29/12/2025
Nicolas Barré Library - Campion Institute မှာ 2026 အတွက် အသစ်ထားစေချင်တဲ့ စာအုပ်များကို စာရေးဆရာနာမည်နှင့်တကွ cmt မှာပဲဖြစ်ဖြစ် Page/messenger က ပဲဖြစ်ဖြစ် အကြံဥာဏ်ပေးနိုင်ပါတယ်နော်😊
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nicolas Barré Library - Campion Institute, Library, 64, Inya Road, Kamayut.
29/12/2025
Nicolas Barré Library - Campion Institute မှာ 2026 အတွက် အသစ်ထားစေချင်တဲ့ စာအုပ်များကို စာရေးဆရာနာမည်နှင့်တကွ cmt မှာပဲဖြစ်ဖြစ် Page/messenger က ပဲဖြစ်ဖြစ် အကြံဥာဏ်ပေးနိုင်ပါတယ်နော်😊
28/07/2025
📖
Life is like a book 📒
04/07/2025
ဂျူးရဲ့စာအုပ်တွေပဲ ဖတ်ချင်တယ်🥹 ဆိုတဲ့ ဂျူးရဲ့ fan တွေအတွက် ဂျူးရဲ့နာမည်ကြီး စာအုပ်တွေကိုလည်း N.B. Library မှာထားပေးထားတယ်နော် 🤭
ဂျူးရဲ့စာအုပ်တွေထဲမှာ မဖတ်ဖူးသေးတဲ့ စာအုပ်တွေလည်းပါနိုင်တယ်နော်🤔
စာလုပ်ရတာပျင်းလို့ ၀တ္ထုလေးတွေဖတ်ချင်တယ် ဘယ်စာအုပ်ဖတ်ရမလဲ ဆိုတာမသိသေးရင်
ဂျူးရဲ့စာအုပ်လေးတွေဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်နော်
ဂျူးရဲ့စာအုပ်တွေက ငှားရမ်းတဲ့သူ အရမ်းများတဲ့အတွက်ကြောင့် သူများထက်အရင်လာဖတ်လိုက်တော့နော်🤗
02/07/2025
‼ Hello ‼
ခုချိန်ထိ ကလေးစိတ် မပျောက်သေးတဲ့သူတွေ ရှိလား🤭 ဒါမှမဟုတ် စာချည်းပဲ မဖတ်ချင်ဘူး ပုံလေးတွေနဲ့ဖတ်ရင်း vocab တွေ လေ့လာချင်တဲ့သူတွေရော ရှိလား
ဒါဆိုရင်တော့ N.B Library မှာ ကလေးဆန်ဆန် story တွေနဲ့ ကာတွန်းစာအုပ်လေးတွေ လာဖတ်လို့ရတယ်နော်
နာမည်ကြီး ကာတွန်းစာအုပ်တွေလည်းပါတာမလို့ မဖတ်ရသေးရင် မြန်မြန်လာခဲ့တော့နော်🤗
27/06/2025
ဒီတစ်ခါမှာတော့ စာအုပ်တစ်အုပ်ထဲမှာပဲ ရသမျိုးစုံကိုခံစားရစေတဲ့ ခင်ခင်ထူးရေးသားတဲ့ " မအိမ်ကံ " ဆိုတဲ့စာအုပ်လေးကိုမိတ်ဆက်ပေးချင်ပါတယ်
ယခုစာအုပ်သည် အစစအရာရာ ပြည့်စုံသော်လည်း ကွမ်းတောင်ကိုင်ဘဝကို မက်စက်ရှာခဲ့သူ မိန်းမချောတစ်ယောက် 👩🏼ရဲ့ ဖြစ်ရမ်မှန် ဘဝဇတ်လမ်းလေး ဖြစ်ပါတယ်
သူကြီးသမီးအဖြစ်မွေးဖွားလာပြီး မပူမပင် မကြောင့်မကြ မတောင့်မတရတဲ့ ဘဝမျိုးကို ပိုင်ဆိုင်ထားတဲ့အပြင် တစ်ရွာလုံးရဲ့ပြိုင်စံရှား အလှပိုင်ရှင်လေး
' မအိမ်ကံ ' ဟာ ငယ်စဥ်သိတတ်စအရွယ်ကထဲက ဖြစ်ချင်တဲ့ ဖက်စိမ်းကွမ်းတောင်ကိုင် တစ်ယောက် ဖြစ်လာဖို့ ငယ်စဥ်ထဲက သတ်မှတ်ချက်တွေနဲ့ညီအောင်
ကြိုးစားနေထိုင်ခဲ့သော်လည်း မိဘနှစ်ပါးနဲ့သက်ဆ်ိုင်တဲ့အချက်တစ်ချက်ကြောင့် ဖြစ်ချင်တာမဖြစ်ရတဲ့နောက် ကျောင်းဆရာနိုင်ငံရေးသမား ကိုပြေသိမ်းနဲ့ အကြောင်းပါခဲ့ပြီး ' မအိမ်မြိုင် ' နဲ့ ' မအိမ်ခိုင်' တို့ကို မွေးခဲ့ပြီး မိမိတုန်းကမဖြစ်ခဲ့ရသော ဖက်စိမ်းကွမ်းတောင်ကိုင်ကို သမီးနှစ်ယောက်အပေါ်မှာ မျှော်လင့်ထားခဲ့တဲ့ မိခင်တစ်ယောက်ရဲ့ ဆန္ဒတွေ အမှန်တကယ် ဖြစ်လာမလားဆိုတာ ရင်သက်ရှုမောစွာ ဖတ်ရှုရမဲ့ စာအုပ်လေးတစ်အုပ်ဖြစ်ပါတယ်
" မအိမ်ကံ " ဟာ ခင်ခင်ထူးရဲ့ ရောင်းအားအကောင်းဆုံးစာရင်းဝင် စာအုပ်တစ်အုပ်ဖြစ်တာမို့ လက်မလွှတ်တမ်း ဖတ်သင့်တာအမှန်ပါပဲ 💯
24/06/2025
ဒီနေ့မှာတော့ တကယ့်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့
" A Kiss Before Dying" ဆိုတဲ့စာအုပ်လေးတစ်အုပ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်
🔪တောက်ပပြီး ရှုပ်ထွေးစရာကောင်းတဲ့ murder mystery ဖြစ်ပြီး၊ လောဘ၊ မုသားနဲ့ လူသတ်မှုတို့ကို တည်ဆောက်ထားတဲ့စာအုပ်လေးတစ်အုပ်ပါ။🔪
လောဘကြောင့် ချစ်သူကို သတ်တဲ့ လူငယ်တစ်ဦး ရဲ့ လှုပ်ရှားမှုနဲ့ သူ့ရဲ့အလှည့်အပြောင်းတွေကိုဖော်ပြထားပြီး ချစ်သူဖြစ်သူရဲ့အခွင့်အရေးတွေကိုအသုံးချဖို့ကြိုးစားပြီးနောက် ဘယ်လိုအပြစ်ဒဏ်တွေ ခံလိုက်ရလဲဆိုတာကို ဒီစာအုပ်လေးမှာဖတ်လို့ရပါတယ် 😊
ဒီစာအုပ်ကို Ira Levin က 1953 မှာထုတ်ဝေခဲ့ပြီး Edgar Award ဆုကိုရရှိထားတဲ့အပြင် ရုပ်ရှင်နှစ်ခု အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်
တခြားသော စာဖတ်သူတွေဆီကနေလည်း good review
တွေရရှိထားပြီး ဖတ်ပြီးရင်တောင် နောက်တစ်ခေါက် ထပ်ဖတ်ချင်စရာကောင်းတဲ့ အရမ်းကိုကောင်းတဲ့စာအုပ်လေးမို့ မဖတ်ရသေးတဲ့သူတွေအနေနဲ့ မဖြစ်မနေကို ဖတ်သင့်တဲ့ စာအုပ်လေးတစ်အုပ် ဖြစ်တာမို့ အမြန်ဆုံးလာဖတ်လိုက်တော့နော်☺
23/06/2025
" You will never be happy if you continue to search for what happiness consists of. You will never live if you are looking for the meaning of life."
" ပျော်ရွှင်မှုဆိုတာ ဘာလဲဆိုပြီး လိုက်ရှာနေရင် ဘယ်တော့မှ ပျော်မှာမဟုတ်သလို ဘဝဆိုတာကြီးကို နားလည်ဖို့ပဲ ကြိုးစားနေရင် တန်အောင်နေလိုက်ရမှာမဟုတ်ဘူး "
Mark Manson ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်ဖြစ်တဲ့
" The Subtle Art Of Not Giving A F*ck "
" ဂရုမစိုက်ခြင်းအနုပညာ " စာအုပ်ကို
Eng နဲ့ မြန်မာ ဘာသာပြန် နှစ်မျိုးလုံးနဲ့
"Nicolas Barré Library" မှာ ဖတ်လို့ရပါတယ်နော်
📣 မဖတ်ရသေးတဲ့သူတွေအနေနဲ့ တကယ်ကိုဖတ်သင့်တဲ့ Rating 9.5 လောက်ထိရရှိထားတဲ့စာအုပ်လေး
ဖြစ်တာမို့ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့အရာတွေကို ခွဲခြားသိဖို့ ခုပဲ လာဖတ်လိုက်တော့နော်📣
"A book is not just a book. It is sanity, happiness, a teacher, a therapist, and a best friend."
So dear friends,
👉 What is a book to you?
👉 What is your favorite book (not Facebook) in 2024?
Activities📖📗📚
Students from Advanced ❷
Hello guys👋
Libray activities 🎉🎁🎉
Students from pre-intermediate ❹
Activities 🎁👋
Students from Intermediate ①