03/09/2024
RBF Plus မှ စိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာထွက်ကုန်တန်ဖိုးကွင်းဆက် တစ်လျှောက်လုံးရှိ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွါးရေး လုပ်ငန်းများအတွက် ပထမအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခြင်း
RBF Plus သည် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်နိုင်ငံ နှင့် ဒိန်းမတ်နိုင်ငံတို့ ပူးပေါင်းကာ မြန်မာနိုင်ငံရှိ စိုက်ပျိုးမွေးမြူရေး နှင့် လယ်ယာထွက်ကုန် တန်ဖိုးကွင်းဆက် (Agrifood Value Chain) တစ်လျှောက်လုံးတွင် ပါဝင်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ရေရှည် တည်တံ့နိုင်စေရန်၊ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် သဘာ၀ပတ်၀န်းကျင် ထိခိုက်မှုကို လျှော့ချနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ငွေကြေးအရ အထောက်အပံ့ပေးနေသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။
ယခုအခါတွင် RBF Plus ၏ ပထမအကြိမ်မြောက်အဆိုပြုလွှာခေါ်ယူခြင်းအစီအစဉ်ကို စတင်ပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ RBF Plus သည် “၂၀၂၄ခုနှစ် ဩဂုတ်လ ၁၄ရက်နေ့” မှ “၂၀၂၄ခုနှစ် စက်တင်ဘာလ ၄ရက်နေ့” အထိ ပထမအဆင့်လျှောက်လွှာများ (Concept Notes)ကို စတင်ခေါ်ယူသွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ပထမအဆင့်လျှောက်လွှာ (Concept Note)ကို ဤနေရာတွင် လျှောက်ထားပါ >>> https://ee-eu.kobotoolbox.org/x/HKyixfku
စိတ်ပါဝင်စားသော လုပ်ငန်းများအနေဖြင့် အောက်ပါ ဧရိယာများတွင် ဝင်ရောက်လျှောက်ထားနိုင်ပါသည်။
ကဏ္ဍ (၁)
ဧရိယာ ၁ - တောင်သူလယ်သမားများအတွက် ခေတ်မီသွင်းအားစုများနှင့် နည်းပညာများ
(Modern Inputs and Technologies for Farmers)
ဧရိယာ ၂ - လယ်ယာထွက်ကုန်နှင့် သက်ဆိုင်သော ခေတ်မီနည်းပညာများအား ဒေသတွင်း ထုတ်လုပ်နိုင်အောင် ပြုလုပ်ခြင်း
(Technology Localization for MSMEs)
ကဏ္ဍ (၂)
ဧရိယာ ၃ - စွမ်းအင်အလေအလွင့် လျှော့ချခြင်းနှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် အသုံးပြုခြင်း
(Energy Efficiency/ Renewable Energy)
ဧရိယာ ၄ - ရေသုံးစွဲမှု လျှော့ချခြင်း
(Water Efficiency)
ဧရိယာ ၅ - စွန့်ပစ်ပစ္စည်းနှင့် အညစ်အကြေး ပြန်လည်အသုံးချခြင်း
(Waste Treatment & Recycling)
ဧရိယာ ၆ - လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး
(Occupational Safety & Health)
ဧရိယာ ၇ - အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း
(Food Safety & Value-added Production)
ကဏ္ဍ (၃)
ဧရိယာ ၈ - ပြည်တွင်း၊ ပြည်ပ ကုန်စည်ပြပွဲများတွင် လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များ ပါဝင်ပြသခြင်း
(Agrifood MSMEs Participation in Trade Fairs)
ဧရိယာ ၉ - လယ်ယာထွက်ကုန် ထုတ်လုပ်သော MSMEs များအား အတွေ့အကြုံ ဗဟုသုတများ မျှဝေခြင်း (စျေးကွက်လိုအပ်ချက်၊ စံသတ်မှတ်ချက်များနှင့် အညီ)
(Knowledge Sharing for Farmers & Agrifood MSMEs)
လျှောက်လွှာနှင့် ပတ်သက်သော အချက်အလက်များ နှင့် နမူနာဖြေဆိုနည်း Videoများကို ကြည့်ရှုရန် >>>
https://drive.google.com/drive/folders/18gFJ8IEc-Ctl_2F5JqQHxzy4arFNjsK9?usp=sharing
RBF Plus ၏ အဆိုပြုလွှာ ခေါ်ယူခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို မကြာမီတွင် ဖော်ပြပေးသွားမည်ဖြစ်သဖြင့် RBF Plus ဖေ့စ်ဘုတ် စာမျက်နှာနှင့် အခြားသော လူမှုမီဒီယာချန်နယ်များကို စောင့်ကြည့်ပေးပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။
Enketo Express for KoboToolbox
Queued records, except those marked as draft , are uploaded automatically, in the background, every 5 minutes when the web page is open and an Internet connection is available.
16/02/2023
ချေးငွေရယူလိုသည့် လုပ်ငန်းရှင်များအနေဖြင့် အောက်ဖော်ပြပါ page တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
AYA Micro Loan – AYA Bank
AYA Bank was licensed by the Central Bank of Myanmar on 2 July 2010 and relicensed under the Financial Institutions Law 2016 as a full service universal bank. The bank has grown rapidly over the past seven years to become the second largest in the country, with [234] branches, [1.4m customer], Kyat....
26/11/2022
ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေအဆိုပြုလျှောက်ထားနိုင်ပါကြောင်း ပြည်တွင်းဆီစက်လုပ်ငန်းရှင်များသို့ အသိပေးကြေငြာခြင်း
25-11-2022
နိုင်ငံတော်အနေဖြင့် ပြည်တွင်းဆီစက်များကို အဆင့်မီစက်ပစ္စည်းများ တိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီဆီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုလိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်ရည်ရွယ်၍ ဆီစက်လုပ်ငန်းများကို ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ ထုတ်ချေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ တို့ရှိ စိတ်ပါဝင်စားသော ဆီစက်လုပ်ငန်းရှင်များအနေဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေအဆိုပြုလွှာများအား အတွင်းရေးမှူး၊ ဆီစက်လုပ်ငန်းများ၏ ချေးငွေလိုအပ်ချက်ကို လေ့လာသုံးသပ်တင်ပြရေးအဖွဲ့ (ညွှန်ကြားရေးမှူးချုပ်၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်-၃၇၊ နေပြည်တော်)၊ ဖုန်း-၀၆၇၃-၄၀၈၃၇၈၊ e-mail ([email protected]) သို့ လိပ်မူ၍ လူကိုယ်တိုင် (သို့မဟုတ်) အမြန်ချောဖြင့် ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့် ဆီစက်ချေးငွေအဆိုပြုလွှာကို အောက်ဖော်ပြ ပါ သတင်းစာတွင်ဖော်ပြထားသည့် Linkတွင် download ရယူနိုင်ပါကြောင်း အသိပေးကြေငြာအပ်ပါသည်။
(လျှောက်လွှာနှင့်စပ်လျဉ်း၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၄၀၁၆၃၂၇၄၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။)
27/07/2022
ASEAN Access Webportal နှင့် ASEAN Access Match Webportal တို့တွင်ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် ASEAN Access virtual business matchmaking တွင်ပါဝင်နိုင်ကြောင်းသတင်းကောင်းပါးခြင်း
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
⚛ ASEAN Access Webportal (www.aseanaccess.com)နှင့် ASEAN Access Match Webportal (match. aseanaccess. com)တို့ကို ACCMSME ၏ ဦးဆောင်မှုဖြင့်ရေးဆွဲခဲ့ပြီး ASEAN Access Webportal ကို (၁၆.၆.၂၀၂၁)ရက်နေ့တွင်လည်းကောင်း၊ ASEAN Access Match Webportal ကို (၂၅.၁.၂၀၂၂)ရက်နေ့တွင်လည်းကောင်း Launching ပြုလုပ်ခဲ့ပါသည်။
⚛ ASEAN Access Webportal ကို ဝင်ရောက်လေ့လာခြင်းဖြင့် အာဆီယံနိုင်ငံများ၏ စီးပွားရေးဆိုင်ရာသတင်း အချက်အလက်များ International Trade ဆိုင်ရာအချက်အလက်များ၊ အာဆီယံနိုင်ငံများမှ ကျင်းပပြုလုပ်သည့် Event များအား လေ့လာသိရှိနိုင်မည်ဖြစ်ပါသည်။
⚛ ထို့အပြင် ဒေသတွင်း SME လုပ်ငန်းများကို အထောက်အပံ့ပေးလိုသည့် နိုင်ငံအလိုက် Service Provider များအနေဖြင့် Distribution၊ Business Matchmaking ၊ Co-Working ၊ Market Access Consultancy ၊ Law & Regulation ၊ Intellectual Property စသည်ဖြင့် မိမိနှင့်သက်ဆိုင်ရာ ကဏ္ဍအလိုက် ရွေးချယ်၍ Register ပြုလုပ်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။
🈚 ASEAN Access Match Webportal တွင်လည်း သက်ဆိုင်ရာနိုင်ငံများမှ ကဏ္ဍအလိုက် Events များ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာ SME များအနေဖြင့် ASEAN Access နှင့် ASEAN Access Match တို့တွင် Register ပြုလုပ်၍ Market Talk များ၊ Business Matchmaking များနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည့် Webinar များစသည်တို့သို့ တက် ရောက်ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
🈳 ASEAN Access သို့ ဝင်ရောက်လေ့လာခြင်းဖြင့် နိုင်ငံတကာစီးပွားရေးဆိုင်ရာ သတင်း အချက်အလက်များကို သိရှိနိုင်ပြီး နိုင်ငံတကာစျေးကွက်သို့ ချိတ်ဆက်နိုင်သည့် အခွင့် အလမ်းများ ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ASEAN Access Match မှ ကျင်းပပြုလုပ်သည့် Events များသို့ မြန်မာ SME များ ပါဝင်တက်ရောက်ခြင်းဖြင့် ASEAN ဒေသတွင်းနိုင်ငံများမှ လုပ်ငန်းရှင်များနှင့် Network ချိတ်ဆက်နိုင်ခြင်း၊ စျေးကွက်ချိတ်ဆက်ဆောင်ရွက်နိုင်ခြင်းစ သည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။
🈳 ယခုအခါ အင်ဒိုနီးရှားနိုင်ငံမှ ဦးဆောင်၍ SMEs’ Innovation towards Sustainable Future ခေါင်းစဉ်ဖြင့် Free ASEN Access virtual business matchmaking ကို https://match.aseanaccess.com/events/မှတဆင့် အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-
🗒⌚ကျင်းပမည့်နေ့ရက်/အချိန် - (၈.၈.၂၀၂၂)(9am – 23pm Jakarta time)
🕴🕴တက်ရောက်နိုင်မည့်သူများ - စိုက်ပျိုးရေး၊ကျန်းမာရေးနှင့်အလှအပဆိုင်ရာ လုပ်ငန်းကဏ္ဍမှ Digital
Innovation နှင့်ပတ်သက်၍ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသည့်လုပ်ငန်းများ၊Digital Innovation
ကိုစိတ်ပါဝင်စားသည့် SME များ ၊ Start-up လုပ်ငန်းများ၊ buyer နှင့် investor များ၊
🈳 အဆိုပါ Matchmaking Event သို့တက်ရောက်ဆွေးနွေးခြင်းအားဖြင့် အာဆီယံ ဒေသတွင်းရှိ SME များ၊ G20 နိုင်ငံများ၏ buyer ၊ investor များနှင့် ချိတ်ဆက် နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည်။
HOME
aseanaccess.com