01/06/2026
သင်တန်းကျောင်းကနေ ထွက်ပြေးဖို့ကြိုးစားလို့ ၂ လလုံး ထိပ်တုံးခတ်ခံရပြီး နေ့စဉ်ရိုက်နှက်ခံခဲ့ရသူ၊
အကြမ်းဖက်စစ်တပ်ထဲသို့ ပေါ်တာဆွဲရောင်းစားခံခဲ့ရတဲ့ ကိုနေမျိုးထွန်း (ကိုယ်ပိုင်အမှတ် ပစ- ၂၀၂၀၄၀၀၀) ဟာ စစ်မှုထမ်း အပတ်စဉ် ၂၂ မှာ သင်တန်းတက်ခဲ့ရပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို တန်းပို့ခံခဲ့ရပါတယ်။ စစ်မှုထမ်းဥပဒေအမည်ခံ အဓမ္မပေါ်တာဆွဲအသေခံခိုင်းမှုတွေကို စတင်ပြဌာန်းတုန်းက အကြမ်းဖက်စစ်တပ်ဟာ ပစ တွေအနေနဲ့ ရှေ့တန်းချက်ချင်းမသွားရဘူးပြောခဲ့ပါတယ်။ လက်တွေ့မှာ သင်တန်းပြီးတာနဲ့ ရှေ့တန်းတန်းပို့ခံနေရတာဖြစ်ပါတယ်။ မိမိသားသမီး၊ မိမိဆွေမျိုးသားချင်း မပါတိုင်း လူငယ်တွေကို လူလှိုင်းစစ်ဆင်ရေးနဲ့ ရှေ့တန်းအတင်းတက်ခိုင်းခြင်း၊ မူးယစ်ဆေးနဲ့ ဆွဲဆောင်ခြင်း၊ လူ့အသက်တချောင်းကို ဘာတန်ဖိုးမှမရှိသလို အသေခံခိုင်းခြင်း၊ ပစတွေ အလောင်းကို ပြန်သယ်ဖို့ မိသားစုဆီပို့ပေးဖို့မကြိုးစားဘဲ ကြုံရာ ပစ်ထားခဲ့ခြင်းတွေဟာလည်း အကြမ်းဖက်စစ်တပ်အတွက် ပုံမှန်ကျုးလွန်နေကြ ရက်စက်မှုတွေဖြစ်ပါတယ်။ လူငယ်တွေအတွက် ဝမ်းနည်းစရာက ပေါ်တာဆွဲခံနေရတာဟာ စစ်တပ်အသိုင်းအဝိုင်းနဲ့ အကြမ်းဖက်ထောက်ခံအားပေးသူတွေမပါဘဲ လက်လုပ်လက်စား သာမန်လူငယ်တွေသာဖြစ်နေလို့ပါ။
ကိုနေမျိူးထွန်းဟာလည်း ရှေ့တန်းရောက်တာနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ အမြန်ဆုံး ချိတ်ဆက်အလင်းဝင်နိုင်ခဲ့ပြီး အခုဆို လုံခြုံတဲ့ လွတ်မြောက်နယ်မြေတနေရာကို ရောက်ရှိနေပါပြီ။ သူဘယ်လို ပေါ်တာဆွဲခဲ့ရသလဲ၊ ဘာတွေ ကြုံခဲ့ရလဲ၊ ထွက်ပြေးချိန်မှာ ဘယ်လိုခက်ခဲမှုတွေရှိခဲ့လဲဆိုတာ ဒီဗီဒီယိုမှာကြည့်ရှုနိုင်ပါပြီ။
ပစတွေအနေနဲ့ အလင်းဝင်မှ ပြည်သူ့ရင်ခွင်ခိုလုံမှ အသက်ရှင်ပါလိမ့်မယ်။