လကမ္ဘာနိုတြီနှင့်လက်ထပ်စာချုပ်

လကမ္ဘာနိုတြီနှင့်လက်ထပ်စာချုပ်

Share

Notary

31/12/2025

နှစ်သစ်မှာ စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်နိုင်ကြပြီး ချမ်းမြေ့ကြပါစေ🎇🎆🎇🎆🎇

01/12/2025

⭐နိုတြီ၊ကျမ်းကျိန်၊ပါဝါလွှဲအပ်ခြင်း၊လက်ထပ်‌မော်ကွန်းတင် လက်မှတ်ရေးထိုးခြင်းများနှင့်ပတ်သက်ပြီး တစ်နေရာတည်းမှာ ပြီးပြည့်စုံစွာ စိတ်ချမ်းသာချင်ရင်တော့ လကမ္ဘာနို​တြီ ⭐ နှင့်ပဲဆက်သွယ်ပေးပါ

🗽🗼✈️နိုင်ငံရပ်ခြားသို့ ပညာတော်သင်၊ အလည်အပတ် ၊ကျန်းမာရေး ၊စီးပွားရေး အစရှိသည့် ကိစ္စများအတွက် English/Japan/Chinese/Korea/Thai/Malaysia ဘာသာများသို့ဘာသာပြန်ဆိုပြီး နိုတြီပြုလုပ်ပေးခြင်း⭐
👉ကိုယ့်ရဲ့လုပ်ပိုင်ခွင့်ကို ကိုယ်စားလွှဲအပ်ပေးဖို့ General Power/Special Power လွှဲအပ်ပေးခြင်း👈
✌️နာမည်နှစ်မျိုးဖြစ်ခြင်း၊မွေးနေ့လွဲနေခြင်း၊ မွေးစာရင်းမရှိခြင်း ပါဝါမရုတ်သိမ်းကြောင်း၊ အမွေဆက်ခံခွင့်ရှိကြောင်း၊ တစ်ဦးတည်းသောတရားဝင်ဇနီးဖြစ်ကြောင်း👍 စသည့်ကိစ္စများအတွက် ကျမ်းကျိန်ပေးခြင်း စသည်တို့ကို တစ်နေရာတည်းမှာပြီးပြည့်စုံ စိတ်ချမ်းသာစွာ ပြီးမြောက်စေရမည့် လကမ္ဘာ ⭐ Notary Services ⭐
Notary Online Shop and Marriage Certificate Shop
☎01372950
Viber 095051773/09795272801
Ph No.09777777553 / 09261131674

⭐⭐နိုတြီ(Notary)၊ နိုတြီဆရာများနှင့် ပက်သက်ပြီး သိရှိလိုပါက https://www.facebook.com/101447292354178/posts/105371005295140/

MOFA နိူင်ငံခြားရေးဝန်ကြီးဌာနတံဆိပ်တုံးထုခြင်းနှင့်ပက်သက်ပြီး သိရှိလိုပါက
https://www.facebook.com/101447292354178/posts/106045431894364/
🏢https://www.facebook.com/share/p/18MwnyYnyh/

ကျမ်းကျိန်ခြင်းနှင့်သတ်သက်ပြီးသိရှိလိုပါက https://www.facebook.com/share/p/1AJdzgrbm9/

ပါဝါလွှဲအပ်ခြင်းနှင့်ပတ်သက်ပြီးသိရှိလိုပါက
https://www.facebook.com/share/p/1GoyiQYdWD/

နိူင်ငံခြားသားနှင့် လက်ထပ်သည့်ကိစ္စနှင့် ပက်သက်ပြီး သိရှိလိုပါက
https://www.facebook.com/lakabamarriage?mibextid=JRoKGi

တရားရုံးမှာ လက်ထပ်လက်မှတ်ထိုးသည့်ကိစ္စ သိလိုပါက
https://www.facebook.com/share/p/1FP6qcr2fN/

လက်ထပ်စာချုပ် Online Service https://www.facebook.com/101447292354178/posts/106385358527038/

30/09/2025

လကမ္ဘာနိုတြီနှင့်လက်ထပ်စာချုပ်ဆိုင်မှ ကာစတန်မာများရှင့် ကျွန်မတို့၏ လကမ္ဘာနိုတြီ နှင့်လက်ထပ်စာချုပ်ဆိုင်ကို သီတင်းကျွတ်ရုံးပိတ်ရက်ကို ၄ရက်နေ့မှ ၇ ရက်နေ့ထိ ပိတ်ပါမည်ရှင့်။ မြန်မာပြည်သူ/ပြည်သားများအားလုံး စိတ်သွားတိုင်းကိုယ်ပါ လိုရာဆန္ဒ ပြည့်စုံကြပါစေဟု လကမ္ဘာမိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

01/02/2025

ထိုင်းနိုင်ငံမှာ ကျောင်းထားမယ့်မိဘတွေအတွက် အကြီးမားဆုံးအခက်အခဲများ

တစ်ကယ်တော့ ဒါတွေက ကျနော်ထပ်တလဲလဲ ပြောဖြစ်ပါတယ်။

Discuss လုပ်တဲ့မိဘတွေကိုလည်း သေသေချာချာပြောပြ ဖြစ်တယ်။
Public မှာ
ရေးလည်းရေးပြ ဖြစ်ပါတယ်။

ဒါပေမယ့်
Post တွေထဲရောနေတာတွေအချိန်ကာလကြာသွားတဲ့အခါ အမှတ်လွဲကုန်တာတွေ ရှိနေနိုင်တဲ့အတွက်
ဒီမှာသီးသန့် Post တစ်ခု ထုတ်ရေးပေးပါရစေခမျာ။

အခက်အခဲ အမှတ် (၁)

ဘတ်ငါးသိန်း

ထိုင်းနိုင်ငံမှာကျောင်းထားရင်
ကလေးက ကျောင်းသား Visa ရပါတယ်။
လူကြီးက Guardian Visa ရပါတယ်။

လူကြီး Guardian Visa တွေနဲ့အလုပ်တွေဝင်လုပ်ကြတဲ့ကာလတစ်ခုရှိခဲ့ပြီး Guardian Visa ကိုရောင်းကုန်တစ်ခုလိုဖြစ်ခဲ့တဲ့ကာလတစ်ခုရှိခဲ့တယ်။ Guardian Visa နဲ့ အလုပ်ဝင်လုပ်တာ မိသွားတဲ့အခါ ထုတ်ပေးတဲ့ကျောင်းရယ် MOE ရယ် Immigration ရယ် ပြသနာတက်ကြ ပြီးနောက်ပိုင်း Guardian Visa တွေကို စည်းကမ်းပိုမိုတင်းကြပ်လိုက်ကြတယ်။

တင်းကြပ်လိုက်တဲ့စည်းကမ်းတွေ က

(၁) အဖေနဲ့အမေ မှလွဲ၍ မည်သူ့ကိုမှ Guardian Visa မပေးတော့ပါ။ အဖေနဲ့အမေ မရှိကြောင်းအခိုင်အမာတင်ပြနိုင်မှသာ Guardian Visa ထုတ်ပေးပါမည်

(၂) Guardian Visa ရရှိရန်အတွက်ကလေးကိုတစ်နှစ်ပတ်လုံးကေျာင်းထားနိုင်ကြောင်း သက်သေအဖြစ်
ငွေပမာဏ ဘတ်ငါးသိန်းကို ဘဏ်ထဲတွင်ထားရှိကြောင်း တင်ပြနိုင်ရမည်။

(၃) Bank acc ကိုတင်ပြလာသည့်အခါတွင်လည်း
ငွေကြေးကို အဌားပြခြင်းများမဖြစ်ပေါ်စေရန်
ကာလအတိုင်းအတာတစ်ခုသတ်မှတ်ပေးထားသည်။

ပြရတဲ့အချိန်တွေအနေဖြင့်
ပထမတစ်နှစ်အတွက်
တစ်နှစ်မှာနှစ်ကြိမ်ပြရပြီး
(ပထမဆုံးအကြိမ်တွင် တစ်လ/ဒုတိယအကြိမ်တွင်တစ်လပြရပါမယ်။)

အဆိုပါကာလများတွင်
ဘတ်ငါးသိန်းဘဏ်ထဲတွင် ဆက်တိုက်ရှိနေရပြီး
တစ်ရက်မှ လျော့ခြင်းကိုခွင့်မပြုပါ။

နောက်တစ်နှစ်အတွက် Visa တိုးရာတွင်
ဘတ်ငါးသိန်း ကို သုံးလဆက်တိုက်
တစ်ဘတ်မှ မလျော့စေရပဲ ပြပေးရပါသည်။

(လက်ရှိအချိန်တွင် အခြားနိုင်ငံများမှ လျှောက်သော Visa များအတွက် ပထမအကြိမ် ငွေကြေးပြသမှုကို
တောင်း မကြည့်ပဲ။ဖြေလျော့ပေးထားသလိုဖြစ်နေသော်လည်းတရားဝင်ကြော်ငြာထားမှုမရှိပါ။ ဘဏ်စာအုပ်တောင်းကြည့်ခြင်းများ။မြန်မာ Bank statement တောင်းကြည့်ခြင်းများ ရှိပါသည်။ငွေကြေးအမောင့်ကိုအတိအကျပြောဆိုထားခြင်းမရှိပါ။)

(လက်ရှိအချိန်တွင်ထိုင်းနိုင်ငံအတွင်းလျှောက်သော Visa များအတွက် ပထမဆုံးအကြိမ် ငွေကြေးပြသမှုကို
ဘတ်ငါးသိန်း ရှိသော
Bank Book Update သာပြခိုင်းနေပါသည်။ငွေရှိနေသောရက်ပေါင်းသုံးဆယ်ပြည့်မပြည့်မစစ်ပါ။
တရားဝင်ကြော်ငြာထားမှုတော့မရှိသဖြင့် မည်သည့်အချိန်တွင်ပြန်ပြောင်းမည်မသိရပါ)

အဓိကစစ်ဆေးနေသည်မှာ ပထမနှစ်၏ ဒုတိယအကြိမ်
နှင့် ဒုတိယနှစ် ဘတ်ငါးသိန်း သုံးလ သာဖြစ်ပါတယ်။

ထိုငွေကြေးကို အထူးဂရုပြု သုံးသပ်ကြရန်လိုပါတယ်။

ကျနော့်မိဘတွေကိုတော့
အမြဲတမ်း အသိပေးဖြစ်ပြီး
အမြဲတမ်းအကြံပေးဖြစ်တာက
ငွေကိုအဲ့အတွက်စုဆောင်းထားဖို့ပါ။

ဒါတွေက အချို့အတွက်တော့အခက်အခဲမဟုတ်ပေမယ့်
အချို့မိဘတွေအတွက် အတားအဆီးကြီးမားပါတယ်။
အစစအရာရာ စဥ်းစားရပါတယ်။

ကို ထက်ရယ်ဘတ်ငါးသိန်းလောက် ကိုစကားထဲထည့်ပြောနေရသေးတယ်ဆိုတာမျိုးဖြစ်နိုင်သလို

ဘတ်ငါးသိန်းတောင် ကိုထက်ရယ်ဆိုတာမျိုးလည်းဖြစ်
နိုင်ပါသေးတယ်။

ပြီးတော့အဲ့တာကလေးတစ်ယောက်စီအတွက်ပါ။
မိဘ guardian တစ်ယောက်ယူရင် ဘတ်ငါးသိန်း တစ်ယောက်ပြရမှာပါ။
ကလေးနှစ်ယောက်ဆီက မိဘ နှစ်ယောက်က guardian ယူရင် မိဘ နှစ်ယောက်ပြရပါမယ်။

မရှိရင်ကျောင်းမတက်ရဖူးလားဆိုတာမျိုးတော့မဟုတ်ပါဘူး။နည်းလမ်းတွေတော့ ရှိ‌ကောင ရှိပါလိမ့်မယ်။
ငွေပိုကုန်နိုင်ပါတယ်။
ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြနိုင်တာတော့အကောင်းဆုံးပါ။

ကျနော်ကတော့ ကျနော့်ကိုလာမေးသမျှ မိဘတွေအကုန်လုံးကို အဲ့ကိစ္စသေချာပြောဖြစ်ပါတယ်။
ပြီးတော့
တတ်နိုင်သမျှ ငွေ ထည့်ခိုင်းပါတယ်။

ကျန်တာတော့မိဘတွေရွေးချယ်မှု အလျှောက်အတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကူညီပေးလိုက်တာမျိုးပါပဲ။

စာတော်တော်ရှည်သွားပေမယ့် တစ်စုတစ်စည်းတည်းဖတ်လို့ရအောင်ဆက်ရေးရမှာလို့ဆက်ပါရစေခမျာ။

အခက်အခဲ အမှတ် (၂)

Stay

ထိုင်းမှာနေရင် Stay အရေးကြီးပါတယ်။
ကျောင်းသား Visa ရရင် Guardian Visa ရတာပဲဆိုပေမယ့် ကြားထဲမှာ လုပ်ရတဲ့အဆင့်တွေများပါတယ်။

ကျောင်းသား Visa ကိုလျှောက်ရမယ့် Option နှစ်မျိုးရှိပါတယ်။

ပထမ Option က စာရွက်စာတမ်းတွေအကုန်ယူပြီးနိုင်ငံပြင်ပလျှောက်တာပါ။ အလွယ်ဆုံးနဲ့အမြန်ဆုံးပါ။
စာရွက်စာတမ်းရတာလဲ မြန်ပါတယ်။နိုင်ငံအတွ င်းမှာ
လျှောက်တာထက် Visa Supporting Document စာရွက်စာတမ်း တွေရတာမြန်ပါတယ်။
ဘာလို့မြန်သလဲဆိုရင် သူဖြတ်သန်းရတဲ့ရုံးအဆင့်က နည်းလို့ပါ။
အဲ့စာရွက်တွေသွားတဲ့လမ်းကြောင်းကိုပြောရရင်
စာရှည်မှာစိုးလို့ထားခဲ့ပါမယ်။

ဒါပေမယ့်အားနည်းချက်က
အဲ့လိုလုပ်လို့ရတဲ့ကျောင်းတွေက ရပါတယ်။
အဲ့လိုလုပ်လို့မရတဲ့ကျောင်းတွေက မရပါဘူး။

အဲ့တာက ကျောင်းကိုမေးရင်သိပါတယ်။

ဆိုလိုတာက စာရွက်ယူပြီး အပြင်မှာလျှောက်လို့ရတဲ့ကျောင်းတွေရှိသလို
ဒီဘက်ရောက်မှ Visa ေလျှာက်ရတဲ့ကျောင်းတွေရှိပါတယ်။

အဲ့လိုလျှောက်လို့ရဖို့အတွက်
ကျောင်းတွေကို အရင်ရွေးချယ်ဖို့လိုပါတယ်။

အဲ့အတွက်
အချို့က မိဘတစ်ယောက်တည်းအရင်လာတယ်
အချို့က မိဘနှစ်ယောက်လာတယ်
အချို့ကမိသားစုအလိုက်လာတယ်။
အချို့ကဘယ်သူမှမလာဘူး
မြန်မာပြည်ကနေကျောင်းအပ်တယ်။

ကျနော်ကတော့အမြဲတမ်း ဆွေးနွေးတိုင်းမှာ
ဘယ်တော့မှ မြန်မာပြည်ကနေ လာမကြည့်ပဲ
ကျောင်းလှမ်းမအပ်ဖို့ သတိပေးပါတယ်။

ဖြစ်နိုင်သမျှ အဖေအမေ ကလေးအကုန်လာကြည့်စေချင်ပါတယ်။

မိသားစုတစ်စုနဲ့တစ်စုရဲ့လိုအပ်ချက်ဟာ
ဘယ်တော့မှ ထပ်တူညီတယ်လို့မရှိပါဘူး။
အဖေက အလုပ်နဲ့ပတ်သက်ပြီးရွေးချယ်မှုပြုရတာ
အမေက နေရေးထိုင်ရေးနဲ့ပတ်သက်ပြီးစိတ်ပူရတာ

အဖေရောအမေရောအဆင်ပြေ ပြန်တော့
မိဘတွေသွားချင်တဲ့ပညာရေးလမ်းကြောင်းပုံစံနဲ့ကျောင်းကမကိုက်တာ

ကလေးကမကြိုက်တာ
ဘတ်ဂျက်နဲ့မကိုက်တာ

အစုံပါပဲ။

တတ်နိုင်သမျှ Decision Maker တွေရယ်
ပြီးတော့တက်မယ့် ကလေးကိုယ်တိုင်ရယ်
ကျောင်းတွေကိုလိုက်ကြည့်စေချင်တာပါ။

ဒါမှသာ ပြည့်စုံကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုကို
ရမှာပါ။

ဥပမာပြောရရင် ကျောင်းက အရမ်းကောင်းတယ်
Facilities တွေကအစအရမ်းအဆင့်မြင့်တယ်
စျေးကလည်းသက်သာတယ်။
ဘာမှမကြည့်ပဲ အပ်လိုက်တယ်။
ဒါပေမယ့် ဘေးနားမှာနေရေးထိုင်ရေးအဆင်မပြေတာ
ဒီရောက်မှသိတယ်။ကျောင်းပြောင့းဖို့ကြတော့လည်း
သွင်းထားတဲ့ငွေတွေကတနင့်တပိုး။အဲ့တာတွေကအစုံပါပဲ။

Decision Maker ဖြစ်တယ်ဆိုရင်တော့
မိဘတစ်ယောက်တည်းကျောင်းလာကြည့်တာ
ရပါတယ်။

ဒါပေမယ့်ကျောင်းဆရာတစ်ယောက်အနေနဲ့ကတော့
နေ့တိုင်းတက်မယ့်ကျောင်းသားကျောင်းသူကို
သူတက်မယ့်ကျောင်းလေးရွေးချယ်တဲ့အခါ
ပါစေချင်တယ်။ ကျောင်းကဆရာဆရာမတွေနဲ့စကားပြောစေချင်တယ်။

ကျောင်းရွေးချယ်ပြီးတဲ့အခါ ကြားထဲကကိစ္စတွေကျော်ပြီး Visa ကိစ္စသွားရအောင်။

မိဘက Option 1 ကိုရွေးတယ်။
မြန်မာပြည်ပြန်မယ်။Visa ဝင်မယ်ပြန်လာမယ်။
လိုအပ်တာတွေလိုက်စီစဥ်ပေးလိုက်တယ်။
ပြန်လာရင်လိုအပ်တဲ့အဆင့်အလိုက် လိုက်လုပ်ပေးလိုက်တယ်။Time frame မှာ ပြီးသွားပါတယ်။

မိဘက Option 1 ကိုငြင်းလိုက်တယ်။မြန်မာပြည်မပြန်တော့ဘူး။ဘယ်နိုင်ငံမှလည်းမထွက်ဘူး။
စလာကတည်းက သူက ဒီဘက်ကိုအကုန်ရွှေ့လာပြီးသား။ပြန်လို့လည်းအဆင်မပြေဘူး။ကုန်ကျစားရိတ်များတယ်။ဒါမှမဟုတ် ဒီမှာပဲ Visa ပြောင်းဖို့ဖြစိလာတယ်။

ဒါဆို ဒီဘက်မှာ Visa ပြောင်းဖို့စ စီစဥ်ရပါတယ်။
(ကန့်လန့်ကာနောက်ကွယ်က ကျနော်တို့လုပ်ရတဲ့
အဆင့်တွေကိုကျော်လိုက်ပါဦးမယ်)

ကလေး Visa ရလာတယ်။ကလေး Visa ရပြီး တဲ့နောက်လေးဆယ့်ငါးရက်ကြာမှ လူကြီး Visa စ လျှောက်လို့ရတယ်။ Office days 15 ရက်စောင့်ရတယ်။အဲ့ရက်အထိ Visa ကျန်ရမယ်။
မှီရင်ပြောင်းလို့ရတယ်။မမှီရင် Visa ကိုသက်တမ်းတိုးသွားရမယ်။

ကလေး Visa ရတဲ့ရက်ဟာ ရက်ကိုးဆယ်အတွင်းလို့သာပြောလို့ရပြီး အ​စောဆုံးနှစ်ရက်ကနေ
အကြာဆုံးရက်70 ကျော်အထိ ဖြစ်ဖူးပါတယ်။
ရက်အတိအကျ ဘယ်ရက်ထွက်မယ်ဆိုတာမျိုးမရှိပါဘူး။ အခွန်ဆောင်ထားမှု ပုံစံအရ IS တွေက ပိုမြန်ပါတယ်။
အဲ့တာကြောင့်
မှီတဲ့မိဘတွေရှိသလို။မမှီလို့သက်တမ်းတိုးတိုးသွားပြီးမှ ပြောင်းရတဲ့မိဘတွေရှိတယ်။

သက်တမ်းတိုးတယ်ဆိုတာမှာလည်း
ဒီမှာရတဲ့နည်းနဲ့တိုးလို့ရသလို
အချို့လည်းကုန်ကျစားရိတ်တွက်ပြီး
လာအိုလိုအပြင်ထွက် Tourist Visa မျိုးနဲ့ ပြန်ဝင်ပြီး
Visa စောင့်ကြရတာမျိုးရှိတယိ။

Visa တွေက ကျောင်းတွေအလိုက်ကွာပါတယ်။
အမြန်ဆုံး နှစ်ရက်အတွင်းကနေ
အကြာဆုံး ခြောက်လအထိ ကြာခဲ့ဖူးတယ်။

Visa အားလုံးက စစ​ ခြင်းမှာသုံးလပဲပေးပါတယ်။
အဲ့နောက်မှာတစ်နှစ် တိုးပေးပါတယ်။

အဲ့တော့ အလုပ်လက်ခံလိုက်ပြီဆိုတာနဲ့
ကလေးတစ်ယောက်ကိုကျနော်တို့
Care လုပ်ရတဲ့အချိန်ကာလဟာ
ကျောင်းစကြည့်တဲ့အချိန်ကနေ
ကလေးမိဘ Visa တစ်နှစ်ရတဲ့အထိဖြစ်တဲ့အတွက်

အချိန်ကာလတစ်ခုအထိ ကြာပါတယ်။

ကလေးမိဘတွေရွေးချယ်တဲ့ Option ပေါ်မူတည်ပြီး
အချိန်ကာလကတော့မတူပါဘူး။
အကြမ်း​ဖျင်းကတော့
အနည်းဆုံးလေးလကနေ အများဆုံးခြောက်လပါ။
(ကျောင်းကြည့်တဲ့ကာလကနေကလေးမိဘ Visa တစ်နှစ်ရတဲ့အထိ ပါ)

ရွေးချယ်မှုပေါ်မူတည်ပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်အောင်ကြိုးစားပါတယ်။

ကြားထဲမှာ ကျောင်းကို အစိုးရ ရုံးကစာတော်တော်နဲ့
မကျလာတာ
မှားပြီးကျလာတာဆိုတာမျိုးဆို
Time Frame တွေလွဲကုန်တာမျိုးရှိနိုင်တာမို့
Visa ရက်မကျန်တော့ပဲထပ်တိုးရလို့ငွေပိုကုန်ရတာမျိုးတွေရှိနိုင်ပါတယ်။

Stay က အရေးကြီးဆုံးမို့ အဆင့်ဆင့်အလိုက်
လုပ်ဆောင်ရမယ့်အချက်အလက်တွေကို
မမေ့မလျော့ပဲ ရအောင်လိုက်လုပ်ရပါတယ်။

မူဝါဒတွေခနခနပြောင်းလဲတတ်တာမို့
အဲ့တာနဲ့ကိုက်ညီအောင်လည်း.လိုက်စီစဥ်ရပါသေးတယ်။

********
ဒီမှာခနရပ်ပါရစေ

ကျနော်ဒီကိစ္စတွေကို ပုံမှန်ဆိုကျနော်နဲ့ဆွေးနွေးတဲ့မိဘတွေကိုသေချာရှင်းပြ ပြီး Public ကိုတော့
Post ​တွေကြားထဲမှာပဲ ညှပ်ရေးပေးလေ့ရှိပါတယ်။
အခုလိုသီးသန့်
တစ်စုတစ်စည်းထုတ်ပြောလေ့မရှိပါဘူး။

အဓိက ကတော့
ခြောက်လှန့်တယ် ဖြစ်မှာစိုးလို့ပါ။

အဲလိုလုပ်ဖို့ဘယ်တုန်းကမှစိတ်မဝင်စားခဲ့ဖူးပါဘူး။

ကျနော်အမြဲတမ်းကျောင်းသားမိဘတွေကို
ပိုမိုကောင်းမွန်တဲ့နိုင်ငံတစ်ခုက ပညာရေးကို
အသင့်တော်ဆုံးနှုန်းထားနဲ့အကောင်းဆုံးကျောင်းရစေဖို့ ကူညီပေးနိုင်ရေး အမြဲတမ်းဦးစားပေးဖြစ်ပါတယ်။

ကျနော့် Page မှာလည်း ကျနော်နဲ့ ကျောင်းမရှာဖြစ်လည်း မိဘတွေအကုန်အဆင်ပြေအောင်
Thailand Edu Tips မှာ ကျောင်းတွေအကြောင်းရော
လိုအပ်တဲ့ အချက်အလက်တွေအားလုံးကိုပါ
မိဘတွေအတွက် မျှဝေ ပေးထားပါတယ်။

မိဘများအားလုံးအဆင်ပြေကြပါစေခမျာ

ထိုင်းမှာကျောင်းထားမယ်ဆိုရင်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခမျာ
credit to owner

Ko Htet
Thailand Edu Tips
Viber (+959795503658)
Thai(0953279892)

Photos from လကမ္ဘာနိုတြီနှင့်လက်ထပ်စာချုပ်'s post 27/12/2024

✨MOFA (Ministry of Foreign Affairs) ✨✨

နိုင်ငံခြားရေးရုံးရဲ့နိုတြီ‌ပေါ်မှာထပ်ဆင့်ထုရတဲ့တံဆိပ်တုံးတွေကိုဘယ်သူတွေ ဘယ်သံရုံးတွေ ထုဖို့လိုအပ်ပါလဲ?

🌐🌐မဖြစ်မနေလိုအပ်တဲ့နိုင်ငံတွေကတော့
🏳️‍⚧️Thaiwan
🏳️‍⚧️ UAE(ဒူဘိုင်း) နှင့်မြန်မာနိုင်ငံမှာ သက်ဆိုင်ရာသံရုံး မရှိပဲ 🚩ထိုင်း 🚩စင်ကာပူ စသည့်နိုင်ငံများမှတဆင့်သံရုံးဝင်ရသည့်နိုင်ငံများ အတွက် မည့်သည့်ကိစ္စဖြစ်ပါစေ MOFA တုံးမဖြစ်မနေထုပေးဖို့လိုအပ်ပါတယ်

🏳️‍⚧️Singapore
🏳️‍⚧️Thai
🏳️‍⚧️Korea စသည့်နိုင်ငံများသည် အလည်အပတ် သွားရောက်သူမည့်များ MOFA တုံးထုရန်မလိုအပ်ပါ
🔔🔔သို့သော် ပညာတော်သင်သွားရောက်မည့် ကျောင်းသားများ၏ သက်ဆိုင်ရာ documents များကိုတော့ မဖြစ်မနေ MOFA တုံးထုပေးဖို့လိုအပ်ပါတယ်
🚩ကျန်ရှိသည့် မြန်မာနိုင်ငံသားများ အသွားအလာများသည့်
🏳️‍⚧️USA
🏳️‍⚧️ Canada
🏳️‍⚧️ United Kingdom
🏳️‍⚧️ Japan
🏳️‍⚧️ Australia စသည့်နိုင်ငံများကတော့ အလည်ပအတ် ပညာသင် စသည့်ကိစ္စများအတွက် MOFA တံဆိပ်တုံးထုပေးဖို့ မလိုအပ်ပါဘူး

✨✨MOFA ရုံးမှာ Notary စာရွက်တံဆိပ်တုံး အတွက်ဘယ်လိုဆောင်ရွက်ရမလဲ။
အရင်ဆုံး Notary ပြန်ထားရပါမယ်နော်။

🌟၁။ ပြီးရင်တော့အရင်ဆုံး ဘဏ်(၅)မှာ အရင်ဆုံး ငွေသွင်းရပါမယ်။ ကိုယ်တုံးထုမယ့် Notary စာရွက်အရေအတွက်အလိုက် ငွေသွင်းမယ့်ချလံအရေအတွက်ကိုတောင်းယူပီးသွင်းရမှာပါ။ တစ်စောင်ချင်းအတွက် တရွက်ကို (ကျပ် ၅၀၀)စီသွင်းရပါမယ်။ ဘဏ်(၅)က နေ့လည်(၂)နာရီအထိတော့ ငွေသွင်းလက်ခံပါတယ်။ ရုံးဖွင့်ရက်အတိုင်းသာဖွင့်ပါသည်။

🌟(MOFA ရုံးကိုမသွားခင်တော့ အရင်ဆုံး မူရင်းစာရွက်တွေကို copy နှစ်စုံ ဆွဲထားပါ။
မူရင်းစာရွက်တွေ၊ Notary ပြန်ထားတာတွေ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေ ဆွဲထားဖို့လိုပါမယ်။)

🌟၂။ ငွေသွင်းပြီးချလံကိုယူပြီး တော်ဝင်စင်တာအကျော် ပဲခူးကလပ် ကားမှတ်တိုင် နားက သံတမန်လမ်းမှာရှိတဲ့ MOFA ရုံးကိုသွားပါ။ မနက်စောစော သွားနိုင်ရင်အကောင်းဆုံးပါ။ စောစောသွားရင်တောင် ကိုယ့်ရှေ့မှာ အနည်းဆုံး လူ ၂၀-၃၀လောက်ရောက်နေနှင့်လောက်ပါပီ။ တန်းစီပီး အပေါက်၀မှာ ကိုယ့်ရဲ့ information အရင်ဖြည့်ရဦးမှာပါ။ ပြီးမှ အထဲဝင်လို့ရပါမယ်။ (MON to FRI)အထိ ရုံးဖွင့်ရက်တိုင်း မနက် (၁၀-၁၂)ကို စာရွက်စာတမ်းတွေစိစစ်လက်ခံပေးပြီးတော့ ညနေ (၃-၄) ကို စာရွက်စာတမ်းတွေပြန်ထုတ်ပေးတာပါ။

🌟၃။ MOFA ရုံးထဲက Notary တုံးထုပေးတဲ့နေရာရောက်ရင် အရင်ဆုံး form ဝယ်ပါ။ Form တစောင်ကို ၁၀၀၀ ကျသင့်ပီးတော့ form ၁စောင်မှာ Notary (၃)စောင်အထိ တုံးထုပေးပါတယ်။ အကယ်လို့ကိုယ်က Notary (၆) စောင် တုံးထုမယ်ဆို form ၂စောင်ဝယ်ရပါမယ်။

🌟၄။ Form ဖြည့်ပီးရင် တုံးထုမယ့် Notary စာရွက် Original တွေနဲ့အတူ မိတ္တူ (၁)ရွက်စီ၊ မူရင်း Notary ပြန်ထားတဲ့ စာရွက်ရဲ့ မိတ္တူ (၁) ရွက်စီ၊ အိမ်ထောင်စုဇယား မိတ္တူ (၁)ရွက်၊ မှတ်ပုံတင်မိတ္တူ(၁)ရွက်နဲ့ ဘဏ်(၅)က ငွေသွင်းချလံ (original) တွေကိုတွဲပြီး စာရွက်စာတမ်းစစ်တဲ့နေရာမှာတန်းစီပါ။ သူတို့စစ်ပြီးတဲ့အခါကျရင် ညနေ(၃)နာရီ၊ ဒါမှမဟုတ် ရှေ့မှာစာရွက်စာတမ်းတွေအရမ်းများနေရင် နောက်နေ့ (၃) နာရီလာထုတ်ဖို့ပြန်ချိန်းပါလိမ့်ပါ။

🌟(Notary တုံးထုတာကို ကိုယ်တိုင်လုပ်ဖို့အဆင်မပြေတဲ့သူတွေရှိရင် ကိုယ့်မိသားစုဝင် (သန်းခေါင်စာရင်းထဲပါ) တွေထဲကတယောက်ယောက်လာလုပ်ပေးလို့ရပါတယ်။

🌟ရန်ကုန် MOFA ရုံးလိပ်စာက တော်ဝင်စင်တာအနီး သံသမန်လမ်း ပဲခူးကလပ် မှတ်တိုင်မှာပါ...
Mofa ရုံးမသွားခင် ဘဏ် ၅ မှာချလန်အရင်ယူရတယ်နော်......
Mofa ရုံးသွားရင် မူရင်းမိတ္တူနှစ်စုံဆွဲသွားရပါတယ်
.....
အသေးစိတ်သိရှိလိုပါက

Viber 095051773
Ph 09777777553 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

အားလုံးအဆင်ပြေကြပါစေ။

17/12/2024

🙋🙋သိလိုရာမေး Notary အရေး။

🌎နိုင်ငံခြားသံရုံးတွေနဲ့ ရုံးပိုင်းဆိုင်ရာ ဆက်သွယ်တဲ့အခါမှာ အဖက်ဖက်ကနေ တိကျသေချာဖို့ အင်မတန်အရေးကြီးတယ်ပါတယ်။

🌟အထူးသဖြင့် အရေးကြီးစာရွက်စာတမ်းတွေ တင်ပြတဲ့အခါမှာ စာလုံးပေါင်းလေးတစ်ခု ၊ ဂဏန်းလေးတစ်လုံး မှားသွားရင်တောင် မပြီးဆုံးနိုင်တဲ့ပြဿနာတွေ ပေါ်လာနိုင်ပါတယ်။

🤗ဒါကြောင့် နိုတြီ (Notary) နဲ့ပတ်သက်ပြီး အားလုံးသိချင်နေကြလောက်မဲ့ အကြောင်းအရာလေးတွေကို ပြောပြပေးချင်ပါတယ်နော်။

☑️ ဘယ်လိုစာရွက်စာတမ်းတွေက နိုတြီပြန်ဖို့လိုအပ်သလဲ။

- ပညာရေးဆိုင်ရာအောင်လက်မှတ်တွေ ၊
- ဘွဲ့လက်မှတ်တွေ ၊
- အမှတ်စာရင်းတွေ ၊
- မှတ်ပုံတင် ၊ အိမ်ထောင်စုစာရင်း နဲ့ မွေးစာရင်းထောက်ခံစာတွေ ၊
- ပိုင်ဆိုင်မှုစာချုပ်စာတမ်းတွေ ၊
- လက်ထပ်စာချုပ်တွေ ,
- ရပ်ကွက်ထောက်ခံစာ ၊ ရဲစခန်းထောက်ခံစာ ၊ ထောက်ခံစာအမျိုးမျိုး
- ဆေးလက်မှတ် ၊ ဆေးထိုးစာရွက်တွေ ၊
- တရားရုံးကျမ်းကျိန်လွှာအမျိုးမျိုး စတာတွေကို သက်ဆိုင်ရာဘာသာစကားအလိုက် နိုတြီပြန်ထားဖို့မဖြစ်မနေလိုအပ်ပါတယ်။

☑️ Notary တစ်ခုရဲ့ သက်တမ်းကဘယ်လောက်ရှိသလဲ။

📜 တရားဝင်ရှေ့နေတစ်ယောက်ကနေ တံဆိပ်တုံးထုထားပြီးသား နိုတြီတစ်စောင်ဟာ (၆) လအတွင်းသာ အကျုံးဝင်ပါတယ်။ (၆) လကျော်လို့ သက်တမ်းကုန်သွားရင် အသစ်ပြန်လုပ်ရပါမယ်နော်။

☑️ နိုတြီပြန်ရင် အချိန်ဘယ်လောက်ကြာသလဲ။

🕰️ ကိုယ်အပ်လိုက်တဲ့ Notary Service ပေါ်မူတည်ပြီး ဘာသာပြန်ချိန်ကွာခြားမှုရှိပေမဲ့ “လကမ္ဘာနိုတြီ” မှာဆိုရင်တော့ အချိန်နာရီပိုင်းလေးသာ ကြာမှာပါနော်။ အလျင်လိုရင် အပြင်ဆိုင်မှာ ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်သလို ရန်ကုန်မြို့တွင်းဆိုရင် နေ့ချင်းရအောင် အမြန်ဆုံးပို့ဆောင်ပေးနေပါတယ်။

☑️ နိုတြီပြန်ဖို့အတွက် Online ကနေ Service အပ်နိုင်သလား။

“လမ္ဘာနိုတြီ” မှာဆိုရင်တော့ အခြားမြို့တွေကနေ နိုတြီပြန်ချင်တယ်ဆိုရင်လည်း ကိုယ်ပြန်ချင်တဲ့ စာရွက်စာတမ်းတွေကို မြင်သာထင်သာရှိအောင် ရှင်းရှင်းလင်းလင်း ဓာတ်ပုံရိုက်ပို့ပေးရုံနဲ့ အဆင်ပြေဆုံးဖြစ်အောင် ဆောင်ရွက်ပေးနေပါတယ်။ ပြီးရင် နိုတြီပြန်ပြီးသားစာရွက်စာတမ်းရဲ့ Soft Copy ကို Viber , Email တွေကနေပို့ပေးသလို ၊ စာရွက်စာတမ်းအစစ်ကိုလည်း ကားဂိတ် ၊ အိမ်အရောက် Delivery တွေနဲ့ ပို့ပေးပါတယ်နော်။

☑️ ဘယ်သူတွေက နိုတြီပြန်ပေးမှာလဲ။

👨🏻‍⚖️ ကိုယ်လိုအပ်တဲ့ဘာသာစကားကို ကိုယ်ကကျွမ်းကျင်နေတာပဲဆိုပြီး နိုတြီကို ကိုယ်တိုင်ပြန်လို့မရပါဘူး။ ကျွမ်းကျင်သူတွေနဲ့ပြန်ပြီး Blacklist မရှိတဲ့ တရားဝင်ရှေ့နေကနေ လက်မှတ်ထိုး ၊ တံဆိပ်တုံးထုပေးမှသာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။

“လကမ္ဘာနိုတြီ” မှာဆိုရင် နိုတြီလောကမှာ သက်တမ်းမြှင့် ဝါရင့်ဆရာကြီးတွေဖြစ်တဲ့အပြင် မည်သည့်နိုင်ငံသံရုံးမှာမှ Blacklist မရှိတဲ့ ⚖️နိုတြီရှေ့နေကြီး ဦးထွန်းရှင်⚖️ကိုယ်တိုင် စစ်ဆေးဆောင်ရွက်ပေးနေပါတယ်။

ကဲ့…ဒါဆိုရင်တော့ နိုတြီပြန်မယ်ဆိုရင် သိထားသင့်တဲ့ အခြေခံအချက်လေးတွေကို သိသွားပြီလို့ထင်ပါတယ်။ နောက်ထပ်လည်း ဒီလိုသိထားသင့်တဲ့ အကြောင်းအရာလေးတွေကို “လကမ္ဘာနိုတြီ” ကနေမျှဝေပေးသွားဦးမှာဖြစ်လို့ Page လေးကို Like & Follow လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။ 👍🏻

——————————————————————

ဒါကြောင့် Notary Service နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက Page Messenger ကနေဖြစ်စေ ၊ အောက်ပါလိပ်စာများမှဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

☎️ 09 777 777 553
☎️ 09 795 272 801
☎️ 09 261 131 674

Viber No.
📞 09 505 1773
📞 09 795 272 801
📞 09 777 777 553

📧 Email – [email protected]

📍Address - အမှတ်(၆၂) ၊ မြေညီထပ် ၊ မဟာဗန္ဓုလပန်းခြံလမ်း (ဘားလမ်း) ၊ အောက်ဘလောက် ၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့ ။






05/10/2024

ကျွန်တော့် ကိုယ်ပိုင်ခြံထဲမှာ မနေနိုင်လို့ အခြား လူတစ်ဦးကို အခမဲ့နေထိုင်ခွင့်ပြုထားတာ ၁၅ နှစ်ရှိပါပြီ ။ တချို့သူတွေက ပိုင်ရှင်ဖြစ်သူဟာ သူ့အိမ် ဒါမှမဟုတ် သူ့မြေကွက်ထဲမှာ တစ်စုံတစ်ယောက်ကို အခမဲ့နေထိုင် ခွင့်ပြုထားတာ ၊ ကာလရှည်ငှားရမ်းထားတာ ၁၂ နှစ်ကျော်ရင် ဖယ်ရှားလို့ မရတော့ဘူးဆိုတဲ့ ဥပဒေရှိသလိုလို ၊ စီရင်ထုံး ရှိသလိုလို ပြောဆိုနေကြတာတွေ ရှိပါတယ် ။ ဥပဒေကြောင်းအရ ရှင်းရှင်းလင်းလင်း သိပါရစေ ။
=============================

ဒါကအရပ်ထဲမှာပြောနေကြတာ .. အခုတလောပေါ့နော် ။ ဘာဖြစ်လို့လဲဆိုတော့ တစ်ခြားလူကို သွားပြီးတော့ ကိုယ့်အိမ်မှာပေါ့၊ နှစ်ရှည်မငှားထားနဲ့ နှင်လို့မရဘူးဖြစ်သွားမယ်။ အိမ်ငှားလည်း ကြာကြာမငှားနဲ့ နှင်လို့မရဘူး ဖြစ်သွားမှာ စိုးရိမ်တယ်။ တစ်ချို့ကလည်း နှစ်ကြာသွားရင် ပိုင်သွားတယ်။ အိမ်ငှားက အိမ်ပိုင်ဖြစ်သွားတယ်လို့ ဒီလိုလည်း ပြောကြတယ်။ ဒါနဲ့ပတ်သက်လို့သတိထားစရာတစ်ခုတော့ရှိတာပေါ့ ။ ဘာဖြစ်လို့လဲဆိုတော့ ခွင့်ပြု ချက်နဲ့ထားတဲ့သူက ဘယ်နနှစ်ပဲကြာကြာ ခွင့်ပြုချက်နဲ့ထားတဲ့သူက ခွင့်ပြုချက်နဲ့ထားတာပဲ ၊ သူက အိမ်ပိုင် သွားစရာ အကြောင်းမရှိဘူး။ ငှားထားတဲ့သူလည်း ဒီလိုပဲ အိမ်ငှားဆိုရင်လည်း သူ့ကိုငှားထားတယ်။ ဘယ်နနှစ် ငှားငှား ဆယ်နှစ်ငှားငှား၊ အနှစ် နှစ်ဆယ်ငှားငှား ၊ အိမ်ငှားက အိမ်ပိုင်ဖြစ်မလာနိုင်ဘူး။

ဒါပေမဲ့ အမှားအယွင်းလေးတစ်ခု ဖြစ်သွားရင် စိုးရိမ်စရာလေးတစ်ခု ရှိတယ်။ အဲ့ဒါ ဘာလဲဆိုရင် ဥပမာ ဆိုကြ ပါစို့ ။ ခွင့်ပြုချက်နဲ့ထားတယ် ။ အဲ့ဒီခွင့်ပြုချက်န ဲ့ထားတဲ့သူကို ကိုယ့်က ဖယ်ချင်ပြီဆိုရင် အစ်မဖယ်ပေး ပါလို့ ပြောလိုက်လို့ရှိရင် ပြဿနာမရှိဘူး။ မဖယ်ပေးဘူးဆိုရင် သူက ဘာလုပ်ရသလဲ၊ နို့တစ်ထုတ်ရတာပေါ့ ။ နို့တစ် ထုတ်တယ်ဆိုတဲ့အခါကျတော့ ခွင့်ပြုချက်ထားတဲ့ဟာကို ပြန်ရုပ်သိမ်းလိုက်ပါပြီ ဆိုတာကို သူသိအောင် ပြော ရတာ ၊ အဲ့ဒီလို ခွင့်ပြုချက်နဲ့ထားတာကို ခွင့်ပြုချက်နဲ့ရုပ်သိမ်းပြီးပြီးဆိုမှ တရားက စွဲလို့ရတယ်။ ခွင့်ပြုချက် ကို မရုပ်သိမ်းပဲနဲ့ တရားတဘောင်စွဲလို့မရဘူး။

အဲဒီတော့ တစ်ချို့က ခွင့်ပြုချက်ကို ရုပ်သိမ်းလိုက်တယ်ပေါ့ ။ ရုပ်သိမ်းလိုက်ပြီးတဲ့အခါကျတော့ အမှုစွဲမှ အချိန် ကျတော့မှ မစွဲဖြစ်ဘူးဖြစ်သွားတယ်။ အဲ့ဒီလို မစွဲဖြစ်ဘူး ဖြစ်သွားရင် ။ သူက ကာလစည်းကမ်းသတ် ဥပဒေ ဆိုတာက ရှိသေးတယ်။ ဘယ်အချိန်မှာ အမှုက စွဲရမယ်။ မစွဲလို့ရှိရင် အခွင့်အရေးက ဆုံးရှုံးတယ် စသဖြင့် ကာလစည်းကမ်းသတ်ဥပဒေက လူတိုင်းသိသင့်တာ။ အမှန်က အဲ့ဒါကို သတိမထားမိရင်တော့ သူက အမှား အယွင်းဖြစ်တတ်တယ်။ ဆိုတော့ အဲ့ဒီကာလစည်းကမ်းသတ်ဥပဒေက ဆိုလို့ရှိရင် ခွင့်ပြုချက်နဲ့ထားတာကို ပြန်ရုပ်သိမ်းပြီး ဆိုရင်တဲ့ ၆နှစ်အတွင်း စွဲပါ။ ဒီလိုဆိုထားပါတယ်။ ၆ နှစ်အတွင်း စွဲရမယ်ဆိုတာကတော့ ကာလ စည်းကမ်းသတ်ဥပဒေ၊ ပထမဇယား၊ စာတိုင်မှာ ၁၂၀ မှာ ဒီလိုဆိုထားတာပေါ့ ။ ၆ နှစ်ကျော်သွားပြီးဆိုရင် ဘာဖြစ်လဲ ။ ခွင့်ပြုချက်နဲ့ ထားတဲ့သူကို နှင်လို့ မရတော့ဘူး။ တရားစွဲလို့မရတော့ဘူး။ ဒါက သတိထားရမဲ့ အချက်ပါ။

ဒီလိုပဲ အိမ်ရှင်အိမ်ငှားဆိုတော့လဲ အိမ်ငှားထားတယ်။ သူ့ဘာသာသူ ဆယ်နှစ်လဲ အိမ်ငှားပဲ ၊ အိမ်ပိုင်မဖြစ် လာနိုင်ဘူး။ သို့သော် အိမ်ငှားတစ်ယောက်ကို နှင်တော့မယ်ဆိုလို့ရှိရင် သူက ပထမဆုံး ဘာလုပ်ရလဲ ။ ပစ္စည်း လွှဲပြောင်းခြင်းဥပဒေ ပုဒ်မ ၁၀၆ နဲ့အညီ နို့တစ်စာ ပေးရတာပေါ့ ။ နို့တစ်စာပေးတယ်ဆိုတာကတော့ အိမ်ငှား အဖြစ်ဖြတ်တောက်လိုက်ပြီး ဒီတာမနိတ် လုပ်လိုက်တယ်ဆိုတာ သူသိအောင်လို့ ပြောရတာ။ ဘယ်နေ့၊ ဘယ် ရက်မှာတော့ ဆင်းပေးတော့ဆိုတာ ဒီနို့တစ်စာမှာ ပါရတယ်။ ဘယ်နေ့မှာ ငှားရမ်းခကုန်ဆုံးတယ်။ အဲ့ဒီနေ့ ည ၁၂နာရီကျော်လို့ရှိရင် ဒီဥစ္စာလက်ရောက်ပေးအပ်ပါတော့.. ဒါမျိုးက နို့တစ်စာ ထုတ်လေ့ရှိတယ်။

အဲ့ဒီလိုထုတ်ပြီးပြီး ငှားရမ်းခဖြတ်တောက်ပြီးပြီးဆိုရင် တရားစွဲရမယ်လေ။ အဲ့ဒီလို တရားမစွဲပဲ သွားရင် ကာ လစည်းကမ်းသတ်ဥပဒေမှာ ပါတာပေါ့ ၊ စောစောကပြောတာ ၁၁၀ အခုဟာက စာတိုင် ၁၃၉ မှာပါတယ်။ အိမ်ငှားတစ်ယောက်ကို ငှားရမ်းမှုဖြတ်တောက်ပြီး ၁၂နှစ်အတွင်း သူက စွဲရတာ။ ၁၂နှစ်အတွင်းမှ မစွဲရင် အဲ့ဒီ အိမ်ငှားကို နောက်တရားစွဲပြီး နှင်ထုတ်ဖို့ ခက်ခဲသွားပြီး ။ ဒါက သတိပြုရမှာပေါ့ ။ အဲ့ဒီမှာသတိပြုဖို့ကတော့ ဥပမာ မစွဲဖြစ်ဘူး ဆိုပါတယ်တော့ကွယ်။ နို့တစ်ထုတ်လိုက်တယ်၊မစွဲဖြစ်ဘူးဆိုရင် အဲ့ဒီထုတ်ထားတဲ့နို့တစ်ကို ပြန်ရုပ်သိမ်းလိုက်လို့ရတယ်။ တရားဝင်ပြန်ရုပ်သိမ်းထားလိုက်နော်။ ဒါဆိုရင် ကာလစည်းကမ်းသတ်နဲ့ အကျုံး မဝင်တော့ဘူး။ သို့သော် အဲ့ဒီလိုရုပ်သိမ်းရာမှာ ပျက်ကွက်သွားရင် တော့ ဒီကာလစည်းကမ်းဥပဒေနဲ့ အကျုံး ဝင်သွားလို့ ဟိုခွင့်ပြုချက်နဲ့ ထားတဲ့သူဆိုရင် ၆နှစ်အတွင်းစွဲ ၊ မစွဲရင်နောက်ထပ်စွဲလို့မရတော့ဘူး။ နှင်လို့ မရတော့ဘူး ။ အိမ်ငှားဆိုလည်း ဒီလိုပဲ နို့တစ်စာ ပေးပြီးပြီးဆိုရင် ၁၂နှစ်အတွင်း စွဲရင် စွဲ နို့တစ်ပေးပြီး ဖြတ် တောက်ပြီးပြီးဆိုရင်စွဲတော့ ။ မစွဲဖြစ်ရင်လဲပြန်ရုပ်သိမ်းလိုက် ။ ဒီနို့တစ်စာကို အဲ့လိုမရုပ်သိမ်းပဲထားရင်တော့ ၁၂ နှစ် ကျော်ရင် တရားစွဲနှင်လို့မရတဲ့အတွက် အဲ့ဒီအချက်ကတော့ အထူးသတိပြုရမယ်လို့ပဲဖြေကြားချင်ပါတယ်။


#ကာလစည်းကမ်းသတ်
🌿🌿🌿
ရှေ့နေ မလေး ခိုင်ဖြူလွင်
၀၉၄၀၁၃၉၉၉၁၅

Photos from လကမ္ဘာနိုတြီနှင့်လက်ထပ်စာချုပ်'s post 03/10/2024
03/09/2024

လကမ္ဘာနိုတြီဆိုင်မှာ ရုံးထိုင်သည့် ဆရာကြီး
ဦးသန်းတင် (နိုတြီပဗ္ဗလစ်)သည် တနင်္လါနေ့ည ၈:၄၅ နာရီတွင် ၉၆ပါးရောဂါဖြင့် ကွယ်လွန်သွားပါသည်။ သို့ဖြစ်ပါ၍ နောက်နောင်တွင်
ဦးသန်းတင် ၏ နို​​​တြီတံဆိပ်တုံးများ စည်းတံဆိပ်များကို အသုံးပြုတော့မည် မဟုတ်ပါကြောင်း ဝမ်းနည်းစွာ အသိပေး​ကြေငြာအပ်ပါသည်။
လကမ္ဘာမိသားစု

Want your business to be the top-listed Government Service in Botataung?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 62, Mahar Bandoola Park Street ( Barr Street), Lower Block, Kyauktada Township, Yangon
Botataung