11/05/2026
ခွင့်ပြန်အလုပ်သမားများ (OWIC) အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်အား ကြေညာခြင်း
ပြည်ပအလုပ်အကိုင်ရှာဖွေရေး
11/05/2026
ခွင့်ပြန်အလုပ်သမားများ (OWIC) အမြန်ဆုံးရရှိရေး ဆောင်ရွက်ပေးမည့်အစီအစဉ်အား ကြေညာခြင်း
04/05/2026
ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် PJ စာအုပ်ကိုင်ဆောင်ထားသော မြန်မာနိုင်ငံသားများ ခွင့်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရာတွင် ဆောင်ရွက်ရမည့် အချက်များ
(၄-၅-၂၀၂၆)
#အလုပ်သမားသံအရာရှိရုံး
29/04/2026
ခွင့်ပြန်အလုပ်သမားများရှင့်
ကိုယ်အမိနိုင်ငံကို ကိုယ်တကယ့်ပြန်ဖို့လိုအပ်လား မလိုအပ်လား ဆိုတာကို အရင်စဉ်းစားဆုံးဖြတ်ပါ ၊တကယ်လိုအပ်မှ ပြန်စေချင်ပါတယ်။ အခုချိန်ကာလမှာ အလည်ပြန်ဖို့ပို၍ ခက်ခဲသွားပြီဖြစ်သော ကာလသို့ရောက်ရှိနေပါပြီ ဖြစ်ပါ၍ ပြန်မပြန်ကိုသေချာပြန်လည်သုံးသပ်ပြီးမှ ပြန်စေချင်ပါသည်။
29/04/2026
#ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံးကွာလာလမ်ပူမြို့
#ပြည်ပနိုင်ငံများတွင်အလုပ်လုပ်ကိုင်လျက်ရှိသည့်မြန်မာနိုင်ငံသားများအနေဖြင့်ခွင့်ဖြင့်မြန်မာနိုင်ငံသို့ #ပြန်လည်ဝင်ရောက်ရာတွင်ထောက်ခံစာရယူခြင်း
၁။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏
၂၈-၄-၂၀၂၆ ရက်စွဲပါ ထုတ်ပြန်ချက်အရ
ပြည်ပနိုင်ငံများမှ ခွင့်ဖြင့်
မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်မည့်
အလုပ်သမားများ၏
အလုပ်ရှင်ခွင့်စာ (Letter of Permission for Leave) များကို
မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ စိစစ်၍
ထောက်ခံစာများ ထုတ်ပေးခြင်းလုပ်ငန်းစဉ်ကို
၁-၅-၂၀၂၆ ရက်နေ့မှ စတင်၍
ရုံးဖွင့်ရက်များတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ ထောက်ခံစာ လျှောက်ထားရယူလိုသူများအနေဖြင့်
အောက်ပါစာရွက်စာတမ်းများနှင့်အတူ
တင်ပြလျှောက်ထားရမည်ဖြစ်သည်-
(က) နိုင်ငံကူးလက်မှတ်မိတ္တူ (ဗီဇာစာမျက်နှာပါရှိရန်)
(ခ) OWIC ကတ် ရှေ့/နောက် (မိတ္တူ)
(ဂ) သက်တမ်းရှိ အလုပ်လုပ်ခွင့်ပါမစ် (မိတ္တူ)
(ဃ) မြန်မာနိုင်ငံသို့ ခွင့်ပြန်ရန်အတွက်
အလုပ်ရှင်မှ ထုတ်ပေးထားသော
ခွင့်အမျိုးအစားနှင့် ခွင့်ကာလတို့
ဖော်ပြပါရှိသည့် ခွင့်စာမူရင်း
(င) နိုင်ငံသားစိစစ်ရေးကတ်ပြား ရှေ့/နောက် (မိတ္တူ)
(စ) မြန်မာနိုင်ငံသို့ ပြန်မည့်ရက်မတိုင်မီ
စနေ၊ တနင်္ဂနွေရုံးပိတ်ရက်မပါ
(၁၀) ရက်ကြိုတင်၍
သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရန်။
၃။ အလုပ်ရှင်ခွင့်စာထောက်ခံစာများအတွက်
QR လျှောက်ထားရယူရန် မလို(မလို)ပါကြောင်းနှင့်
သံရုံး၏ကောင်စစ်ဌာန ကောင်တာအမှတ် (၃) တွင်
ကာယကံရှင်မှ လာရောက်လျှောက်ထားနိုင်ပါကြောင်း
ဖော်ပြအပ်ပါသည်။
၄။ စိစစ်အတည်ပြုပြီး ထောက်ခံစာရရှိသူများ၏
အမည်စာရင်းနှင့် လာရောက်ထုတ်ယူရမည့်
နေ့ရက်များကို မြန်မာသံရုံး၊ ကွာလာလမ်ပူမြို့၏
Facebook စာမျက်နှာ (Myanmar Embassy in Kuala Lumpur, Malaysia)၊
မလေးရှားနိုင်ငံ အလုပ်သမားသံအရာရှိရုံး၏
Facebook စာမျက်နှာ (Myanmar Labour Attaché Office, Malaysia) များတွင်
ဖော်ပြအသိပေးသွားမည် ဖြစ်ပါသည်။
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၉ ရက်
13/01/2026
ခွင့်ပြန် PJ + owic card ဖြင့်ပြန်လာသေးသူများ အရင်လို E-mail ဖြင့်စာပို့လို့မရတော့ပါဘူး လိုအပ်သောစာရွက်စာတမ်းတွေနဲ့ နေပြည်တော်ကို စာတိုက်၊Express service (သို့) လူကိုယ်တိုင် သွားတင်မှ အဆင်ပြေပါနော် 😊😊👍
31/12/2025
2026 နှစ်သစ်ကူးမှာ အားလုံးစိတ်ချမ်းမြေ့ကြပါစေ၊အလုပ်အကိုင်အခွင့်လမ်း များလာပါစေလို့ဆုတောင်းပေးပါတယ် ❤️🙏
24/11/2025
မလေးနိုင်ငံ Kedah ပြည်နယ်
ပျိုးပင်စိုက်ပျိုးရေးလုပ်ငန်းတွင်လုပ်ကိုင်ရန် အလိုရှိသည်။
မလေးရှားနိုင်ငံတွင် Work Permit ဖြင့် အလုပ်လုပ်ကိုင်ရမည်။
လိုအပ်သောဦးရေ - ကျား (15) ဦး
အလုပ်အမျိုးအစား- ပျိုးပင်စိုက်ပျိုးရေး
အခြေခံလစာ - တစ်လ (၁၇၀၀) ရင်းဂစ်+ အချိန်ပို
အချိန်ပိုကြေးနှင့် ခွင့်ခံစားခွင့် - မလေးရှားနိုင်ငံ အလုပ်သမားဥပဒေအတိုင်း
နေရာထိုင်ခင်း -အလုပ်ရှင်မှ စီစဉ်ပေးမည်။
ဆက်သွယ်ရန် ဖုန်း-09442647041,09779542016
Demand
09/10/2025
အလိုရှိသည်။ (မလေးရှားနိုင်ငံအတွက်)
မလေးရှားနိုင်ငံတွင်တရားဝင် Work Permit ဖြင့် အလုပ်လုပ်ကိုင်ရမည်။
လိုအပ်သောဦးရေ - မ(၂) ဦး
အလုပ်အမျိုးအစား- nurseအကူ
အခြေခံလစာ - တစ်လ (၁၇၀၀) ရင်းဂစ်
အချိန်ပိုကြေးနှင့် ခွင့်ခံစားခွင့် - မလေးရှားနိုင်ငံ အလုပ်သမားဥပဒေအတိုင်း
နေရာထိုင်ခင်း -အလုပ်ရှင်မှ စီစဉ်ပေးမည်။
** အင်္ဂလိပ်စကားအနည်းငယ်ပြောတက်ရမည်။ နိုင်ငံြခားပြန်လာသူများကိုဦးစားပေးပါမည်။***
ဆက်သွယ်ရန် ဖုန်း&Viber : 09972147041,09442647041
09781164120, 09779542016.
17/04/2025
နှစ်သစ်မှာသတ္တဝါများအားလံုးပျော်ရွှင်ချမ်းမြေ့ပါစေ😍😍
မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းပါစေ 🙏🙏🙏
| Monday | 09:00 - 17:30 |
| Tuesday | 09:00 - 17:30 |
| Wednesday | 09:00 - 17:30 |
| Thursday | 09:00 - 17:30 |
| Friday | 09:00 - 17:30 |
| Saturday | 09:00 - 13:30 |