result လေး သယ်ဆောင်လာပါပြီခင်ဗျာ။အထက်တန်းရောက်မှ IGCSE အတန်းဘက်သို့ ကူးပြောင်းပြီး နိုင်ငံတကာတက္ကသိ...
23/08/2026

ပဲခူးမြို့သို့ IGCSE Result လေး သယ်ဆောင်လာပါပြီခင်ဗျာ။

အထက်တန်းရောက်မှ IGCSE အတန်းဘက်သို့ ကူးပြောင်းပြီး နိုင်ငံတကာတက္ကသိုလ်တက်နိုင်ရေးအထိရည်ရွယ်ပြီး တက်ခဲ့တဲ့သားတွေ။ Sec 3 မှာ အကောင်းဆုံးပြင်ဆင်ပြီး IGCSE ရောက်တဲ့နှစ်မှာလည်းသားလိမ္မာလေးတွေဟာ ကြိုးစားခဲ့တယ်။ အားနည်းချက်တွေကို တစ်နှစ်အတွင်း မိဘ ဆရာသမားများဖြင့်တိုင်ပင်ပြီး အကောင်းဆုံး ကျော်ဖြတ်ခဲ့တယ် ။

Bright Stars International School အနေဖြင့် Batch 2 အနေဖြင့် ဝင်ရောက်ဖြေဆိုတဲ့ပဲခူးမြို့မှ ကျောင်းသားလေးတွေပါပဲ။

Bright Stars & Moe Academy
မောင်နှမ ကျောင်း (၂) ကျောင်း ပူးပေါင်းဆောင်ရွက်မှု ရလဒ်ကောင်းလေးပါခင်ဗျာ။

Moe Academy Team အား
Bright Stars Team မှ မှတ်တမ်းဂုဏ်ပြုပါတယ်။🙏🏆

ယခုလို A* နှင့် A ရအောင်ထိ ဖြေဆိုခဲ့တဲ့ သားလေးကိုလည်း တန်ဖိုးထားရပါတယ်။
နယ်မြို့က ကလေးမို့ ICT ဘာသာရပ်အား အနီးကပ်ကြိုးစားခဲ့ရတာကိုလည်း အသိအမှတ်ပြုပါတယ်။

နောက်တန်းမှ အကောင်းဆုံး ပံ့ပိုးပေးပါသော ဖေဖေမေမေတို့ကိုလည်း Bright Stars မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

Bright Stars International School အနေဖြင့်လည်း
IGCSE Result တွင် ပဲခူးမြို့လေးမှ သားလေးက A* ဖြင့် သက်သေထူခဲ့နိုင်ပါပြီ။

ယုံကြည်မှုနှင့်သာ လှမ်းခဲ့ပါ
ရလဒ်ကောင်းတွေ ပြန်ပေးမှာပါခင်ဗျာ။

Reception
09799599600
09799969600

Address

Bright Stars (1), , No 336, ShweMawDaw Pagoda Road, ShinSawPu Qt, Upper MOB Bank (near Fashion Zone), Bago. Ph-09799599600, , Bright Stars (2), No (212), Mahar Bandula Street, 4 Qt, Oakthamyothit, Bag
Bago
080101

Alerts

Be the first to know and let us send you an email when Bright Stars - Bago. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Bright Stars - Bago.:

Shortcuts

Share