18/12/2022
သူ့ဘာသာ သူ အပျို စစ်ချင်မှ စစ်လိမ့်မယ် ..
တစ်ခုလပ် လဲဖြစ်ချင်ဖြစ်လိမ့်မယ်
Signal mon လဲ ဖြစ်ကောင်းဖြစ်နိုင်တယ်
ငါ့ ချစ်နေရင်တော့ သူက ငါ့အတွက်
တန်ဘိုးဖြတ်လို့ မရတဲ့ နတ်သမီးပဲ
အတိတ်ကို ပြုပြင်လို့ မရပေမယ့်
ပစ္စုပ္ပန် မှာ နှစ်ယောက်အတူ အေးအတူ ပူအမျှ
သစ္စာရှိရှိ နဲ့ လက်တွဲနိုင်ရင်
အနာဂတ်မှာ သူမ အတွက် ငါ့ အသက်ပါ
ပုံပေးဖို့ အထိ ဆုံးဖြတ်ထားတယ်
သူမ သာ ကျွန်တော့် အနားရှိရင်
နေ့ရက်တိုင်းက ရက်ရာဇာတွေပါ
15/12/2022
သဘာဝ အလှနဲ့ သာယာနေတဲ့
ဒို့ချင်းပြည်🥰
02/11/2022
တောင်းပန်ပါတယ် အမေရယ်...😓
ပြောပြီးသား စကားကို အမေ မကြားလို့
နောက်တခါ ထပ် မေးလာတဲ့အခါ
စိတ် မရှည်ခဲ့မိလို့
တောင်းပန်ပါတယ် အမေ...
ထမင်း စားနေရင်း တန်းလန်း
ပန်းကန်ထဲကို ဟိုဟင်းတွေ ထည့်ပေး၊
ဒီဟင်းတွေ ထည့်ပေး အမေ လုပ်တဲ့အခါ
စိတ်ရှုပ်ခဲ့မိလို့
တောင်းပန်ပါတယ် အမေ...
နောက်ဆုံးပေါ် နည်းပညာတွေကို
အမေ မသိလို့ မေးလာတဲ့အခါ
မပြောချင်သလို၊ ပြောချင်သလို
အိုက်တင် ခံခဲ့မိလို့
တောင်းပန်ပါတယ် အမေ...
အပြင်ရောက်နေလို့
တော်တော်နဲ့ အိမ်ပြန် မလာရင်
စိတ်ပူပြီး ဖုန်းဆက်တာကို
ခပ်ပြတ်ပြတ် ပြောပြီး ဖုန်းချခဲ့မိလို့
တောင်းပန်ပါတယ် အမေ...
အပြင်သွားခါနီးတိုင်း
အစစအရာရာ သတိ ဝီရိယထားဖို့
တတွတ်တွတ် မှာနေတာကို
အရေး မပါသလို ထင်ခဲ့မိလို့
တောင်းပန်ပါတယ် အမေ...
နေထိုင် မကောင်း ဖြစ်တုန်း
ဆေးသောက်ဖို့၊ ဆေးလိမ်းဖို့
အမေ ပြောလာတဲ့အခါ
မလိုပါဘူး ထင်ပြီး ငြင်းခဲ့မိလို့
တောင်းပန်ပါတယ် အမေ
တခါတေလ
အမေ အထီးကျန်နေမှန်း သိလျက်နဲ့
အဖော် လုပ်ပေးဖို့ ပျက်ကွက်ခဲ့မိလို့
တောင်းပန်ပါတယ် အမေ
အပြင်မှာ စားသောက်ပြီး ပြန်လာတဲ့အခါ
အုပ်ဆောင်းအောက်က အမေ့ဟင်းတွေကို
သတိမေ့နေခဲ့မိလို့
တောင်းပန်ပါတယ် အမေ
တစ်ခုခုကို အမေ ခိုင်းတဲ့အခါ
ဆောင့်ကြီးအောင့်ကြီးနဲ့
မျက်နှာရှစ်ခေါက်ချိုး လုပ်ခဲ့မိလို့
တောင်းပန်ပါတယ် အမေ
တချို့ကိစ္စတွေမှာ
အမေတစ်ယောက်ရဲ့ခံစားချက်ကို
ကိုယ်ချင်းစာပြီး
နားလည်ပေးဖို့ သတိမေ့နေခဲ့မိလို့
တောင်းပန်ပါတယ် အမေရယ်
01/11/2022
*မင်းအလုပ် မင်းလုပ်လေ*
လူတစ်ယောက်ကို သင်က
ချစ်မိသွားတယ်မို့လား
ချစ်လိုက်လေ
သူပြန်ချစ်တာ မချစ်တာက သူ့အလုပ်
မင်း ချစ်မိသွားတာက ကိုယ့်အလုပ်လေ
ကိုယ့် ချစ်သူ ကွယ်ရာမှာ
တွဲပုန်းခုတ်နေတာက သူ့ အလုပ်
မင်းအလုပ်က နားလည်ပေးနိူင်ရင်ပေး
မပေးနိူင်ရင် ပြတ်သားလိုက်
ရှင်းရှင်းလေးပါ
ကိုယ်က စိတ်ပါလို့လူတစ်ယောက်ကို
စေတနာထားတယ်
တန်ဖိုးထားတာ မထားတာက သူ့အလုပ်
မင်းအလုပ်က စေတနာထားချင်လွန်းလို့ကို
ထားလိုက်တာလေ
ကိုယ့်အလုပ် ကိုယ်ဆက်လုပ်ပါ
မင်း အနေနဲ့မှန်တယ်ထင်လို့ လုပ်သင့်လို့
လုပ်လိုက်တဲ့ အလုပ်တစ်ခုကို
ဝေဖန်ချင်သူတွေ ချီးမြှောက်ချင်သူတွေက
အပြစ်ပြောမယ် ချီးကျူးမယ် အားပေးမယ်
အဲ့တာက သူတို့အလုပ်
မင်း အလုပ်က ဆက်သွားဖို့ပဲလေ
လူဘုံအလယ်မှာ မင်း အမြင်တစ်ခုကို
ချပြတယ် ဆွေးနွေးတယ်
အမြင်တူသူက ထောက်ခံမယ်
အမြင်မတူက ငြင်းမယ်
ဘာများထူးဆန်းနေလို့လဲ
ပြောသင့်တာ ချပြသင့်တာကို ချပြပြီးပြီလေ
မင်း အလုပ် မင်းလုပ်ပါ
ချစ်သူက မင်းဆီမှာ မနေချင်တော့လို့
ထွက်သွားတယ်
သူ မနေချင်တော့လို့ထွက်သွားတာလေ
ဘာတွေခံစားနေရအုံးမှာလဲ
မင်း ဘဝအတွက် လုပ်စရာရှိတာဆက်လုပ်လေ
မပူနဲ့နောက်တစ်ယောက်လာလိမ့်မယ်
လောကကြီးမှာ
ဖြစ်ပျက်ခဲ့သမျှကို တစ်ပိုင်းချင်းစီ
သေချာသုံးသပ်ကြည့်
ကံကြမ္မာက သူ့အလုပ်သူလုပ်တယ်ဆိုရင်
မင်းလည်း မသေသေးဘူး
ကိုယ့်အလုပ် ကိုယ် ဆက်လုပ်ဖို့ပဲရှိတော့တယ်လေ
01/11/2022
အမြီးနဲ့ခေါင်း
************
မြွေတစ်ကောင်ပေါ့။
ခေါင်းရှိတယ် အမြီးရှိတယ်။
ဒါ ဆန်းသလား။ အဆန်းမှမဟုတ်တာ။
ဒါပေမယ့် တနေ့
တောထဲကထွက်လာတော့
မြွေအမြီးက မြွေခေါင်းကိုပြောတယ်။
ခင်ဗျားဗျာ အမြဲတမ်း ရှေ့ကပဲ ဦးဆောင်နေတယ်
ကျုပ်ကိုရှေ့က ပေးနေပါဦး။ ကျုပ်ဦးဆောင်ပါရစေ
မြွေခေါင်းပိုင်းက အံ့သြသွားတယ်။
ဟဲ့ မြွေဆိုတာ ခေါင်းပိုင်းက ဦးဆောင်သွားရတာထုံးစံပဲလေ
ဟာဗျာ အမြီးက ဦးဆောင်သွားတော့ရော ဘာဖြစ်မှာလဲ
အမြီးက ဦးဆောင်လို့မရဘူးလေ။
အမြီးမှာ မြင်နိုင်စွမ်း၊ အာရုံခံနိုင်စွမ်း၊ သိမြင်နိုင်စွမ်းတွေမှ မရှိတာ။
ဒါကြောင့် သဘာဝကို မဆန့်ကျင်ချင်ပါနဲ့ကွာ။
မင်း ဦးဆောင်ချင်ရင် ခေါင်းပိုင်းဖြစ်အောင်လုပ်ပေါ့။
ခုတော့ အမြီးဖြစ် နေလို့ နောက်ကလိုက်လေ
မြွေအမြီးက
မရဘူး ကျုပ်ပဲ ခေါင်းဆောင်ချင်တယ်။
ခင်ဗျားနောက် မလိုက်နိုင်ဘူး
အမြီးက ပြောပြောဆိုဆို သစ်ပင်တစ်ပင်ကို အဖြတ်မှာ အမြီးနဲ့ သစ်ပင်ကိုပတ်ထားလိုက်တယ်။
ဟဲ့ကောင် ဘယ်လိုလုပ်နေတာလဲ။ ဖယ်လိုက်လေ
မဖယ်ဘူး။ ကျုပ်ဦးဆောင်ပြီး မသွားရရင် မဖယ်ဘူး
ဒီလိုနဲ့ အမြီးက သစ်ပင်ကိုပတ်ပြီး မလှုပ်နိုင်အောင် လုပ်ထားတယ်။
အဲဒီအချိန်မှာပဲ တောမီးလောင်နေတာကို
ခေါင်းပိုင်းကတွေ့လိုက်ရတယ်
ဟေ့ကောင် ဟိုမှာ တောမီးလောင်နေပြီ
လောင်လောင်ဗျာ
သေကုန်လိမ့်မယ်
သေသေဗျာ
အကျိုးမရှိဘူးနော်
ရှိရှိ မရှိရှိ ကျုပ်ရှေ့က ဦးဆောင်မသွားရသမျှ
ခင်ဗျား တစ်ချက်မရွေ့စေရဘူး
မီးတွေကနီးလာပြီ
နီးနီးဗျာ
ဒီလိုနဲ့ တောမီးက အနားကိုရောက်လာတဲ့တိုင်အောင် အမြီးက သစ်ပင်ကို ဖက်တွယ်ထားတယ်။
ဟေ့ လောင်နေပြီ
လောင်လောင် ကျုပ်ဦးမဆောင်ရသမျှ သေသေ
အေး သေကိုသေရတော့မှာ
ဟာ ပူတယ်ဗျ
ပူတော့မှ ဖက်တွယ်ထားတာကိုလွှတ်ပေမယ့် ဘာရတော့မှာလဲ။
အရှင်လတ်လတ် မြွေမီးဖုတ်ဘဝကို ရောက်သွားရတော့တာပဲ။
ဒီပုံပြင်လေးကို မကြာမကြာ သတိရမိတယ်။
ဦးမဆောင်ရရင် သေသေဆိုတဲ့ အရူးတွေက
လောကမှာများလေ မြွေတစ်ကောင်တည်းနဲ့ အာဏာလုပွဲကို သတိရလေ။
အသေခံပြီး ဖက်တွယ်ထားမလား
အကျိုးတူပူးပေါင်း အသက်ရှင်မလား
*ပညာရေးကအရေးကြီးပါတယ်။
အသေခံလိုက်ပါ၊ နေရာကိုတော့ ဘယ်တော့မှ မပေးနဲ့လို့ သင်တဲ့ပညာရေးက အသေခံလူတန်းစားတစ်ရပ်ကို မွေးထုက်ပေးတတ်ပါတယ်။
အသက်ရှင်မှုကအရေးကြီးတယ်။
ခေါင်းဆောင်ကောင်းဖြစ်ဖို့ထက်
နောက်လိုက်ကောင်း ဖြစ်ဖို့ အရေးကြီးတယ်။
ပူးပေါင်းခြင်းကသာ ရှင်သန်ခြင်းဖြစ်နိုင်တယ်ဆိုတဲ့
သဘောတရားကို သင်နိုင်တဲ့ ပညာရေးက ရှင်သန်မှုကို ဖြစ်စေတယ်။
ဒါပေမယ့်
အသေခံမယ်ဆိုတဲ့သူတွေနဲ့
မြွေလိုတွဲနေရင်တော့ ကိုယ်လည်း ရောပြီး သေမှာပါပဲ။
#ဆရာတင်ညွန့်
သင်ခန်းစာ
(အာဏာရူးနဲ့အပေါင်းမှားရင် သေတတ်တယ်)
31/10/2022
ငါသဘောကျမိလိုက်တာနဲ့ တစ်ဖက်လူဟာ ပင်ပန်းရတော့တာပဲ။
မဆိုင်ဘဲ ဝင်စွက်ဖက်ချင်ရတာနဲ့
ပိုပိုသာသာလေး ဂရုစိုက်ချင်ရတာနဲ့
ကြိုက်လား မသိ၊ မကြိုက်လား မသိ
အသေးအမွှားလေးတွေကအစ ပြောပြချင်ရတာနဲ့
ကပ်ဘေးတစ်ခုလို အတင်းတွယ်ငြိ။
အဆိုးဆုံးကတော့ အလိုက်ကမ်းဆိုး မသိချင်ယောင်
ဆောင်တာပဲ။
တစ်ဖက်လူက စိတ်မရှိတာ တောင်
ငါက သူ့ပုခုံးတွေကို အတင်းကုပ်တွယ်
“ချစ်ပါတယ်” လို့ မကြာခဏ ပြောနေမိတယ်🙃😌😌