Interim University Council of University of Medical Technology-Mandalay

Interim University Council of University of Medical Technology-Mandalay

Share

Official Page of the Interim University Council of University of Medical Technology - Mandalay recogn

11/11/2023

လင်းကြက် အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။ ။

မင်းသုဝဏ်

Photos from Interim University Council of University of Medical Technology-Mandalay's post 20/01/2023

JCC-CDM က ရေးသားပြုစုထားသော နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းကို အများပြည်သူလေ့လာနိုင်စေရန်အတွက် ထုတ်ပြန်အပ်ပါသည်။

https://www.facebook.com/104362885648609/posts/169420295809534/?mibextid=YsHG2a

Photos from Interim University Council of University of Medical Technology-Mandalay's post 31/10/2022

မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့်‌ဆေးနှီးနွယ်ဆိုင်ရာကောင်စီများနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာချက်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်

၁။ အရည်အသွေး ပြည့်ဝ၍ ထိရောက်မှုနှင့် လုံခြုံမှုရှိသော ကျန်းမာရေးစောင့်ရှောက်မှုကို နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသူအားလုံး ခံစားခွင့်ရရှိစေရန်၊ ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများ ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းမြှင့်တင်နိုင်စေရန်၊ ကောင်းမွန်သော ဆေးကုသမှု ပတ်ဝန်းကျင် ဖြစ်ထွန်း စေရန် တာဝန်ယူဆောင်ရွက်ပေးရမည့် အဖွဲ့အစည်းများ ဖြစ်သော -

• မြန်မာနိုင်ငံ ဆေးကောင်စီ၊
• မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ၊
• မြန်မာနိုင်ငံ သူနာပြုနှင့် သားဖွားကောင်စီ၊
• မြန်မာနိုင်ငံ ကျန်းမာရေးမှူးနှင့် ပြည်သူ့ကျန်းမာရေးကြီးကြပ်ကောင်စီ၊
• မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ၊
• မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးပညာကောင်စီ၊
• မြန်မာနိုင်ငံ ကြက်ခြေနီကောင်စီ

အပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာကောင်စီများသည် ဆရာဝန်များအပါအဝင် ကျန်းမာရေး လုပ်သားများနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအပေါ် အကြမ်းဖက်ဖိနှိပ်နေသည့် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ကိုင်တုတ်များအဖြစ် ပြောင်ပြောင်တင်းတင်း ရပ်တည်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည်။

၂။ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွယ်ဆိုင်ရာ ကောင်စီများသည် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေးလုပ်သားများကို ဖိနှိပ်၊ ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် ရေငုံနှုတ်ပိတ်နေရုံ သာမက ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် ကျန်းမာရေး လုပ်သားများအပေါ် အကြမ်းဖက်စစ်ကောင်စီနှင့် အလိုတူအလိုပါ ဖိနှိပ်ဆောင်ရွက်နေမှုများစွာကိုလည်း အထောက် အထား ခိုင်လုံစွာ သိရှိရသည်။

၃။ အဆိုပါ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ကောင်စီများကို တာဝန်ယူ ထိန်းကြောင်းဆောင်ရွက်နေသော နာယကများ၊ ဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဗဟိုကော်မတီဝင်များ၊ သက်ဆိုင်ရာ ဆက်စပ်ကော်မတီဝင်များအားလုံး၏ လက်ရှိသက်တမ်းကို ဖျက်သိမ်းပြီး တာဝန်မှ ရပ်ဆိုင်းကြောင်း ကြေညာလိုက်သည်။

၄။ အဆိုပါတာဝန်မှ ရပ်ဆိုင်းခံရသူအားလုံး၏ လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှစ၍ ရက်အကန့်အသတ်မရှိ တရားမဝင်ကြောင်း သတ်မှတ်လိုက် သည်။

၅။ မြန်မာနိုင်ငံ ဆေးကောင်စီအပါအဝင် ဆေးနှင့်ဆေးနှီးနွှယ်ဆိုင်ရာ ကောင်စီများ၏ သက်တမ်း အသစ် ဖွဲ့စည်းခြင်းများအားလုံးကို နိုင်ငံတော်သမ္မတရုံးက နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထပ်မံထုတ်ပြန် သည်အထိ ရပ်ဆိုင်းထားရမည်။

၆။ ဖက်ဒရယ်ကျန်းမာရေးပညာရှင်များကောင်စီ (Federal Health Professional Council – FHPC) (https://fhpcmyanmar.org/) (https://facebook.com/fhpcmyanmar) ကို တော်လှန်ရေး ကာလဖြစ်သည့် ကြားကာလနှင့် အသွင်ကူး‌ပြောင်းရေးကာလတွင် ကျန်းမာရေးပညာရှင် လုပ်သား အင်အားစုများအားလုံး၏ အကျိုးစီးပွားကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဖော်ဆောင်ပေးရန် တိုင်းရင်းသားကျန်းမာ‌ရေးအဖွဲ့အစည်းများ၊ ဆေးပညာရှင်များ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားပြုသူများဖြင့် (၁-၁၂-၂၀၂၁) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဖြစ်သည့်အတွက် မြန်မာနိုင်ငံဆေးကောင်စီအပါအဝင် ဆေးနှင့် ဆေးနှီးနွယ်ဆိုင်ရာကောင်စီ များနှင့် ဆက်သွယ်ရမည့် လုပ်ငန်းဆောင်တာများကို ဖက်ဒရယ်ကျန်းမာရေးပညာရှင်များ ကောင်စီ (FHPC) နှင့်သာ ဆက်သွယ်ဆောင်ရွက်ရမည်။

https://m.facebook.com/story.php?story_fbid=463189679237866&id=108018328088338

Photos from Interim University Council of University of Medical Technology-Mandalay's post 12/06/2022

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး
ယာယီတက္ကသိုလ်ကောင်စီ​၏ ကြေညာချက် အမှတ် ၁/၂၀၂၂

၁။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေးမှ CDMပြုလုပ်ထားသောဝန်ထမ်း မောင်သူရိန်လင်း (၂၅နှစ်) - လုံခြုံရေး ၅ သည် Tiger Fighters ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွင် တိုင်းပြည်တာဝန်ထမ်း ဆောင်ရင်း (၂၆-၅-၂၀၂၂)ရက်နေ့ ည (၁၂နာရီ) အချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ မြောင်စခန်း ဝင်ရောက် စီးနင်းခံရမှုဖြစ်စဉ်တွင် ကျဆုံးခဲ့ရကြောင်း သိရှိရပါသည်။

၂။ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် မိမိတို့ တက္ကသိုလ်မှ ပြည်သူ့ဝန်ထမ်း (CDM) သူရဲကောင်း ကျဆုံးခဲ့မှုအပေါ် ၎င်း၏မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပြီး မောင်သူရိန်လင်း အပါအဝင် အပြစ်မဲ့ ကျဆုံးခဲ့ရသော ပြည်သူ့ သူရဲကောင်းများအားလုံးအတွက် စစ်အာဏာရှင်စနစ်ကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ပေါက်သည်အထိ ပြည်သူလူထုတစ်ရပ်လုံးနှင့်လက်တွဲ၍ ကျွန်ုပ်တို့တက္ကသိုလ်၏ CDM သူရဲကောင်း ပြည်သူ့ဝန်ထမ်း ဆရာ/ဆရာမများ၊ ဝန်ထမ်းများနဲ့အတူ ယာယီတက္ကသိုလ်ကောင်စီမှ အစွမ်းကုန် ကြိုးပမ်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။

#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး)

Photos from Interim University Council of University of Medical Technology-Mandalay's post 05/10/2021

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၅)ရက် နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့ (၂၀၂၁) အခမ်းအနားသို့ ကြားကာလ ယာယီ ကောလိပ်၊ ကျောင်း၊ တက္ကသိုလ်များမှ ပေးပို့သော သဝဏ်လွှာ____

#ကမ္ဘာ့ဆရာများနေ့၂၀၂၁
#ပညာရေး၏နှလုံးသားပြည်သူ့ဆရာဆရာမများ




#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာနည်ပညာတက္ကသိုလ်-မန္တလေး

Photos from Interim University Council of University of Medical Technology-Mandalay's post 18/09/2021

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး
ယာယီတက္ကသိုလ်ကောင်စီ​၏ ကြေညာချက် အမှတ် ၇/၂၀၂၁

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီအနေဖြင့် မိမိတို့၏ကျောင်းမှ ပြည်သူ့ဝန်ထမ်း (CDM) သူရဲကောင်းများအား ပြည်တွင်းပြည်ပရှိအလှူရှင်များ၏ လှူဒါန်းငွေ ၊ ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (မန္တလေး) ကျောင်းသားသမဂ္ဂမှပြုလုပ်သော အလှူစုဘူး campaign တွင် စီနီယာများ၊ ကျောင်းသား၊ကျောင်းသူများ ပါဝင်ထည့်ကြသော အလှူငွေများ၊ Batch အလိုက် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ လှူဒါန်းထည့်ဝင်သော အလှူငွေများဖြင့် ဖေဖော်ဝါရီလမှ စတင်ကာ လစဥ် ထောက်ပံ့ကြေးငွေများ ချီးမြှင့်ခဲ့ပါသည်။
ယခုကဲ့သို့ အမှန်တရားဘက်မှရပ်တည်ကာ တော်လှန်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ ပါဝင်တိုက်ပွဲဝင်ပေးကြသော ပြည်တွင်းပြည်ပ အလှူရှင်များအားလုံးအား ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီ မှ အထူးပင် ကျေးဇူးဥပကာရ တင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။
ငွေစာရင်းရှင်းတမ်းများအားလည်း အလျင်းသင့်သည့်အချိန်တွင် ထုတ်ပြန်ကြေညာပေးမည် ဖြစ်ပါသည်။

#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး

08/09/2021

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး
ယာယီတက္ကသိုလ်ကောင်စီ​၏ ကြေညာချက် အမှတ် ၅/၂၀၂၁

စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျရာအခန်းကဏ္ဍမှ ရွပ်ရွပ်ချွံချွံ ပူးပေါင်းပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာခြင်း။

#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး

07/09/2021

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး
ယာယီတက္ကသိုလ်ကောင်စီ​၏ ကြေညာချက် အမှတ် ၅/၂၀၂၁

ပညာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရမှ ယာယီတက္ကသိုလ်ကောင်စီများသို့ Non-CDM ဝန်ထမ်းများ​၏ အမည်စာရင်းများအား ကြိုတင်ပြုစုထားပေးရန် ညွှန်ကြားလာပါသည်။ သို့ဖြစ်၍ ယနေ့ စက်တင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော ယာယီတက္ကသိုလ်ကောင်စီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ တက္ကသိုလ်တွင် Non-CDM ပြုလုပ်နေ​သော ဆရာ၊ဆရာမများ၊ ဝန်ထမ်းများအား ဓမ္မဘက်သို့ အချိန်မီကူးပြောင်းခဲ့ပါရန် ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး၊ ယာယီတက္ကသိုလ်ကောင်စီ​မှ အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်သည်။
၂၀၂၁ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ နောက်ပိုင်းစာရင်းပေးသွင်းသူများအား CDM အဖြစ်သတ်မှတ်ပေးတော့မည် မဟုတ်ကြောင်းလည်း အသိပေးကြေညာလိုက်သည်။

#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး

22/07/2021

ဖွဲ့စည်းပုံပြင်ဆင်ခြင်း

ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး
ယာယီတက္ကသိုလ်ကောင်စီ​၏ ကြေညာချက် အမှတ် ၄/၂၀၂၁

22/07/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန

ကြေညာချက်အမှတ်(၂၃/၂၀၂၁)
၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၂၂) ရက်

ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကြေညာခြင်း။

https://www.facebook.com/109386154653912/posts/139014145024446/?d=n

Photos from Interim University Council of University of Medical Technology-Mandalay's post 22/07/2021

ဆေးနှင့်ဆေးနှီးနွှယ်ယာယီတက္ကသိုလ်ကောင်စီများမှ ပါမောက္ခ ဒေါက်တာခင်မောင်လွင်အား နာယက အဖြစ် တင်မြှောက်ခြင်း။

#ယာယီတက္ကသိုလ်ကောင်စီ
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ်-မန္တလေး

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Website

Address


University Of Medical Technology, Patheingyi Township Region
Mandalay
05071