United States Of Burma Army - USBA

Call Directions

United States Of Burma Army - USBA ဗမာပြည်ကာကွယ်ရေးတပ်

စစ်ရေးသတင်း ထုတ်ပြန်ချက်၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့၁။ မင်းတုန်းဘက်မှ မင်းလှမြို့နယ် ရှမ်းတပ် ရခ စခန်းဘက်သို့ ဦးတည်၍ စ...
26/08/2026

စစ်ရေးသတင်း ထုတ်ပြန်ချက်
၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့

၁။ မင်းတုန်းဘက်မှ မင်းလှမြို့နယ် ရှမ်းတပ် ရခ စခန်းဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းများနှင့် ဗမာပြည်ကာကွယ်ရေးတပ် - USBA တို့ ၂၀၂၆ ခုနှစ် ဩဂုတ်လ (၂၀) ရက်နေ့မှ စတင်ကာ (၂၆) ရက်နေ့ထိ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့ပါသည် ။

၂။ ပထမဆုံး ထိုးလာသည့် အင်အား (၁၀၀) ၀န်းကျင်ပါ စစ်ကြောင်းသည် (၂၀) ကျော်သေပြီး (၃၀) ၀န်းကျင် ဆေးရုံရောက်သွားသဖြင့် ဩဂုတ်လ (၂၃) ရက်နေ့ ညတွင် စစ်ကြောင်းပျက်၍ လေကြောင်း၊လက်နက်ကြီး၊ဒရုန်း မျိုးစုံဖြင့် ကာပစ်ပေးပြီး ကျောက်တိုင် အထိုင်စခန်းထိ နောက်ပြန်ဆုပ်ပြေးသွားပါသည် ။ ထိုစစ်ကြောင်းထံမှ ဖေားကား(၁) စီး ၊မီးစက် (၁) လုံးအပြင် ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ပါသည် ။

၃။ မင်းတုန်းဘက်မှ အင်အား(၂၀၀) ၀န်းကျင် ထပ်မံဖြည့်တင်းကာ (၂၄) ရက်နေ့တွင် ဒုတိယအကြိမ် ပြန်လည်စစ်ကြောင်းထိုးလာခဲ့ပြီး ကျောက်တိုင်အထိုင်စခန်းမှ (၈) မိုင် အကွာရှိ ရှမ်းတပ်ရခစခန်းသို့ (၃) ရက်အကြာ ဩဂုတ်လ(၂၆) ရက်နေ့(ယနေ့)ညနေ တွင် ၀င်ရောက်သွားပါသည် ။

၄။ စစ်ကြောင်း ရှေ့တိုးခြင်း၊နောက်ပြန်ဆုပ်ခြင်းများ ရှိလာနိုင်သေးသဖြင့် သက်ဆိုင်ရာဒေသရှိ မိဘပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံစေရန် လိုအပ်သည်များကို ပြင်ဆင်ထားနိုင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည် ။

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့ ၁။  သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းရှိ သရက် - မင်းတုန်း လမ်...
16/08/2026

တိုက်ပွဲသတင်း ထုတ်ပြန်ခြင်း
၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၆) ရက်နေ့

၁။ သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်းရှိ သရက် - မင်းတုန်း လမ်းပိုင်းနှင့် ပုသိမ် - မုံရွာ လမ်းပိုင်းတို့တွင် ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၂) ရက် နေ့မှ (၁၅) ရက်နေ့ထိ စုစုပေါင်း (၄) ရက်အတွင်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င်များနှင့် ဗမာပြည်ကာကွယ်ရေးတပ် - USBA တို့ ထိတိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည် ။

၂။ သရက်မြို့နယ်အခြေစိုက် ကပစ (၁၂) မှ မင်းတုန်းမြို့သို့ ထောက်ပို့လာသည့် စစ်ကြောင်း ( ခန့်မှန်းအင်အား (၆၀) ၀န်းကျင် ၊ အဆိုပါထောက်ပို့စစ်ကြောင်းအတွက် မင်းတုန်းဘက်မှ လာ၍ လမ်းပိုင်းလုံခြုံရေးယူသောစစ်ကြောင်း( ခန့်မှန်းအင်အား ၅၀) ၀န်းကျင် ၊ ကျောက်တိုင်ဂိတ်စခန်းမှ မင်းတုန်းဘက်သို့ ဦးတည်ထွက်ခွာလာသောစစ်ကြောင်း(ခန့်မှန်းအင်အား (၄၀) ၀န်းကျင် စုစုပေါင်း ရန်သူ့စစ်ကြောင်း (၃) ခုနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည် ။

၃။ သရက် ကပစ (၁၂) မှလာသော ထောက်ပို့စစ်ကြောင်းနှင့် လမ်းပိုင်း လုံခြုံရေးလာယူပေးသည့် မင်းတုန်းမှ စစ်ကြောင်းများသည် မင်းတုန်းမြို့အတွင်းသို့လည်းကောင်း ကျောက်တိုင်အထိုင်ဂိတ်စခန်းမှ မင်းတုန်းဘက်သို့ ထိုးလာသည့်စစ်ကြောင်းသည် ၎င်းတို့၏ ကျောက်တိုင်ဂိတ်စခန်းအတွင်းသို့လည်းကောင်း အသီးသီး ပြန်လည်ရောက်ရှိသွားပြီဖြစ်သည် ။

၄။ အဆိုပါ (၄) ရက်တာ ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င် (၇) ဦး ထိခိုက်သေဆုံးပြီး (၄) ဦး ဒဏ်ရာအပြင်းထန်ရရှိသွားကြောင်း သိရှိရပါသည် ။

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

07/08/2026

လျှောက်ရတဲ့လမ်းတွေ ကြမ်းလေလေ
ပိုပြီး သန်မာလေလေ

ဗမာပြည်ကာကွယ်ရေးတပ် - USBA

နွေဦးတော်လှန်ရေး ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိရန် ယခုလို ထောက်ပို့တာ၀န်များ ထမ်း‌ဆောင်ပေးကြပါသော နေရာဒေသအသီးသီးမှ ထောက...
04/07/2026

နွေဦးတော်လှန်ရေး ပန်းတိုင်သို့ အမြန်ဆုံးရောက်ရှိရန် ယခုလို ထောက်ပို့တာ၀န်များ ထမ်း‌ဆောင်ပေးကြပါသော နေရာဒေသအသီးသီးမှ ထောက်ပို့များအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် ။

ဗမာပြည်ကာကွယ်ရေးတပ်

United States Of Burma Army - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

စစ်ရေးသတင်း ထုတ်ပြန်ခြင်း‎ရက်စွဲ။       ။ ၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့‎‎ဖြစ်စဉ်(၁) ‎‎၁။ ၂၀၂၆ ခုနှစ် မေလ(၂၈) ရက်နေ့ နေ့လယ...
05/06/2026

စစ်ရေးသတင်း ထုတ်ပြန်ခြင်း
‎ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် ဇွန်လ (၅) ရက်နေ့
‎
‎ဖြစ်စဉ်(၁)
‎
‎၁။ ၂၀၂၆ ခုနှစ် မေလ(၂၈) ရက်နေ့ နေ့လယ်( ၁၁)နာရီ ၀န်းကျင် အချိန်တွင် မင်းတုန်းမြို့မှ ပုသိမ် - မုံရွာ လမ်းအတိုင်း မင်းတုန်းမြို့နယ် မြောက်ခြမ်းသို့ စစ်‌‌ကြောင်းထိုးဝင်ရောက်လာသော အင်အား (၁၅၀) ၀န်းကျင်ပါ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းအား ပုသိမ်-မုံရွာလမ်းပေါ်ရှိ ပန်းတောကျေးရွာအနီးတွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ အနီးကပ်တိုက်ပွဲပြင်းထန်စွာဖြစ်ပွာခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့၀င် (၂) ဦး သေဆုံးပြီး (၅) ဦး ဒဏ်ရာပြင်းထန် ဒဏ်ရာ ရရှိသွားခဲ့ပါသည် ။
‎
‎၂။ အဆိုပါ အကြမ်းဖက်စစ်အုပ်စု စစ်ကြောင်းသည် ဇွန်လ(၅)ရက်နေ့အထိ မင်းတုန်းမြို့နယ် မြောက်ခြမ်းရှိ ပန်းတော‌၊ပြည့်ဇင်၊ပိန္နဲပင်၊ဆင်သေ၊သဒွန်း၊ရွာပုလဲ၊တကောင်းနတ်၊ သွေးကျောက်ဝ၊လယ်ကြီးဒေါင့် စသည့် ကျေးရွာများသို့ လှည့်လည် စစ်‌ေကြာင်းထိုးနေပြီး ပြည်သူပိုင် ရွှေငွေပစ္စည်းများ ၊ကား၊ဆိုင်ကယ်များ အား မွှေနှောက်ခိုးယူခြင်း၊ကျေးရွာအတွင်းရှိ ကြက်၊ဝက်များအားပစ်ခတ် စား‌သောက်ခြင်းများ နေ့စဉ်ပြုလုပ်ကာ ကျေးရွာပတ်၀န်းကျင်များအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ မကြာခဏ ရမ်းသန်းပစ်ခတ်လျှက်ရှိပါသည် ။အဆိုပါ စစ်ကြောင်းသည် ဇွန်လ(၅)ရက်နေ့တွင် ရွာပုလဲကျေးရွာ၊တကောင်းနတ်ကျေးရွာနှင့် လယ်ကြီးဒေါင့်ကျေးရွာများသို့ တပ်ဖြန့်နေရာယူထားလျှက်ရှိပါသည် ။
‎
‎ဖြစ်စဉ် (၂ )
‎
‎၂၀၂၆ ခုနှစ် ဇွန်လ (၂) ရက်နေ့ ည(၈) နာရီ (၄၅)မိနစ် အချိန်တွင် သရက်မြို့နယ် အခြေစိုက် ကပစ (၁၂) မှ မင်းတုန်းဘက်သို့ အိမ်စီးကား(၂)စီး ၊ ဖောကား(၂)စီးဖြင့် မောင်းနှင်လာသော ထောက်ပို့ယာဉ်တန်းအား စိုင်ဒိုးကျေးရွာအနီးတွင် အသင့်စောင့်ကြို တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့၀င် (၅) ဦး သေဆုံးပြီး (၈) ဦး ဒဏ်ရာပြင်းထန်ရရှိသွားခဲ့ပါသည် ။
‎
ဖြစ်စဉ် (၃)

၂၀၂၆ ခုနှစ် ဇွန်လ (၄) ရက်နေ့ ညနေ (၃) နာရီ အချိန်တွင် သရက်မြို့နယ် ဘော် ရဲစခန်း ရှေ့တွင် ပြည်သူ့ကားများအား ငွေညှစ်နေကြသည့် အကြမ်းဖက်စစ်အုပ်စုအား အနီးကပ်ချဉ်းကပ်တိုက်ခိုက်ခဲ့ရာ (၁) ယောက် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရပါသည် ။

ဖြစ်စဉ် (၄)

၂၀၂၆ ခုနှစ် မေလ (၂၈) ရက်နေ့မှ စတင်ပြီး ဇွန်လ (၁) ရက်နေ့ထိ အထက်မင်းလှမြို့နယ် ကညင်းကြီး ၊မလွန်စမ်း ၊စည်း ၊ရေတွင်းမြောင် ၊ကလန်စင် ၊စမ်းအိုင် ၊ ကုတင်ကြီး ကျေးရွာများနှင့် ဆင်ပေါင်ဝဲမြို့နယ် ထိန်အင်း၊ယင်းအိုင် ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး မွှေနောက်ခဲ့သော ကပစ (၂) + ကပစ (၁၀) + လင်းကယ် ရဲစခန်း ပူးပေါင်း အင်အား (၂၀၀) နီးပါး စစ်ကြောင်းသည် စမ်းအိုင်ကျေးရွာမှ အပြစ်မဲ့ပြည်သူ (၁) ဦးအား အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပြီး အခြား (၁) ဦးအား မသေမချင်း ရိုက်သတ်ခဲ့၍ အပြစ်မဲ့ပြည်သူ စုစုပေါင်း (၂) ဦး သေဆုံးခဲ့ရသည့် အပြင် ဒေသခံပြည်သူများ၏ ထမင်အိုးပါ မကျန် ဖောကား (၄) စီး အပြည့် ခိုးယူသွားခဲ့ကြပါသည် ။ အပြစ်မဲ့ပြည်သူများ၏ စုစုပေါင်း နေအိမ် (၆) လုံးကိုလည်း မတရားသဖြင့် မီးရှို့ဖျက်ဆီးခဲ့ပါသည် ။ အခြားအပြစ်မဲ့ပြည်သူ (၅) ဦးခန့်ကိုလည်း မတရားဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မိသားစုများနှင့် အဆက်သွယ်ပြတ်တောက်လျှက်ရှိပါသည် ။

မိဘပြည်သူများအားလုံး အကြမ်းဖက်စစ်အုပ်စု၏ ကျွန်ပြုနှိပ်စက်ခြင်းဒဏ်မှ အမြန်ဆုံးကင်းဝေးကြပါစေ

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

အရေးပေါ် သတိပေးချက်22.5.2026 ၁။ သရက်မြို့နယ် အခြေစိုက် ကပစ (၁၂) မှ ကားအစီး(၃၀) ကျော်ကို (၂) သုတ်ခွဲပြီး ထွက်လာသော အကြမ်း...
22/05/2026

အရေးပေါ် သတိပေးချက်
22.5.2026

၁။ သရက်မြို့နယ် အခြေစိုက် ကပစ (၁၂) မှ ကားအစီး(၃၀) ကျော်ကို (၂) သုတ်ခွဲပြီး ထွက်လာသော အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င် အင်အား (၁၀၀၀) ကျော် သည် မင်းတုန်းမြို့သို့ ရောက်ရှိနေပါသည် ။

၂။ သရက် - မင်းတုန်း လမ်းပိုင်း နေရာအနှံ့အပြားတွင် အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့၀င် စုစုပေါင်း ၃၀၀ ကျော် တပ်ဖြန့်ပြီး ကင်းပုန်းများချထားလျှက်ရှိ‌နေဆဲဖြစ်သည်သည် ။

၃။ မင်းတုန်းမြို့နယ်မှ ပြည်သူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော အခြေနေအရပ်ရပ်ကို စနစ်တကျ ဖြတ်ကျော်နိုင်ရန် အထူးသတိထားပြင်ဆင်ထားကြပါရန် လေးစားစွာ အသိပေးထုတ်ပြန်အပ်ပါသည် ။

မိဘပြည်သူများအားလုံး အကြမ်းဖက်စစ်အုပ်စု၏ ကျွန်ပြုနှိပ်စက်ခြင်းဒဏ်မှ အမြန်ဆုံးကင်းဝေးကြပါစေ

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့်သို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)မှ ပေးပို့သော သဝဏ်လ...
17/04/2026

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ဖွဲ့စည်းတည်ထောင်ခြင်း (၅)နှစ်ပြည့်သို့ ဗမာပြည်ကာကွယ်ရေးတပ်(USBA)မှ ပေးပို့သော သဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၇)ရက်

တော်လှန်ရေးရဲ့ သင်ရိုးညွှန်းတမ်းကြီး ပေါ်ပေါက်ခဲ့တာ (၁၇) နှစ်ပြည့်ခဲ့ပြီ အကိုချေတို့ အိပ်မက်တွေ အပြန်ဆုံး ပြီးပြည့်စုံပါ...
10/04/2026

တော်လှန်ရေးရဲ့ သင်ရိုးညွှန်းတမ်းကြီး ပေါ်ပေါက်ခဲ့တာ (၁၇) နှစ်ပြည့်ခဲ့ပြီ

အကိုချေတို့ အိပ်မက်တွေ အပြန်ဆုံး ပြီးပြည့်စုံပါစေ

လေးစားဂုဏ်ယူလျှက်ပါ

စစ်ရေးသတင်း ထုတ်ပြန်ခြင်းသရက်မြို့နယ် ၁။ ဆင်ပေါင်ဝဲမြို့နယ်ကို ဖြတ်သန်းကာ ဧရာ၀တီမြစ်နှင့်အပြိုင်တည်ဆောက်ထားသော သရက် - မင...
02/04/2026

စစ်ရေးသတင်း ထုတ်ပြန်ခြင်း
သရက်မြို့နယ်

၁။ ဆင်ပေါင်ဝဲမြို့နယ်ကို ဖြတ်သန်းကာ ဧရာ၀တီမြစ်နှင့်အပြိုင်တည်ဆောက်ထားသော သရက် - မင်းလှ ရထားလမ်းအား အကြမ်းဖက်စစ်အုပ်စုမှ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းအဖြစ် အသုံးပြန်ရန်ဟုဆိုကာ ၂၀၂၆ ခုနှစ် မက်လ (၁၄) ရက်နေ့မှ စတင်ကာ သရက်မြို့နယ်မြောက်ခြမ်း နှင့် ဆင်ပေါင်ဝဲမြို့နယ် တောင်ဘက်ခြမ်းရှိ ဧရာ၀တီမြစ်ကမ်းဘေး ရှိ ရထားလမ်း ဖြတ်သန်းရာ ကျေးရွာများတွင် အင်အား (၁၈၀) ၀န်းကျင်ဖြင့် တပ်ဖြန့်ကာ လာရောက်တပ်စွဲထားသည်။

၂။ ရထားလမ်းလုံခြုံရေးအမည်ခံကာ ပြည်သူလူထုအား ဗိုလ်ကျ အနိုင့်ကျင့်လျှက်ရှိသော အဆိုပါ အကြမ်းဖက်စစ်အုပ်စု အား သရက်မြို့နယ် ကြာကံ ကျေးရွာ ဘူတာရုံ၌ ဖဲထိုင်ရိုက်နေကြစဉ် ၂၀၂၆ ခုနှစ် ဧပြီလ (၂) ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် ကျွန်ုပ်တို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA မှ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်အုပ်စု တပ်ဖွဲ့၀င် (၁) ဦး နေရာတွင် ကျဆုံးပြီး ၂ ဦး သရက်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း သိရှိရပါသည် ။

၃။ တိုက်ပွဲဖြစ်ပွာချိန် မိနစ်အနည်းငယ်ခန့် ကြာမြင့်ခဲ့ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပါသည် ။ အထိနာသွားသော အကြမ်းဖက်စစ်အုပ်စုမှ တိုက်ပွဲပြီးသည့်နောက်ပိုင်း နာရီ၀က် ၀န်းကျင်ကြာသည်ထိ ငါးကျင်းမြှီးဖြင့် မည်းမည်းမြင်ရာပစ်ခြင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခြင်း လက်နက်ငယ်များ ပစ်ဖောက်ခြင်းများအား တစ်ဘက်သက် လုပ်ဆောင်၍ ကျန်ရစ်ခဲ့ပါသည် ။

၄။ ရထားလမ်း လုံခြုံရေး‌နှင့် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းများတွင် ဒေသတွင်းရှိ ပြည်သူများအား အတင်းအဓမ္မ ခြိမ်းခြောက်စေခိုင်းလျှက်ရှိပြီး ပြည်သူပိုင် ဥစ္စာပစ္စည်းများကိုလည်း စိတ်တိုင်းကျ ခိုးယူလျှက်ရှိပါသည် ။

၅။ ဒေသခံပြည်သူလူထုအား အတင်းအဓမ္မ ပေါ်တာဆွဲခြင်း ၊ အတင်းအဓမ္မ ပြန်ပေးဆွဲ ငွေတောင်းခံခြင်း နှင့် ဖမ်း‌ဆီးရိုက်နှက်မှုများလည်း ပြုလုပ်လျှက်ရှိကြောင်း သိရှိရပါသည် ။

၆။ အဆိုပါဒေသ သည် ၅ နှစ်တာကာလပက်လုံး အကြမ်းဖက်စစ်အုပ်စု၏ အုပ်ချုပ်ရေးယန္တရား ၁၀၀ ရာနှုန်း လည်ပက်ခဲ့သည့် အကြမ်းဖက်စစ်အုပ်စု၏ အမာခံများ အားကောင်းသည့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပခဲ့သည့် ဒေသဖြစ်သည်နှင့်အညီ ယခု ၁ ကြိမ်သည် အဆိုပါဒေသတွင် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွာခြင်းဖြစ်ပါသည် ။ သို့ဖြစ်၍ အတွေ့ကြုံမရှိသေးသည့် ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်ကာ ပြေးလွှားတိမ်းရှောင်လျှက်ရှိကြောင်း သိရှိရပါသည်။

၇။ လွန်ခဲ့သည့် ၃ လခန့်မှ စတင်ကာ အခက်ခဲများစွာဖြင့် ကျွန်ုပ်တို့ ဗမာပြည်ကာကွယ်ရေးတပ် - USBA တပ်များ အဆိုပါ ဒေသသို့ စတင်ထိုးဖောက် လှုပ်ရှားခဲ့ခြင်းဖြစ်ပါသည်။ အကြီးမားဆုံး အခက်ခဲသည် သူလျှိုဒလံများပေါများပြီး အကြမ်းဖက်စစ်အုပ်စု ထောက်တိုင်များ လွန်စွာ ပေါများနေခြင်းဖြစ်ပါသည်။ အကြမ်းဖက်စစ်အုပ်စုတပ်များ လာလျှင် ခရီးဦးကြိုပြုကာ ထမင်းချက်ကျွေးပြီး တော်လှန်ရေးရဲဘော်များလာလျှင် ထွက်ပြေးတိမ်းရှောင်ကြသည်ထိ တော်လှန်ရေးနှင့် အလှမ်းကွာခဲ့သော ဒေသတစ်ခုဖြစ်ပါသည် ။ ဤသို့ တင်ပြခြင်းသည် ဒေသခံ ပြည်သူများအပေါ် ထိခိုက်စေလို့သည့်ရည်ရွယ်ချက်တစ်စုံတစ်ရာ လုံး၀ မပါရှိပဲ ကျွန်ုပ်တို့တပ်၏ လုပ်ငန်းပိုင်‌ဆိုင်ရာ မြေပြင် အခက်ခဲများကို မိဘပြည်သူများသိရှိစေရန် တင်းပြခြင်းသာဖြစ်ပါသည် ။

၈။ ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စုအား ထိခိုက်မှုတစ်စုံတစ်ရာဖြစ်စေရန် ပြောက်ကျား တိုက်ခိုက်နေရသည့် အခြေနေမှ ပြည်သူလူထုအား အပြည့်အ၀ ကာကွယ်ပေးနိုင်သည်ထိ စနစ်တကျ ကြိုစား တိုက်ပွဲ၀င်သွားပါမည်ဟု ဒေသခံ လူထုအား ကတိပြုပါသည် ။

မိဘပြည်သူများအားလုံး အကြမ်းဖက်စစ်အုပ်စု၏ ကျွန်ပြုနှိပ်စက်ခြင်းဒဏ်မှ အမြန်ဆုံးကင်းဝေးကြပါစေ

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

စစ်ရေးသတင်း ထုတ်ပြန်ခြင်းမင်းတုန်း/မင်းလှတိုက်ပွဲဖြစ်စဉ်(၁) ၁။ ၂၀၂၆ ခုနှစ် မတ်လ(၂၈) ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင် အချိန်တ...
31/03/2026

စစ်ရေးသတင်း ထုတ်ပြန်ခြင်း
မင်းတုန်း/မင်းလှ

တိုက်ပွဲဖြစ်စဉ်(၁)

၁။ ၂၀၂၆ ခုနှစ် မတ်လ(၂၈) ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင် အချိန်တွင် သရက်မြို့နယ်အခြေစိုက် ကပစ (၁၂) မှ ကား(၃) စီးဖြင့် သရက်ဘက်မှ မင်းတုန်းဘက်သို့မောင်းနှင်လာသော အင်အား (၄၀) ၀န်းကျင်ပါ အကြမ်းဖက်စစ်အုပ်စု ယာဉ်တန်းနှင့် သရက် - မင်းတုန်းလမ်းပေါ်ရှိ မြို့ဟောင်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါသည် ။

၂။ မိမိတို့ဘက်မှ အထိခိုက်မရှိခဲ့ပဲ ရန်သူအကြမ်းဖက်စစ်အုပ်စု (၃) ဦးကျဆုံးပြီး (၂) ဦး ဒဏ်ရာပြင်းထန် ရရှိသွားပါသည် ။

၃။ အဆိုပါ ထိခိုက်ကျဆုံးများအား မင်းတုန်းမြို့ဘက်သို့ သယ်ဆောင်သွားပါသည် ။

တိုက်ပွဲဖြစ်စဉ် ၂

၁။ အထက်မင်းလှမြို့နယ် ဒဟတ်ပင် ရေနံမှော်တွင် ရက် ၂၀ ၀န်းကျင်ကြာသည်ထိ အင်အား (၂၀၀) ကျော်ဖြင့် အထိုင်ချတပ်စွဲနေသော ကပစ (၂+၁၀+၁၃) ပူးပေါင်း စစ်ကြောင်းမှ ခန့်မှန်းအင်အား (၈၀) ၀န်းကျင်သည် ၂၀၂၆ ခုနှစ် မတ်လ (၃၀) ရက်နေ့ နံနက်(၄)နာရီခွဲတွင် လင်းကယ် ရခစခန်းဘက်သို့ ကား၊‌ဆိုင်ကယ်များဖြင့် အရှိန်ပြင်းစွာ မောင်းနှင်၀င်ရောက်လာပြီး ထိုမှတဆင့် ပေရင်းကျေးရွာ နှင့် စမ်းအိုင်ကျေးရွာများဘက်သို့ စစ်ကြောင်းထိုး၀င်ရောက်ခဲ့ပါသည် ။

၂။ ပြည်သူပိုင် ရွှေငွေပစ္စည်းများ ၊ရေနံတူးရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ၊ကား၊ဆိုင်ကယ်များ အား မွှေနှောက်ခိုးယူခဲ့ကြသည့်အပြင် ကျေးရွာပတ်၀န်းကျင်များအား လက်နက်ကြီး၊လက်နက်ငယ်များဖြင့် အချက်ပေါင်းများစွာ ရမ်းသန်းပစ်ခတ်ခြင်းများကို အလွန်အကျွံ ပြုလုပ်ခဲ့ပါသည် ။

၃။ ဒရုန်းဗုံးများဖြင့် စမ်းအိုင်ကျေးရွာ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သဖြင့် စာသင်ကျောင်းဆောင် ၂ ဆောင် ထိမှန်ပြီး များစွာ ပျက်ဆီးခဲ့ရပါသည် ။

၄။ ထိုကဲ့သို့ ယုတ်မာရိုင်းစိုင်းနေသော အကြမ်းဖက်စစ်အုပ်စုအား ဒဟတ်ပင်ရေနံမှော်ရှိ ၎င်းတို့ စခန်းသို့ အပြန်လမ်းခရီးတွင် လင်းကယ်ကျေးရွာအနီးမှ အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ညနေ (၃) နာရီ၀န်းကျင်မှ ည (၁၀) နာရီ၀န်းကျင်ထိ နှစ်ဘက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါသည် ။

၅။ မိမိတို့ဘက်မှ လက်ဦးမှုယူတိုက်ခိုက်ခဲ့ရသည့်အတွက်အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့၀င် (၁၁) ဦးကျဆုံးခဲ့ပြီး (၁၅) ဦးထက် မနည်း ဒဏ်ရာပြင်ထန်စွာ ရရှိသွားခဲ့ပါသည် ။

၅။ အကြမ်းဖက်စစ်အုပ်စုဘက်မှ အဆိုပါ ထိခိုက်ကျဆုံး များအား ဒဟတ်ပင် ရေနံမှော်မှတဆင့် အထက်မင်းလှမြို့ဘက်သို့ ပို့ဆောင်လိုက်ကြောင်း နောက်ဆက်တွဲသတင်းရရှိပါသည် ။

၆။ အဆိုပါ တိုက်ပွဲအတွင်း အချိန်ကြာလာသည်နှင့်အမျှ လက်နက်အင်အားလူအင်အားမမျှသဖြင့် မိမိတို့ တပ်ဖွဲ့၀င်(၁)ဦးလည်း မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါသည် ။

မိဘပြည်သူများအားလုံး အကြမ်းဖက်စစ်အုပ်စု၏ ကျွန်ပြုနှိပ်စက်ခြင်းဒဏ်မှ အမြန်ဆုံးကင်းဝေးကြပါစေ

ဗမာပြည်ကာကွယ်ရေးတပ် - USBA

#စစ်မှန်သောဖက်ဒရယ်ဒီမိုကရေစီစနစ်
ပြည်သူ့လက်ဝယ်ရောက်ရမည်

#အရေးတော်ပုံအောင်ရမည်

Address

Magway

Telephone

+959981614632

Website

Alerts

Be the first to know and let us send you an email when United States Of Burma Army - USBA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share