People's Defense Force - Mandalay

People's Defense Force - Mandalay

Share

မည်သည့်အရာမျှ သစ္စာမခံပါ တော်လှန်ရေးကိုပဲ မျက်နှာမူပါတယ်

11/02/2026

တော်လှန်ပြည်သူများ အားလုံးပဲမင်္ဂလာပါဗျ😊
ကျနော်တို့ မန်းခရိုင်ရင်း(၃)ရဲဘော်များအတွက် Uniform အစုံ(၁၀၀)အရေးပေါ်လိုအပ်နေလို့ အကူအညီတောင်းခံပါရစေဗျ 🙏 ကျနော်တို့တပ်ရင်းက အခက်အခဲတချို့ကြောင့်လိုင်းပေါ်အမြဲpostမတင်ပေမယ့် တော်လှန်ရေးအတွက် ယနေ့တိုင် တိုက်ပွဲဝင်နေဆဲပါဗျ ✊ ဒါကြောင့် ယခုလိုတော်လှန်ပြည်သူတွေကို အားနာနာနှင့်အကူညီတောင်းရခြင်းဖြစ်ပါတယ်ဗျ 😌 ပါဝင်အားဖြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျ
#မန္တလေးခရိုင်တပ်ရင်း_(၃)

12/01/2026

📢📣အသိပေးကြေညာခြင်း📢📣
_____________________________

ပြည်ပရောက်တော်လှန်သူညီကိုမောင်နှမများခင်ဗျာ
နွေဦးအဖွဲ့မှ ဦးစီးကျင်းပသော ဖူဆယ်ဘောလုံးပြိုင်ပွဲအား
ထိုင်းနိုင်ငံ မဟာချိုင်မြို့ မိုးမိုင်ASG ဖိနပ်ရုံကွင်းတွင်ပြုလုပ်ကျင်းပမည်ဖြစ်ပါသည်။
ဘောလုံးအသင်းများပါဝင်အားဖြည့်ကူညီပေးပါရန် လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။
အသင်းဝင်ကြေး=2500Bh သတ်မှတ်ထားပါသည်။
ပြည်ပရောက်တော်လှန်သူညီကိုမောင်နှမများပါဝင်အားဖြည့်နိုင်ပါသည်။
ရန်ပုံငွေပွဲမှ ရရှိသောရန်ပုံငွေများအားလုံးကို ကျနော်တို့
မန္တလေးခရိုင်တပ်ရင်း(၃)စီးဆင်းထောက်ပို့သွားမှာဖြစ်ပါတယ်
ဒါကြောင့် ပြည်ပရောက်တော်လှန်ညီကိုမောင်နှမများပါဝင်အားဖြည့်ပေးဖို့နှိုးဆော်အပ်ပါသည် ခင်ဗျား.....

#မန္တလေးခရိုင်တပ်ရင်း(၃)

19/06/2025

🌸🌺🎉Happy Birthday အမေစု🎉🌸🌺
သက်ရှည်ကျန်းမာပါစေ မတရားချုပ်နှောင်ခံရခြင်းမှအမြန်ဆုံးလွတ်မြောက်ပါစေဗျ
ဘေးကင်းလုံခြုံပါစေ 🙏🙏🙏
မန်းခရိုင်ရင်း(၃)မှရဲဘော်များမှ အမေစုအတွက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ

19/06/2025

တော်လှန်သောမွေးနေ့ပါ အမေစု❤️
နှင်းဆီတွေလို နီရဲပွင့်လန်းစွာ ကျန်းမာသက်ရှည်ပါစေ
အချုပ်အနှောင်မှ အမြန်ဆုံးလွတ်မြောက်ပါစေ 🙏🏻

Photos from People's Defense Force - Mandalay's post 23/10/2024

တပ်ရင်းအတွက်လိုအပ်သောနေရာတွင် အသုံးပြုန်ိုင်ရန် အလှူငွေများ ကူညီထောက်ပို့ပေးပါသောပြည်သူတစ်ဦးချင်းစီကို ကျွန်ုပ်တို့MDY-PDF (မန္တလေးခရိုင်အမှတ်၃တပ်ရင်း)ရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နှင့် နောက်လည်းခုလိုအမြဲ ပါဝင်ထောက်ပို့ပေးဖို့မေတ္တာရပ်ခံရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ခင်ဗျာ......🙏

19/09/2024

လွန်ခဲ့တဲ့၂နှစ်က ပူးပေါင်းစစ်ဆင်ရေးမှတ်တမ်းလေး✊

19/09/2024

📢တော်လှန်အများပြည်သူများအားအသိပေးကြေညာခြင်း📢
---------------------------------------------------------

မန္တလေးခရိုင်အမှတ်(၃)တပ်ရင်းအနေဖြင့် တပ်ရင်းထောက်ပို့အလှူငွေများအားလက်ခံရရှိကြောင်း certificate လက်မှတ်ကိုအောက်ပါ ယနေ့မှစတင်၍ပုံစံအတိုင်းပြောင်းလဲအသုံးပြုထုတ်ပေးမည်ဖြစ်ကြောင်း တော်လှန်အများပြည်သူများအားအသိပေးကြေညာအပ်ပါသည် ခင်ဗျား...🙏😊
ဒီရက်ပိုင်းလိုင်းအခက်အခဲနှင့်မြေပြင်အခြေအနေများကြောင့် Pageမှာactiveသိပ်မဖြစ်တဲ့အတွက်ရော cbကစာများreplyနောက်ကျခြင်းများအတွက်လည်း နားလည်ပေးစေလိုပါတယ်ဗျ🙏

15/09/2024

မင်္ဂလာပါ
တော်လှန်မိဘပြည်သူညီအစ်ကိုမောင်နှမများ ခင်ဗျာ ..🥰 🙏🙏🙏🥰

▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️ ▪️

❛ မန်းမြေတခွင် စစ်ဆင်ဖို့ ကျည်ကာအင်္ကျီ ကူကြစို့ ❜ Campaign မှ ရရှိသည့် ထောက်ပို့ ကူငွေ နှင့် အလှူငွေများ အပေါ် ကျည်ကာပစ္စည်းများ ဝယ်ယူထားရှိမှု စာရင်းအား ရှင်းလင်းတင်ပြခြင်း
____________________
__________________________

မန္တလေးတိုင်းဒေသတစ်ဝိုက် ကို စစ်ရေးအရစိုးမိုးမှုရယူနိုင်ရန်အတွက် ကျွန်တော်တို့ မန္တလေး ခရိုင်၊အမှတ် ၃ တပ်ရင်း အနေဖြင့် စစ်‌ရေးအရှိန်မြင့်တင်ကာ
ရွှေပြည်စိုးစစ်ဆင်ရေး အပါအဝင် NUG ၏ လမ်းညွှန်ချက်များနှင့် အညီ စစ်ဆင်ရေးများ စတင်ခဲ့ပါသည်။

စစ်ဆင်ရေးလိုအပ်ချက်အရ ကျည်ကာ အင်္ကျီ ကျည်ကာဦးထုပ်နှင့် ဖိနပ်များ ၀ယ်ယူဖြည့်တင်းဖို့အတွက် Campaign ကို မြန်မာငွေ ကျပ်သိန်း ၁၅၀၀ ကျပ် ထောက်ပို့အလှူငွေ ရရှိရန် -
GURKHA MOVEMENT FOR DEMOCRACY
MBG women and Children Protection Network
ဖစ်ပူရီ တော်လှန်ရေး အင်းအားစုများ
ပြည်တွင်း ပြည်ပမှ တော်လှန်မောင်နှမများ နှင့်
ကျွန်ုပ် တို့ မန်းခရိုင် တပ်ရင်း(၃) မှ ရဲဘော်များ ပူးပေါင်း၍ ကောက်ခံပေးခဲ့ကြပါသည်။

အချိန်ကာလအားဖြင့် ရက်ပေါင်း ၅၅ ရက်ကြာမြင့်ခဲ့ပြီး
အခက်အခဲ အမျိုးမျိုးကြောင့် ကမ်ပိန်းအလှူငွေ မပြည့်မီသော် လည်း -၁၄၃၄၂၀၂၂၇ /ိကျပ် တိတိ ရရှိခဲ့ပါသည်။

(ကမ်ပိန်း Target ပမာဏ မှာ သိန်း ၁၅၀၀ ကျပ်ဖြစ်ပါသည်။ )

ထို့ကြောင့် -
ယခုကဲ့သို့ ကမ်ပိန်း Target ပြည့်လုနီးပါး ကူညီအားဖြည့်ပေးခဲ့ကြသည့်

GURKHA MOVEMENT FOR DEMOCRACY
MBG women and Children Protection Network
ဖစ်ပူရီ တော်လှန်ရေး အင်းအားစုများ နှင့်
ပြည်တွင်း ပြည်ပမှ တော်လှန်မိဘပြည်သူမောင်နှမ
တစ်ဥိး တစ်ယောက်စီ တိုင်းကို

ကျွန်ုပ် တို့ မန်းခရိုင် တပ်ရင်း(၃) မှ ရဲဘော်များက အထူးကျေးဇူးတင် အောက်မေ့လျက် တော်လှန်ရေးသစ္စာ ကို ဦးထိပ်ထားပြီး နွေဦးတော်လှန်ရေး အောင်လံလွှင့် သည်အထိ ပြည်သူနှင့်တသားတည်း ရပ်တည်ကာ
ပြည်သူတွေက ချစ်ခင်တဲ့ PDFရဲဘော်လေးတွေရဲ့ စံချိန် စံညွှန်း ကို ဆက်လက်ထိန်းသိမ်းသွားရင်း ပြည်သူတွေ မျှော်လင့်ယုံကြည်နေကြတဲ့ နွေဦးရဲ့ အောင်ပွဲလို့ ပြောရမဲ့ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ ကျွန်တော်တို့တတွေ အတူတူချီတက်ကြရအောင်ပါလို့ ဆန္ဒပြု လိုက်ပါတယ် ခင်ဗျား ..။

တော်လှန်ပြည်သူများ ကူညီထောက်ပို့ပေးသည့် ထောက်ပို့ အလှူငွေပေါင်း -၁၄၃၄၂၀၂၂၇ /ိကျပ် အပေါ်တွင် ကျနော်တို့ မန်းခရိုင် တပ်ရင်း(၃) အနေဖြင့် အောက်ပါအတိုင်း ကျည်ကာပစ္စည်းများ ဝယ်ယူခဲ့ကြောင်း တော်လှန်မိဘပြည်သူများသို့ ရှင်းလင်းတင်ပြပါသည် ခင်ဗျား ...
🥰🥰🙏🙏🙏🙏🙏🥰🥰
ကျည်ကာဦးထုပ် -၁ လုံး ၇၀၀¥ နှင့် အလုံး(၅၀)= ၃၅၀၀၀¥
ကျည်ကာပြား -၁စုံ ၁၃၀၀ ¥ နှင့် အစုံ (၅၀) = ၆၅၀၀၀¥
အီကွေမန့် -၁ ခု ၇၀၀¥ နှင့် အစုံ (၅၀) =၃၅၀၀၀¥
ယူနီဖောင်း-၁စုံ ၁၆၀¥ နှင့် အစုံ(၃၀) =၄၈၀၀¥
ကျည်ကာဦးထုပ်အစွပ်-၁ခု ၁၈¥ အစုံ(၅၀) =၉၀၀¥
ဦးထုပ်ကိုင်း (စစ်သုံး)- ၁ခု ၃၀ ¥ အစုံ(၅၀) = ၂၁၀¥
ဖိနပ် -၁ ရံ ၃၀¥ (၅)ရံ = ၁၅၀¥
ကျောပိုးအိတ်-၁လုံး ၆၈¥ အလုံး(၈၀) =၅၄၄၀¥
လက်အိတ်-၁ စုံ ၂၅¥ (၁၂) စုံ =၃၀၀¥
စကားပြောစက်-၁လုံး၃၇၀¥ အလုံး(၁၅) =၅၅၅၀¥
စကားပြောအထိုင်စက်-၁လုံး ၁၈၀၀¥ =၁၈၀၀¥
အထိုင်စက်ကြိုး -၁ ကြိုး =၁၅၀¥
မိုးကာ -၁ လိပ် =၇၀၀¥
____________________________________
စုစုပေါင်း ကုန်ကျငွေ =၁၅၅၀၀၀¥

(၁ ¥( ယွမ်)လျှင် မြန်မာကျပ်ငွေ ၈၉ဝိ/- ဖြင့်လဲလှယ်ခဲ့ရ )

ထို့ကြောင့် ၁၅၅၀၀၀ = ၁၃၇၉၅၀၀၀ဝိ/- ကုန်ကျခဲ့ရပြီး
သယ်ယူစရိတ် မြေပြင်အရောက် သိန်း(၇၀) ကုန်ကျသည့်အတွက်
ကျည်ကာပစ္စည်း ဝယ်ယူသည့် ကုန်ကျစရိတ် အားလုံးပေါင်း မှာ - ၁၄၄၉၅၀၀၀ဝိ/- ကျပ်တိတိ ဖြစ်ပါတယ် ခင်ဗျား ...။

တော်လှန်ရေးသစ္စာဖြင့်

#ပြန်ကြားရေးအဖွဲ့
#မန္တလေးခရိုင်အမှတ်_၃_တပ်ရင်း
#ပြည်သူ့ကာကွယ်ရေးတပ်မတော်
#အမျိုးသားညီညွှတ်ရေးအစိုးရ

Want your business to be the top-listed Government Service in Mandalay?

Click here to claim your Sponsored Listing.

Location

Category

Website

Address


Mandalay